ရီးယဲလ်အသင်းကို ပြန်လည်ကိုင်တွယ်ရတာက ပထမအကြိမ် ကိုင်တွယ်ရတာထက် ပိုထူးခြားကြောင်း မော်ရင်ဟို ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်းရဲ့နည်းပြသစ် မော်ရင်ဟိုက ရီးယဲလ်အသင်းကို ပြန်လည်ကိုင်တွယ်ရတာက ပထမအကြိမ် ကိုင်တွယ်ရတာထက် ပိုထူးခြားကြောင်း ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းက မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ဇွန်(၁၁)ရက်ကတည်းက ကြေညာခဲ့ပေမဲ့ တရားဝင်မိတ်ဆက်ပွဲကိုတော့ အင်္ဂါနေ့(မနေ့)ကမှ ပြုလုပ်ခဲ့တာပါ။
အဲဒီမိတ်ဆက်ပွဲကို အကျဉ်းချုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်တွေနဲ့ မီဒီယာတွေကို ဖိတ်ကြားခြင်းမပြုဘဲ ရီးယဲလ်အသင်းရဲ့ မီဒီယာအဖွဲ့ကသာ မှတ်တမ်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မိတ်ဆက်ပွဲမှာ မော်ရင်ဟိုက အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်နဲ့အတူ (၃)နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။
''ဒါက အိမ်ပြန်လာရသလိုပါပဲ။ စိတ်ခံစားမှုအရဆိုရင် ပထမအကြိမ်ထက် ပိုထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမအကြိမ်တုန်းက ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်ဆုံးကို ရောက်ရှိသလိုမျိုး ခံစားခဲ့ရပြီး အခုက ပိုပြီးစိတ်လှုပ်ရှားရတဲ့ခံစားမှု၊ ချစ်မြတ်နိုးမှုပါတဲ့ ခံစားမှု ရှိနေတာကြောင့်ပါ။ ကျွန်တော်က ခင်ဗျားတို့ထဲက တစ်ယောက်ပါ။ ကျွန်တော် အမြဲ အဲဒီလိုရှိနေခဲ့တာပါ။ စကားလုံးတွေက မလုံလောက်ပါဘူး။ ကျွန်တော် အားလုံးကို ပိုကောင်းအောင် ကူညီပေးဖို့ ဒီနေရာကို ပြန်ရောက်လာတာပါ'' လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုက ရီးယဲလ်အသင်းကို ပထမအကြိမ်အဖြစ် ၂၀၁၀ မေလကနေ ၂၀၁၃ ဇွန်လအထိ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး လာလီဂါချန်ပီယံဆုတစ်ကြိမ်၊ စပိန်ဘုရင့်ဖလား တစ်ကြိမ်၊ စပိန်စူပါဖလားတစ်ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။

image

မြန်မာ ယူ- ၁၂ လူငယ်အသင်း ဂျပန်ဘောလုံးပွဲတော် သွားရောက်ယှဥ်ပြိုင်မယ်

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မယ့် U-12 Junior Soccer World Challenge ပြိုင်ပွဲကို မြန်မာ ယူ- ၁၂ လူငယ်အသင်း ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ ဂျပန် U-12 Junior Soccer World Challenge ပြိုင်ပွဲဝင်ရန် ပြီးခဲ့တဲ့ဇူလိုင် (၂၅) ရက်ကစပြီး ကစားသမား (၂၃) ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဖွဲ့စည်းရန် လူရွေးချယ်ပွဲများကို ဆင့်ကဲဆင့်ကဲပြုလုပ်ခဲ့ပြီး ယခုအခါ အပြီးသတ် (၂၃) ဦး ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာ ယူ-၁၂ လူငယ်အသင်းဟာ U-12 Junior Soccer World Challenge ပြိုင်ပွဲ အုပ်စု (I) မှာ ဂျပန်လူငယ်အကယ်ဒမီအသင်းများနဲ့အတူ ကျရောက်နေပါတယ်။
ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ဖူကူဒါမြို့မှာ လာမယ့်သြဂုတ် (၂၁) ရက်ကနေ (၂၄) ရက်အထိ ကျင်းပမှာဖြစ်ပြီး U-12 လူငယ်အသင်းပေါင်း (၄၀) သင်း ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်အသင်း (၄၀) ကို ပထမအဆင့်အနေနဲ့ (၄) သင်း (၁၀)အုပ်စုခွဲ ကျင်းပမှာဖြစ်ပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ အုပ်စု (I) မှာ ဂျပန်လူငယ်အကယ်ဒမီအသင်းများဖြစ်တဲ့ အူရာဝါရက်ဒိုင်းမွန်း၊ လီဘာတာဖူကူအိုကာ၊ ရှိုနန်ဘယ်မားရီအကယ်ဒမီအသင်းတွေနဲ့အတူ ကျရောက်နေတာဖြစ်ပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ သြဂုတ် (၂၁) ရက်မှာ လီဘာတာဖူကူအိုကာအသင်း၊ သြဂုတ် (၂၂) ရက်မှာ အူရာဝါရက်ဒိုင်းမွန်း၊ ရှိုနန်ဘယ်မားရီအကယ်ဒမီအသင်းတွေနဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ဟာ ဒီပြိုင်ပွဲကို နှစ်စဥ်ကျင်းပလေ့ရှိပြီး မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ ၂၀၂၃ ခုနှစ်ကတည်းက နှစ်စဥ်ဝင်ရောက်ယှဥ်ပြိုင်နေလျက်ရှိပါတယ်။
ပြိုင်ပွဲကို ဂျပန်နိုင်ငံတစ်ဝှမ်း ဘောလုံးအကယ်ဒမီများမှ ယူ- ၁၂ လူငယ်အသင်းအများစု ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်သလို စပိန်နိုင်ငံရဲ့ နာမည်ကြီးကလပ် ဘာစီလိုနာ ယူ- ၁၂ အသင်း၊ ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ စပိန်ဘာစီလိုနာအကယ်ဒမီ ယူ- ၁၂ အသင်း၊ ထိုင်ဝမ် ယူ- ၁၂ အသင်းတို့လည်း ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။

image

အာဆင်နယ်အသင်း အားဖြည့်ဖို့ လိုအပ်နေသေးကြောင်းနဲ့ ချယ်လ်ဆီးအသင်းက ခြိမ်းခြောက်လာနိုင်ကြောင်း အီယန်ရိုက် ပြောကြား

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အီယန်ရိုက်က အာဆင်နယ်အသင်းအနေနဲ့ ထိပ်တန်းကစားသမားတွေ ထပ်မံအားဖြည့်ဖို့ လိုအပ်နေသေးကြောင်း ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပြီး လာမယ့်ရာသီမှာ ချန်ပီယံဆု ထပ်မံရရှိဖို့လည်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။
ဒါပေမဲ့ နွေရာသီမှာ ဂီမာရေ့စ်နဲ့ ဇောလစ်တို့ကိုသာ ခေါ်ယူနိုင်ခဲ့ပြီး အဓိကပစ်မှတ်ကစားသမားတွေကို မခေါ်ယူနိုင်သေးတာကြောင့် အီယန်ရိုက်က သတိပေးခဲ့တာပါ။
''အာဆင်နယ်အသင်း အပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်အများကြီးလုပ်ဖို့ လိုနေပါသေးတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရိုက်ခတ်မှုရှိတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီလိဂ်မှာ တောင့်တင်းသန်မာစွာ စတင်နိုင်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ ကစားသမားသစ်တွေ ရောက်လာနိုင်ရင် ပိုကောင်းမှာပါ'' လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။
အီယန်ရိုက်က ဂွါဒီယိုလာ၊ ရိုဒရီနဲ့ ဘာနာဒိုဆေးလ်ဗားတို့ မရှိတော့တဲ့ မန်စီးတီးအသင်းထက် အလွန်ဆိုရဲ့ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုမိုခြိမ်းခြောက်လာနိုင်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
''အလွန်ဆိုအနေနဲ့ တာထွက်ကောင်းပြီး ခံစစ်ကို ပိုကျစ်လျစ်အောင် လုပ်နိုင်ခဲ့ရင် ချယ်လ်ဆီးက စိန်ခေါ်လာနိုင်ပါတယ်။ ဥရောပပွဲ မရှိတာကလည်း သူတို့အတွက် အားသာချက်ဖြစ်လာနိုင်ပါတယ်'' လို့ အီယန်ရိုက်က သုံးသပ်ခဲ့တာပါ။

image

ဂိုးသမား ဆူဇူကီးကို အက်စတွန်ဗီလာအသင်း ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ်ရောက် ပထမဆုံးဂျပန်ဂိုးသမားအဖြစ် မှတ်တမ်းဝင်

အက်စတွန်ဗီလာအသင်းက ပါးမားအသင်းရဲ့ ဂျပန်ဂိုးသမား ဆူဇူကီးကို ယူရို(၃၅)သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး အတည်ပြုကြေညာခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းက ဆူဇူကီးအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ Add-ons ကြေး ယူရို(၅)သန်း ပေးချေရမှာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ (၅)နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်မှာ ဂျပန်ကစားသမားတွေ လာရောက်ကစားဖူးပေမဲ့ ဂိုးသမားအနေနဲ့ ကစားဖူးခြင်းမရှိသေးတာကြောင့် ဆူဇူကီးက ပရီးမီးယားလိဂ်ရောက် ပထမဆုံးဂျပန်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို အက်စတွန်ဗီလာအသင်းရဲ့ ပထမဆုံးဂျပန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် အသင်းက ထွက်ခွာဖွယ်ရှိနေတာကြောင့် ဆူဇူကီးကို ခေါ်ယူခဲ့ခြင်းဖြစ်ပေမဲ့ လက်ရှိအချိန်မှာ မာတီနက်ဇ်ကို ဂျူဗင်တပ်စ်အသင်းက မခေါ်ယူတော့တာကြောင့် မာတီနက်ဇ်ကို ခေါ်ယူမယ့်အသင်း ထပ်ပြီးရှာဖွေရဖွယ်ရှိနေကြောင်း သိရပါတယ်။
နည်းပြ အူနိုင်းအမ်မရီကတော့ ဆူဇူကီး(၂၃ နှစ်)ကို ပထမဦးစားပေးဂိုးသမားအဖြစ် ရေရှည်နေရာပေးသွားဖို့ ရည်ရွယ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဆူဇူကီးကို ခေါ်ယူတဲ့နေ့မှာပဲ အက်သလက်တီကိုအသင်းက အီတလီနောက်ခံလူ ရူဂါရီ(၂၄ နှစ်)ကိုလည်း ယူရိုသန်း(၂၀)နဲ့ ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

image

ဘရိုက်တန်ကွင်းလယ်ကစားသမား ဘာလေဘာကို မန်ယူအသင်း ခေါ်ယူနိုင်ရန် နီးစပ်နေ

မန်ယူအသင်းဟာ ဘရိုက်တန်အသင်းက ကင်မရွန်းကွင်းလယ်ခံစစ်ကစားသမား ဘာလေဘာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
မန်ယူနိုက်တက်အသင်းက ဘာလေဘာအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)၊ Add-ons ကြေး ပေါင်(၅)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ထားပြီး ဘရိုက်တန်အသင်း လိုချင်နေတဲ့ တန်ဖိုးပမာဏထက် လျော့နည်းနေပေမဲ့ သဘောတူညီမှုရဖွယ်ရှိကြောင်း သိရပါတယ်။
ဘရိုက်တန်အသင်းက ဘာလေဘာ(၂၂ နှစ်)အတွက် ပြောင်းရွှေ့ကြေးပေါင်(၇၅)သန်းဝန်းကျင် အလိုရှိနေပေမဲ့ မန်ယူအသင်းနဲ့ ညှိနှိုင်းမှုအဆင်ပြေနိုင်တဲ့ ကွာဟမှုသာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက သုံးသပ်ထားပါတယ်။
မန်ယူအသင်းက ဘာလေဘာကို ၂၀၃၁ ခုနှစ်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအတွက်သာ ဘရိုက်တန်အသင်းနဲ့ ညှိနှိုင်းရတော့မှာပါ။
ဘရိုက်တန်အသင်းက ဘာလေဘာကို ၂၀၂၃ နွေရာသီမှာ လိုင်လီကနေ ပေါင်(၂၅)သန်းဝန်းကျင်နဲ့ ခေါ်ယူထားခြင်းဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက မန်ယူအသင်း ချဉ်းကပ်ခဲ့ချိန်မှာ ပေါင်သန်း(၁၀၀)လို့ ဈေးနှုန်းသတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
ဘာလေဘာက လက်ရှိရာသီကြိုကာလမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပေမဲ့ ပြင်းထန်ခြင်းမရှိကြောင်း သိရပါတယ်။

image

မန်စီးတီးကွင်းလယ်ခံစစ်ကစားသမား နီကိုဂွန်ဇာလက်ဇ်ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်း ဆွေးနွေးနေ

နယူးကာဆယ်အသင်းဟာ မန်စီးတီးအသင်းက စပိန်ကွင်းလယ်ခံစစ်ကစားသမား နီကိုဂွန်ဇာလက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။
နီကိုဂွန်ဇာလက်ဇ်(၂၄ နှစ်)ဟာ ၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့မှာမှ ပေါ်တိုကနေ မန်စီးတီးကို ပေါင်သန်း(၅၀)နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၅၉)ပွဲကစားပြီး (၄)ဂိုးသွင်းယူထားတဲ့ နီကိုဂွန်ဇာလက်ဇ်က ပုံမှန်ပွဲကစားခွင့်ရရှိဖို့ လိုလားနေတာကြောင့် နယူးကာဆယ်အသင်းက ချဉ်းကပ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်ကို အာဆင်နယ်အသင်းဆီ ရောင်းထုတ်ခဲ့ရတာကြောင့် နီကိုဂွန်ဇာလက်ဇ်နဲ့ ပြန်လည်အစားထိုးလိုခြင်းဖြစ်ပြီး မန်စီးတီးအသင်းကလည်း ကစားသမားသစ်တွေအတွက် အသုံးစရိတ်ကာမိစေဖို့ နီကိုဂွန်ဇာလက်ဇ်ကို ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ နီကိုဂွန်ဇာလက်ဇ်က စပိန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရခြင်းမရှိသေးတဲ့အတွက် ပုံမှန်ကစားခွင့်ရမယ့်အသင်းမှာ ခြေစွမ်းပြခွင့်ရဖို့ လိုလားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

image

တိုက်စစ်မှူး ဂျော်အိုပတ်ဒရိုကို လစာနှုန်းထားအသစ်နဲ့ ချယ်လ်ဆီးအသင်း စာချုပ်သစ်ချုပ်ဆို

ချယ်လ်ဆီးအသင်းက ဘရာဇီးလ်တိုက်စစ်မှူး ဂျော်အိုပတ်ဒရိုကို လစာနှုန်းထားအသစ်နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ကြောင်း အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
ဂျော်အိုပတ်ဒရိုက ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ဘရိုက်တန်ကနေ ချယ်လ်ဆီးကို ပေါင်သန်း(၆၀)နဲ့ ရောက်ရှိပြီး ၂၀၃၃ ခုနှစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုထားသူပါ။
ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၅၀)ကစားပြီး ဂိုး(၂၀) သွင်းယူပေးခဲ့ပါတယ်။
ဂျော်အိုပတ်ဒရို(၂၄ နှစ်)က ချယ်လ်ဆီးအသင်းမှာ တစ်ပတ်လစာ ပေါင်(၁၃၅၀၀၀)သာ ရရှိနေသူဖြစ်ပြီး ပြိုင်ဘက်အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားလာတာကြောင့် ချယ်လ်ဆီးအသင်းက လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စာချုပ်သစ်က မူလစာချုပ်ထက် တစ်နှစ်လျော့ကျသွားခဲ့ပေမဲ့ သက်တမ်းထပ်တိုးနိုင်မယ့် သဘောတူညီမှုပါဝင်ကြောင်း ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
ဂျော်အိုပတ်ဒရိုရရှိမယ့် လစာနှုန်းထားအသစ်က တစ်ပတ်ပေါင်(၂၀၀၀၀၀)ဝန်းကျင်ဖြစ်ဖွယ်ရှိကြောင်း လူမှုကွန်ရက်မှာ ခန့်မှန်းဖော်ပြမှုတွေ ရှိနေပါတယ်။

image

တန်းတက် ချင်းလန့်အသင်း ပြည်ပကစားသမား (၇) ဦးအထိ ခေါ်ယူထား

ပြီးခဲ့တဲ့ရာသီက MNL-2 (ပထမတန်း) ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး ယခုရာသီ MNL ပြိုင်ပွဲဆီ တန်းတက်ကစားခွင့်ရထားတဲ့ ချင်းလန့်အသင်းဟာ ပြည်ပကစားသမား (၇) ဦးအထိ ခေါ်ယူထားကြောင်း သိရပါတယ်။
ချင်းလန့်အသင်းဟာ ဘာကီနာဖာဆိုနောက်ခံလူ ဘာဂါယာ၊ ကင်မရွန်းနောက်ခံလူ ဂျင်ဂီ၊ ဘီနင်ကွင်းလယ်လူ မားစ်၊ ဂါနာကွင်းလယ်လူ သောမတ်စ်၊ ဂါနာတိုက်စစ်မှူး ဖိလစ်၊ ဂီနီတိုက်စစ်မှူးဆယ်လပ်စ်နဲ့ ဆယ်ဖာတို့ကို ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။
ယင်းကစားသမား (၇) ဦးထဲက ဂါနာကွင်းလယ်လူ သောမတ်စ်နဲ့ တိုက်စစ်မှူးဖိလစ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ချင်းလန့်အသင်းမှာ ကစားခဲ့သူများဖြစ်ပြီး သက်တမ်းတိုးစာချုပ် ချပ်ဆိုထားတာဖြစ်ပါတယ်။
ချင်းလန့်အသင်းဟာ ပြီးခဲ့တဲ့ရာသီ MNL-2 (ပထမတန်း) ပြိုင်ပွဲမှာ (၁၄) ပွဲကစား၊ (၁၀) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ် (၃၂) မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။
ချင်းလန့်အသင်းဟာ လက်ရှိမှာ ရာသီကြိုခြေစမ်းပွဲများ ဆက်တိုက်ကစားနေလျက်ရှိပြီး ယနေ့မနက်ပိုင်းက MFF ကွင်း (၁) မှာ စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ ခြေစမ်းကစားခဲ့ပြီး (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

မြစ်ဆုံရေအားလျှပ်စစ်စက်ရုံ- ဧရာဝတီမြစ်၏ရင်းမြစ်အလှကို ဝေးကွာစေသည်

"မြစ်ဆုံ" ဆိုသည်မှာ ကချင်ဘာသာစကားဖြင့် "မြစ်ဆုံ" ဟု အဓိပ္ပာယ်ရပြီး အင်မိုင်ခနှင့် မလိခမြစ်တို့သည် ဤနေရာတွင် ဆုံတွေ့ကြပြီး မြန်မာနိုင်ငံ၏ "မိခင်မြစ်" ဖြစ်သော ဧရာဝတီမြစ်၏ အစကို အမှတ်အသားပြုသည်။ မြစ်ဖျားခံရာ မြစ်ဝှမ်းနှစ်ခုသည် ကျယ်ဝန်းပြီး စိမ်းလန်းစိုပြည်ကာ မြစ်နှစ်စင်းသည် တောင်များကို ဝန်းရံထားပြီး အံ့မခန်းရှုခင်းကို ဖန်တီးပေးသည်။ ကချင်ပြည်နယ်တစ်ဝှမ်းတွင် မြစ်နှစ်စင်းနှင့် ပတ်ဝန်းကျင်တောင်တန်းများနှင့်အတူ မြစ်ဆုံမြစ်ကွေ့၏ပုံရိပ်သည် နေရာတိုင်းတွင် ရှိနေသည်။ ၎င်းသည် ကချင်ယဉ်ကျေးမှုစင်တာများတွင် ချိတ်ဆွဲထားပြီး မနောဈေးများ၊ ကောင်စီခန်းမများ၊ ဘုရားကျောင်းများနှင့် ဘုရားကျောင်းများတွင် မြင်တွေ့နိုင်ပြီး ရန်ကုန်တွင် "မြစ်ဆုံစားသောက်ဆိုင်" တစ်ခုပင် ရှိသည်။ သို့သော် ကချင်လူမျိုးများ၏ ဝိညာဉ်ရေးရာ ထောက်ပံ့မှုကို သယ်ဆောင်ပြီး သဘာဝအလှကို ပြသထားသော ဤနေရာသည် သယ်ယူပို့ဆောင်ရေးညံ့ဖျင်းမှုကြောင့် ခရီးသွားများ ဝင်ရောက်ရန် ခက်ခဲနေခဲ့သည်။ မြစ်ဆုံရေအားလျှပ်စစ်စက်ရုံစီမံကိန်း ပြန်လည်စတင်ခြင်းနှင့် တိုးတက်မှုနှင့်အတူ ဤလျှို့ဝှက်ရတနာသည် ကမ္ဘာသို့ ၎င်း၏တံခါးများကို ဖွင့်လှစ်ရန် အသင့်ဖြစ်နေပါပြီ။

လမ်းများ တိုးတက်ကောင်းမွန်လာခြင်းနှင့်အတူ အလှတရားသည် နောက်ဆုံးတွင် "ထွက်ပေါ်လာ" နိုင်သည်။

မြစ်ဆုံဒေသတွင် သယ်ယူပို့ဆောင်ရေး မအဆင်ပြေမှုသည် ခရီးသွားလုပ်ငန်းအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်သည်။ မြစ်ဆုံရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုအစောပိုင်းတွင် တရုတ်ကုမ္ပဏီများသည် မြစ်ကြီးနားမှ မြစ်ဆုံအထိ ဘိလပ်မြေလမ်းကို တည်ဆောက်ပြီးဖြစ်သည်။ မူလအစီအစဉ်အရ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) သည် ဧရာဝတီမြစ်ကမ်းနှစ်ဖက်စလုံးတွင် ကီလိုမီတာ ၈၀၀ ခန့်ရှိသော လမ်းများတည်ဆောက်ရန်လည်း စီစဉ်ထားသည်။ စီမံကိန်းကို နောက်ပိုင်းတွင် ရပ်ဆိုင်းထားသော်လည်း ဤလမ်းသည် မြစ်ကြီးနားရှိ အကောင်းဆုံးပြုပြင်ထိန်းသိမ်းမှုရှိသော လမ်းပိုင်းများထဲမှ တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ယခုအခါ စီမံကိန်းပြန်လည်စတင်ပြီဖြစ်သောကြောင့် လမ်းများနှင့် တံတားများကဲ့သို့သော အထောက်အကူပြု အခြေခံအဆောက်အအုံများကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်သည်။ လမ်းများဖွင့်လှစ်လိုက်သည်နှင့်အမျှ ခရီးသွားများလာရောက်နိုင်ပြီး ဒေသခံလယ်သမားများသည် ၎င်းတို့၏ စိုက်ပျိုးရေးထွက်ကုန်များကို သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည်။ လမ်းသည် ခရီးသွားလာမှုကိုသာမက အသက်မွေးဝမ်းကျောင်းမှုကိုပါ ပြောင်းလဲစေသည်။

နယ်စပ်ဖြတ်ကျော်ခရီးသွားလာခြင်းသည် ပိုမိုအဆင်ပြေပြီး တရုတ်နှင့် မြန်မာနိုင်ငံအကြား အပြန်အလှန်လည်ပတ်ခြင်းသည် ပိုမိုရိုးရှင်းပါသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ တရုတ်နိုင်ငံသည် ယူနန်ပြည်နယ်၊ ဆစ်ဆောင်ပနားသို့ ဝင်ရောက်လာသော အာဆီယံနိုင်ငံများမှ ခရီးသွားအဖွဲ့များအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို တရားဝင်ကျင့်သုံးခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ ခရီးသွားအဖွဲ့များ (လူ ၂ ဦး သို့မဟုတ် ၂ ဦးထက်ပို၍) သည် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး တရုတ်ခရီးသွားအေဂျင်စီများမှ စီစဉ်ပေးခြင်းဖြင့် ဆိုက်ဆောင်ပနာဂါဆာ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မိုဟန်ရထားဆိပ်ကမ်းမှတစ်ဆင့် ဗီဇာမပါဘဲ ဝင်ရောက်နိုင်ပြီး ၆ ရက်ထက်မပိုသော နေထိုင်ခွင့်ရှိသည်။ တစ်ချိန်တည်းမှာပင်၊ ချုံကင်းမှ မြန်မာနိုင်ငံ၊ ရန်ကုန်သို့ တိုက်ရိုက်ခရီးသည်တင်လေယာဉ်ခရီးစဉ်ကို ဖွင့်လှစ်ခဲ့ပြီး တရုတ်နှင့် မြန်မာနိုင်ငံအကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို တရားဝင်လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစင်တာကို ရှမ်းပြည်နယ်၊ ကျိုင်းတုံတွင် ဖွင့်လှစ်ခဲ့သည်။ ဤမူဝါဒများနှင့် အစီအမံများသည် တရုတ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းအတွက် အတားအဆီးများကို လျှော့ချပေးနေသည်။ သာမန်မြန်မာပြည်သူများ တရုတ်နိုင်ငံသို့ ခရီးသွားလာရန် ပိုမိုလွယ်ကူပြီး တရုတ်ခရီးသွားများအတွက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ပိုမိုလွယ်ကူသည်။ လူပိုများလေ စီးပွားရေးလုပ်ငန်းပိုများလေဖြစ်သည်။

မြစ်ဆုံသည် သွားရောက်လည်ပတ်သင့်သော နေရာတစ်ခုဖြစ်သည်။