အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုပြော

ဗင်နီဇွဲလားအပေါ် အမေရိကန်ပြည်ထောင်စုက လအတန်ကြာ ဖိအားပေးမှုတွေ မြင့်တက်လာပြီးနောက် မူယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ရေနံဆိုင်ရာတို့ကို ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ သမ္မတ နီကိုးလပ်စ်မာဒူရိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ အင်တာဗျူးတခုတွင် မာဒူရိုက "သူတို့လိုချင်တဲ့ နေရာတိုင်း၊ သူတို့လိုချင်တဲ့ အချိန်တိုင်း" ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်ဟာ ဗင်နီဇွဲလားရှိ ဆိပ်ကမ်းတခုကို တိုက်ခိုက်မှုမှာ CIA ပါဝင်ပတ်သက်နေတယ်လို့ သတင်းတေတွလည်းထွက်ပေါ်နေပါတယ်။ ဒါဟာ အမေရိကန်စစ်တပ်က ဗင်နီဇွဲလားကုန်းမြေပေါ်ကို ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ ကာရစ်ဘီယံနဲ့ အရှေ့ပစိဖိတ်မှတဆင့် မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်သွင်းတယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို ပြီးခဲ့တဲ့ သုံးလအတွင်း ပစ်မှတ်ထားနေချိန်မှာ သမ္မတ မာဒူရိုက အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးဖို့ မှတ်ချက်ပြုလာတာပါ။
ထရန့်အစိုးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲရဲ့ တစိတ်တပိုင်းအဖြစ် စက်တင်ဘာလ ၂ ရက်နေ့မှာ နိုင်ငံတကာရေပိုင်နက်မှာ သင်္ဘောတစင်းကို စတင်တိုက်ခိုက်ပြီးနောက် သင်္ဘောတွေကို စုစုပေါင်း တိုက်ခိုက်မှု ၃၀ ကျော် ရှိခဲ့ပြီး လူ ၁၁၀ ကျော် သေဆုံးခဲ့ရပါတယ်။
နောက်ဆုံးတိုက်ခိုက်မှုကတော့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်လို့ စွပ်စွဲခံရတဲ့ သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရပြီး သင်္ဘောပေါ်ရှိ လူငါးယောက် သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်မှာ ဗင်နီဇွဲလားကမ်းလွန်ရှိ ရေနံတင်သင်္ဘောတစင်းကို သိမ်းဆည်းခဲ့ပြီး ဗင်နီဇွဲလားနဲ့ အီရန်မှ ပိတ်ဆို့ထားတဲ့ ရေနံများကို သယ်ယူပို့ဆောင်တဲ့ သင်္ဘောလို့ ဆိုပါတယ်။ ဗင်နီဇွဲလားကတော့ ဒါဟာနိုင်ငံတကာ ပင်လယ်ဓါးပြမှုလို့ ဝေဖန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အမေရိကန်ပြည်ထောင်စဟာ နောက်ထပ် ရေနံတင်သင်္ဘောတစင်းကို ထပ်မံဖမ်းဆီးခဲ့ပြီး တတိယမြောက်တစင်းကို ဖမ်းဆီးနိုင်ရေး ဆက်လက်လုပ်ဆောင်နေပါတယ်။

လူ ၂၀၀ လိုက်ပါတဲ့ စက်လှေ ဂမ်ဘီယာကမ်းလွန်မှာမှောက်လို့ လူဒါဇင်များစွာ ပျောက်ဆုံး

ဂမ်ဘီယာကမ်းရိုးတန်းမှာ ဥရောပကို ရောက်ရှိရန်ကြိုးစားနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည် ၂၀၀ တင်ဆောင်လာတဲ့ လှေတစင်း တိမ်းမှောက်ပြီးနောက် အနည်းဆုံး လူခုနစ်ဦးသေဆုံးကာ အများအပြား ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ သန်းခေါင်ယံမှာ မြောက်ဘက်ကမ်းဒေသရှိ ဂျီနက်ရွာအနီး စက်လှေတိမ်းမှောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ သဲသောင်ပြင်မှာ သောင်တင်နေတာကို တွေ့ရှိခဲ့ကြောင်း ဂမ်ဘီယာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်ထိ လူ ၉၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး စပိန်နိုင်ငံမှ ကနေရီကျွန်းစုသို့ ဦးတည်နေသွားရောက်ခဲ့တဲ့ အဲဒီသင်္ဘောပျက်ပေါ်ရှိ အခြားခရီးသည်တွေအတွက် ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အန္တရာယ်များလှတဲ့ ဒီခရီးလမ်းကြောင်းဟာ ဥရောပကို ရောက်ရှိဖို့ ကြိုးစားနေတဲ့ အာဖရိကရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပိုမိုအသုံးများလာတဲ့ လမ်းကြောင်းတခု ဖြစ်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ လူပေါင်း ၄၇၀၀၀ နီးပါးဟာ ကနေရီကျွန်းစုကို ရောက်ရှိခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား ၉၀၀၀ ကျော်ဟာ လမ်းခရီးမှာတင် သေဆုံးခဲ့တယ်လို့ စပိန်အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း Caminando Fronteras က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က မတော်တဆမှုအပြီးမှာတော့ ဂမ်ဘီယာရေတပ်ဟာ ရေတပ်သင်္ဘောများစွာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို စတင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေဟာ ဂမ်ဘီယာနိုင်ငံသားတွေမဟုတ်ကြောင်းနဲ့ ဘယ်သူဘယ်ဝါဆိုတာကို အတည်ပြုနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ရေနစ်သေဆုံးသူ ခုနစ်ယောက်ရဲ့ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့သူတွေထဲ့ ၁၀ ယောက်ကတော့ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ ဆိုပါတယ်။
အနောက်အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေဟာ စပိန်နိုင်ငံမှ ကနေရီကျွန်းစုများသို့ ဖြတ်ကျော်ဝင်ရောက်ဖို့နဲ့ အဲဒီနောက်မှာ ဥရောပတိုက်ကို ရွှေ့ပြောင်းဖို့ ကြားခံအဖြစ် ဂမ်ဘီယာကို ပိုမိုအသုံးပြုလာကြပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ဥရောပသမဂ္ဂဟာ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုကို လျှော့ချဖို့ ရည်ရွယ်တဲ့ သဘောတူညီချက်တွေကို မြောက်အာဖရိကနိုင်ငံများစွာနဲ့ ရရှိခဲ့ပြီး ဒါကြောင့်လည်း ရွှေ့ပြောင်းနေထိုင်သူများစွာဟာ ပိုမိုရှည်လျားပြီး အန္တရာယ်များတဲ့ အတ္တလန္တိတ်သမုဒ္ဒရာလမ်းကြောင်းကို ပိုမိုအသုံးပြုလာကြပါတယ်။

6 ပတ် - ဘာသာပြန်ပါ။

ဝက်လက်၊ ရွှေဘိုနဲ့ ကန့်ဘလူမှာ စစ်ရေး ဆက်လက် တင်းမာနေ

စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ရွှေဘိုနဲ့ ကန့်ဘလူမြို့နယ်တွေမှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေး ဆက်လက် တင်းမာနေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ဝက်လက်နယ် ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ ဝက်လက်နဲ့ ရွှေဘိုအစပ်တွေမှာ စစ်ကြောင်း သုံးကြောင်းခွဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေ ကြားဖြတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
“ရွှေဘိုနဲ့ ဝက်လက်ကတော့ အစိုးရတပ်ကို ခုခံကာကွယ်နေရတာ လပေါင်းများစွာ ရှိနေပြီပေါ့။ လက်ရှိမှာ အစိုးရတပ်က ရှားကွဲရွာနဲ့ ချောင်းမီးတို ကြားကနေ စစ်ကြောင်းတကြောင်း၊ သစ်ဆိမ့်ကြီးရွာနဲ့ ရှိမ္မကားဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ လေကြောင်းကနေ အင်အားဖြည့်တာတွေလည်း ရှိနေတာဆိုတော့ စစ်ရေးအခြေအနေကတော့ ပိုပြီး တင်းမာလာနိုင်တယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒါကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ ဒီကနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ မြေပြင် စစ်ကြောင်းတွေ လှုပ်ရှားလာနိုင်တာကို သတိပြုရမှာဖြစ်သလို လေကြောင်းနဲ့ လက်နက်ကြီးရန်ကိုလည်း အမြဲမပြတ် သတိထားကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ဝက်လက်နယ် အနောက်ခြမ်း လိင်ပင်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် သုံးယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် လေးလုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းပျံသန်းမှုတွေ ဆက်တိုက်ဆိုသလို ရှိနေပြီး ကန့်ဘလူ၊ ခင်ဦး၊ အင်းတော်ဘက်မှာလည်း လေယာဉ်အများအပြား ဖြတ်သန်းထားတဲ့အတွက် စစ်ရေး တင်းမာမှုတွေ ရှိနေနိုင်တယ်လို့ သိရပါတယ်။
“ကင်းထောက် လေယာဉ်တွေဆိုတာ နေ့တိုင်းဝဲနေတာ။ Spy Balloon တွေ၊ ဒရုန်းတွေဆိုတာလည်း နေ့ညမပြတ် ပျံသန်းနေတာ။ အစိုးရတပ်က ကန့်ဘလူမြို့ ၆၀၀၆ တပ်ထဲကို ထောက်ပို့ ရဟတ်ယာဉ်တွေနဲ့ စစ်ကူတွေ ဆက်တိုက်ပို့နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ စစ်ရေးအခြေအနေကြောင့် တန့်ဆည်နဲ့ ကျွန်းလှမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ကံထူးမ - နဘက်ကြီး - ပုတီး - ညောင်ကိုင်း - လိပ်ဆင်းတောင် - ဆိပ်ဖူးလမ်းပိုင်း ပိတ်ထားဆဲ ဖြစ်သလို ကန့်ဘလူမြို့နယ်ထဲက ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကိုလည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေက လမ်းပိတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်း ဘုတလင်မြို့မှာ တိုက်ပွဲ ပြင်းထန်နေသလို စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည် နယ်စပ် ကသာမြို့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဆက်သွယ်ထားရာ လမ်းကြောင်းပေါ်ရှိ ဗန်းမောက်မြို့အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ခင်ဦးနယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်ခံထားရတဲ့ ရွှေဘို - မြစ်ကြီးနားလမ်းတလျှောက် စစ်ရေး တင်းမာမှုတွေ ရှိနေသလို ကလေးနဲ့ တမူးမြို့နယ်တွေမှာလည်း အစိုးရတပ်က နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေး ဆက်တိုက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ဒါအပြင် တန့်ဆည်နဲ့ ကန့်ဘလူနယ် သဖန်းဆိပ်ဆည်နားက ကျေးရွာချို့ကိုလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတာကြောင့် စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဆင်ဖြူကျွန်းမှာ တိုက်ပွဲ ငြိမ်နေပေမယ့် စက်မှုလယ်ယာ ရုံးနဲ့ ထွေအုပ်ရုံး မီးရှို့ခံရ

မကွေးတိုင်း ၊ဆင်ဖြူကျွန်း မြို့မှာ
ရှိတဲ့ စက်မှုလယ်ယာရုံးနဲ့ ထွေအုပ်ရုံးက စာရွက်စာတမ်း​တွေ၊ ပစ္စည်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြေပြင်ရှိနေတဲ့ ဒေသခံဆီက သိရပါတယ် ။
ဒါအပြင် ဆင်ဖြူကျွန်းမြို့ရဲ့ တံတား တဖက်ခြမ်းမှာ ရှိတဲ့ နွယ်တမယ်ရွာမှာလည်း နေအိမ်တွေ လက်နက် ထိမှန်ပြီး မီးလောင် ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
" မနေ့က ညနေ စက်မှုလယ်ယာ ရုံးကို ရှို့သွားတာပါ ။သူက ဝန်ထမ်းအိမ်ရာတွေရော အကုန်မီးလောင် ပျက်စီးသွားတယ်။ ထွေအုပ်ရုံး ကတော့ ရုံးထဲက စာရွက် စာတမ်းနဲ့ ပစ္စည်းတွေ ပဲလောင်သွားတယ်။ အဆောက်အဦ မလောင်ဘူး ။ နွယ်တမယ် ရွာဘက်မှာလည်း အိမ်တွေ မီးလောင်တာတော့ ရှိပေမယ့် အတိကျကတော့ မသိရဘူး ။ နွယ်တမယ် ရွာမှာက ရွာသားတွေ မရှိကြတော့ဘူး ။အကုန်ရှောင်ကြပြီ။ " လို့ ဆင်ဖြူကျွန်း မြို့မှာ ရှိနေသေးတဲ့ ဒေသခံက ပြောပြပါတယ်။
ပြီးခဲ့တဲ့ ရက်ကလည်း မန်းကျည်းတော ကွက်သစ်ထဲကို လက်နက်ကြီး ကျရောက်ပြီး အမျိုးသမီး တယောက် သေဆုံးကာ သုံးယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
လက်ရှိတော့ ဆင်ဖြူကျွန်း မြို့မှာ မနေ့က ဇန်နဝါရီ ၁ ရက်က စပြီး ဒီကနေ့ ဇန်နဝါရီ အထိ ပစ်ခတ်မှု မရှိဘဲ တိုက်ပွဲ ငြိမ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်အနေနဲ့ကတော့ မြို့ပေါ် ဒေသခံ အများစု ရှောင်ကြသလို ကျေးရွာ ၁၀ ရွာထက်မနည်း ကဒေသခံတွေလည်း စစ်ရှောင်မှု ရှိနေပါတယ်။ အလားတူ စစ်မရှောင်ဘဲ မြို့ပေါ်မှာပဲ အဆင်ပြေသလို နေထိုင် နေကြသူတွေလည်း အခုထိ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဆင်ဖြူကျွန်း မြို့ပေါ်မှာ လတ်တလော အုပ်ချုပ်ရေး ယန္တရား ရပ်သွားပြီး မြို့ထဲ နေထိုင် သူတွေအနေနဲ့ တော့ မြို့တွင်း သွားလာ လှုပ်ရှားလို့ ရနေဆဲ ဖြစ်ပြီး ရပ်ကွက်ထဲမှာလည်း စျေးတန်း ပုံစံ အသီးအရွက် ၊ အသားငါး ၊ ကုန်ခြောက် စတာတွေကို ရောင်းချမှု ရှိနေ သေးတယ် လို့ သိရပါတယ် ။
" မနက်ဆိုရင် စျေးတန်းလေးတွေ ဖွင့်တယ် ။ ဒီမှာက စာသင်တိုက် ကြီးတွေကလည်း ရှိသေးတယ် ။အဲဒီမှာ စစ်ရှောင်ကြသူ တွေလည်းရှိတယ် ။ အခုက အရမ်းအခြေအနေ တော့ မဆိုးသေးပါဘူး ။ သွားလို့ လာလို့ ရနေပါတယ်။ အုပ်ချုပ်ရေး ယန္တရား ကတော့ နဂိုထဲက သိပ်မရှိဘူး ။စလင်းက တိုက်ရိုက် ကိုင်တွယ်တာဆိုတော့လေ။ အခုနဲ့ သိပ်တော့လည်း မထူးခြားဘူး ။ " လို့ သူက မြေပြင် အခြေအနေကို ထပ်မံ ပြောပြပါတယ်။
လက်ရှိတော့ ဆင်ဖြူကျွန်းမြို့ကို ကုန်းကြောင်းကနေ အဝင်အထွက် သွားလာလို့ မရဘဲ ရေလမ်းခရီးကနေသာ ထွက်ခွာလို့ရတဲ့ အခြေအနေ ရှိနေတယ် လို့သိရပါတယ်။
မြို့ကို စွန့်ခွာပြီး စစ်ဘေးရှောင်တွေထဲကမှ အိမ်စောင့်မရှိတဲ့ နေအိမ်တွေ မှာတော့ ဖောက်ထွင်းခံနေ ရပြီး ပစ္စည်း ခိုးယူမှုတွေ ဖြစ်ပွား နေပေမယ့် နယ်မြေ မအေးချမ်းတဲ့ အခြေအနေတွေ ကြောင့် အိမ်ဖောက်ထွင်း သူတွေကို ဖမ်းဆီး အရေးယူ နိုင်မှု မရှိဘူးလို့ သိရပါတယ်။
ဆင်ဖြူကျွန်းမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညက စတင်ပြီး လေကြောင်း တိုက်ခိုက်မှု တွေဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ မြို့ပေါ် အထိတိုက်ပွဲ ပြင်းထန် ဖြစ်ပွားခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။

အီရန်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်ရင် ကယ်တင်မယ်လို့ ဒေါ်နယ်ထရန့်သတိပေး

အီရန်အာဏာပိုင်တွေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်ခတ်ပြီး အကြမ်းဖက်သတ်ဖြတ်ပါက အမေရိကန်က လာရောက်ကယ်တင်မယ်လို့ ဒေါ်နယ်ထရန့်က သတိပေးပြောကြားလိုက်ပါတယ်။
မိမိတို့အနေနဲ့ ပစ္စည်းတွေအပြည့်တင်ထားပြီး သွားဖို့ အသင့်ဖြစ်နပြီလို့ ထရန့်က သတိပေးပြောဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ အကြီးတန်းအကြံပေးတယောက်ကတော့ ထရန့် ဝင်ရောက်စွက်ဖက်ပါက သတိထားသင့်တယ်လို့ တုံ့ပြန်ခဲ့ပြီး အရှေ့အလယ်ပိုင်းတဝန်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။
အီရန်မှာ စီးပွားရေးအခြေအနေတွေ ဆိုးရွားလာတာကြောင့် ဖြစ်ပေါ်လာတဲ့ တပတ်နီးပါးကြာ ဆန္ဒပြပွဲတွေအပြီးမှာ အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဆန္ဒပြသူအချို့ကတော့ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
"အီရန် လုံခြုံရေးတပ်ဖွဲ့တွေက မစ္စတာထရန့် တခုခုပြောတဲ့ အခါ သို့မဟုတ် မစ္စတာဘင်ဂျမင်နေတန်ယာဟု တခုခုပြောတဲ့အခါ ကြောက်ရွံ့တုန်လှုပ်ကြတယ်" လို့ တီဟီရန်မှာ ဆန္ဒပြနေတဲ့ အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ဖမ်းဆီး ထိန်းသိမ်းထားစဉ် သေဆုံးခဲ့တဲ့ အမျိုးသမီးငယ် မာဆာ အမီနီ သေဆုံးမှုမှ ပေါ်ပေါက်လာတဲ့ အုံကြွမှုနောက်ပိုင်း လက်ရှိ ဆန္ဒပြပွဲတွေဟာ အီရန်မှာ အကျယ်ပြန့်ဆုံးဖြစ်ပါတယ်။
ဇွန်လမှာတော့ အမေရိကန်ပြည်ထောင်စုဟာ ဒေါ်နယ်ထရန့်ရဲ့ အမိန့်အရ အီရန် နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူကလီးယားစွမ်းရည် လျော့ကျသွားပြီလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုထားပေမယ့် အီရန်ကတော့ ငြင်းဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဟာ ကာတာရှိ အမေရိကန်စစ်စခန်းကြီးတခုကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဇန်နဝါရီ - ၃ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၃၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၁၄၀၀၀၀ ကျပ်
ဝယ်ဈေး ၉၁၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၇၄၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၀၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၀၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၆၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၈၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၆၅ ကျပ်
ဝယ်ဈေး - ၃၈၈၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၉၅ ကျပ်
ဝယ်ဈေး - ၃၀၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၇၀ ကျပ်
ဝယ်ဈေး - ၄၅၅၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၆.၅၈ ကျပ်
ဝယ်ဈေး - ၁၂၃.၄၆ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၂ ကျပ်
ဝယ်ဈေး - ၉၅၈ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၃၉ ကျပ်
ဝယ်ဈေး - ၂၄.၇၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၂၄ ကျပ်
ဝယ်ဈေး - ၄၃.၁၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၀ ကျပ်
ဝယ်ဈေး - ၅၂၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၆၅ ကျပ်
ဝယ်ဈေး - ၂၆၀၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၀ ကျပ်
ဝယ်ဈေး - ၂၈၃၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၁ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၄ ကျပ်
ဝယ်ဈေး - ၁၀၅၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

6 ပတ် - ဘာသာပြန်ပါ။

တရုတ် လျှပ်စစ်ကားကုမ္ပဏီ BYD ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဖြစ်လာ

တရုတ်အခြေစိုက် BYD လျှပ်စစ်ကားကုမ္ပဏီရဲ့ရောင်းအားဟာ အီလွန်မာ့ခ်ရဲ့ တက်စ်လာလျှပ်စစ်ကား ကုမ္ပဏီကိုကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံးလျှပ်စစ်ကား ရောင်းချသူဖြစ်လာခဲ့ပါတယ်။
ဒါဟာ နှစ်စဉ်ရောင်းအားမှာ အမေရိကန်ပြိုင်ဘက် တက်စ်လာထက် ပထမဆုံးအကြိမ် ကျော်လွန်သွားတာလည်းဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကထက် ၂၈ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ပြီး အစီးရေး ၂ ဒဿမ ၂၅ သန်းကျော် ရောင်းချခဲ့ရတယ်လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွက် စုစုပေါင်းရောင်းအားကို ဇန်နဝါရီ ၂ ရက်နေ့နှောင်းပိုင်းမှာ ထုတ်ပြန်ဖို့ စီစဉ်ထားတဲ့ တက်စ်လာကုမ္ပဏီကတော့ တနှစ်လုံးအတွက် ကားအစီးရေ ၁ ဒဿမ ၆၅ သန်းခန့် ရောင်းချခဲ့ရတယ်လို့ ဈေးကွက်လေ့လာသူတွေက ထုတ်ပြန်ထားပါတယ်။
တက်စ်လာကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ အီလွန်မာ့ခ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ် မကျေနပ်မှုတွေ၊ တရုတ်ပြိုင်ဘက် ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လာတာတွေကြောင့် တက်စ်လာကုမ္ပဏီဟာ ခက်ခဲတဲ့ နှစ်တနှစ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ အောက်တိုဘာလမှာတော့ တက်စ်လာဟာ ရောင်းအားမြှင့်တင်ဖို့အတွက် အမေရိကန်မှာ အရောင်းရဆုံး မော်ဒယ်နှစ်ခုရဲ့ ဈေးသက်သာတဲ့ ဗားရှင်းကို မိတ်ဆက်ခဲ့ပါတယ်။
ကုမ္ပဏီအနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိစေဖို့ အတွက် ရွေးချယ်စရာအသစ်တွေ၊ ဈေးချိုတဲ့ ထုတ်ကုန်အသစ်တွေကို ထုတ်လုပ်ဖို့ နှေးကွေးခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ BYD ကုမ္ပဏီကတော့ မကြာသေးမီနှစ်တွေအတွင်း ကမ္ဘာ့အဆင့် လျှပ်စစ်ကား ကုမ္ပဏီတခုဖြစ်လာခဲ့ပြီး ဈေးနှုန်းတွေကလည်း ပြိုင်ဘက်ကားကုမ္ပဏီတွေထက် နည်းပါးပါတယ်။
အခွန်ကောက်ခံမှုတွေ တိုးမြှင့်ထားပေမယ့်လည်း BYD ကုမ္ပဏီဟာ ဥရောပဈေးကွက်မှာ ဈေးကွက်ဝေစု အများအပြားရရှိထားပါတယ်။

6 ပတ် - ဘာသာပြန်ပါ။

မနက်ဖြန် လွတ်လပ်ရေးနေ့ လွတ်/ငြိမ်းမှာ လွတ်ရက်နီးသူအများစု လွတ်မယ်

မနက်ဖြန်ကျရောက်မယ့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်ရဲ့လွတ်/ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ရက်နီးသူအများစု လွတ်မြောက်ဖို့ရှိ‌နေတယ်လို့ အင်းစိန်ထောင် (အကျဉ်းဦးစီး)နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
"လွတ်ရက်နီးသူတွေအများစုပါမယ်ပြောတယ်။နိုင်/ကျဉ်း(နိုင်ငံရေးအကျဉ်းသား)တွေပါ၊မပါကတော့စောင့်ကြည့်ရဦးမယ်။အခြားလွတ်ရက်နီးသူတွေအများစုပါမယ်လို့တော့ သိရတယ်။အဲဒီလိုကြားရတယ်"လို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူတယောက်က VOM ကို ပြောပါတယ်။
လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံအကျဉ်း ထောင်အသီးသီးမှာ အကျဉ်းကျခံနေရသူအများစု ပြန်လည်လွတ်မြောက်လာဖို့ကို
သူတို့ရဲ့မိသားစုဝင်တွေက မျှော်လင့်နေကြတာပါ။
အထက်မြန်မာပြည်က အကျဥ်းဦးစီးဌာန တချို့ကို VOM က စုံစမ်းကြည့်​တော့
" ကြား​တော့ကြား​နေတာဘဲ ​သေချာတဲ့ညွန်ကြားချက်​တော့ မလာ​သေး​တော့ အတိကျမသိဘူး ဖြစ်ဖို့များပါတယ်" လို့ ဆိုပါတယ်။
Facebook လူမှုကွန်ရက်ပေါ်မှာလည်း နှစ်သစ်မှာဆုတောင်းအနေနဲ့ လွတ်/ငြိမ်းချမ်းသာခွင့်ပေးဖို့ကိုလည်းတောင်းဆိုမှုတွေ အများအပြားရှိနေတာကိုတွေ့ရပါတယ်။
အဲဒါအပြင် အကျဉ်းကျခံနေရတဲ့ နာမည်ကြီး အရေးကြီးပုဂ္ဂိုလ် နိုင်ငံရေးသမား(နိုင်/ကျဉ်း) သမားများကတော့ မနက်ဖြန်လွတ်လပ်ရေးနေ့ လွတ်/ငြိမ်းမှာ မပါဝင်နိုင်လောက်သေးဘူးလို့လည်း နိုင်/ကျဉ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်ဖို့ကတော့ ဘာမှမကြားရသေးဘူး။မကြားမိသေးဘူး။အခုကာလက ရွေးကောက်ပွဲလည်းရှိနေတော့ ဒီနှစ်လွတ်လပ်ရေးနေ့မှာတော့ မပါနိုင်လောက်သေးဘူးလို့ ခန့်မှန်းရပါတယ်။
မလွတ်ပေးလောက်သေးဘူးပေါ့။ကျန်တဲ့ နိုင်/ကျဉ်းအများစုကလည်း ထောင်ပြောင်းဘာ‌ပြောင်းတွေလည်းရှိတယ်လေ။အင်းစိန်မှာချည်းပဲမဟုတ်ပါဘူး။နိုင်/ကျဉ်းတွေအားလုံးကို လွတ်ပေးရင်တော့လည်းကောင်းတာပေါ့။ရွေးကောက်ပွဲအလွန်ကာလမှာတော့ နိုင်/ကျဉ်းတွေအားလုံး လွတ်မြောက်လာဖို့ မျှော်လင့်ရတာာပါပဲ"လို့ နိုင်/ကျဉ်းဟောင်း
တယောက်က VOM ကို ဆက်ပြီး ပြောပြပါတယ်။
ယခုကာလမှာ ပြည်ပရောက် မြန်မာအများစုကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်/ကျဉ်းအများစုကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့တောင်းဆိုမှုတွေလည်းရှိလာတာ ​တွေ့ရပါတယ်။
"မကြားရတာကြာပြီဖြစ်တဲ့ အ​မေစု(ဒေါ်အောင်ဆန်းစုကြည်)လွတ်​မြောက်​ရေးနဲ့ စစ်ပွဲ​တွေရပ်ပြီး ငြိမ်းချမ်း​ရေး​ဖော်​ဆောင်​ပေးပါဆိုတဲ့ ​တောင်းဆိုမှု ဂျပန်​ရောက် မြန်မာ​တွေဆီီကစကြားရပါပြီ။ နိုင်ငံ​ရေးပုံမှန်လမ်း​ကြောင်း​ရောက်ပါ​စေ"လို့လည်း ပြည်တွင်းက ဝါရင့်သတင်းစာဆရာတယောက်က သူရဲ့ အမြင်ကို ပြောပြပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံရဲ့(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့မှာတော့ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း(၆၀၀၀) ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း အကျဉ်းသား စုစုပေါင်း (၉၇၀၀) ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သတင်းမှတ်တမ်းများအရ သိရပါတယ်။
၂ဝ၂၄ ခုနှစ်၊ဇန်နဝါရီလက ထုတ်ပြန််ထားတဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)ရဲ့ထုတ်ပြန်မှုတွေအရ လွတ်ငြိမ်း (၁၄)ကြိမ်မှာ နိုင်ငံရေးအကျဥ်းသား ရှစ်ရာခိုင်နှုန်းကျော်သာပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

6 ပတ် - ဘာသာပြန်ပါ။

နာပိုလီသို့ အပြီးသတ်ပြောင်းရွှေ့လာမယ့် ဟွိုက်လန်း
====================

နာပိုလီအားကစားဒါရိုက်တာဂျီယိုဗန်နီမန်နာက တိုက်စစ်မှူးရာစမပ်စ်ဟွိုက်လန်းမှာ ယူနိုက်တက်မှ နာပိုလီသို့ အပြီးသတ်ပြောင်းရွှေ့လာမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားလာပါတယ်။
အသက် ၂၂ နှစ်ရှိ ဒိန်းမတ်တိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ်တွင် အတ္တလန္တာမှ ယူနိုက်တက်သို့ ပေါင် ၇၂ သန်းဖြင့် ပြောင်းလာခဲ့သူဖြစ်ပြီး နွေရာသီတွင် နာပိုလီသို့ အပြီးသတ်ပြောင်းနိုင်မယ့်အချက်ဖြင့် အငှားဖြင့် ပြောင်းလာသူ ဖြစ်ပါတယ်။
သူဟာ နာပိုလီသို့ ရောက်လာပြီးနောက် ပြိုင်ပွဲအရပ်ရပ်တွင် ၉ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ ယခုလအစောပိုင်းတုန်းက နာပိုလီနှင့်အတူ အီတလီစူပါဖလား ဆွတ်ခူးပြီးနောက်"What a great decision looks like." လို့ ရေးသားထားတဲ့ ပို့စ်အား ဆိုရှယ်မီဒီယာတွင် တင်ခဲ့ပါတယ်။
ဟွိုက်လန်းမှာ နာပိုလီသို့ အပြီးသတ်ပြောင်းလာမှာလားလို့ မေးမြန်းလာချိန်တွင် မန်နာက "ဒီကနေ့အချိန်မှာတော့ ဖြစ်မယ်လို့ ပြောနိုင်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ကျွန်တော်တို့ အားလုံး လုပ်ခဲ့တယ်။ စိတ်ဝင်စားတဲ့ ကလပ်တွေ အများကြီးပါ။ ဒါပေမယ့် သူက အရေးပါတဲ့သူပါ။ ဒီအတွက်လည်း ဂုဏ်ယူပါတယ်"လို့ ပြောကြားသွားပါတယ်။
နာပိုလီဟာ ဟွိုက်လန်းရဲ့ အငှားစာချုပ်အတွင်းတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရလျှင် နွေရာသီတွင် ပေါင် ၃၈ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကို ထည့်သွင်းထားပါတယ်။
အန်တိုနီယိုကွန်တီဦးဆောင်တဲ့ နာပိုလီဟာ စီးရီးအေအမှတ်ပေးဇယားအဆင့် ၃ နေရာတွင် ရပ်တည်နေပါတယ်။
ဟွိုက်လန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ဂိုး ၄ ဂိုးတည်းသာ သွင်းနိုင်ခဲ့ပြီး နွေရာသီတွင် ဆက်စ်ကို၊ ဘရိုင်ယန်အမ်ဘူမို၊ မားသီးယပ်စ်ကန်ညာတို့ ရောက်လာပြီးနောက် နာပိုလီသို့ ထွက်ခွာခဲ့ရတာပါ။
ဆက်လက်ပြီး မန်နာက "အပြီးသတ်ဝယ်ယူနိုင်မယ့်အချက်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ဝယ်ယူနိုင်ခွင့် ရှိပါတယ်။ ကစားသမားကလည်း သူ့ကိုယ်သူ နာပိုလီကစားသမားလို့ပဲ ခံယူပါတယ်။ ကျွန်တော်တို့ကလည်း ဒီအတိုင်းပါပဲ။ ဒါက တကယ့်ကို အရေးပါတဲ့အချက်ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

6 ပတ် - ဘာသာပြန်ပါ။

သတ်မှတ်မိုင်နှုန်းထက် ၆ မိုင်သာ ပိုမောင်းပေမယ့် ယာဉ်မောင်းခွင့် တစ်နှစ်ပိတ်ပင်ခြင်းခံလာရတဲ့ ပရီးမီးယားလိဂ်စတား
======================

ပရီးမီးယားလိဂ်စတားအီဘရာဟမ်ဆန်ဂါရီဟာ သတ်မှတ်မိုင်နှုန်းထက် ၆ မိုင်တည်းသာ ပိုမောင်းခဲ့ပေမယ့်လည်း ယာဉ်မောင်းခွင့် တစ်နှစ်ပိတ်ပင်ခြင်းခံလာရပါတယ်။
ပေါင်သန်း ၂၀ တန် နော်တင်ဟမ်ဖောရက်စ်အလယ်တန်းကစားသမားဟာ ဧပြီလ ၁၂ ရက်နေ့တုန်းက တစ်နာရီလျှင် မိုင် ၃၀ နှုန်းဖြင့်သာ မောင်းခွင့်ရှိတဲ့ ဇုန်တွင် ၃၆ မိုင်နှုန်းဖြင့် မောင်းနှင်ကြောင်း ရဲကားတွင် တပ်ဆင်ထားတဲ့ ကင်မရာက ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ ဆန်ဂါရီက ယာဉ်စည်းကမ်းချိုးဖောက်ချိန်တွင် ပေါင် ၂ သိန်းတန် Mercedes-Benz G63 ကို မောင်းနှင်နေကြောင်း ဝန်ခံထားပါတယ်။
သူဟာ နော်တင်ဟမ်ဖောရက်စ်အကယ်ဒမီနှင့် တစ်မိုင်ခန့်အကွာတွင် ဖမ်းမိခဲ့တာ ဖြစ်ပြီး လေ့ကျင့်ရေးကွင်းသို့ သွားစဉ် ယာဉ်စည်းကမ်းချိုးဖောက်တာလို့ ယူဆရပါတယ်။
သူဟာ Single Justice Procedure စနစ်အရ ဒီဇင်ဘာလ ၁၆ ရက်နေ့ ရုံးချိန်းသို့ ကိုယ်တိုင်တက်ရောက်စရာမလိုပါဘူး။
အိုင်ဗရီကို့စ်နှင့်အတူ အာဖရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ သူဟာ ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့် လိုင်စင်တွင် ၉ ပွိုင့်တည်းသာ ကျန်တော့သူလို့ ယူဆရပါတယ်။ ယင်းအချက်ကြောင့်လည်း သူဟာ သတ်မှတ်မိုင်နှုန်းထက် ၆ မိုင်သာ ပိုမောင်းပေမယ့်လည်း တစ်နှစ်ယာဉ်မောင်းခွင့်ပိတ်ပင်ခံလာရတာလို့ ယုံကြည်ရပါတယ်။
သူဟာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းမှုကြောင့် ၁၂ ပွိုင့်လျှော့ချခြင်းခံရမှုနှင့်အတူ ၁၂ လအထိ ယာဉ်မောင်းခွင့်ပိတ်ပင်ခံလာရတာပါ။
သူဟာ ယာဉ်မောင်းခွင့် တစ်နှစ်ပိတ်ပင်ခံရတဲ့အပြင် ဒဏ်ငွေ ပေါင် ၂၂၀၊ ရုံးစရိတ် ပေါင် ၁၂၀ အပြင် ထပ်ဆောင်းငွေ ၈၈ ပေါင်ကိုပါ ပေးရပါမယ်။
ဆန်ဂါရီဟာ ရှောင်ဒိုက်ချီလက်အောက်တွင် အရေးပါတဲ့ ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲကစားထားပါတယ်။