အန်ဒီယေးကို ရောင်းထုတ်ရတော့မှာဖြစ်တာကြောင့် ဘာလိုဂန်ကို ခေါ်ယူအားဖြည့်ဖို့ အဲဗာတန်အသင်း စီစဉ်နေ

အဲဗာတန်အသင်းက ဆီနီဂေါတောင်ပံကစားသမား အန်ဒီယေး စပါးအသင်းဆီ ပြောင်းရွှေ့တော့မှာဖြစ်တာကြောင့် မိုနာကိုအသင်းက အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်ကို ခေါ်ယူအားဖြည့်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အန်ဒီယေး(၂၆ နှစ်)က အဲဗာတန်အသင်းရဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် စပါးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။
အဲဗာတန်အသင်းကလည်း စပါးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပေမဲ့ ဘာလိုဂန်ကိုလည်း ထပ်မံခေါ်ယူဖို့ ချိန်ရွယ်နေတာပါ။
အဲဗာတန်အသင်းက အန်ဒီယေးကို စပါးအသင်းဆီ ပေါင်သန်း(၆၀)နဲ့ ရောင်းချမှာဖြစ်ပြီး ရစ်ချာလီဆန်ကို ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ခေါ်ယူမှာဖြစ်တာကြောင့် ဘာလိုဂန်အတွက် ထပ်မံသုံးစွဲဖို့ စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဘာလိုဂန်ကို အဲဗာတန်အသင်းက ပေါင်(၁၈)သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ဘာလိုဂန်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိဖို့သာ လိိုအပ်တော့ကြောင်း သိရပါတယ်။

image

မြန်မာ ယူ- ၂၀ အသင်း ဒီညနေ သီရိလင်္ကာ ယူ- ၂၀ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ်

မြန်မာ ယူ- ၂၀ အသင်းဟာ ၂၀၂၇ အာရှဖလား ယူ- ၂၀ ခြေစစ်ပွဲဝင်ခွင့်မရခဲ့လို့ ၂၀၂၉ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ခွင့် (Development Phase) အတွက် အုပ်စုပထမပွဲအဖြစ် ဒီညနေမှာ သီရိလင်္ကာ ယူ- ၂၀ အသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာ ယူ- ၂၀ အသင်းဟာ ၂၀၂၉ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ခွင့် (Development Phase) တွင် အုပ်စု (K) ၌ သီရိလင်္ကာ၊ မော်ဒိုက်၊ ဘရူနိုင်းအသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ အုပ်စု (K) ပွဲစဥ်တွေကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ သြဂုတ် (၃၁) ရက်ကနေ စက်တင်ဘာ (၆) ရက်အထိ တစ်ရက် နှစ်ပွဲနှုန်းနဲ့ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာ ယူ- ၂၀ အသင်းဟာ ဒီညနေ (၄) နာရီခွဲမှာ အုပ်စုပထမပွဲအဖြစ် သီရိလင်္ကာ ယူ- ၂၀ အသင်းနဲ့ စတင်ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ Development Phase အဖြစ် အသင်း (၁၁) သင်းကို (၃) အုပ်စုခွဲ ကျင်းပမှာဖြစ်ပြီး အုပ်စုတစ်ခုစီက ထိပ်ဆုံးရပ်တည်မှုရ အသင်း (၃) သင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရ အသင်း (၃) သင်း၊ ပေါင်း (၆) သင်းက ၂၀၂၉ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
Development Phase မှာ မြန်မာ၊ မွန်ဂိုလီးယား၊ တရုတ်တိုင်ပေ၊ မော်လ်ဒိုက်၊ ဂူအမ်၊ စင်ကာပူ၊ ဘူတန်၊ ဘရူနိုင်း၊ မကာအို၊ သီရိလင်္ကာ၊ ပါကစ္စတန်အသင်း (၁၁) သင်း ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပြီး မြန်မာ၊ မွန်ဂိုလီးယားနဲ့ ဘူတန်တို့က အုပ်စုပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) က၂၀၂၇ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ (Qualification Phase)
ကို အသင်း (၃၂) သင်းအား (၄) သင်း (၈) အုပ်စု
ခွဲကာ ကျင်းပမှာဖြစ်ပါတယ်။
အုပ်စုတစ်ခုစီက ထိပ်ဆုံးရပ်တည်မှုရ အသင်း (၈) သင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရ အသင်း (၇) သင်း၊ ပေါင်း (၁၅) သင်း ခြေစစ်ပွဲအောင်မှာဖြစ်ပြီး နောက်ဆုံးအဆင့်ကို အိမ်ရှင်ပြုလုပ်ခွင့်ရထားတဲ့ တရုတ်အသင်းနဲ့ပေါင်းကာ ၂၀၂၇ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲကို (၁၆) သင်းနဲ့ ကျင်းပမှာဖြစ်ပါတယ်။
မြန်မာ ယူ-၂၀ အသင်းဟာ AFC ရဲ့ လက်ရှိပြောင်းလဲလိုက်တဲ့ ပြိုင်ပွဲပုံစံသစ်ကြောင့် ၂၀၂၇ အာရှဖလား ယူ- ၂၀ ပြိုင်ပွဲ ခြေစစ်ပွဲ (Qualification Phase) ကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။
AFC က ယခုပြိုင်ပွဲကစတင်ကာ Qualification Phase နဲ့ Developement Phase အဆင့် နှစ်ဆင့်နဲ့
တန်းဆင်းတန်းတက်ပုံစံမျိုး ပြုလုပ်မှာဖြစ်ပါတယ်။

image

ဂျေးဇူးကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းထွက်နေ

ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ လမ်းခွဲထားတဲ့ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။
ဒါကြောင့် အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းခါနီးမှာ ဂျေးဇူးကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းနဲ့ Add-ons ကြေးပေးချေဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဂျေးဇူးကို (၂)နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း၊ ဆေးစစ်မှုကို ဒီနေ့ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ဂျေးဇူး(၂၉ နှစ်)ဟာ ၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်အသင်းကို ပေါင်(၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၂၃)ပွဲကစားကာ (၃၂)ဂိုး သွင်းယူပေးထားပါတယ်။
အာဆင်နယ်အသင်းက ဂျေးဇူးကို ရောင်းထုတ်ဖို့ စီစဉ်ထားတာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ လူစာရင်းက ချန်လှပ်ထားခဲ့ကြောင်းလည်း သိရပါတယ်။

image

ရန်ကုန်တိုင်း၌နေထိုင်သူများ အသား၊ ငါးနှင့် ဥများကိုဈေနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

ရန်ကုန်တိုင်း၌နေထိုင်သူများ အသား၊ ငါးနှင့် ဥများကိုဈေနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သြဂုတ် ၂၉ ရက်နေ့ လယ်ပိုင်းတွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုကိုကြည့် ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းမှာကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းရှိ လူဦးရေ(၇)သန်းကျော် (၈)သန်းခန့်၏ နေ့စဉ် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးနှုန်းသက်သာစွာပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများအ နေဖြင့် တွံတေးမြို့နယ်ရှိ မွေးမြူရေးဇုန်များအတွင်း မွေးမြူရေးလုပ်ငန်းများကိုတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အသား၊ ငါးနှင့် ဥများလုံလောက်စွာဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့တာ ဝန်ရှိသူများက စီမံတွက်ချက်လျာထားဆောင်ရွက်ရမည်ဖြစ်ကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင် ရွက်ရန်ချထားပေးသည့် မြေနေရာများအား အခြားနည်းများဖြင့် သုံးစွဲမှုများမရှိအောင်စနစ်တကျကြပ် မတ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ရန်ကုန်-တွံတေးသွားကားလမ်းမကြီးတစ်လျှောက်၊ မြန်မာ -ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားတို့ကိုကြည့်ရှုစစ်ဆေးပြီး ရန်ကုန်မြစ်အတွင်း မြစ်ကြောင်းထိန်း သိမ်းခြင်းလုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့သည်။

image

ရေကြီးရေလျှံမှုကြောင့် ဒေသခံများ၏ နေအိမ်၊ စိုက် ပျိုးရေးနှင့် လူမှုစီးပွားဘဝထိခိုက်မှုများကိုစနစ်တကျစစ်တမ်းကောက်ယူရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

ရေကြီးရေလျှံမှုကြောင့် ဒေသခံများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝထိခိုက်မှုများကိုစနစ်တကျစစ်တမ်းကောက်ယူရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင် က ယနေ့ သြဂုတ် ၂၉ ရက်နံနက်ပိုင်းတွင် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ရေတိုက်စားခဲ့မှုအတွက် တားဆီးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏နေထိုင်စားသောက်ရေးအခက်အခဲမရှိစေရေးတို့အတွက် သက် ဆိုင်ရာဌာနများအားလုံးက ဝိုင်းဝန်းကြိုးပမ်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့အတူ ရန်ကုန်-မအူပင်သွား ကားလမ်းဘေးဝဲယာတစ်လျှောက် ရေများမြောင်းပိတ်ဆို့မှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများကစနစ်တကျရှင်းလင်းရန်၊ ရေထွက်လမ်းကြောင်းများကောင်းမွန်မှသာ ရေကြီးရေလျှံမှုကိုလျှော့ချနိုင်မည်ဖြစ်၍ ကားလမ်းတစ်လျှောက် ရေကျော်သည့်နေရာများ၌ လမ်းသားမြှင့်တင်ရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ က ညောင်တုန်းကျွန်းတာ တာကိုယ်ထည်ရေတိုက်စားမှုအား ယာယီကာကွယ်နိုင်ရန် တာခြေတွင် တုတ်တန်းရိုက်သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ မူရင်းတာ 2nd Bund Slope အခြေသဲအိတ်ထောက်ခြင်း၊ ယာယီ ပန်းတာတည်ဆောက်ခြင်း၊ ကမ်းရင်းတာ Bund Slope တည် ဆောက်ခြင်းနှင့် ယာယီ ပန်းတာ၏ အရှေ့ဘက်ဆင် ခြေလျှောတိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်းတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးပြီးနောက် တာဘောင်ပြုပြင်ရာတွင် လက်ရှိအခြေအနေကိုသာဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင်ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင် ရည်ရှိစေရေးထည့်သွင်းတွက်ချက်ကာ စနစ်တကျပြန် လည်တည်ဆောက်ပြုပြင်ရန်၊ လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများအမြန်ပြီးစီးနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတက တာဘောင်ပြုပြင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

image

ရေကြည်–ငါးသိုင်းချောင်း–အသုတ်လမ်းတစ်လျှောက် ရေဘေးသင့် ကျောင်းသားများအတွက် လူမှုကူညီရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းပို့ကျောင်းကြို ဆောင်ရွက်ပေးနေ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်-ငါးသိုင်းချောင်း-အသုတ် လမ်းတစ်လျှောက် ရေလွှမ်းမိုးမှုကြောင့် ရေလွတ်ရာ ကားလမ်းဘေးသို့ ယာယီရွှေ့ပြောင်း နေထိုင်နေရသော ဒေသခံများနှင့် ရွှေကျောင်းကုန်းကျေးရွာမှ အထက်တန်းကျောင်းသား၊ ကျောင်းသူများ ရေကြည်မြို့ရှိ ကျောင်းများသို့ သွားရောက် ပညာသင်ကြားရာတွင် ရေကျော်များကို ဖြတ်သန်းသွားလာနေရသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ဆိုင်ကယ်၊ စက်ဘီးများ သွားလာရန် အဆင်မပြေသည့်အပြင် ပို့ဆောင်ရေးအတွက် ထွေလာဂျီယာဉ် ခရီးစရိတ် အသွားအပြန် ကျပ် ၅,၀၀၀ ခန့် ကုန်ကျခြင်း၊ မိုးရွာပါက မိုးကာအကာအကွယ် မရှိခြင်းတို့ကြောင့် ကျောင်းသူ/သားများ ပညာသင်ကြားရေး အခက်တွေ့နေရသဖြင့် ဩဂုတ် ၂၇ ရက်မှစ၍ လူမှုကူညီရေးအဖွဲ့များနှင့် စေတနာရှင်များ ပူးပေါင်းကာ ဘတ်စ်ကားများဖြင့် အခမဲ့ ကျောင်းပို့ကျောင်းကြို ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါ ကြိုပို့ဘတ်စ်ကားသည် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအပြင် ကယ်ဆယ်ရေးအဖွဲ့များ၊ အလှူရှင်များ၊ ဒေသခံများနှင့် တိုင်းအစိုးရအဖွဲ့၏ ပစ္စည်းပို့ဆောင်ရေးများကိုပါ ကူညီပေးနေသည့် ယာဉ်ဖြစ်ပြီး ယခုအခါ ရေဘေးသင့် ကျောင်းသူ/သားများ ပညာသင်ကြားရေးအတွက်ပါ ထပ်မံကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

image

ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ အာတိတ်ဒေသကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက် သွတ်သွင်းဖို့ ရည်ရွယ်ခြင်းဖြစ်ဟုဆို

​အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ 'ဂရင်းလန်း(Greenland) အစီအစဉ်' ဟာ တကယ်တမ်းကျတော့ ကျန်နေတဲ့ အာတိတ်ဒေသတစ်ခုလုံးကို အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်ကို သွတ်သွင်းဖို့ ရည်ရွယ်ခဲ့တာပါလို့ ရုရှားသမ္မတရဲ့ အကြံပေးနဲ့ အရှေ့ပိုင်း စီးပွားရေးဖိုရမ်(EEF)ကျင်းပရေးကော်မတီရဲ့ အလုပ်အမှုဆောင်အတွင်းရေးမှူးဖြစ်သူ အန်တန် ကိုဘာကော့ဗ်(Anton Kobyakov) က TASS သတင်းဌာနကို ပြောကြားပါတယ်။
​"အချို့အဆိုအရ EU နဲ့ ဒိန်းမတ်တို့က ဟန့်တားခဲ့တယ်လို့ဆိုပြီး၊ နောက်အဆိုတစ်ခုအရကျတော့ အီရန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို ဖုံးကွယ်ဖို့အတွက် လုပ်ခဲ့တာလို့ ပြောကြတဲ့ ထရမ့်ရဲ့ 'ဂရင်းလန်း အစီအစဉ်' ဟာ တကယ်တော့ ကျန်နေတဲ့ အာတိတ်ဒေသကိုပါ အမေရိကန် လက်အောက်ရောက်ဖို့ ရည်ရွယ်တာပါ။ ဒီအထဲမှာ ဂရင်းလန်းနဲ့ ကနေဒါ ကိစ္စတွေကို ချိတ်ဆက်ပေးမယ့် ကနေဒါမြောက်ပိုင်းက အနောက်မြောက်ရေကြောင်းလမ်း(Northwest Passage) အပြင်၊ မြောက်ပိုင်းပင်လယ်ရေကြောင်းလမ်း(NSR) စတင်ရာ ဘားရန့်စ်ပင်လယ်(Barents Sea) ထဲက ရုရှားပိုင်ရေပြင်အထိ ကျယ်ပြန့်တဲ့ ဥရောပမြောက်ပိုင်းဒေသတွေလည်း ပါဝင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှသာ အမေရိကန်အနေနဲ့ ဗြိတိန်ကို မှီခိုနေရတဲ့ နော်ဝေတွေ အဓိကပါဝင်တဲ့ စကင်ဒီနေဗီးယန်းနိုင်ငံတွေရဲ့ အကူအညီနဲ့တောင်မှ ရုရှားရဲ့ NSR ရေကြောင်းလမ်း စွမ်းဆောင်ရည်ကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
​ပစိဖိတ်သမုဒ္ဒရာကနေ မြောက်အတ္တလန္တိတ်ကို ဖြတ်ပြီး ဥရောပကို သွားမယ့်၊ ရုရှားရဲ့ NSR ရေကြောင်းလမ်းကို အစားထိုးနိုင်တဲ့ ဒီစီမံကိန်းဟာ အခုဆိုရင် စင်ပေါ်တင် ဘေးဖယ်ထားခံလိုက်ရပြီဖြစ်လို့ ရုရှားအတွက်တော့ သိသာထင်ရှားတဲ့ ယှဉ်ပြိုင်မှု အားသာချက်တွေ ရယူနိုင်ဖို့ အခွင့်အရေး အပြည့်အဝ ရသွားပြီလို့ ကိုဘာကော့ဗ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

image

ဖလမ်းမြို့ ပြည်သူ့ဆေးရုံ၏ အပျ-က်အစီးများကိုရှင်းလင်းဖယ်ရှား

အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ပြည်သူ့ဆေးရုံ၏ အပျက်အစီးများကိုရှင်းလင်းဖယ်ရှားမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အလုံးစုံပျ-က်စီးခဲ့သော ဖလမ်းမြို့ပြည်သူ့ဆေးရုံရှိ နှစ်ထပ်လူနာဆောင်၊ ဖျားနာဆောင်၊ ဓာတ်မှန်၊ ဓာတ်ခွဲခန်း၊ Oxygen Plant ၊ ခွဲစိတ်ဆောင်(အဟောင်း)၊ (အဟေသားဖွားမီးယပ်ဆောင်)၊ အရိုးကုသဆောင်(အဟောင်း)နှင့် ဆေးစတိုခန်းများ၏ အပျ-က်အစီးများကို တပ်မတော်သားများနှင့် ဒေသခံများက လူအား၊ စက်အားဖြင့်ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း သိရသည်။
ထို့သို့ ရှင်းလင်းဖယ်ရှားနေမှုကို နယ်စပ်ရေးရာဝန်ကြီး ဌာန ဒု-ဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

image

သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြို့နှင့် မဒေါက်မြို့တို့၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေ

သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ဘားအံမြို့နှင့် မဒေါက်မြို့တို့၏စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
သံလွင်မြစ်ရေသည် လက်ရှိအချိန်၌ ဘားအံမြို့၏ စိုး ရိမ်ရေမှတ်အထက် (၁)ပေ (၁၀)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၃)လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် (၂)ပေ (၉)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့်(၂၄)အတွင်း (၂)လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဘားအံမြို့နယ်နှင့် မဒေါက်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
ထို့အတူ လက်ရှိအချိန်၌ ဘင်္ဂလားပင်လယ်အော်(အနောက်မြောက်ပိုင်း)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး လာမည့် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်တို့သို့ဖြတ်ကျော်နိုင်ကြောင်း သိရသည်။

image

ငသိုင်းချောင်းမြို့နယ်အတွင်း လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်း ၂ ရက်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ရွာသစ်ကုန်းတံတားအနီးတွင် လှေတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ရေနစ်ပျေ-ာက်ဆုံးနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်းကို ၂ ရက်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မြေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၇ ရက် ည ၉ နာရီခန့်က ငါးသိုင်းချောင်းမြို့၊ ရွာသစ်ကုန်းတံတားအနီး၌ အမျိုးသား ၂ ဦး စီးနင်းလာသည့် လှေတစ်စီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ လှေမှောက်ချိန်တွင် အမျိုးသား ၁ ဦးမှာ လှေကို ဖက်တွယ်ထားနိုင်၍ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း ကျန် ၁ ဦးဖြစ်သည့် ငါးသိုင်းချောင်းမြို့ခံ ကိုကောင်းထက်ဇော် (ခ) ဖိုးထောင်သည် ရေထဲမျောပါသွားသည့် ဂစ်တာကို ဆယ်ယူရန် ကြိုးစားစဉ် ရေနစ်ပျေ-ာက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပျောက်ဆုံးသူအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့များက ဩဂုတ် ၂၈ ရက်အထိ လိုက်လံရှာဖွေခဲ့သော်လည်း ရေအလွန်နက်သည့်အတွက် ရှာဖွေရေးလုပ်ငန်းများ ခက်ခဲခဲ့သည်။ ထို့နောက် ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီခန့်တွင် ပျေ-ာက်ဆုံးနေသူ၏ ရုပ်အလေ-ာင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ငါးသိုင်းချောင်း ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

image