ရန်ကုန်စီးတီးအသင်း ပေါ် တူဂီ ယူ-၂၀ လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဂယ်ဆင်ကိုစတာကို ခေါ်ယူ

၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲဝင်မယ့် ရန်ကုန်စီးတီးအသင်းဟာ (၅) ဦးမြောက် ပြည်ပကစားသမားအဖြစ် ပေါ် တူဂီ ယူ-၂၀ လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ဂယ်ဆင်ကိုစတာကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
အသက် (၂၉) နှစ်ရှိ ပေါ် တူဂီ ယူ-၂၀ လက်ရွေးစင်ဟောင်း ဂယ်ဆင်ကိုစတာဟာ ကွင်းလယ်ခံစစ်နေရာမှာ အဓိကကစားသူ ဖြစ်ကြောင်း သိရပါတယ်။ အရပ်(၆)ပေရှိတဲ့ ကိုစတာဟာ ပေါ်တူဂီ ယူ-၁၈၊ ယူ-၁၉၊ ယူ-၂၀ အသင်းတွေမှာ တောက်လျှောက်ကစားခဲ့သူဖြစ်ပြီး ပေါ်တူဂီလူငယ်လက်ရွေးစင်အသင်းများအတွက် (၂၁) ပွဲကစား၊ (၂) ဂိုးသွင်းယူပေးခဲ့ကြောင်း သိရပါတယ်။ ကိုစတာဟာ ၂၀၀၉ ခုနှစ်မှစပြီး ပေါ်တူဂီကလပ်အသင်းများဖြစ်တဲ့ စပို့တင်းလူငယ်အသင်း၊ ဘင်ဖီကာလူငယ်အသင်းအပါအဝင် အခြားသော ပေါ်တူဂီလူငယ်အသင်းများမှာ ကစားခဲ့ဖူးသူဖြစ်ကြောင်း သိရပါတယ်။ ကိုစတာဟာ ပေါ်တူဂီလူငယ်ကလပ်အသင်းများနဲ့အတူ ဥရောပလူငယ်ချန်ပီယံလိဂ် (UEFA Youth League) ပြိုင်ပွဲ (၂) ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး (၃) ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ကိုစတာဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာ ( အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဘိုအာဗစ္စတာအသင်းနဲ့အတူ ပေါ်တူဂီရဲ့ အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလီဂါပြိုင်ပွဲမှာ ကစားခဲ့ပါတယ်။ ကိုစတာဟာ ရန်ကုန်စီးတီးအသင်းထံသို့ ရောက်မလာခင် နောက်ဆုံးအဖြစ် ပြီးခဲ့တဲ့ရာသီက မော်လ်တာကလပ် မိုစတာအသင်းနဲ့အတူ မော်လ်တာလိဂ်-၁ ပြိုင်ပွဲတွင် ကစားခဲ့ကြောင်း သိရပါတယ်။

image

အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲမှာ ဗီယက်နမ် နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့ပြီး ဆုကြေးဒေါ်လာ ၆၂၀၀၀၀ အထိရရှိ

၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲမှာ ဗီယက်နမ်အသင်း နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့ပြီး ချန်ပီယံဆုကြေးအပါအဝင် စုစုပေါင်း ဆုကြေးဒေါ်လာ ၆၂၀၀၀၀ အထိရရှိခဲ့ပါတယ်။
၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့အဖြစ် သြဂုတ် ၂၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗီယက်နမ်အသင်းက (၂-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ သြဂုတ် ၂၆ ရက်က ဒုတိယအကျော့အဖြစ် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ဗီယက်နမ်အသင်းနဲ့ ထိုင်းအသင်းတို့ ထပ်မံယှဉ်ပြိုင်ကစားခဲ့ရာ (၂-၂) ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါကြောင့် ဗီယက်နမ်အသင်းက နှစ်ကျော့ပေါင်းရလဒ် (၄-၂)ဂိုးနဲ့ ထိုင်းအသင်းကို အနိုင်ရပြီး နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)ဟာ ပြိုင်ပွဲအပြီးမှာ ချန်ပီယံဆုရ ဗီယက်နမ်အသင်းကို ဆုကြေးဒေါ် လာ ၅၀၀၀၀၀ နဲ့ ပြိုင်ပွဲဝင်ကြေး ဒေါ်လာ ၁၂၀၀၀၀၊ ပေါင်း ဒေါ်လာ ၆၂၀၀၀၀၊ ဒုတိယရ ထိုင်းအသင်းကို ဆုကြေးဒေါ်လာ ၃၀၀၀၀၀ နဲ့ ပြိုင်ပွဲဝင်ကြေး ဒေါ်လာ ၁၂၀၀၀၀၊ ပေါင်း ဒေါ်လာ ၄၂၀၀၀၀၊ ဆီမီးရှုံးနှစ်သင်းကို ဆုကြေးဒေါ်လာ ၁၀၀၀၀၀ နဲ့ ပြိုင်ပွဲဝင်ကြေး ဒေါ်လာ ၁၂၀၀၀၀၊ ပေါင်း ဒေါ်လာ ၂၂၀၀၀၀၊ အုပ်စုအဆင့်အသင်းတိုင်းကို ဒေါ်လာ ၁၂၀၀၀၀ ပေးအပ်ခဲ့ပါတယ်။

image

မန်စီးတီးအသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား အိုမာမာမွတ်ကို စပါးအငှားနဲ့ခေါ်ယူ

လန်ဒန်မြို့ခံကလပ် စပါးအသင်းဟာ မန်စီးတီးအသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား အိုမာမာမွတ်ကို အငှားနဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
စပါးအသင်းအနေနဲ့ မာမွတ်ကိုအငှားနဲ့ခေါ်ယူခဲ့ပေမဲ့ ရာသီကုန်မှာ ပေါင်သန်း(၆၀)ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
အသက် (၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာမွတ်ဟာ စပါးအသင်းမှာ ကျောနံပါတ် (၂၂)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး စပါးအသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။
အခုအပြောင်းအရွှေ့ကာလမှာ မာမွတ်အနေနဲ့ စပါးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒုတိယမြောက် မန်စီးတီးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
နည်းပြ ဒီဇယ်ဘီရဲ့ စပါးအသင်းဟာ ဒီရာသီမှာ ကစားသမား (၈)ဦးအထိအားဖြည့်ထားပြီး အပြောင်းအရွှေ့အသုံးစရိတ်စုစုပေါင်း ယူရို သန်း(၂၅၀)ဝန်းကျင်အသုံးပြုထားတာပါ။

image

မန်စီးတီးအသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား အိုမာမာမွတ်ကို စပါးအငှားနဲ့ခေါ်ယူ

လန်ဒန်မြို့ခံကလပ် စပါးအသင်းဟာ မန်စီးတီးအသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား အိုမာမာမွတ်ကို အငှားနဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
စပါးအသင်းအနေနဲ့ မာမွတ်ကိုအငှားနဲ့ခေါ်ယူခဲ့ပေမဲ့ ရာသီကုန်မှာ ပေါင်သန်း(၆၀)ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
အသက် (၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာမွတ်ဟာ စပါးအသင်းမှာ ကျောနံပါတ် (၂၂)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး စပါးအသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။
အခုအပြောင်းအရွှေ့ကာလမှာ မာမွတ်အနေနဲ့ စပါးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒုတိယမြောက် မန်စီးတီးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
နည်းပြ ဒီဇယ်ဘီရဲ့ စပါးအသင်းဟာ ဒီရာသီမှာ ကစားသမား (၈)ဦးအထိအားဖြည့်ထားပြီး အပြောင်းအရွှေ့အသုံးစရိတ်စုစုပေါင်း ယူရို သန်း(၂၅၀)ဝန်းကျင်အသုံးပြုထားတာပါ။

image

အယ်လ်ဗာရက်ဇ်ကို ဘာစီလိုနာအသင်းဆီ လုံးဝရောင်းထုတ်မှာမဟုတ်ဘူးလို့ အက်သလက်တီကိုအမှုဆောင်ချုပ် အခိုင်အမာပြောကြား

အက်သလက်တီကိုအသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဂီးလ်မာရင်က တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ ဘာစီလိုနာအသင်းဆီ လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က အက်သလက်တီကိုအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
ဘာစီလိုနာအသင်းကလည်း ယူရိုသန်း(၁၀၀)နဲ့ စတင်ကမ်းလှမ်းခဲ့ပြီး ငြင်းပယ်ခံခဲ့ရပေမဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။
ဂီးလ်မာရင်ကတော့ အယ်လ်ဗာရက်ဇ် အသင်းက ထွက်ခွာချင်ရင် ရောင်းချဖို့ လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ ဘာစီလိုနာအသင်းဆီ လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း ထပ်မံအတည်ပြုခဲ့တာပါ။
''ကျွန်တော့်ရဲ့ သဘောထားကတော့ အယ်လ်ဗာရက်ဇ်ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူက ထွက်ခွာချင်တယ်ဆိုရင်တော့ တခြားနည်းလမ်းကို ကျွန်တော်တို့ ရှာဖွေသွားမှာပါ။ ဒါပေမဲ့ ဘာစီလိုနာအသင်းကိုတော့ လုံးဝရောင်းထုတ်မှာမဟုတ်ပါဘူး။ ကျွန်တော် အက်သလက်တီကိုအသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်နေသရွေ့ အယ်လ်ဗာရက်ဇ် ဘာစီလိုနာကို ပြောင်းရွှေ့ရမှာမဟုတ်ပါဘူး။ ဒါကို လုံးဝအာမခံနိုင်ပါတယ်'' လို့ ဂီးလ်မာရင်က ပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုအသင်းက အယ်လ်ဗာရက်ဇ်ကို အာဆင်နယ်အသင်းဆီ ရောင်းထုတ်ဖို့ ယူရိုသန်း(၁၃၀)နဲ့ သဘောတူညီမှုရရှိထားပြီဖြစ်ပြီး အယ်လ်ဗာရက်ဇ်သာ လက်ခံခဲ့ရင် အပြောင်းအရွှေ့ဖြစ်မြောက်တော့မှာဖြစ်ကြောင်း ဖော်ပြမှုတွေလည်း ရှိနေပါတယ်။

image

အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ပေါင်(၇.၅)သန်းနဲ့ ခေါ်ယူဖို့ ချယ်လ်ဆီး သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ပေါင်(၇.၅)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက မာတီနက်ဇ်ကို (၂)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဖူလ်ဟမ်နဲ့ပွဲမှာ အမှားများခဲ့တဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို စိန်ခေါ်နိုင်မယ့်ဂိုးသမား ခေါ်ယူအားဖြည့်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် မာတီနက်ဇ်ကို ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မာတီနက်ဇ်(၃၃ နှစ်)ကလည်း အက်စတွန်ဗီလာအသင်းရဲ့ နံပါတ်(၁)ဂိုးသမားအဖြစ် လက်စွမ်းပြနေပေမဲ့ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပါသေးတယ်။
ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေတာကြောင့် ဂျူဗင်တပ်စ်အသင်းက လက်လျှော့သွားခဲ့တာပါ။
မာတီနက်ဇ်က အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်တာကြောင့် လန်ဒန်ထိပ်သီးနှစ်သင်းမှာ ကစားခွင့်ရတဲ့ဂိုးသမား ဖြစ်လာတော့မှာပါ။

image

ယခုရာသီ M League ပြိုင်ပွဲ ဒီနေ့စတင်မှာဖြစ်ပြီးချင်းလန့်အသင်းနဲ့ ရတနာပုံအသင်း၊ သစ္စာအားမာန်အသင်းနဲ့ မြဝတီအသင်းတို့ ယှဥ်ပြိုင်ကစားမယ်

၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲကို ယနေ့ (သြဂုတ် ၂၈) စတင်မှာဖြစ်ပြီး ချင်းလန့်အသင်းနဲ့ ရတနာပုံအသင်း၊ သစ္စာအားမာန်အသင်းနဲ့ မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်
၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲ ပွဲစဉ် (၁) ကို သြဂုတ် ၂၈၊ ၂၉၊ ၃၀ ရက်များတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပွဲစဉ် (၁) ရဲ့ ပထမဆုံးနေ့ (သြဂုတ် ၂၈) ပွဲစဉ်များအဖြစ် ရန်ကုန်မြို့ ရှိ YUSC ကွင်းတွင် ညနေ ၃ နာရီခွဲ၌ ချင်းလန့်အသင်းနဲ့ ရတနာပုံအသင်း၊ သီဟဒီပကွင်းတွင် ညနေ ၃ နာရီခွဲ၌ သစ္စာအားမာန်အသင်းနဲ့ မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
သြဂုတ် ၂၉ ရက်၊ ည နေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သီဟဒီပကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနဲ့ ဟံသာဝတီယူနိုက်တက်အသင်း၊ ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်းတွင် ညနေ ၃ နာရီခွဲ၌ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ISPE အသင်း၊ သြဂုတ် ၃၀ ရက်၊ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ စစ်ကိုင်းယူနိုက်တက်အသင်း၊ ရန်ကုန်မြို့ရှိ ပဒေသာကွင်း၌ ညနေ ၃ နာရီခွဲတွင် ရန်ကုန်စီးတီးအသင်းနဲ့ ရှမ်းယူ နိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း သိရပါတယ်။
ယခု ၂၀၂၆- ၂၀၂၇ ရာသီ ​M League ပြိုင်ပွဲကို အသင်း (၁၂) သင်းဖြစ်တဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ရတနာပုံ၊ စစ်ကိုင်းယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်၊ မြဝတီ၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီး၊ ISPE၊ ချင်းလန့်အသင်းတို့နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ယခု ၂၀၂၆- ၂၀၂၇ ရာသီ ​M League ပြိုင်ပွဲကို သြဂုတ် (၂၈) ရက်ကစပြီး နှစ်ကျော့စနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ယခု ၂၀၂၆- ၂၀၂၇ ရာသီ ​M League ပြိုင်ပွဲကို ရှမ်းယူနိုက်တက်အသင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၊ ရန်ကုန်ယူနိုက်တက်အသင်းက ရန်ကုန်မြို့ရှိ YUSC ကွင်း၊ ရတနာပုံအသင်းက မန္တလေးမြို့ရှိ ဗထူးကွင်း၊ ဧရာဝတီယူနိုက်တက်အသင်းက ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၊ ဟံသာဝတီယူနိုက်တက်အသင်းက ပဲခူးမြို့ရှိ Grand Royal ကွင်း၊ ISPE အသင်းက သန်လျင်သီဟဒီပကွင်း၊ ရန်ကုန်စီးတီးအသင်းက ရန်ကုန်မြို့ရှိ ပဒေသာကွင်းတို့တွင် အိမ်ကွင်းများအဖြစ် လက်ခံကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အိမ်ကွင်း လက်ခံကျင်းပနိုင်ခြင်း မရှိတဲ့ အသင်းများအတွက် MFF က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် အိမ်ကွင်းပွဲများအဖြစ် လက်ခံကျင်းပပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၂၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၈၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၅၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၅၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၃၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၃၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၄၅ ကျပ်
ဝယ်ဈေး - ၄၂၄၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၂၁ ကျပ်
ဝယ်ဈေး - ၃၃၂၇ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၇၄ ကျပ်
ဝယ်ဈေး - ၄၉၄၄ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၅ ကျပ်
ဝယ်ဈေး - ၁၂၉.၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၉ ကျပ်
ဝယ်ဈေး - ၁၀၅၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၄၇ ကျပ်
ဝယ်ဈေး - ၆၃၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၃ ကျပ်
ဝယ်ဈေး - ၂၆.၅၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၅၈ ကျပ်
ဝယ်ဈေး - ၄၄.၃၉ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၅ ကျပ်
ဝယ်ဈေး - ၃.၀၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၀၈ ကျပ်
ဝယ်ဈေး - ၅၇၃၈ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၂၅ ကျပ်
ဝယ်ဈေး - ၃၀၄၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၃ ကျပ်
ဝယ်ဈေး - ၃၀၅၃ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၅ ကျပ်
ဝယ်ဈေး - ၅၄၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၈၄ ကျပ်
ဝယ်ဈေး - ၁၁၅၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*******************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
Larrisa Falkenberg changed her profile picture
9 w

image