ရန်ကုန်စီးတီးအသင်း (၄) ဦးမြောက် ပြည်ပကစားသမားအဖြစ် ဘရာဇီးလ်နောက်ခံလူကို ခေါ်ယူ

ရန်ကုန်စီးတီးအသင်းဟာ လာမယ့်ရာသီအတွက် (၄) ဦးမြောက် ပြည်ပကစားသမားအဖြစ် ဘရာဇီးလ်နောက်ခံလူ ဂီမာအယ်ကန်တာရာကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူထားကြောင်း သိရပါတယ်။
အသက် (၃၅) နှစ်ရှိ ဝါရင့်ဘရာဇီးလ်ကစားသမား ဂီမာဟာ ဗဟိုခံစစ်မှူးနေရာတွင်သာမက ကွင်းလယ်ခံစစ်နေရာမှာပါ ကစားနိုင်သူဖြစ်ကြောင်း သိရပါတယ်။
နောက်ခံလူ ဂီမာဟာ ဘရာဇီးလ်ကလပ်အသင်းများမှာသာ ကစားဖူးပြီး အာရှဒေသတွင်း ပထမဆုံးအနေနဲ့ ရန်ကုန်စီးတီးအသင်းမှာ လာရောက်ကစားတာဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်စီးတီးအသင်းဟာ လာမယ့်ရာသီအတွက် ပြည်ပကစားသမားများအဖြစ် ဘရာဇီးလ်နောက်ခံလူနှစ်ဦးဖြစ်တဲ့ ပီဒရိုနဲ့ ဂီမာ၊ ဂျပန်ကွင်းလယ်လူ ရုဂျီ၊ ဆီနီဂေါတိုက်စစ်မှူး ကာရင်မ်တို့ကို ခေါ်ယူထားကြောင်း သိရပါတယ်။
ဒါ့အပြင် ရန်ကုန်စီးတီးအသင်းဟာ မြန်မာ့လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ မြတ်ကောင်းခန့်၊ ဘုန်းသစ္စာမင်း၊ ဇွဲခန့်မင်း၊ ခွန်ကျော်ဇင်ဟိန်း၊ ရန်နိုင်ဦး အစရှိသူတို့ကို ခေါ်ယူထားသလို ယူ- ၂၂ လက်ရွေးစင်ကစားသမားတွေကိုလည်း ခေါ်ယူဖြည့်တင်းထားကြောင်း သိရပါတယ်။

image

ကစားသမားဘဝ နောက်ဆုံးနှစ် ဖြစ်နိုင်ကြောင်း စီရော်နယ်လ်ဒို ပြောကြား

အသက်(၄၁)နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဒီနှစ်က သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးနှစ်ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ စီရော်နယ်လ်ဒိုက စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
''ဒါက ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝ နောက်ဆုံးနှစ် ဖြစ်နိုင်ပါတယ်။ ကျွန်တော် ထူးခြားတဲ့ အမွေအနှစ်တစ်ခု ချန်ထားခဲ့ချင်ပါတယ်။ အနာဂတ်အတွက် အစီအစဉ်အားလုံး ရေးဆွဲထားပြီးသားပါ။ ကျွန်တော် လုပ်စရာတွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးသမားဘဝက အနားယူလိုက်ရင် ဟာကွက်အကြီးကြီးဖြစ်သွားနိုင်တဲ့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ဖြည့်ဆည်းရမှာကြောင့်ပါ။ ဒါကြောင့် တစ်ခုတည်းကို ပြောပြဖို့ ခက်ပါတယ်။ ပိုပြီးပျော်အောင်နေမယ်၊ ခရီးတွေသွားမယ်၊ ရုပ်ရှင်တွေကြည့်မယ်၊ Padel ကစားမယ်။ ရရှိထားတာတွေကို ပျော်ရွှင်စွာ ခံစားသွားမယ်။ ဘာကြောင့်လဲဆိုတော့ (၂၅)နှစ်အတွင်းမှာ စွန့်လွှတ်ခဲ့ရတာတွေ အများကြီးရှိလို့ပါ'' လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက ကစားသမားဘဝက အနားမယူခင် ဂိုး(၁၀၀၀)ပြည့်သွင်းယူနိုင်ဖို့ ရည်မှန်းထားသူဖြစ်ပြီး လက်ရှိအချိန်မှာ (၂၄)ဂိုးသာ လိုတော့ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုက သြဂုတ်(၁၁)ရက်နေ့မှာ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ တရားဝင်လက်ထပ်ခဲ့ကြောင်းလည်း သိရပါတယ်။

image

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဘတ်ရှူအာယီ ဆော်ဒီကလပ် အက်ဘ်ဟာအသင်းနဲ့ သဘောတူညီမှုရရှိ

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဘတ်ရှူအာယီဟာ ဆော်ဒီကလပ် အက်ဘ်ဟာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံကစားသမား ဘတ်ရှူအာယီဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဘတ်ရှူအာယီက ၂၀၁၆ ကနေ ၂၀၂၂ အထိ ချယ်လ်ဆီးအသင်းနဲ့ လက်တွဲခဲ့ပေမဲ့ ပြိုင်ပွဲစုံ(၇၇)ပွဲသာ ကစားခွင့်ရခဲ့ပြီး အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရတာက များခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ လမ်းခွဲပြီးနောက် ဖီနာဘာချီနဲ့ ဂါလာတာစာရေးအသင်းတွေဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၅ ဖေဖော်ဝါရီမှာတော့ ဖရန့်ဖတ်အသင်းကို ရောက်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်းမှာ ပြိုင်ပွဲစုံ(၁၀)ပွဲသာ ကစားခွင့်ရခဲ့တာကြောင့် အသင်းသစ်ရှာဖွေခဲ့တာပါ။
အက်ဘ်ဟာအသင်းက ဒီရာသီမှာမှ ဆော်ဒီပရိုလိဂ်ကို တန်းတက်ခွင့်ရရှိလာတဲ့အသင်းဖြစ်ပြီး ဘတ်ရှူအာယီအတွက်တော့ ကစားသမားဘဝ (၁၁)သင်းမြောက်အဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်း သိရပါတယ်။

image

လိုချင်တဲ့ အနိုင်ရလဒ် ရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ဧရာဝတီအမျိုးသမီးအသင်းခေါင်းဆောင် နော်ထက်ထက်ဝေ ပြောကြား

AFC Women's Champions League 2026/27 (Preliminary Stage) အုပ်စု (F) ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် စင်ကာပူကလပ် FC Jurong အသင်းကို ဧရာဝတီအမျိုးအသင်းက ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင် နော်ထက်ထက်ဝေက လိုချင်တဲ့ အနိုင်သုံးမှတ် ရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းပွဲစဥ်မှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဂျပန်ကစားသမား Yui Kasai ကလည်း "အားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ခြေစစ်ပွဲကို အောင်မြင်အောင် ကြိုးစားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
ဧရာဝတီအမျိုးအသင်းကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားကစားသမားတွေနဲ့ မြန်မာက​စားသမားတွေ အတွဲညီညီကစားနိုင်ခဲ့ပါတယ်လို့ အသင်းကစားသမား ဖြူဖြူဝင်းကလည်း ပြောခဲ့ပါတယ်။
ဧရာဝတီအမျိုးအသင်းအတွက် သွင်းဂိုးတွေကို
ဝင်းသိင်္ဂီထွန်းက နှစ်ဂိုး၊ ဂျပန်ကစားသမား Yui Kasai နဲ့ လင်းမြင့်မိုရ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

image

ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ရိုဒရီ ရောက်ရှိလာ

မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ယမန်နေ့က ရောက်ရှိလာခဲ့ပါတယ်။
ရိုဒရီက ဘာစီလိုနာအသင်းမှာကစားဖို့ သူ့ရဲ့အိပ်မက်တစ်ခုလို့ ပြောခဲ့ပါတယ်။
ရိုဒရီ(၃၀ နှစ်)ဟာ လာလီဂါချန်ပီယံကလပ်နဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာပါ။
ဘာစီလိုနာအနေနဲ့ ရိုဒရီရဲ့ပြောင်းရွှေ့ကြေးအတွက် ပေါင် ၆၅ သန်းဝန်းကျင် ကုန်ကျမှာဖြစ်တယ်။
ရိုဒရီက ''ဒီကိုရောက်လာလို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတော့ အပြင်းအထန်လုပ်ခဲ့ရတယ်။ ဒါပေမဲ့ အရာအားလုံး အဆင်ပြေသွားလို့ ဝမ်းသာပါတယ်။ တကယ်တော့ ဘာစီလိုနာအသင်းမှာ
ကစားဖို့ဆိုတာ အိပ်မက်တစ်ခုပါပဲ။ ကျွန်တော့်အသင်းဖော်တွေနဲ့ တွေ့ဖို့ မစောင့်နိုင်တော့ပါဘူး။ သူတို့ထဲက အများစုကိုတော့ နိုင်ငံလက်ရွေးစင်အသင်းမှာကတည်းက သိထားပြီးသားပါ။ အခုက အလုပ်စလုပ်ဖို့နဲ့ ကျွန်တော့်အကောင်း
ဆုံးတွေ ပေးဆပ်ရမယ့်အချိန်ပါပဲ''လို့ ပြောခဲ့ပါတယ်။
ရိုဒရီက ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအားလုံး ရယူသွားလိုတယ်လို့ ကြုံးဝါးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် Ballon d'Or ဆုရှင်ဟာ ၂၀၁၉ ခုနှစ်က အက်သလက်တီကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ ၂၉၈ ပွဲ ကစားပေးခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံလိဂ် တစ်ကြိမ်၊ ပရီးမီးယားလိဂ် လေးကြိမ်အပါအဝင် ဆုဖလား ၁၃ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၎င်းဟာ ၂၀၂၄-၂၅ ရာသီမှာ ဒူးဒဏ်ရာရခဲ့လို့ တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာလည်း တံကောက်ကြောဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံ ပြန်ရခဲ့ကာ စပိန်အသင်းမှာ ကမ္ဘာ့ချန်ပီယံပြန်ဖြစ်ဖို့ အဓိကကူညီပေးခဲ့ကာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

image

ပရီးမီးယားလိဂ်ရဲ့ အခုနွေရာသီ အသုံးစရိတ် ပေါင် ၂.၁၄ ဘီလျံအထိရှိလာ

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ၂၀၂၆ နွေရာသီ အပြောင်းအရွှေ့အသုံးစရိတ်ဟာ ပေါင် ၂.၁၄ ဘီလျံအထိ ရှိလာပြီလို့ သိရပါတယ်။
အပြောင်းအရွှေ့ပိတ်သိမ်းဖို့ နှစ်ပတ်နီးပါး လိုနေသေးလို့ နွေရာသီအသုံးစရိတ် စံချိန်ထပ်တင်မလား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။
အခုနွေရာသီအသုံးစရိတ်ဟာ ၂၀၂၄(ပေါင် ၁.၉၈ ဘီလျံ)၊ ၂၀၂၂(ပေါင် ၁.၉၄ ဘီလျံ)၊ ၂၀၂၁(ပေါင် ၁.၁၃ ဘီလျံ)၊ ၂၀၂၀(ပေါင် ၁.၃၂)ဘီလျံ)တို့ထက်လည်း ကျော်လွန်ခဲ့ပြီဖြစ်တယ်။
ပြီးခဲ့တဲ့နှစ်နွေရာသီက စံချိန်တင် ပေါင် ၃.၁၄ ဘီလျံနဲ့ ၂၀၂၃ ခုနှစ်က ပေါင် ၂.၃၆ ဘီလျံပြီးရင် တတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
အင်္ဂလန်နဲ့ တခြားဥရောပထိပ်တန်းလိဂ်တွေအကြား အသုံးစရိတ်က ဒီနွေရာသီမှာလည်း အရင်အတိုင်းပဲ များစွာကွာခြားနေခဲ့ပါတယ်။
စီးရီးအေက ပေါင် သန်း ၇၈၀၊ လာလီဂါက ပေါင် ၅၁၅ သန်း၊ ဘွန်ဒစ်လီဂါက ပေါင် ၅၀၅ သန်း၊ လီဂူးက ပေါင် ၄၁၂ သန်းသာ အသုံးပြုထားတာပါ။
ဒါကြောင့် အခုနွေရာသီမှာ ပရီးမီးယားလိဂ်အသုံးစရိတ်က ပေါင် ၂.၁၄ ဘီလျံက ဒီထိပ်တန်းလိဂ်လေးခုပေါင်းထက်လည်း သာလွန်နေပါတယ်။
အခုနွေရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေထဲ ချယ်လ်ဆီးအသင်းက ပေါင် ၃၄၈ သန်းနဲ့ အများဆုံး သုံးစွဲထားပါတယ်။
ချယ်လ်ဆီးနောက်မှာ စပါးအသင်းက ပေါင် ၂၂၈ သန်း၊ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေက ပေါင် ၁၅၁ သန်းစီ အသုံးပြုထားပါတယ်။
ချယ်လ်ဆီး၊ စပါးနဲ့ မန်စီးတီးတို့ သုံးသင်းစလုံးဟာ အခုနွေရာသီကာလအတွင်း ကလပ်သမိုင်းမှာ အပြောင်းအရွှေ့အသုံးစရိတ် စံချိန်တင်ခဲ့ကြပါတယ်။
အက်စတွန်ဗီလာ၊ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်နဲ့ လိဒ်စ်အသင်းတွေကလည်း အခုနွေရာသီမှာ ကလပ်စံချိန်တင် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားပါတယ်။
တန်းတက်သုံးသင်းဖြစ်တဲ့ ကိုဗင်ထရီ၊ အစ်ဝစ်ချ်နဲ့ ဟားလ်စီးတီးတို့ သုံးသင်းကလည်း ပရီးမီးယားလိဂ်အတွက် အကြီးစားပြင်ဆင်နေကြပါတယ်။
အခုပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်ကလပ် ၂၀ သင်းအနက် ၁၁ အနက် အပြောင်းအရွှေ့စံချိန်တွေ ချိုးဖျက်ထားတာဖြစ်တယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၁၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၉၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၇၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၉၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၅၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၅၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၀၀ ကျပ်
ဝယ်ဈေး - ၄၂၉၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၆ ကျပ်
ဝယ်ဈေး - ၃၃၅၉ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၉၅ ကျပ်
ဝယ်ဈေး - ၄၉၆၄ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃ ကျပ်
ဝယ်ဈေး - ၁၂၉.၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၉ ကျပ်
ဝယ်ဈေး - ၁၀၅၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၄ ကျပ်
ဝယ်ဈေး - ၆၃၇ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၆၁ ကျပ်
ဝယ်ဈေး - ၂၆.၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆၉ ကျပ်
ဝယ်ဈေး - ၄၄.၅၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၅၅ ကျပ်
ဝယ်ဈေး - ၅၈၀၃ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၁၆ ကျပ်
ဝယ်ဈေး - ၃၀၃၇ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၅ ကျပ်
ဝယ်ဈေး - ၃၀၉၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၁ ကျပ်
ဝယ်ဈေး - ၅၄၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၉ ကျပ်
ဝယ်ဈေး - ၁၁၆၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
South Sayargyi changed his profile picture
10 w

image

image