နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံများသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဉ်သွားရောက်ခဲ့မှုအပေါ်ဝမ်းမြောက်ကြောင်းအဆိုကို ရန်ကုန်တိုင်းလွှတ်တော်၌ မှတ်တမ်းတင်မည်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံများသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဉ်သွားရောက်ခဲ့မှုအပေါ်ဝမ်းမြောက်ကြောင်းအဆိုကို ရန်ကုန်တိုင်းလွှတ်တော်၌ မှတ်တမ်းတင်မည်ဖြစ်ကြောင်း သိရသည်။
ယင်း အဆိုကို လသာမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးနေဝင်းက မနက်ဖြန် သြဂုတ် ၂၆ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(နဝမနေ့)၌ တင်သွင်းမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။
ထို့ပြင် အစည်းအဝေး၌ မရမ်းကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးမင်းသိန်းထွန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးဝင်းကျော်ဦး၊ တောင်ဥက္ကလာပမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးအောင်ကျော်မိုး၊ မရမ်းကုန်းမြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)ဦးအောင်ပြည့်ဖြိုး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးတင်ရှိန်တို့က ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားကြမည်ဖြစ် ကြောင်း သိရသည်။
ထို့အတူ ကမာရွတ်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးကျော်လင်း၊ လှည်းကူးမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)ဦးအောင်မျိုးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးစိုးယု၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်ဇာခြည်လင်း ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ကိုယ်စားလှယ်အမှတ် (၂)ဦးသော်တာ၊ သုံးခွမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)ဒေါ်ခင်မြတ်စု၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကိုယ်စား လှယ်အမှတ်(၂)ဦးဝေယံပိုင်တို့ကလည်း ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားကြမည်ဖြစ် ကြောင်း သိရသည်။