မရမ်းကုန်းတွင်ကစတိုးဆိုင်မီးလောင်ပြီး အမျိုးသမီးနှစ်ဦးသေဆုံး
-------------------------------------
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောက်ဗဟိုလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ စတိုးဆိုင်မှာ ဖေဖော်ဝါရီ ၁၅ရက် မနက်၃နာရီ ၃၇မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး အသက်၆၀ကျော်ခန့်ရှိတဲ့ ညီအစ်မတော်စပ်သူ ဆိုင်ရှင်အမျိုးသမီးကြီးနှစ်ဦး သေဆုံးသွားတယ်လို့ ဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
အဲဒီမီးလောင်မှုကို မရမ်းကုန်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး မနက် ၃နာရီ ၅၃မိနစ်မှာ မီးငြိမ်းသွားတယ်လို့လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။