တူရကီမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်း တိုက်ခိုက်ဖို့ စီစဉ်သူ အိုင်အက်စ် ၁၀၀ ကျော်ကို ဖမ်းဆီး

တူရကီနိုင်ငံမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတွေအတွင်း တိုက်ခိုက်ဖို့စီစဉ်ထားတဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စတန်ဘူလ်တဝန်းရှိ ၁၂၄ ခုမှာ စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီး သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ အဖွဲ့အစည်းဆိုင်ရာ စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

အိုင်အက်စ် ထောက်ခံသူတွေဟာ ယခုအပတ်မှာ တူရကီတဝန်း အထူးသဖြင့် မွတ်စလင်မဟုတ်သူတွေကို တိုက်ခိုက်ဖို့ တက်ကြွစွာ စီစဉ်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ သံသယရှိသူ ၁၁၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ၂၂ ယောက်ကိုလည်း ခြေရာခံဖမ်း လုပ်ဆောင်နေပါတယ်။

သံသယရှိသူတွေဟာ တူရကီပြင်ပရှိ အိုင်အက်စ်လှုပ်ရှားသူတွေနဲ့ အဆက်အသွယ်ရှိကြောင်း ရှေ့နေရုံးက ထုတ်ပြန်ထားပါတယ်။ တူရကီထောက်လှမ်းရေးအေးဂျင့်တွေဟာ အာဖဂန်နစ္စတန်-ပါကစ္စတန်နယ်စပ်မှာ စီးနင်းမှုတခု ပြုလုပ်ပြီးနောက် နှစ်ရက်အကြာမှာ သံသယရှိသူတွေကို ဖမ်းဆီးခဲ့ကြောင်း ကြေညာချက် ထွက်ပေါ်လာတာပါ။

တူရကီဟာ အိုင်အက်စ်အဖွဲ့ လှုပ်ရှားနေတဲ့ ဆီးရီးယားနဲ့ မိုင် ၅၆၀ ရှည်လျားတဲ့ နယ်နိမိတ်ထိစပ်နေပါတယ်။ တူရကီအစိုးရနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရာကတော့ နိုင်ငံတွင်းမှာ အိုင်အက်စ်တို့ နောက်ဆုံးခြေကုပ်ယူရာ နေရာတွေကို အမြစ်ဖြတ်ဖို့ အမေရိကန်နဲ့ ဥရောပတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုထားပါတယ်။

ယခုလအစောပိုင်းက အိုင်အက်စ် သေနတ်သမားတွေရဲ့ ချုံခိုတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သားနှစ်ယောက်နဲ့ အရပ်သားစကားပြန်တယောက်တို့ သေဆုံးခဲ့ပြီးနောက် အမေရိကန်စစ်တပ်ဟာ ဆီးရီးယားရှိ အိုက်အက်စ်ပစ်မှတ်တွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။

image

ရွေး​ကောက်ပွဲနီးလို့ မူဆယ်မြို့ အဝင် စစ်ဆေးရေး တင်းကြပ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ အဝင်ဂိတ်မှာ အခု ဒီဇင်ဘာလ လကုန်ပိုင်းအတွင်း စစ်ဆေးရေး ပိုတင်းကြပ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"မြို့ အဝင်က အစိုးရ စစ်တပ်ဂိတ်မှာ စစ်ဆေးရေး တင်းကြပ်တယ်။ မှတ်ပုံတင် စစ်တယ်။ သံသယရှိတဲ့လူဆိုရင် ဖုန်းတွေ၊ အကောင့်တွေပါစစ်တယ်။" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

မှတ်ပုံတင် မပါဘူး လို့ ယူဆရတဲ့ သူတွေ ပြန်လှည့်သွားတာတွေ့ရသလို လူလတ်ပိုင်း အမျိုးသား တယောက်ကိုတော့ TikTok အကောင့်တွေပါ စစ်ဆေးနေတာကို တွေ့ခဲ့တယ်လို့ သူက ပြောပါတယ်။

"ဒီရက်ပိုင်း ရွေးကောက်ပွဲနဲ့ နီးလို့လား မသိဘူး မြို့ အဝင်တွေ စစ်ဆေးရေး အရမ်းတင်းကြပ်တယ်။ မှတ်ပုံတင် ပါမပါ အဓိက စစ်တယ်" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ခရီးသည် ယာဉ်တွေကိုလည်း စစ်တာ တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အရင်ပုံမှန်အားဖြင့် အဲဒီဂိတ်မှာ ဆိုင်ကယ် ဆင်းတွန်းရတာမျိုးပဲ ရှိတယ်လို့ ဆိုပါတယ်။

မူဆယ်မြို့ပေါ်မှာတော့ အစိုးရ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေပြီး အခုလ ဒီဇင်ဘာ ၂၈ ရက်နေ့မှာလည်း မြို့ပေါ် ရပ်ကွက် ၉ ခုမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပ သွားဖို့ ရှိပါတယ်။

image

မြစ်ကြီးနား လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် လိုင်ဇာကို အသေခံဒရုန်းနဲ့ ဗုံးကြဲ၊ ဗန်းမော်မှာ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနား ၊ နမ့်ပေါင် လေတပ်စခန်းကို ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက KIA က​နေ ပစ်ခတ်တိုက်ခိုက်ခဲ့သလို အစိုးရတပ်ကလည်း KIO ဌာနချုပ်ရှိရာ လိုင်ဇာကို အသေခံဒရုန်းသုံးစင်းနဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။

လေတပ် စခန်းတိုက်ခိုက်ခံရမှုမှာ ရဟတ်ယာဥ် တစီးနဲ့ တိုက်လေယာဥ် တစီး ထိခိုက်ပျက်စီး မှုရှိကြောင်း အတည်မပြုနိုင်တဲ့သတင်းထွက် ပေါ်နေပေမယ့် KIA ဘက်က သတင်း ထုတ်ပြန်ခြင်းမရှိသလို အစိုးရ ဘက်ကလည်း သတင်းထုတ်ပြန် ခြင်း မရှိသေးပါဘူး ။

လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူ စစ်ရေးသတင်းရင်းမြစ် တယောက်ကတော့ " လေတပ်စခန်း တိုက်ခံရတာ မှန်ပေမယ့် လေယာဥ် ထိခိုက်ပျက်စီး တာမရှိပါဘူး ။ တပ်မတော်က လိုင်ဇာကို အသေခံဒရုန်းနဲ့ ပြန်ပြီး တိုက်တာမှာတော့ KIA ဘက်က သေဆုံး ရှိတယ်လို့ သိရတယ် ။ " လို့ ပြောပါတယ် ။

KIA နဲ့ နီးစပ်သူတွေ ကတော့ လိုင်ဇာ တိုက်ခိုက်ခံရမှုမှာ နေအိမ်တလုံး ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ပြောဆိုနေတာ တွေ့ရပါတယ် ။

တချိန်တည်းမှာပဲ ဗန်းမော်မြို့နယ်မှာ အစိုးရတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေပြီး KIA ဘက်က တန်ပြန် ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။

" ခလရ ၄၇ ကို ဝင်တိုက်နေတယ် သိရတယ်။ တိုက်ပွဲတွေက ဒီနေ့မနက် ကစပြီး နေရာအစုံမှာ ဖြစ်နေတာ မျိုးလို့ သိရတယ်။ ကျန်တဲ့ အခြေအနေတော့ သေချာ မသိရသေးဘူး ။ " လို့ သူက ထပ်မံ ပြောပါတယ် ။

ဗန်းမော်မြို့ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို အလုံးစုံ သိမ်းပိုက်နိုင်ရေး အတွက် KIA ဘက်က ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပြီး အစိုးရတပ် ကလည်း မြို့ကိုပြန်လည် သိမ်းပိုက်ဖို့ လုပ်နေတာကြောင့် တိုက်ပွဲကပြင်းထန် မယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဗန်းမော်မြို့ကို စွန့်ခွာသွားသူ အများအပြားရှိထားပြီး. မြို့ထဲမှာပဲ အဆင်ပြေသလို နေထိုင်နေကြတဲ့ ဒေသခံ အနည်းငယ်လည်း ကျန်ရှိနေကြောင်း သိရပါတယ်။

ဗန်းမော်မြို့ကတော့ တိုက်ပွဲတွေကြောင့် တမြို့လုံးနီးပါး ပျက်စီးသွားပြီး မြို့ပျက်ကြီး သဖွယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါအပြင် တိုက်ပွဲအကြားမှာ စစ်ဘေးရှောင် ပြည်သူတွေရဲ့ နေအိမ်တွေလည်း ဖောက်ထွင်းခံရပြီး အိမ်ရှိ ပစ္စည်းတွေ ခိုးယူခံနေရသလို အိမ်မှာတပ်ဆင်ထားတဲ့ တံခါး​တွေကို​တောင် ဖြုတ်ယူ ခိုးတဲ့အထိ ရှိနေတယ်လို့ သိရပါတယ်။

" သူခိုးတွေကတော့ ခိုးတာမြင်ရင်တောင် မပြောရဲကြဘူး ။ အုပ်စုလိုက် ကားတွေနဲ့ကို ခိုးကြတာ။ မြို့ထဲလည်းကျန်သူတွေရှိတယ်။ အဲဒီလူတွေက စစ်မရှောင် ကြတော့ဘူး ။ အများစုကတော့ ရှောင်ပါတယ်။တိုက်ပွဲက ဖြစ်နေတုန်း ဆိုတော့ ပြန်လို့လည်း မရဘူး ။ " လို့ မန္တလေးမှာ စစ်ရှောင်နေတဲ့ ဗန်းမော် ဒေသခံက ပြောပါတယ်။

လက်ရှိမှာ ဗန်းမော်မြို့ကနေ စစ်ဘေးရှောင်သွား သူ အများစုဟာ မန္တလေး နဲ့ ပြင်ဦးလွင်မှာ ရောက်ရှိနေကြပြီး အကူအညီ အထောက်အပံ့တွေ လိုအပ်နေ တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှစပြီး အစိုးရတပ်နဲ့ KIA အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ တာဖြစ်ကြောင်း ၊ အခုဆိုရင် တနှစ်ကျော်အထိ ကြာမြင့်မှု ရှိလာနေပြီ ဖြစ်ပါတယ် ။

အဆိုပါ တိုက်ပွဲကာလအတွင်းမှာ အစိုးရတပ်က ဗန်းမော်မြို့ရှိ နယ်မြေခံတပ် ဌာနချုပ်လေးခု၊ တပ်စခန်းတခုနဲ့ လေဆိပ် ၊နောင်ခိုရပ်ကွက် ၊မင်းလှရပ်ကွက်၊ ပင်စင်ကုန်းရပ်ကွက် ၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက်၊ ပင်စည်ရပ်ကွက် ၊နမ့်ဖားကျေးရွာစခန်း တွေကို စက်တင်ဘာလမှာ ပြန်လည်ထိန်းချုပ် နိုင်ခဲ့တယ်လို့ သတင်းထုတ် ပြန်မှုအရ သိရ ပါတယ်။

image
7 ပတ် - ဘာသာပြန်ပါ။

ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် သောမတ်စ်ဖရန့်အား ပေါင်သန်း ၁၅၀ အသုံးပြုခွင့်ပေးကာ ထောက်ပံ့လာမယ့် စပါးစ်
====================

စပါးစ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ပေါင်သန်း ၁၅၀ အထိ အသုံးပြုကာ သောမတ်စ်ဖရန့်အား ထောက်ပံ့ပေးမှု ပြုလုပ်လာပါမယ်။

ဒါပေမယ့် သောမတ်စ်ဖရန့်နှင့် စပါးစ်အနေနှင့် လာမယ့်‌ ဆောင်းရာသီဈေးကွက်မှာ ၎င်းတို့ရဲ့ အဓိကပစ်မှတ်များကို ခေါ်ယူနိုင်ရေး ရုန်းကန်လာရဖို့တော့ ရှိနေပါတယ်။

တဖက်တွင် စပါးစ်ဟာ အားကစားဒါရိုက်တာဖေဘီယိုပါရာတီကာအား ဖီအိုရင်တီးနားသို့ လက်လွှတ်ရနိုင်ခြေရှိနေမှုကလည်း နည်းပြအတွက် ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်နေစေပါတယ်။

စပါးစ်ဟာ လာမယ့် ဆောင်းရာသီဈေးကွက်မှာ ဘယ်တောင်ပံကို အဓိက အားဖြည့်ရန် ရည်ရွယ်ထားပါတယ်။

၎င်းတို့ဟာ နွေရာသီတုန်းက ဆာဗင်ဟိုကို ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သလို ဘုန်းမောက်ရဲ့ အန်တိုနီဆီမန်ယိုမှာလည်း မန်စီးတီးသို့ လက်လွှတ်လာဖို့ ရှိနေပါတယ်။

တဖက်တွင် စပါးစ်အနေဖြင့် ဆီမန်ယိုသာ မန်စီးတီးသို့ ရောက်သွားလျှင် ဆာဗင်ဟိုကို ခေါ်ယူရေး မျှော်လင့်ချက် ရှိလာနိုင်ပါတယ်။

စပါးစ်ပရိသတ်များကမူ ဂိုးသွင်းခြေစွမ်းမရှိတဲ့ ဆာဗင်ဟိုမှာ အသင်းအတွက် အလုပ်ဖြစ်ပါ့မလား မေးခွန်းထုတ်နေပါတယ်။

ဆာဗင်ဟိုဟာ မန်စီးတီးအတွက် ပြိုင်ပွဲအရပ်ရပ် ၆၉ ပွဲကစားထားရာမှာ ၅ ဂိုးတည်းသာ သွင်းထားနိုင်သလို ပရီးမီးယားလိဂ် ၄၂ ပွဲ(၂၅ ပွဲ ပွဲထွက်)ကစားထားရာမှာ ၁ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။

ဒါ့အပြင် စပါးစ်ဟာ အဓိကတိုက်စစ်မှူးဒိုမီနစ်ဆိုလန်ကီရဲ့ ခြေကျင်းဝတ်ဒဏ်ရာမှာ ထင်မှတ်ထားတာထက် ဆိုးရွားနေမှုနှင့်အတူ တစ်ရာသီလုံး တိုက်စစ်မှူးမပါဘဲ ကစားရနိုင်ခြေရှိနေမှုကြောင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူလိုနေပါတယ်။

စပါးစ်ဟာ ပေါ်တိုတိုက်စစ်မှူးဆာမူးအက်ဟီဟိုဝါကို ပစ်မှတ်ထားနေပေမယ့်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ အထိ တောင်းဆိုလာနိုင်မှုကြောင့် အခက်တွေ့နေပါတယ်။

ဒါ့အပြင် ဒီစတီနီအူဒိုဂီရဲ့ ဒဏ်ရာပြဿနာ ဆက်ရှိနေမှုကြောင့် ဘယ်နောက်ခံလူ ခေါ်ယူရန်လည်း လိုအပ်နေပါတယ်။

အူဒိုဂီဟာ ယခုရာသီတွင် စပါးစ်ရဲ့ ပွဲ ၁၁ ပွဲအထိ လွဲထားပြီး ဖြစ်သလို တံကောက်ကြောဒဏ်ရာကြောင့် လာမယ့် ဇန်နဝါရီလတွင်မှ ပြန်လည်ကစားနိုင်ပါမယ်။

ယင်းသို့ အခြေအနေကြောင့် သောမတ်စ်ဖရန့်ဟာ ညာသန်ဒီဂျက်စပင့်ကို ဘယ်နောက်ခံလူအဖြစ် သုံးနေရပါတယ်။

image
7 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**********************************

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image
7 ပတ် - ဘာသာပြန်ပါ။

Snoop Dogg ၊ လူကာမိုဒရစ်တို့နှင့်အတူ ဆွမ်စီးရဲ့ ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ အမေရိကန်ဘီလျှံနာမာသာစတီးဝပ်
===================

အမေရိကန်ဘီလျှံနာမာသာစတီးဝပ်ဟာ ဆွမ်စီးစီးတီးရဲ ပူးတွဲပိုင်ရှင်သစ် ဖြစ်လာပါတယ်။ စတီးဝပ်ဟာ ဝေးလ်တောင်ပိုင်အခြေစိုက်ကလပ်ရဲ့ ပူးတွဲပိုင်ရှင်စာရင်းတွင် Snoop Dogg ၊ အေစီမီလန်ကွင်းလယ်ကစားသမားလူကာမိုဒရစ်တို့နှင့်အတူ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

အသက် ၈၄ နှစ်ရှိ မာသာဟာ သောကြာနေ့တုန်းက ဝရက်စ်ဟမ်းကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခြင်းခံရပြီးနောက် တက်ရောက်ကြည်ရှုခဲ့သူလည်း ဖြစ်ပါတယ်။

သူမဟာ အိမ်မှုကိစ္စနှင့် လူနေမှုဘဝလုပ်ငန်းများဖြင့် ကြွယ်ဝချမ်းသာလာတဲ့ ကိုယ်ခြေထောက်ပေါ် ရပ်တည်ပြီး ဘီလျှံနာဖြစ်လာတဲ့ ပထမဆုံးအမေရိကန်အမျိုးသမီးလည်း ဖြစ်ပါတယ်။

ဆွမ်စီးဟာ အသင်းတွင် ရင်းနှီးမြှပ်နှံသူအသစ်များ ဖိတ်ခေါ်ကာ အသင်းရဲ့ ပရိုဖိုင်းကို ကြီးထွားအောင် လုပ်ဆောင်လိုနေတာ ဖြစ်ပါတယ်။

ဆွမ်စီးဟာ ကလပ်ဘုတ်အဖွဲ့ဝင်သစ်အဖြစ် မာသာစတီးဝပ်က ရင်းနှီးမြှပ်နှံမှုအသစ် ပြုလုပ်လာပေမယ့်လည်း လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားဝယ်ယူအားဖြည့်မှု ပြုလုပ်လာဖို့ မရှိပါဘူး။

လက်ရှိ အေစီမီလန်ကွင်းလယ်ကစားသမားလူကာမိုဒရစ်ဟာ ဧပြီလတုန်းက ဝေးလ်အခြေစိုက်ကလပ်တွင် ရင်းနှီးမြှပ်နှံခဲ့တာ ဖြစ်ပြီး ယင်းနောက် လအတန်ကြာတွင် အမေရိကန်ရက်ပါ Snoop Dogg ကလည်း ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါတယ်။

image
7 ပတ် - ဘာသာပြန်ပါ။

လီဗာပူးရှုံးပွဲတွင် ဒိုင်လူကြီးအား ဒေါသတကြီးတုံ့ပြန်ခဲ့မှုအတွက် စပါးစ်အသင်းခေါင်းဆောင်ရိုမီယိုကို အက်ဖ်အေ စွဲချက်တင်လာ
======================

စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီယိုဟာ စနေနေ့တုန်းက လီဗာပူးအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှ အနီကတ်ပြသခြင်းခံရပြီး လုပ်ရပ်များအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ ယင်းပွဲစဉ်နှောင်းပိုင်းတွင် လီဗာပူးနောက်ခံလူအီဘရာဟမ်ကိုနာတေးအား ကြမ်းတမ်းစွာဖျက်ထုတ်မှုအတွက် ဒုတိယအဝါကတ်ပြသခြင်းခံရပြီး အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ယင်းပွဲတွင် စပါးစ်ဟာ ပထမပိုင်းတွင် ဇာဗီးဆိုင်မွန်မှာ ဗာဂယ်ဗန်ဒိက်ရဲ့ခြေသလုံးအား တက်နင်းမှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံထားရကာ ဆယ်ယောက်တည်းဖြင့် ကစားခဲ့ရပြီး ရိုမီယိုပါ အထုတ်ခံရကြောင့် ၉ ယောက်တည်းဖြင့် ကစားခဲ့ရပါတယ်။

အသက် ၂၇ နှစ်ရှိ ရိုမီယိုဟာ ဟူဂိုအီကီတီကီက လီဗာပူးအတွက် ဒုတိယအား ခေါင်းတိုက်ဂိုးသွင်းချိန်တွင် သူ့ကို တွန်းခဲ့တယ်ပြီး ဒိုင်လူကြီးဂျွန်ဘရော့ခ်အား စောဒကတက်မှုကြောင့် ပထမအဝါကတ်ပြသခြင်းခံခဲ့ရတာပါ။

အတ္တလန္တာနှင့် ဂျူဗင်တပ်နောက်ခံလူဟောင်းဟာ ဒုတိယအဝါကတ်ပြသခံပြီး အနီကတ်ပြခံရပြီးနောက် ကွင်းအတွင်းမှ ချက်ချင်း ထွက်ခွာမသွားဘဲ ဒိုင်လူကြီးအား ဒေါသတကြီး စောဒကတက်ပြောဆိုပြုမှုကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပြီ ဖြစ်ပါတယ်။

အာဂျင်တီးနားနောက်ခံလူအနေဖြင့် အက်ဖ်အေရဲ့စွဲချက်တင်မှုအား ဇန်နဝါရီလ ၂ ရက်နေ့ သောကြာနေ့ နောက်ဆုံးထားကာ အကြောင်းပြန်ရပါမယ်။

လီဗာပူးနှင့်ပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရတဲ့ ဇာဗီဆိုင်မွန်နှင့် ရိုမီယိုတို့ဟာ တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ကစားရမယ့် အဝေးကွင်းပွဲစဉ်အား လွဲချော်လာကြပါမယ်။

image
7 ပတ် - ဘာသာပြန်ပါ။

ရီးရဲလ်မက်ဒရစ်တွင် စပိန်ကစားဖော်ဟောင်းအလွန်ဆို ကြုံနေရတဲ့ အဓိကပြဿနာအား ဖာဘရီဂက်စ် ဖွင့်ဟလာ
==================

ဆက်ပ်ဖာဘရီဂက်စ်က စပိန်ကစားဖော်ဟောင်းဇာဗီးအလွန်ဆိုမှာ ရီးရဲလ်မက်ဒရစ်အသင်းတွင် ပွဲထွက်ကစားရန် ထိုက်တန်တယ်လို့ ယူဆတဲ့ နာမည်ကြီးကစားသမားများစွာ ရှိနေမှုနှင့်အတူ အဝတ်အစားလဲခန်းအား ထိန်းသိမ်းရန် ရုန်းကန်နေရကြောင်း ဖွင့်ဟလာပါတယ်။

ဖာဘရီဂက်စ်က ယင်းအချက်ကြောင့်ပင် အလွန်ဆိုမှာ ရီးရဲလ်မက်ဒရစ်တွင် ဖိအားများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။

အလွန်ဆိုဟာ မေလတုန်းက ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ရာသီအစ ပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲတွင် ၁၃ ပွဲ အနိုင်ရခဲ့ပေမယ့်လည်း နောက်ဆုံးကစားတဲ့ ၁၁ ပွဲတွင် ၅ ပွဲတည်းသာ အနိုင်ရကာ ရုန်းကန်လာခဲ့ရပါတယ်။

အလွန်ဆိုဟာ လာလီဂါ ၃ ပွဲဆက် သရေကျပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြအနာဂတ်မရေမရာမှုနှင့်ပင် ရင်ဆိုင်လာခဲ့ရပါတယ်။

အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်စူပါစတားဗီနီရှပ်စ်ဂျူနီယာအား ပွဲထွက်လူစာရင်းတွင် ချန်လှပ်ခြင်း၊ ပွဲတိုင်းနီးပါး လူစားလဲလှယ်ခြင်းတို့ ပြုလုပ်မှုနှင့်အတူ ဆက်ဆံရေး အဆင်မပြေဖြစ်နေကြောင်း သတင်းထွက်နေပါတယ်။

အောက်တိုဘာလတုန်းက ဘာစီလိုနာအား အနိုင်ရတဲ့ El Clasico ပွဲစဉ်တွင် လူစားလဲလှယ်ခြင်းခံရပြီးနောက် ဗီနီရှပ်စ်က "ငါ့ကိုပဲ လူစားလဲနေတယ်။ ဒီအသင်းက ထွက်တော့မယ်။ ငါက ထွက်သွားတာပဲ ပိုကောင်းလိမ့်မယ်။ ထွက်မယ်"လို့ ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်းတွင် ဗီနီရှပ်စ်ဟာ သူ့အပြုအမူများအတွက် လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။

ယခုအခါ ကိုမိုအသင်းနည်းပြဖာဘရီဂက်စ်က"သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိတယ်။ အားလုံးကလည်း ကစားဖို့ ထိုက်တန်တယ်။ သူတို့ကလည်း ကစားခွင့်ရမယ်လို့ ထင်ကြတယ်။ သူတို့ကလည်း ကွဲပြားအောင် လုပ်နိုင်စွမ်း ရှိကြတယ်။ သူတို့အားလုံးက ယူရိုသန်း ၅၀ တန်ကြေးရှိကြတယ်။ အားလုံးလည်း လက်ရွေးစင်အသင်းမှာ ကစားနေကြတယ်။ ဒီလိုအခြေအနေမှာ ကိုင်တွယ်ရတာ အရမ်းခက်တယ်"လို့ ပြောကြားသွားပါတယ်။

အလွန်ဆိုနှင့် ဖာဘရီဂက်စ်တို့ဟာ စပိန်အသင်းတွင် တွဲကစားစဉ်အတွင်း ယူရို ၂၀၀၈ နှင့် ယူရို ၂၀၁၂ ဖလားတို့အပြင် ၂၀၁၀ ကမ္ဘာ့ဖလားလည်း ဆွတ်ခူးခဲ့ကြပါတယ်။

image
7 ပတ် - ဘာသာပြန်ပါ။

၁၀ ပွဲဆက် နိုင်ပွဲရာထားတဲ့ ဗီလာနှင့်ပွဲစဉ်တွင် ချဲလ်ဆီးရဲ့ အက်စ်တီဗာအိုနှင့် ဒီလက်ပ်တို့ ပါဝင်လာမည်
======================

ချဲလ်ဆီးစတားများဖြစ်ကြတဲ့ အက်စ်တီဗာအိုနှင့် လီယမ်ဒီလက်ပ်တို့မှာ စနေနေ့ညတွင် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် အက်စတွန်ဗီလာအား ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်လာကြမည်ဖြစ်ကြောင်း နည်းပြအန်ဇိုမာရက်စ်ကာက အတည်ပြုလာပါတယ်။

နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၀ ပွဲဆက် အနိုင်ရထားတဲ့ အက်စတွန်ဗီလာနှင့် ပွဲကြပ်ကစားလာရမှာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ၄ ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် နောက်ပိုင်း ရက်သတ္တပတ်များတွင် အကောင်းဆုံးပုံစံ ပြန်လည် ရရှိလာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းတို့ ရင်ဆိုင်ရမယ့် ဗီလာက ၁၉၁၄ ခုနှစ်နောက်ပိုင်း အကောင်းဆုံးနိုင်ပွဲဆက်မှုမှတ်တမ်းပိုင်ဆိုင်ထားတဲ့ ဗီလာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အူနိုင်းအမ်မရီကိုင်တွယ်နေတဲ့ ဗီလာဟာ နိုဝင်ဘာလ ၁ ရက်နေ့တုန်းက လီဗာပူးကို ရှုံးနိမ့်ပြီးနောက် အာဆင်နယ်၊ ယူနိုက်တက်အပါအဝင် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲဆက် အနိုင်ရထားပါတယ်။

ဗီလာဟာ ဆက်တိုက် ရလဒ်ကောင်းများ ရယူနိုင်မှုနှင့်အတူ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၃ မှတ်အကွာ အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး အဆင့် ၄ နေရာမှ ချဲလ်ဆီးကို ၇ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။

မာရက်စ်ကာက "အက်စ်တီဗာအို ပြန်လာပါပြီ။ စနေနေ့မှာ ပါဝင်လာပါမယ်။ အက်စ်တာဗီအိုအပြင် လီယမ်ဒီလက်ပ်လည်း ပါလာမယ်။ နှစ်ဦးလုံး ပြန်လာကြပြီ။ နှစ်ဦးလုံး ပြန်ကစားနိုင်လို့ ပျော်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ဒီလက်ပ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဘုန်းမောက်နှင့် ဂိုးမရှိသရေကျတဲ့ပွဲတွင် ပုခုံးဒဏ်ရာရရှိကာ အနားယူလာခဲ့ရတာ ဖြစ်ပြီး အက်စ်တီဗာအိုမှာ ချဲလ်ဆီးနှင့် နောက်ဆုံး ၂ ပွဲအား လွဲချော်လာခဲ့ပါတယ်။

image