သဖန်းဆိပ် ရွှေမျောလုပ်ကွက် လေကြောင်း တိုက်ခိုက်ခံရပြီး အထိခိုက်များ

မတ် ၁၆ - ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရှိ ရွှေမျောလုပ်ကွက်တွေမှာ မနေ့ မတ် ၁၅ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမား အများအပြား ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သေဆုံး များနိုင်တယ်။ ဘာလို့လဲဆို လေကြောင်းတိုက်ခိုက်မှု ဖြစ်တဲ့အချိန်မှာ ဖောင်တွေမှာ လူအုပ်လိုက်ကြီး ရှိနေတာ။ ရေထဲကျပြီး ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိတော့ ကျွန်တော်တို့လည်း အရေအတွက် အတိအကျ မသိရသေးဘူး။ ရှာဖွေရေးတွေ လုပ်နေရတုန်းပါပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အစိုးရတပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပြီး သဖန်းဆိပ်ဆည်ရဲ့ ကောလင်းနယ်ဘက်အခြမ်း၊ ဂေါင်းဖြူကျေးရွာဝန်းကျင်မှာ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှု ဖြစ်ပြီးတဲ့အချိန် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာလည်းရှိတယ်။ ရွှေမျောဖောင်တွေလည်း တော်တော်များများလည်း ပျက်စီးကုန်တယ်။ ခုချိန်ထိ ရုပ်အလောင်း သုံးလောင်းပဲ ရှာတွေ့သေးတယ်” လို့ သူက ပြောပါတယ်။

အဲဒီ သဖန်းဆိပ်ဆည်မှာ လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါအပြင် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်မှာ ရှစ်ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းရှိ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်ရုံးကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက အပြည့်အဝ ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိ ဆည်ထဲမှာ ရွှေဖောင်တွေ အများအပြား ရှိနေကာ လက်နက်ကိုင် တပ်တွေက တရားမဝင် လုပ်ကိုင်ခွင့်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(၂၀၂၆ - မတ် ၁၆ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၀၀၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၆၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၆၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၄၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၁၃၅ ကျပ်
ဝယ်ဈေး - ၄၀၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၂၅ ကျပ်
ဝယ်ဈေး - ၃၁၃၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၃၅ ကျပ်
ဝယ်ဈေး - ၄၆၁၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၇.၃၉ ကျပ်
ဝယ်ဈေး - ၁၂၄.၂၂ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၅၀ ကျပ်
ဝယ်ဈေး - ၁၀၂၄ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၉၉ ကျပ်
ဝယ်ဈေး - ၅၈၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၉၄ ကျပ်
ဝယ်ဈေး - ၂၅.၂၉ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၆၈ ကျပ်
ဝယ်ဈေး - ၄၃.၅၆ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၇၅ ကျပ်
ဝယ်ဈေး - ၅၃၄၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၀၂ ကျပ်
ဝယ်ဈေး - ၂၈၃၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၁၅ ကျပ်
ဝယ်ဈေး - ၂၉၄၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၈ ကျပ်
ဝယ်ဈေး - ၅၁၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၂၆ ကျပ်
ဝယ်ဈေး - ၁၀၉၈ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

image

image
9 ပတ် - ဘာသာပြန်ပါ။

ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ နယ်/လုံဝန်ကြီးများကို အစားထိုးခန့်အပ်

ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများကို အစားထိုးခန့်အပ်ခဲ့ကြောင်း ယနေ့ မတ် ၁၅ ရက်က အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ် ၁၃ /၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ် နယ်/လုံဝန်ကြီးဖြစ်သည့် ဗိုလ်မှူးကြီးမင်းသူကျော် အစား ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ ဧရာဝတီ တိုင်း နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေ အစား ဗိုလ်မှူးကြီး စိုးမင်းဦး တို့ကို ပြောင်းလဲခန့်အပ်ခဲ့သည်။

ထိုသို့ အစားထိုးခန့်အပ်တာဝန်ပေးခြင်းကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

image
9 ပတ် - ဘာသာပြန်ပါ။

မဲထော်သလေးကျေးရွာအနီးမှ တရုတ်နှင့် ရုရှားနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား(၆၉)ဦးကို ယနေ့ မတ် ၁၅ ရက်က ထပ်မံဖမ်းမိခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီး၌ တရုတ်နှင့် ရုရှားနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား(၆၉)ဦးကို ယနေ့ မတ် ၁၅ ရက်က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မဲထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ(၆၅၀)ခန့်အကွာ တောအုပ်အတွင်းပုန်းအောင်းနေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသော တရုတ်နိုင်ငံသား(၆၅)ဦး၊ ဗီယက်နမ်နိုင်ငံသား(၁)ဦး၊ မလေးရှားနိုင်ငံသူ(၁)ဦး၊ ရုရှားနိုင်ငံသူ(၁)ဦး၊ လာအိုနိုင်ငံသူ (၁)ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့အား မြဝတီမြို့၌ထိန်းသိမ်းထားပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များကလိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူလျက်ရှိကာ သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအ တွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image
9 ပတ် - ဘာသာပြန်ပါ။

မုဒုံမြို့နယ်၌ စက်မှုဇုန်မြေနေရာဖော်ထုတ်ရန် ရင်းနှီး မြှုပ်နှံမှုများဖိတ်ခေါ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာအုပ်စု၊ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီးနောက်ကျောဘက်ရှိ မြေဧက(၃၆၈ ဒသမ ၂၇)ပေါ်တွင် စက်မှုဇုန်မြေနေရာဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖော်ထုတ်ရာ၌ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့်မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းနိုင်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပြုလျှောက်လွှာများအား မတ် ၁၃ ရက်မှ မတ် ၂၅ ရက်အထိ တစ်စောင်လျင်(၅၀,၀၀၀)ကျပ်ဖြင့် ရုံးချိန်အတွင်း၌ ရောင်းချပေးသွားမည်ဖြစ်ကာ အဆိုပြုလျှောက်လွှာများကို ပြည်နယ်စည်ပင်ရုံးသို့ မတ် ၂၆ ရက်ညနေ ၄ နာရီခွဲနောက်ဆုံးထားကာတင်သွင်းရမည်ဖြစ်ပြီး အဆိုပြုလွှာဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုလျှောက်လွှာဝယ်ယူရာတွင် ယှဉ်ပြိုင်သည့်ကုမ္ပဏီသာသိစေအပ်သော အသေးစိတ်အချက်အလက်များကို အခြားလူပုဂ္ဂိုလ်(သို့)အဖွဲ့အစည်းသို့ထုတ်ဖော်ပြောဆိုခြင်းမပြုပါကြောင်း သဘောတူညီချက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

image
9 ပတ် - ဘာသာပြန်ပါ။

ကန်နှင့် တရုတ် စီးပွားရေးအရာရှိကြီးများ ပါရီတွင် တွေ့မည်


အမေရိကနှင့် တရုတ် ထိပ်တန်းစီးပွားရေးအရာရှိများသည် ၎င်းတို့၏ ကုန်သွယ်ရေးယာယီပြေငြိမ်းမှုတွင် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန်နှင့် မတ်လကုန်တွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပေကျင်းခရီးစဉ်လမ်းကြောင်း အဆင်ပြေချောမွေ့စေရေးဆောင်ရွက်ရန် တနင်္ဂနွေနေ့တွင် ပါရီ၌ ဆွေးနွေးပွဲအသစ်တစ်ခု စတင်ရန် စီစဉ်ထားသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နှင့် တရုတ် ဒုတိယဝန်ကြီးချုပ် ဟေလီဖန်တို့ ဦးဆောင်သော ဆွေးနွေးပွဲများသည် အမေရိကန်အခွန်ပြောင်းလဲခြင်း၊ တရုတ်ထုတ် မြေရှားသတ္ထု့များနှင့် သံလိုက်များ အမေရိကန်ဝယ်လက်များထံ စီးဆင်းရေး၊ အမေရိက၏ အဆင့်မြင့်နည်းပညာပို့ကုန်ထိန်းချုပ်မှုများနှင့် အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များကို တရုတ်ဝယ်ယူရေးတို့ကို အဓိကထားမည်ဟု မျှော်လင့်ရသည်။

နှစ်ဖက်စလုံးသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း၏ ပါရီဌာနချုပ်တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း ၎င်းတို့၏ အစီအစဉ်ကို သိရှိသော သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ချမ်းသာကြွယ်ဝသော ဒီမိုကရေစီနိုင်ငံ ၃၈ နိုင်ငံ၏ အဖွဲ့ဝင်မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖြစ် ၎င်းကိုယ်တိုင်သတ်မှတ်သည်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြိုလဲလုနီးပါး ခြိမ်းခြောက်မှုဖြစ်စေခဲ့သော တင်းမာမှုများကို လျှော့ချရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများတွင် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျာမီဆွန် ဂါရီယာလည်း ပါဝင်မည်ဖြစ်သည်။

အမေရိက-တရုတ် ကုန်သွယ်ရေးလေ့လာသုံးသပ်သူများကမူ ပြင်ဆင်ရန် အချိန်အနည်းငယ်သာရှိမှုနှင့် ဝါရှင်တန်သည် အမေရိက-အီရန်စစ်ပွဲအပေါ် အာရုံစိုက်နေရမှုကြောင့် ပါရီ သို့မဟုတ် ပေကျင်းထိပ်သီးအစည်းအဝေးတွင် အဓိကကုန်သွယ်ရေးတိုးတက်မှုအတွက် အလားအလာမှာ အကန့်အသတ်ရှိသည်ဟု သုံးသပ်ခဲ့ကြသည်။

Ref: စီအင်န်အေ

image
9 ပတ် - ဘာသာပြန်ပါ။

CNG သုံး Taxi များ ငှားရမ်းခတိုးမြှင့်တောင်းခံပါက CNG သုံးစွဲခွင့်စာရင်းမှ ပယ်ဖျက်မည်

CNG အသုံးပြုနေသည့် မော်တော်ယာဉ်များတွင် Metering စနစ်တပ်ဆင်မည်

စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေချိန်၌ CNG သုံး Taxi များ ငှားရမ်းခတိုးမြှင့်တောင်းခံ၍ တိုင်ကြားခံရပြီး စိစစ်သိရှိပါက CNG သုံးစွဲခွင့်စာရင်းမှပယ်ဖျက်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်၏ ပြောကြားချက်အရ သိရသည်။

၎င်းမှ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အ ဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိရာ ပြည်သူများ အမှန်တကယ်အကျိုးခံစားခွင့်ရရှိစေရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူသယ်ယူပို့ ဆောင်ရေးကဏ္ဍအတွက်အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG) များကို မပြောင်းလဲသောဈေးနှုန်းဖြစ်သည့် (၁)ကီလိုဂ ရမ်လျှင် (၂၇၃ ကျပ် ၂၅ ပြား)နှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ရောင်းချပေးနေသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာကာ စက်စွမ်းအားတူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် CNG တို့အား တူညီခရီးအကွာအဝေးအတွက် လောင် စာဆီကုန်ကျစရိတ်နှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာကုန်ကျမည်ဖြစ်ပြီး CNG သုံး Taxi ယာဉ်များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အ ခွင့်အရေးကို ပြည်သူများခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

" CNG သုံး Taxi တွေစီးနင်းကြတဲ့ ပြည်သူတွေအနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းကြီးမြင့်တာကို အခွင့်အရေးယူပြီး ငှားရမ်းခတိုးမြှင့်တောင်းခံတာတွေကြုံတွေ့ရလို့ တိုင်ကြားလာရင် CNG သုံးစွဲခွင့်စာရင်းကပယ်ဖျက်၍ သုံးစွဲခွင့်တောင်းခံထားတဲ့ တခြားမော်တော်ယာဉ်တွေကိုခွင့်ပြုပေးသွားမှာပါ"ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောကြားခဲ့သည်။

YBS ယာဉ်များအနေဖြင့် အများပြည်သူသယ်ယူပို့ ဆောင်ရေးအတွက်ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာမောင်းနှင်ဝန်ဆောင်မှုပေးရမည်ဖြစ်ပြီး မကြာမီအချိန်အတွင်း၌ CNG အသုံးပြုနေသည့် မော် တော်ယာဉ်များတွင် Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်ကာ CNG သုံးယာဉ်များနှင့်ပတ်သက်၍ အများပြည်သူအနေဖြင့် ကျေနပ်မှုမရှိပါကတိုင်ကြားနိုင်ကြောင်း သိရသည်။

image
9 ပတ် - ဘာသာပြန်ပါ။

တတိယအကြိမ် လွှတ်တော် ယနေ့စတင်နေ

တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်တက်လာသည့်မြင်ကွင်း

ယနေ့ မတ်လ (၁၆) ရက် နံနက်ပိုင်းတွင် နေပြည်တော်တွင် တတိယအကြိမ် လွှတ်တော် စတင်ကျင်းပနေပြီဖြစ်သည်။

အဆိုပါ လွှတ်တော်စတင်ကျင်းပရာ လွှတ်တော်အဆောက်အအုံသို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များရောက်ရှိနေရာယူလျက်ရှိပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိ‌နေရာယူနေကြပြီဖြစ်သည်။

image