MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တွေ့ဆုံ

မြန်မာ -ထိုင်း နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်စပ်လျဉ်းသည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဥ်အဖြစ် ဇူလိုင် ၁၃ ရက်မှ ဇူလိုင် ၁၄ ရက်အထိသွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၄ ရက်မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် နှင့် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်ပေါင်းရာချီကြာမြင့်သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံထားသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးဘပွားနှင့်စပ်လျဉ်းသည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ က တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့တက်ရောက်ပြီး နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များလျှော့ချရေးနှင့် သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်‌ ကုန်သွယ်ရေးမြှင့်တင်ရေးတို့က်ု ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ မယ်တော် မိဖုရားကြီး Her Majestry Queen Sirikit နှင့် ထိုင်းနိုင်ငံတော်ဝင်မင်းသမီး Princess Bajrakitiyabha တို့ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် ဗန်ကောက်မြို့ရှိ ဘုရင့်နန်းတော်တွင်ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

image

မင်းကင်းမြို့၌ ဒေသခံများနှင့် တိုက်ပွဲရှောင်မိသားစုများကို သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သူများနှင့် မြို့သို့ရောက်ရှိနေသည့် တိုက်ပွဲရှောင်မိသားစုဝင်များအား အမှတ်(၁)ရပ်ကွက်၊ မြို့ တော်လမ်း၌ ယနေ့ ဇူလိုင် ၁၄ ရက်နံနက် ၈ နာရီတွင် စားအုန်းဆီများကိုသက်သာသောစျေးနှုန်းဖြင့်ရောင်း ချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီတစ်ပိဿာလျင် ငွေကျပ်(၁၀,၅၀၀)နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျင် တစ်ပိဿာစီဖြင့် စားအုန်းဆီပိဿာ(၁,၂၄၀)ပိဿာကိုရောင်းချပေးခဲ့ကြောင်း သိရသည်။

image

အီရန်ဘက်က ဆွေးနွေးပွဲဝိုင်းကို ပြန်မလာမချင်း အမေရိကန်က ဆက်တိုက်ခိုက်သွားမယ်လို့ ထရမ့် ပြော

​အီရန်အနေနဲ့ ဆွေးနွေးပွဲဝိုင်းကို ပြန်မလာဘူးဆိုရင်တော့ အမေရိကန်စစ်တပ်က အီရန်ကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
​"ဒီညလည်း သူတို့ကို အပြင်းအထန် တိုက်ခိုက်မယ်။ မနက်ဖြန်ညလည်း အပြင်းအထန် တိုက်ဦးမယ်။ သန်ဘက်ခါညလည်း ဆက်တိုက်မှာပဲ။ နောက်အပတ်ဆိုရင်တော့ သူတို့အတွက် အခြေအနေ တော်တော်လေး ဆိုးသွားလိမ့်မယ်" လို့ Fox News နဲ့ အင်တာဗျူးမှာ သူက ပြောသွားပါတယ်။
​"သူတို့ စားပွဲဝိုင်းလာပြီး မဆွေးနွေးမချင်း" တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့လည်း ထရမ့်က ထပ်ပြောပါတယ်။
​ဒါ့အပြင် ဟော်မုဇ် ရေလက်ကြားကိုတော့ အီရန်သင်္ဘောတွေကလွဲပြီး တခြားသင်္ဘောတွေ အားလုံးအတွက် ဖွင့်ပေးထားတယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။
​"ဒါကြောင့်မို့လို့ အီရန်ဆိပ်ကမ်းတွေကို အဝင်အထွက်လုပ်တဲ့ သင်္ဘောတွေ၊ ဒါမှမဟုတ် အီရန်ကုန်ပစ္စည်းတွေ သယ်လာတဲ့ သင်္ဘောတွေကိုပဲ အပြည့်အဝ ပိတ်ဆို့သွားမှာပါ" လို့ သူက Truth Social ပလက်ဖောင်းပေါ်မှာ ရေးသားခဲ့ပါတယ်။

image

မြင်းခြံမြို့ရှိ နှစ်ထပ်အဆောက်အအုံတစ်လုံးတွင် မီးလောင်မှုဖြစ် မိနစ်(၅၀)ခန့်ကြာငြှိမ်းသတ်ခဲ့ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ နှစ်ထပ်အဆောက်အအုံတစ်လုံးတွင် ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၂ နာရီ ၂၀ မိနစ်ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်ရှိ နှစ်ထပ်အဆောက်အအုံတစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မြင်းခြံခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ စက်မှုဇုန်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၇ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

image

ပြင်သစ်ကို နောက်ဆုံး သုံးကြိမ်ဆက် အနိုင်ယူပြီး စပိန် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်လှမ်း

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်အသင်းသည် ပြင်သစ်အသင်းကို အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ဒဲလပ်စ်ကွင်း၌ ယှဉ်ပြိုင်ခဲ့ပြီး စပိန်အသင်းသည် ကျစ်လျစ်သော အသင်းလိုက်စုဖွဲ့မှုများဖြင့် ပြင်သစ်အသင်းကို ဖိအားပေးကစားကာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
စပိန်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၂ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး၊ လူငယ်ကြယ်ပွင့် ယာမယ် ကို ပြင်သစ်နောက်ခံလူ ဖျက်ထုတ်ပုံမှားယွင်းခဲ့၍ ရရှိသည့် ပင်နယ်တီမှတစ်ဆင့် အိုယာဇာဘယ်လ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ခြင်းလည်း ဖြစ်သည်။
ပြင်သစ်အသင်းသည် ပထမပိုင်းတွင် အဓိကနောက်ခံလူ ဝီလီယံ ဆာလီဘာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး တိုက်စစ်ဆင်ရန် ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ကစားချိန် ၅၈ မိနစ်တွင် အိုလ်မို၏ ဖန်တီးပေးမှုမှတစ်ဆင့် စပိန်နောက်ခံလူ ပတ်ဒရို ပေါ်ရိုက ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ခြင်းလည်း ဖြစ်သည်။
ပွဲကစားချိန်အတွင်း စပိန်အသင်းက ပွဲကို ထိန်းချုပ်မောင်းနှင်ခဲ့ပြီး ပြင်သစ်အသင်း၏ တိုက်စစ်ဆင်မှုများကိုလည်း ခံစစ်ပိုင်း က အမှားယွင်းမရှိ ဟန့်တားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခု အနိုင်ရလဒ်ကြောင့် စပိန်အသင်းသည် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် (၂-၁)၊ ၂၀၂၅ နေးရှင်းလိဂ် (၅-၄) ပြိုင်ပွဲများအပြီး ပြင်သစ်အသင်းအပေါ် နောက်ဆုံးသုံးကြိမ်ဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ခြင်းလည်း ဖြစ်သည်။
စပိန်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဗိုလ်လုပွဲ၌ (အာဂျင်တီးနား သို့မဟုတ် အင်္ဂလန်အသင်း) နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

image

အင်ဒိုနီးရှားကအာဆီယံစီးပွားရေးဖိုရမ်ကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

ပင်လယ်သမုဒ္ဒရာကို အခြေခံသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကောင်းဆုံး လုပ်ဆောင်ချက်များကို အပြန်အလှန် မျှဝေဆွေးနွေးရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် လာမည့် သောကြာနေ့မှ စနေနေ့အထိ ဂျာဗားအရှေ့ပိုင်းပြည်နယ် ဘန်ယူဝမ်ဂီခရိုင် တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ပါဝင်မည့် နိုင်ငံတကာ အပြာရောင်စီးပွားရေး (Blue economy) ဖိုရမ်တစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။
“ASEAN-ID Blue Forum” ဟု အမည်ရသည့် အဆိုပါဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပင်လယ်ပြင်ရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနတို့က နူးဇီလန်နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စီစဉ်ကျင်းပခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ အတ်ဟ်ရန်တီ ဆာဒါနာရီနီ ဝီရာဂျူဒါ က တနင်္လာနေ့တွင် ပြောကြားရာ၌ ဘန်ယူဝမ်ဂီဒေသသည် ပင်လယ်ပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် လူထုစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများအကြား အောင်မြင်စွာ ပေါင်းစပ်လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် အဆိုပါဖိုရမ်ကျင်းပရာနေရာအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းခရိုင်သည် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အခြားတက်ရောက်လာမည့် နိုင်ငံများနှင့် မျှဝေလိုသော ဖွံ့ဖြိုးတိုးတက်မှုပုံစံငယ်တစ်ခုကို ဖော်ဆောင်ပေးထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုဖိုရမ်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်မည့် နိုင်ငံများနှင့် ပစိဖိတ်ကျွန်းစုများဖိုရမ် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟု မျှော်လင့်ရပြီး၊ ဆွေးနွေးပွဲများတွင် အပြာရောင်စီးပွားရေးနှင့် ရေရှည်တည်တံ့သော ပင်လယ်ပြင်အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ဦးတည်ဆွေးနွေးသွားမည် ဖြစ်သည်။

image

ချင်းတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေ မြို့(၃)မြို့၏ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီထုတ်ပြန်ချက်အရ ချင်းဘတွင်းမြစ်ရေနှင့် စစ်တောင်းမြစ်ရေတို့ မြို့(၃)မြို့၏ စိုး ရိမ်ရေမှတ်အထက်ရောက်ရှိနေကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ စိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းလာနိုင်ကာ ဖောင်းပြင်မြို့တွင်လည်း ချင်းတွင်းမြစ်ရေမှာ မြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင် ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း ပေဝက်ခန့်ထပ်မံမြင့်တက်ကာ စိုးရိမ်ရေမှတ်အထက်၌ ဆက် လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခန့်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မဒေါက်မြို့နယ်တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေ ထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် ရေ ဘေးလွတ်ရာနေရာများသို့ရှောင်ရှားကြရန် မိုးဇလကသတိပေးထားကြောင်း သိရသည်။

image

ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌတို့ပြော

ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီတို့က ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးသည် ဇူလိုင် ၁၄ ရက်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမမြောက်နေ့)ကိုလာရောက်လေ့လာသည့် မြန်မာ နိုင်ငံခရစ် ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီမှ ဗဟိုကော်မတီဝင် သိက္ခာတော် ရ ဆရာဒေါက်တာမောရစ်လျန်နာနှင့် အဖွဲ့ဝင်များအားတွေ့ဆုံစဥ်ပြောကြားခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌတို့က ငြိမ်းချမ်းရေးအတွက် မြန် မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံငြိမ်းချမ်းရေးအ ထောက်အကူပြုဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များကို ကျေးဇူးသည်ဟု ပြောကြားခဲ့ကြသည်။
ထို့ပြင် ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟုပြောကြားခဲ့ကြပြီး နိုင်ငံတော်မှ ငြိမ်းချမ်းရေးအ တွက် လက်ရှိဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့အတူ သိက္ခာတော်ရဆရာ ဦးစောချစ်မျိုးကလည်း သာသနာရေးဆိုင်ရာများ၊ ငြိမ်းချမ်းရေးအတွက် ခရစ် ယာန်ဂိုဏ်းပေါင်းစုံမှကူညီဆောင်ရွက်နေမှုများ၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တိုင်းနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးဆုတောင်းပွဲများဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

image

စပါးစ်မှ ခရိုအေးရှားနောက်ခံလူဗူစကိုဗစ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘရိုက်တန် ခေါ်ယူအားဖြည့်လာ
====================

ဘရိုက်တန်ဟာ စပါးစ်မှ ခရိုအေးရှားနောက်ခံလူလူကာဗူစကိုဗစ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၄၆ သန်းဖြင့် ခေါ်ယူလာပါတယ်။
ဘရိုက်တန်ဟာ ဗူစကိုဗစ်ကို ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး စာချုပ်တွင်းတွင် ၁ နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဘရိုက်တန်ဟာ ပြီးခဲ့တဲ့လတုန်းက အသက် ၁၉ နှစ်ရှိ နောက်ခံလူအား ခေါ်ယူရေး ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းမှု ပယ်ချခြင်းခံရပြီးနောက် ပေါင်သန်း ၅၀ အထိမြင့်မားလာနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာချိန်တွင်မှ သဘောတူညီမှု ရခဲ့တာပါ။
ဗူစကိုဗစ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက စပါးစ်သို့ ပြောင်းရန် သဘောတူညီမှု ရရှိပြီးနောက် ၂၀၂၅ ခုနှစ်တွင်မှ စပါးစ်သို့ တကယ်တမ်း ပြောင်းခဲ့ပါတယ်။
သူဟာ စပါးစ်သို့ ရောက်လာပြီးနောက် ဟမ်းဘတ်သို့ အငှားချခြင်းခံခဲ့ရပြီး ဂျာမန်ကလပ်အတွက် ပွဲ ၃၀ ကစားခဲ့ကာ ဘွန်ဒက်စ်လီဂါဂိုး ၆ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဘရိုက်တန်ဟာ ယခုနွေရာသီတွင် စပါးစ်သို့ ပေါင် ၅၂ သန်းဖြင့် ရောင်းချလိုက်တဲ့ နယ်သာလန်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီနေရာတွင် တိုက်ရိုက်အစားထိုးရန် ဗူစကိုဗစ်အား ခေါ်ယူလာတာပါ။
စပက်လစ်ဖွား ဗူစကိုဗစ်ဟာ Hajduk Split အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်တွင်ပင် ကလပ်အတွက် ကစားခွင့်ရခဲ့ကာ အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ်လည်းကောင်း၊ အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူအဖြစ်လည်းကောင်း သမိုင်းမှတ်တမ်းရေးထိုးထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘွန်ဒက်စ်လီဂါတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ပြီးနောက် Rookie of the Season ဆုကို ဆွတ်ခူးခဲ့သလို တစ်နှစ်တာအကောင်းဆုံးအသင်းတွင်လည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဗူစကိုဗစ်ဟာ ခရိုအေးရှားအတွက် ၆ ပွဲကစားကာ ၁ ဂိုးသွင်းထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ပါတယ်။
ဘရိုက်တန်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့တွင် ဗီလာအား အိမ်ကွင်းမှာ ဧည့်ခံကစားကာ ပရီးမီးယားလိဂ်ရာသီသစ်စတင်ရပါမယ်။

image

အင်္ဂလန်နှင့် အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အား ကြီးကြပ်မယ့် ဒိုင်လူကြီးအား ဖီဖာ ရွေးချယ်လာ
=======================

ဖီဖာဟာ ဗုဒ္ဓဟူးနေ့တွင် အင်္ဂလန်နှင့် အာဂျင်တီးနားတို့ ကစားမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အား ကြီးကြပ်လာမယ့် ဒိုင်လူကြီးအား ရွေးချယ်လာပါမယ်။
၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက စတုတ္ထဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ အစ္စမေးလ်အယ်ဖတ်က အတ္တလန္တာတွင် ကစားလာမယ့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို ကြီးကြပ်လာမှာလည်း ဖြစ်ပါတယ်။
မော်ရိုကိုဖွားအယ်ဖတ်ဟာ အမေရိကန်တွင် မွေးဖွားသူဖြစ်ပြီး အာဂျင်တီးနားနှင့် ပြင်သစ်တို့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားသမိုင်းတွင် အကြီးကျယ်ဆုံးဗိုလ်လုပွဲအဖြစ် တင်စားခြင်းခံခဲ့ရတဲ့ပွဲတွင် စတုတ္ထဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
ယင်းပွဲတွင် အာဂျင်တီးနားက ၃ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၂ ဖြင့် အနိုင်ရကာ ဗိုလ်စွဲသွားခဲ့ပါတယ်။
ဒါ့အပြင် အယ်ဖတ်ဟာ မေဂျာလိဂ်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း အင်တာမိုင်ယာမီစတားလီယွန်နယ်မက်ဆီရဲ့ ပွဲ ၄ ပွဲကိုလည်း ကြီးကြပ်ဖူးပါတယ်။ ယင်း ၄ ပွဲလုံးတွင် မက်ဆီကစားနေတဲ့ အင်တာမိုင်ယာမီက အနိုင်ရထားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အာဂျင်တီးနားအသင်းဟာ မျက်နှာသာပေးခြင်းခံရတယ်ဆိုပြီး ဝေဖန်မှုများ ရှိနေမှုနှင့်အတူ အယ်ဖတ်ကိုင်တွယ်လာမဲ့ အင်္ဂလန်နှင့် အာဂျင်တီးနားပွဲစဉ်က စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
အယ်ဖတ်နှင့်အတူ စည်းကြပ်ဒိုင်များအဖြစ် အမေရိကန်ဒိုင်များဖြစ်ကြတဲ့ ကိုရေးပါကားနှင့် ကိုင်လီအက်ကင်တို့က ကြီးကြပ်သွားပါမယ်။
ယင်းပွဲတွင် စတုတ္ထဒိုင်လူကြီးအဖြစ် အီတလီဒိုင်များဖြစ်ကြတဲ့ မူရီဇီယိုမာရီယန်နှင့် ဒါနီရယ်ဘင်ဒိုနီ(အရန်လက်ထောက်ဒိုင်)တို့က ထမ်းဆောင်လာပါမယ်။
အာဂျင်တီးနားဟာ အီဂျစ်အား နောက်ကလိုက်ကစားကာ ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် ဒိုင်များရဲ့ မျက်နှာသာပေးခြင်းခံရတယ်ဆိုပြီး ဝေဖန်မှုများ ကြုံလာရတာပါ။
အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဖီဖာအား တိုင်ကြားထားပြီး ပြင်သစ်ဒိုင်လူကြီးဖရန်ကို့စ်လီတက်စ်စီယာနှင့် အဖွဲ့ကို ကမ္ဘာ့ဖလားမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဆွစ်ဇာလန်ကစားသမားများဟာလည်း ကွာတားဖိုင်နယ်တွင် အာဂျင်တီးနားကို ရှုံးနိမ့်ပြီးနောက် ဒိုင်လူကြီးမှာ အာဂျင်တီးနားကို မျက်နှာသာပေးလွန်းတယ်လို့ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

image