6 ပတ် - ဘာသာပြန်ပါ။

ပီရီရာကို လာမယ့်နှစ်ရာသီအကုန်အထိ စာချုပ်ဖြင့် နော်တင်ဟမ်ဖောရက်စ် ခန့်အပ်လာ
====================
နော်တင်ဟမ်ဖောရက်စ်ဟာ ယခုရာသီ စတုတ္ထမြောက်နည်းပြအဖြစ် ဗစ်တာပီရီရာကို လာမယ့်နှစ်ရာသီအကုန်အထိ စာချုပ်ဖြင့် ခန့်အပ်လာပါတယ်။
အသက် ၅၇ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ကြာသပတေးနေ့နံနက်ပိုင်းတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ရှောင်ဒိုက်ချီနေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာပါ။
ပီရီရာဟာ ဝုဗ်ကို ၁၁ လကြာကိုင်တွယ်ပြီးနောက် နိုဝင်ဘာလတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ယခုအခါ ပရီးမီးယားလိဂ်သို့ တကျော့ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရပြီးနောက် အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေကာ တန်းဆင်းဇုန်နှင့် ၃ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
ပီရီရာဟာ နူနိုအက်စ်ပီရီတိုဆန်တို၊ အန့်ပိုစတီကိုဂလူ၊ ရှောင်ဒိုက်ချီတို့ ပြီးနောက် ယခုရာသီ ဖောရက်စ်ရဲ့ စတုတ္ထမြောက်နည်းပြလည်း ဖြစ်ပါတယ်။
ပီရီရာဟာ ဝုဗ်ကို ၃၈ ပွဲကိုင်တွယ်ခဲ့ရာမှာ ၁၄ ပွဲ နိုင်ပွဲ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ရာသီနှောင်းပိုင်းတွင် ရလဒ်ကောင်းများ ဆက်တိုက် ရယူကာ တန်းမဆင်းရအောင် ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဖောရက်စ်အသင်းပိုင်ရှင်အီဗန်ဂျီလို့စ် ပိုင်ဆိုင်တဲ့ အိုလံပီယာကို့စ်ကိုလည်း ကိုင်တွယ်ဖူးပြီး အမှတ်ပေးဖလားနှင့် ဂရိရှုံးထွက်ဖလားတို့ ရယူပေးနိုင်ခဲ့ပါတယ်။
ပီရီရာဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဝုဗ်နည်းပြဖြစ်လာပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ၂ မှတ်တည်းသာ ရရှိကာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ၂၀၀၄ ခုနှစ်တွင် ပေါ်တူဂီကလပ် ဆန်ဂျိုအာနက်စ်ကိုကိုင်တွယ်ကာ နည်းပြဘဝစတင်ပြီးနောက် ဂျာမနီ၊ တရုတ်၊ ဘရာဇီး၊ ဆော်ဒီ၊ တူရကီ၊ ဂရိတို့တွင်လည်း ကျင်လည်ခဲ့ဖူးသူ ဖြစ်ပြီး ဝုဗ်မှာ သူ့ရဲ့ ၁၅ ခုမြောက်ကလပ်ဖြစ်ပါတယ်။

image
6 ပတ် - ဘာသာပြန်ပါ။

စပါးစ်ကို ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ကိုင်တွယ်လာမယ့် အိုင်ဂေါ်ကျူဒေါ်
===================
အိုင်ဂေါ်ကျူဒေါ်ဟာ စပါးစ်ကို ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ကိုင်တွယ်ရန် သဘောတူညီမှု ရရှိလာပါတယ်။
စပါးစ်ဟာ တန်းဆင်းဇုန်နှင့် ၅ မှတ်အကွာတွင် ရပ်တည်နေရပြီးနောက် နည်းပြသောမတ်စ်ဖရန့်ကို ထုတ်ပယ်လာခဲ့ပါတယ်။
စပါးစ်ဟာ အိုင်ဂေါ်ကျူဒေါ်ကို ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ပြီး နွေရာသီတွင်မှ အမြဲတမ်းနည်းပြခန့်အပ်သွားပါမယ်။
ကျူဒေါ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းက ၈ ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် ဂျူဗင်တပ်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ ခရိုအေးရှားလက်ရွေးစင်ဟောင်းဟာ လာဇီယို၊ မာဆေး၊ ဂါလာတာစာရေး၊ အူဒီးနီးစ်တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
စပါးစ်ဟာ အိုင်ဂေါ်ကျူဒေါ်ရဲ့ ယခင်ကလပ်အတွေ့အကြုံများကြောင့် အသင်းအား ချက်ချင်း ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးလာနိုင်ခြေရှိနေမှုနှင့်အတူ ယာယီနည်းပြအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လာတာပါ။
သူဟာ နည်းပြဘဝတစ်လျှောက် တစ်ခုတည်းသော ဆုဖလားအဖြစ် ခရိုအေးရှားကလပ် Hajuk Split နှင့်အတူ ၂၀၁၃ ခုနှစ် ခရိုအေးရှားရှုံးထွက်ဖလားရထားပါတယ်။
သူဟာ ကစားသမားဘဝတုန်းက ဂျူဗင်တပ်တွင် ၉ နှစ်ကြာ ကစားခဲ့ကာ စီးရီးအေဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တစ်ကြိမ် တက်ရောက်ဖူးပါတယ်။
သူဟာ ခရိုအေးရှားလက်ရွေးစင်အသင်းနှင့်အတူ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရရှိဖူးပါတယ်။
စပါးစ်ဟာ ကျူဒေါ်အနေဖြင့် ရာသီအကုန်အထိ ကာလအတွင်း ရလဒ်ကောင်း ရယူပေးနိုင်ပါက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး တံခါးဖွင့်ပေးထားပါတယ်။

image
6 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို မိုက်ကယ်ကာရစ် ဆွတ်ခူး
======================
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ယာယီနည်းပြအဖြစ် ရလဒ်ကောင်းများ ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးလာပါတယ်။
မိုက်ကယ်ကာရစ်ဟာ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် မန်စီးတီး၊ အာဆင်နယ်၊ ဖူလ်ဟမ်၊ စပါးစ်တို့ကို အနိုင်ရရှိခဲ့ပြီး ဝက်စ်ဟမ်းနှင့် သရေကျကာ ရလဒ်ကောင်းများ ရယူပေးထားနိုင်ပါတယ်။
သူဟာ ယူနိုက်တက်အား ကိုင်တွယ်တဲ့ကာလတိုအတွင်း ရလဒ်ကောင်းများ ရယူပေးနိုင်မှုနှင့်အတူ အန်ဒိုနီအိုင်ရာအိုလာ၊ ရှောင်ဒိုက်ချီတို့အား ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးလာပါတယ်။
မိုက်ကယ်ကာရစ်ဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်မှုကြောင့် သူ့အရည်အချင်းသက်သက်ကြောင့် မဟုတ်ကြောင်း ဆိုသွားပါတယ်။
ကာရစ်က "ကျွန်တော်တို့ တာထွက်အရမ်းကောင်းတယ်ဆိုတာ ဒီဆုက ပြသနေပါတယ်။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ဒါက ကျွန်တော့်အတွက်ချည်းသက်သက် မဟုတ်ပါဘူး။ အားလုံးကို တွေးမိပါတယ်။ ဝန်ထမ်းတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ နောက်ကွယ်က ပံ့ပိုးသူတွေ၊ ပြီးတော့ ကစားသမားတွေကြောင့်ပါ။ ဒီဆုက ကျွန်တော်တို့ တာထွက်အရမ်းကောင်းတာ ပြသနေတဲ့အတွက် အရမ်းဝမ်းသာပါတယ်"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာထားရမှုနှင့်အတူ ယခုအပတ် ပွဲကစားရန် မရှိဘဲ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်မှ အဲဗာတန်နှင့် ပရီးမီးယားလိဂ်ပွဲ ကစားရပါမယ်။
ဒါ့အပြင် ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ဘရန့်ဖို့ဒ်တိုက်စစ်မှူးအိုင်ဂေါ်တီယာဂိုက ဒုတိယအကြိမ်မြောက် ဆွတ်ခူးသွားပါတယ်။
သူဟာ ပရီးမီးယားလိဂ်သမိုင်းတွင် တစ်လတာအကောင်းဆုံးကစားသမားဆုအား ဒုတိယအကြိမ်မြောက်ဆွတ်ခူးတဲ့ ပထမဆုံးဘရာဇီးကစားသမားဖြစ်လာပါတယ်။
တီယာဂိုဟာ ဇန်နဝါရီလအတွင်း ၂ ပွဲကစားရာတွင် ၅ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဂိုး ၁၆ ဂိုးဖြင့် ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင် ဂိုးအများဆုံးသွင်းနိုင်တဲ့ ဘရာဇီးကစားသမားအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။

image
6 ပတ် - ဘာသာပြန်ပါ။

၂၀၂၇ ခုနှစ် အာဖရိကဖလားပြိုင်ပွဲကို ဇွန်-ဇူလိုင်လတွင် ကျင်းပသွားမည်
======================
၂၀၂၇ ခုနှစ် အာဖရိကဖလားပြိုင်ပွဲကို လာမယ့်နှစ် ဇွန်-ဇူလိုင်လတွင် ကျင်းပလာမည်ဖြစ်ကြောင်း အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌပက်ထရစ်မော့ဆီပီက ကြေညာလာပါတယ်။
ဒါ့အပြင် အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ကန်ညာ၊ တန်ဇန်းနီးယား၊ ယူဂန္ဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၂၇ အာဖရိကဖလားပြိုင်ပွဲကို ရွှေ့ဆိုင်းရမယ့် အခြေအနေတွင် ရှိနေတယ်ဆိုတဲ့သတင်းမှာ အခြေအမြစ်မရှိတဲ့ သတင်းမျှသာ ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
အဆိုပါ ပူးတွဲအိမ်ရှင်နိုင်ငံများရဲ့ အာဖရိကဖလားပြိုင်ပွဲအတွက် လိုအပ်တဲ့ တည်ဆောက်နေမှုလုပ်ငန်းများမှာ ပြိုင်ပွဲအမီ အပြီးသတ်ရေး သံသယဝင်ခြင်းခံနေရပါတယ်။
တဖက်တွင် ကန်ညာကလည်း ၂၀၂၇ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ရှိနေမှုနှင့်အတူ ပြိုင်ပွဲအား ၂၀၂၈ ခုနှစ်အထိ ရွှေ့ဆိုင်းစေလိုနေပါတယ်။
ယခင်တုန်းက အာဖရိကဖလားပြိုင်ပွဲများကို ဇန်နဝါရီ၊-ဖေဖော်ဝါရီနှင့် ဒီဇင်ဘာ-ဇန်နဝါရီလတို့တွင် ကျင်းပလာခဲ့ပေမယ့်လည်း ရာသီဝက်ကာလတွင် ယှဉ်ပြိုင်မှုကြောင့် ဥရောပကလပ်များက ကစားသမားစေလွှတ်လိုခြင်း မရှိမှုနှင့်အတူ ယခုကဲ့သို့ ရာသီသိမ်းချိန် အားလပ်ရက်တွင် ကျင်းပလာမှာလည်း ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဖေဖော်ဝါရီ ၁၄ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၀၄၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၆၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၂၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၉၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၇၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၈၀ ကျပ်
ဝယ်ဈေး - ၃၈၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၂၅ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၈ ကျပ်
ဝယ်ဈေး - ၉၉၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၀၅ ကျပ်
ဝယ်ဈေး - ၂၅.၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၉၄ ကျပ်
ဝယ်ဈေး - ၄၂.၈၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၄၃၀ ကျပ်
ဝယ်ဈေး - ၅၂၉၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၁၄ ကျပ်
ဝယ်ဈေး - ၂၇၄၄ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၂၂ ကျပ်
ဝယ်ဈေး - ၂၈၄၉ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၀၉ ကျပ်
ဝယ်ဈေး - ၄၉၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၃ ကျပ်
ဝယ်ဈေး - ၁၀၅၆ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
6 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
****************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
6 ပတ် - ဘာသာပြန်ပါ။

🤓

image
6 ပတ် - ဘာသာပြန်ပါ။

Silicon Nanowire Anode Market to Experience Rapid Growth in Advanced Materials Sector

The global Silicon Nanowire Anode market was valued at USD 450 million in 2025 and is projected to reach USD 880 million by 2033, growing at a CAGR of 8.2% during the forecast period. Market expansion is fueled by the increasing demand for higher energy density batteries and the adoption of advanced materials in high-performance energy storage systems.

Read More -> https://marketintelo.com/repor....t/silicon-nanowire-a

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway မေတ္တာရပ်ခံ

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။
ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိသည် ရုံး ပိတ်ရက်ရှည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်သို့ ခရီးသွားလာမည့် ခရီးသွားယာဉ်များများပြား၍ Toll Plaza များတွင် ကြန့်ကြာမှုတစ်စုံတစ်ရာဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံခဲ့သည်။
ထိုသို့ ကြန့်ကြာမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရေး၊ ခရီး သွားများ ဘေးအန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာနိုင်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရေးအတွက်လည်း Max Highway မှကြိုတင်ပြင်ဆင်စီမံထားရှိပြီးဖြစ်သည်ဟု အသိပေးခဲ့သည်။
ထို့အတူ ခရီးသွားများအနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လေးစားလိုက်နာပြီး မိမိတို့၏ လိုရာခရီးကို ဘေးကင်းစွာသတိပြုမောင်းနှင်ကြပါရန်လည်း Max Highway ကတိုက်တွန်းနှိုးဆော်ခဲ့သည်။

image

KIA နှင့် PDF အဖွဲ့များ၏ မြစ်ကြီးနားလေဆိပ်အား FPV suicide drone များဖြင့်တို-က်ခို-က်မှုကိုဟန့်တားနိုင်ခဲ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ လေကြောင်းလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့ဝင်များက KIA နှင့် PDF အဖွဲ့များ၏ မြစ်ကြီးနားလေဆိပ်အား FPV suicide drone များဖြင့်တို-က်ခို-က်မှုကိုဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
KIA နှင့် PDF အဖွဲ့များ၏ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းက မြစ်ကြီးနားလေဆိပ်နှင့် အနီးဝန်ကျင်နေ ရာများအား FPV Suicide Drone များအသုံးပြုတို-က်ခို-က်ရာ လုံခြုံရေးအဖွဲ့ဝင်များမှ လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့်ထောက်လှမ်းသိရှိပြီး Drone များအား လက်ဦးမှုရယူဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လေဆိပ်အတွင်းကျရောက်ပေါက်ကွဲခြင်းမရှိဘဲ လေယာဉ်ပြေးလမ်း နှင့် အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ပျ-က်ကျခဲ့၍ လုံခြုံရေးအဖွဲ့ဝင် များက Drone များတွင်ပါရှိသည့် ဖေ-ာက်ခွဲဖျ-က်ဆီးရေးပစ္စည်းများအားသက်မဲ့ပြုလုပ်ခဲ့ကြ၍ လူ၊ အဆောက်အအုံနှင့် လေယာဉ်ပြေးလမ်းများထိခို-က် ပျ-က်စီးမှုမရှိခဲ့ကြောင်း သိရသည်။

image