အဝတ်အစားလဲခန်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် ချူအာမီနီနှင့် ပြဿနာတက်ပြီးနောက် ဆေးရုံတက်ခဲ့ရတဲ့ ဗယ်ဗာဒီ
=======================

ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းတွင် ကစားဖော်အူရယ်လီယန်ချူအာမီနီနှင့် ပြဿနာတက်ကာ ဖီဒီဗယ်ဗာဒီမှာ ခေါင်းဒဏ်ရာရရှိကာ ဆေးရုံတက်ခဲ့ရပြီးနောက် အထက်ပါအဖြစ်အပျက်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ဗယ်ဗာဒီမှာ ဗုဒ္ဓဟူးနေ့တုန်းက လေ့ကျင့်ရေးကွင်းတွင် ချူအာမီနီနှင့် ပြဿနာတက်ခဲ့ကြောင်း ကြာသပတေးနေ့တုန်းက သတင်းထွက်ခဲ့တာပါ။
ဗုဒ္ဓဟူးနေ့တုန်းက ကစားသမား ၂ ဦးတို့ဟာ လေ့ကျင့်ရေးအစီအစဉ်တွင် အချင်းများပြီးနောက် အဝတ်အစားလဲခန်းတွင်လည်း ဆက်လက် ပြဿနာတက်ခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်တစ်နေ့တွင် Marca ရဲ့ဖော်ပြမှုအရ ယင်းတို့အကြား ပြဿနာတက်ခဲ့မှုမှာ ပိုမို ပြင်းထန်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ချူအာမီနီနှင့် ဗယ်ဗာဒီတို့အကြား ပြဿနာတက်ပြီးနောက် ကစားဖော်များက ဝင်ရောက်ထိန်းသိမ်းနိုင်ခဲ့ပေမဲ့လည်း ဥရုဂွေးကွင်းလယ်ကစားသမားမှာ စားပွဲခုံနှင့် ဆောင့်မိကာ ခေါင်းဒဏ်ရာရရှိပြီး ဆေးရုံတက်ခဲ့ရပါတယ်။
ယခုအခါ ရီးရဲလ်မက်ဒရစ်က ဗယ်ဗာဒီမှာ ခေါင်းဒဏ်ရာကြောင့် ၁၀ ရက်မှ ၁၄ ရက်အထိ ကစားနိုင်မှာ မဟုတ်ကြောင်း၊ ကစားသမား ၂ ဦးလုံးကို အရေးယူရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
နောက်ပိုင်းတွင် ဗယ်ဗာဒီက ၎င်းမှာ ကစားဖော်တစ်ဦးနှင့် သဘောထားကွဲကာ အချင်းများခဲ့ပေမဲ့ ကိုယ်ထိလက်ရောက် ဖြစ်ပွားခဲ့ခြင်း မရှိဘဲ စားပွဲခုံဖြင့် ဆောင့်မိကာ ခေါင်းဒဏ်ရာရရှိခဲ့ခြင်းမျှသာ ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဗယ်ဗာဒီက "မနေ့တုန်းက လေ့ကျင့်ရေးကွင်းမှာ ကစားဖော်တစ်ဦးနဲ့ မတော်တဆမှု ဖြစ်ခဲ့တယ်။ ပြိုင်ပွဲတွေကြောင့် ပွဲပန်းတာရယ်၊ စိတ်ပျက်စရာကောင်းတာတွေက အရာအားလုံးကို ပွင့်ထွက်သွားစေခဲ့တယ်။ ဒါက အဝတ်အစားလဲခန်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ ပုံမှန်အားဖြင့်ဆို လူမသိ သူမသိဘဲ ပြီးသွားတတ်တာမျိုးပါ။ တစ်ယောက်ယောက်က သတင်းဖြန့်လိုက်တယ်ဆိုတာ ရှင်းရှင်းလေးပါ။ ဆုဖလားလက်မဲ့ရာသီတစ်ခု ကြုံနေရတာဆိုတော့ ရီးရဲလ်မက်ဒရစ်က အမြဲတမ်းစောင့်ကြည့်ခံနေရတယ်။ အရာအားလုံးလည်း ဟန်ချက်မညီဘဲ ပေါက်ကွဲထွက်နေတယ်။ ဒီကနေ့ ကျွန်တော်တို့အကြား သဘောထားကွဲမှု ဖြစ်ခဲ့တယ်။ အချင်းများနေစဉ်မှာ ကျွန်တော် စားပွဲနဲ့မတော်တဆဆောင့်မိခဲ့တယ်။ နဖူးမှာ အနည်းငယ်ကွဲသွားတယ်။ ဆေးရုံသို့ သွားခဲ့ရတယ်။ ကျွန်တော့်ကစားဖော် လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း တစ်ယောက်ကိုတစ်ယောက် မထိခဲ့ကြပါဘူး။ အခြေအနေအပေါ်မှာ ထွက်ပေါ်လာတဲ့ ဒေါသ၊ ရာသီသိမ်းချိန်မှာ ကျွန်တော်တို့ထဲက တချို့ ရုန်းကန်ရတာ မြင်ရမှု စတာတွေက ကျွန်တော့်ကို ကစားဖော်နဲ့ အချင်းများအောင် တွန်းပို့လိုက်တာပါ။ စိတ်မကောင်းပါဘူး။ ဒီအခြေအနေက ကျွန်တော့်ကို နာကျင်စေခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီအခြေအနေကို ကျွန်တော်တို့ နာကျင်စွာ ကျော်ဖြတ်နေရပါတယ်။ ရီးရဲလ်မက်ဒရစ်က ကျွန်တော့်ဘဝရဲ့အရေးအကြီးဆုံးအရာတွေထဲက တစ်ခုပါ။ ဒါကို လျစ်လျူရှုထားလို့ မရပါဘူး။ ဒီရလဒ်က အဓိပ္ပါယ်မရှိတဲ့ ရန်ပွဲတစ်ခု ဖြစ်လာစေပြီး ကျွန်တော့်ပုံရိပ်ကို ထိခိုက်စေရုံသာမက အဝတ်အစားလဲခန်းကိုလည်း မီးလောင်ရာလေပင့် ဖြစ်လာစေခဲ့ပါတယ်။ ရာသီအကုန်အထိ စကားပြောမှာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်က ထွက်ခွာလိုက်ရပြီးတဲ့နောက် ကျွန်တော့်ဒေါသနဲ့ မကျေနပ်ချက်တွေကို စိတ်ထဲမှာပဲ သိမ်းထားခဲ့တယ်။ ကျွန်တော်တို့ နောက်ထပ် နှစ်တစ်နှစ် အလဟဿ ဖြုန်းတီးပစ်ခဲ့ပြန်ပါပြီ။ ကွင်းထဲမှာ ကွင်းထဲမှာပဲ ပြသရမဲ့အရာကို လူမှုကွန်ရက်မှာ တင်ဖို့ အခြေအနေမျိုးမှာ မရှိခဲ့ပါဘူး။ ဒီလိုပဲ ခံစားနေရတယ်။ ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် လာမယ့်ပွဲ မ ကစားရလို့ ဒီအခြေအနေကို အနာကျင်ဆုံး၊ စိတ်မကောင်းဖြစ်ဆုံးဖြတ်သန်းရတာ ကျွန်တော်ပါ"လို့ ကြေညာသွားပါတယ်။

image

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲ ၃ ရပ်လုံးရဲ့ ဗိုလ်လုပွဲသို့ အင်္ဂလိပ်ကလပ်များ တက်ရောက်
====================

အင်္ဂလိပ်ကလပ်များဟာ ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီတည်းတွင် ကွဲပြားတဲ့ ဥရောပပြိုင်ပွဲ ၃ ရပ်လုံးရဲ့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြပါတယ်။
အာဆင်နယ်က အင်္ဂါနေ့တုန်းက အက်သလက်တီကိုအား နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက် အက်စတွန်ဗီလာနှင့် ခရစ္စတယ်ပဲလေ့စ်တို့ကလည်း မနေ့ညတုန်းက ဥရောပပြိုင်ပွဲများတွင် အသီးသီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါတယ်။
အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာဟာ ပထမအကျော့တုန်းက နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပေမဲ့ မနေ့ညတုန်းက ဗီလာပါ့ခ်ပွဲစဉ်တွင် ပြန်လည် အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဖြင့် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါတယ်။
နှစ်ပေါင်း ၃၀ ကြာ ဖလားလက်မဲ့ဖြစ်နေတဲ့ ဗီလာဟာ မေလ ၂၀ ရက်နေ့မှာ အစ္စတန်ဘူလ်မှာ ဘွန်ဒက်စ်လီဂါကလပ်ဖရိုင်းဘတ်နှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားရပါမယ်။
တဖက်တွင် ခရစ္စတယ်ပဲလေ့စ်မှာလည်း ယူကရိန်းကလပ် ရှက်တာဒိုးနက်စ်ကို နှစ်ကျော့လုံး ၂-၁၊ ၃-၁ တို့ဖြင့် အသီးသီး အနိုင်ယူကာ ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲသို့ တက်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ မေလ ၂၇ ရက်နေ့ ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲတွင် လာလီဂါကလပ် ရာယိုဗယ်လီကာနိုနှင့် ရင်ဆိုင်ကစားရပါမယ်။
ကွန်ဖရင့်လိဂ်မှာ လွန်ခဲ့တဲ့နှစ်ကမှ စတင်ကျင်းပလာခဲ့တာ ဖြစ်ပြီး ဥရောပရဲ့တတိယတန်းပြိုင်ပွဲဆိုရင်လည်း မမှားပါဘူး။
ပြီးခဲ့တဲ့ရာသီတုန်းက အင်္ဂလိပ်ကလပ်များဖြစ်ကြတဲ့ ချဲလ်ဆီး၊ ယူနိုက်တက်၊ စပါးစ်တို့ဟာ ကွန်ဖရင့်လိဂ်နှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အာဆင်နယ်မှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ပီအက်စ်ဂျီကို ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။
၂၀၂၁ ခုနှစ်တုန်းက ချဲလ်ဆီးက မန်စီးတီးကို ကိုင်ဟာဗတ်ဇ်ရဲ့တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး ယူနိုက်တက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တွင် လီဗာပူးက စပါးစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အနိုင်ယူခဲ့ပြီး ချဲလ်ဆီးကလည်း ယင်းအပတ်တွင်ပင် ဘာကူးမှာ အာဆင်နယ်ကို အနိုင်ယူကာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့ပါတယ်။
၂၀၀၆ ခုနှစ်တုန်းကလည်း အာဆင်နယ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘာစီလိုနာကို ရှုံးနိမ့်ခဲ့သလို မစ်ဒယ်ဘရော့ကလည်း ယူအီးအက်ဖ်အေဖလားဗိုလ်လုပွဲတွင် ဆီဗီလာကို အရေးနိမ့်ခဲ့ပါတယ်။
ယခင်တုန်းက အီတလီကလပ်များဟာလည်း ဥရောပပြိုင်ပွဲ ၃ ရပ်လုံးရဲ့ ဗိုလ်လုပွဲသို့ တက်ခဲ့ဖူးပါတယ်။ နောက်ဆုံးဖြစ်ခဲ့တာ ၂၀၂၃ ခုနှစ်တုန်းက ဖြစ်ပါတယ်။ ဒါပေမဲ့ အင်တာမီလန်က ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့သလို ရိုးမားကလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ကာ ဖီအိုရင်တီးနားကလည်း ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့ပါတယ်။

image

တစ်ဂိုးတည်းသွင်းပြီး လက်စတာရဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးဆုတင်ကမ အကောင်းဆုံးကစားသမားဆုကိုပါ ရယူလာတဲ့ ဘောလုံးလောကရဲ့ ဆွဲဆောင်မှုအရှိဆုံးဘောလုံးမယ်
==================

အလီရှာလေမန်းဟာ ယခုရာသီတွင် လက်စတာအမျိုးသမီးအသင်းအတွက် ၅ ပွဲတည်းပဲ ပွဲထွက်ကစားခွင့် ရရှိခဲ့ရာမှာ ၁ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပေမဲ့ လက်စတာရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအပြင် တစ်နှစ်တာအကောင်းဆုံးဂိုးဆုကိုပါ ဆွတ်ခူးလာပါတယ်။
အသက် ၂၇ နှစ်ရှိ ဆွစ်ဇာလန်လက်ရွေးစင်ဟာ ဘောလုံးလောကရဲ့ ဆွဲဆောင်မှုအရှိဆုံးဘောလုံးမယ်အဖြစ် သတ်မှတ်ခံထားရသူပါ။
သူမဟာ ဂျူဗင်တပ်၊ ကိုမိုတို့တွင် ကစားပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် လက်စတာသို့ ပြန်လည်ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
သူမဟာ လက်စတာရဲ့ အမျိုးသမီးစူပါလိဂ်တွင် ၉ ပွဲတည်း ကစားခဲ့ရာမှာ ၁ ဂိုးတည်းပဲ သွင်းနိုင်ခဲ့ပါတယ်။
လက်စတာအတွက် သူမကစားတဲ့ပွဲတိုင်း ရှုံးပွဲကြုံခဲ့ပေမဲ့လည်း ပရိသတ်တွေကတော့ သူမအပေါ် အချစ်မလျှော့ကြပါဘူး။
ဒါကြောင့်လည်း သူမဟာ လက်စတာပရိသတ်များရဲ့ မဲအဆုံးအဖြတ်ဖြင့် ရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအပြင် မတ်လတုန်းက အသင်းဟောင်းဗီလာဘက်သို့ သွင်းယူတဲ့ တစ်လုံးတည်းသော ဂိုးဖြင့် အကောင်းဆုံးဂိုးဆုကိုပါ ရယူလာနိုင်ခဲ့ပါတယ်။

မန်စီးတီးစတားနှင့် ဇနီးသည်များတို့အား နှုတ်ဆက်ပါတီပွဲ ပြုလုပ်ပေးခဲ့တဲ့ မန်စီးတီးအသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗား
===================

မန်စီးတီးအသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားနှင့် ဂျွန်စတုန်းတို့ဟာ အင်္ဂါနေ့ညနေပိုင်းတုန်းက ယခင်နှင့် လက်ရှိ မန်စီးတီးစတားများနှင့် ချစ်သူ/ဇနီးတို့အား နှုတ်ဆက်ပါတီပွဲ ပြုလုပ်ပေးခဲ့ကြပါတယ်။
အသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားဟာ ယခုရာသီအကုန်တွင် ၉ နှစ်ကြာ ကစားလာခဲ့တဲ့ အီတီဟတ်မှ ထွက်ခွာလာမှာ ဖြစ်သလို ၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးတွင် ကစားလာခဲ့တဲ့ ဗဟိုနောက်ခံလူဂျွန်စတုန်းကလည်း နွေရာသီမှာ ထွက်ခွာလာပါမယ်။
၎င်းတို့ဟာ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းကိုင်လီဝေါလ်ကားအပါအဝင် လက်ရှိ မန်စီးတီးစတားများနှင့် ဇနီးသည်တို့အား ဖိတ်ကြားကာ နှုတ်ဆက်ပါတီပွဲ ပြုလုပ်ပေးလာတာပါ။
ယင်းနှတ်ဆက်ပါတီပွဲကို မန်ချက်စတာစီးတီးမြို့လယ်ခေါင်ရှိ လူးဝစ်နိုက်ကလပ်တွင် ပြုလုပ်ခဲ့တာဖြစ်ပြီး ပါတီပွဲမှာ ၅ နာရီခွဲခန့်ကြာမြင့်ကာ နံနက် ၁ နာရီခွဲဝန်းကျင်တွင်မှ ပြီးဆုံးသွားခဲ့ပါတယ်။
ကိုင်လီဝေါလ်ကားကလွဲပြီး မန်စီးတီးစတားအများစုတို့မှာ ချစ်သူ/ဇနီးတို့နှင့် ပါတီပွဲသို့ တက်ရောက်လာကြပြီး မန်စီးတီးလက်ထောက်နည်းပြကိုလိုတိုးရေးလည်း တက်ရောက်ခဲ့ပါတယ်။
ဘာနာဒိုဆေးလ်ဗားနှင့် ဂျွန်စတုန်းတို့ဟာ မန်စီးတီးတွင် ကစားစဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလား ၁၈ လုံး ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

image

ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဖလားလမ်းကြောင်းပေါ်တွင် ရှိနေပြီးနောက် အာတီတာကို စာချုပ်သစ်ချုပ်ဆိုရေး အာဆင်နယ်ဆွေးနွေးလာမည်
===================

အာဆင်နယ်ဟာ ရာသီအကုန်တွင် နည်းပြမီခေးလ်အာတီတာအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လာပါတယ်။
အာဆင်နယ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပူပူနွေးနွေးပို့ဆောင်ပေးထားတဲ့ စပိန်လူမျိုးနည်းပြအာတီတာရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးပါမယ်။
ဒါပေမဲ့ ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ အာဆင်နယ်ဟာ အာတီတာအား စာချုပ်သစ်ချုပ်ဆိုရေး အကြမ်းဖျင်းဆွေးနွေးမှုများ ပြုလုပ်လာပြီးနောက် နွေရာသီတွင် အပြီးသတ်ဆွေးနွေးမှု ပြုလုပ်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၄၄ နှစ်ရှိ အာတီတာဟာ ကြားရက်တုန်းက အသင်းကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အာဆင်နယ်ဟာ တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းနီးပါးရရှိနေတဲ့ အာတီတာရဲ့ ၁၂ လကျန်စာချုပ်အား စာချုပ်သစ်ချုပ်ဆိုရေး လုပ်ဆောင်လာတာပါ။
The Times ရဲ့ဖော်ပြလာမှုအရ အာဆင်နယ်အသင်းစီနီယာအရာရှိများဟာ အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၇၀၀ ကျော် အသုံးပြုခွင့်ပေးလာပြီးဖြစ်တဲ့ အာတီတာအား အသင်းကို ဆက်လက်တည်ဆောက်နေစေလိုနေပါတယ်။
အာတီတာဟ ၂၀၁၉ ခုနှစ်တွင် အာဆင်နယ်ကို ကိုင်တွယ်ပြီးနောက် အက်ဖ်အေဖလား ၁ လုံးတည်းသာ ရယူပေးထားနိုင်ပေမဲ့လည်း ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ ဆွတ်ခူးရေး လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ကျန် ပရီးမီးယားလိဂ် ၃ ပွဲလုံး အနိုင်ရရှိလာပါက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာပါမယ်။
ဒါ့အပြင် အာဆင်နယ်ဟာ မေလ ၃၀ ရက်နေ့ စနေနေ့တွင် ဘူဒါပတ်စ်မှာ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရပါမယ်။

image

ရီးရဲလ်မက်ဒရစ်အသင်းအတွင်း တတိယမြောက်ရန်ပွဲအဖြစ် ဗယ်ဗာဒီနှင့် ချူအာမီနီတို့ ရန်ဖြစ်လာပြီး ကစားသမားအချို့ မခေါ်နိုင် မပြောနိုင် ဖြစ်လာကြ
======================

ရီးရဲလ်မက်ဒရစ်ကစားသမား ၂ ဦးတို့ဟာ လေ့ကျင့်ရေးကွင်းအတွင်း ထပ်မံ ပြဿနာတက်ခဲ့ကြကာ ရာသီကုန်ဆုံးခါနီးအချိန်တွင် အသင်းအတွင်း ပြဿနာပိုမိုကြီးမားစွာ ဖြစ်ပေါ်နေပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက လေ့ကျင့်ရေးအစီအစဉ်တွင် ရူဒီဂါရဲ့ ပါးရိုက်ခြင်းခံခဲ့ရတဲ့ ကစားသမားမှာ အယ်ဗာရိုကာရီရက်စ်ဖြစ်ကြောင်း သိခွင့်ရရှိခဲ့ပါတယ်။
ယခု စပိန်သတင်းစာ Marca က နောက်ထပ် ရီးရဲလ်မက်ဒရစ်ကစားသမားအုပ်စုအတွင်း ပြဿနာသစ်အဖြစ် ဖီဒီဗယ်ဗာဒီနှင့် အူရယ်လီယန်ချူအာမီနီတို့ လေ့ကျင့်ရေးကွင်းအတွင်း ပြဿနာထပ်တက်ခဲ့ကြောင်း ဖော်ပြလာပြန်ပါတယ်။
ယင်းသတင်းစာက ဘောလုံးဖျက်ထုတ်မှုတစ်ခုအတွက် ကစားသမား နှစ်ဦးအကြား ပြဿနာတက်ခဲ့တာ ဖြစ်ပြီး ကစားဖော်များ ဝင်ရောက်ဖြေဖျန်ခဲ့ရကြောင်း သိရပါတယ်။
ဗယ်ဗာဒီနှင့် ချူအာမီနီတို့ဟာ လေ့ကျင့်ရေးကွင်းတွင် ပြဿနာတက်ပြီးနောက် အဝတ်အစားလဲခန်းအတွင်းသို့ ရောက်ချိန်တွင်လည်း ထပ်မံပြဿနာတက်ခဲ့ကြပါသေးတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆုဖလားလက်မဲ့ရာသီတစ်ခုနှင့် ကြုံနေရတာ ဖြစ်ပြီး ယခုအခါ အသင်းအတွင်း ကစားသမားများအကြား ပြဿနာဖြစ်မှု မြင့်မားလာမှုနှင့်အတူ ကစားသမားအချို့တို့မှာ တစ်ဦးနှင့် တစ်ဦး မခေါ်နိုင် မပြောနိုင်ဖြစ်တဲ့အထိ ဖြစ်နေပါတယ်။
ဒါ့အပြင် တစ်ဆက်တည်းတွင် Marca က ရီးရဲလ်မက်ဒရစ်မှ ကစားသမား ၆ ဦးတို့မှာ ယာယီနည်းပြအာဘီလိုအာနှင့် စကားပြောဆိုခြင်း မရှိကြောင်းလည်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွင်း နောက်ထပ် ပြဿနာတစ်ခုမှာ ကိုင်လီယန်ဘက်ပေး ဖြစ်ပါတယ်။
ဘက်ပေးဟာ ဒဏ်ရာကြောင့် အနားယူနေရစဉ်အတွင်း ပြီးခဲ့တဲ့အပတ်တုန်းက ချစ်သူသစ် မင်းသမီးအစ်စတာအိတ်စ်ပိုဆီတိုနှင့်အတူ ဆာဒီနီးယားသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။
အာဘီလိုအာက ကစားသမားများအနေဖြင့် လွတ်လပ်တဲ့အချိန်ကို စိတ်ကြိုက် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပေမဲ့ ကျန် ကစားသမားများက ရာသီမကုန်သေးမီ အားလပ်ရက်သွားခဲ့တဲ့ ဘက်ပေးမှာ အသင်းရဲ့စည်းမျဉ်းစည်းကမ်းကို ချိုးဖျက်နေကြောင်း စွပ်စွဲနေကြပါတယ်။
ဘက်ပေးဟာ ပြီးခဲ့တဲ့လတုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် ကစားတဲ့ပွဲတစ်ပွဲတွင် လူကျွံဘောထောင်ခဲ့တဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအား ဆဲဆိုမှုပြုလုပ်မှုကြောင့် ပြဿနာတက်ခဲ့သူလည်း ဖြစ်ပါတယ်။
တစ်ဖက်တွင် အသင်းအတွင်း ပြဿနာပေါင်းသောင်းခြောက်ထောင်ကြုံနေရချိန်တွင် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် တနင်္ဂနွေနေ့တွင် နူးကမ့်သို့ သွားရောက်ကာ ဘာစီလိုနာနှင့် El Clasico ပွဲသွားကစားရပါမယ်။ ဘာစီလိုနာဟာ ယင်းပွဲတွင် အနိုင်ရရှိလာပါက လာလီဂါချန်ပီယံဘွဲအား ကာကွယ်လာပါမယ်။

image

နွေရာသီတွင် အသက် ၃၀ နှစ်အရွယ်မှာပဲ ကစားသမားဘဝမှ အနားယူလာတော့မဲ့ ဂျာမန်နောက်ခံလူဆူးလ်
====================

ဒေါ့မွန်ရဲ့နစ်ကလပ်စ်ဆူးလ်ဟာ နွေရာသီတွင် အသက် ၃၀ နှစ်အရွယ်မှာပဲ ကစားသမားဘဝမှ အနားယူရန် ရွေးချယ်လာပြီ ဖြစ်ပါတယ်။
ဂျာမနီလက်ရွေးစင်နောက်ခံလူဟာ ပြီးခဲ့တဲ့လတုန်းက ဟော်ဖန်ဟိမ်းအား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဒူးအရွတ်ဒဏ်ရာရရှိလာခဲ့တာဖြစ်ပြီး ကစားသမားဘဝအတွင်း သုံးကြိမ်မြောက် ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာပါ။
သူဟာ ပြင်းထန်ဒူးအရွတ်ဒဏ်ရာရရှိလာခဲ့ခြင်း မရှိပေမဲ့လည်း နောက်ထပ် ပြင်းထန်ဒဏ်ရာရရှိမှုမှ ရှောင်ရှားနိုင်ရန်အတွက် ကစားသမားဘဝမှ အနားယူရန် ရွေးချယ်လာတာလည်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်နှင့် ဟော်ဖန်ဟိမ်းနောက်ခံလူဟောင်းဟာ ဇွန်လ ၃၀ ရက်နေ့တွင် ဒေါ့မွန်နှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ ကစားသမားဘဝမှ အနားယူလာမှာလည်း ဖြစ်ပါတယ်။
ဒူးဒဏ်ရာစစ်ဆေးပြီးချိန်နှင့်ပတ်သက်ပြီး Spielmacher podcast အစီအစဉ်တွင် ဆူးလ်က ရေချိုးခန်းထဲဝင်ကာ ၁၀ မိနစ်ခန့် ငိုကြွေးခဲ့ကြောင်း ဖွင့်ဟထားပါတယ်။
ဆက်လက်ပြီး ၎င်းက "အဲဒီတုန်းက အရွတ်စုတ်သွားတယ်လို့ ထင်ထားခဲ့တယ်။ နောက်တစ်နေ့ MRI သွားစစ်တယ်။ သတင်းကောင်းကြားခဲ့ရတယ်( အရွတ်ဒဏ်ရာမဟုတ်မှန်း)။ ဒါက ကျွန်တော့်အတွက် ပြီးဆုံးသွားပြီဆိုတာ ၁၀၀၀ ရာခိုင်နှုန်းသေချာသွားခဲ့တယ်။ နောက်ပိုင်းအချိန်မှာ တကယ်မျှော်လင့်တာထက် ပိုဆိုးတဲ့အရာကို စိတ်ကူးလို့တောင် မရပါဘူး။ လွတ်လွတ်လပ်လပ်နေမယ်၊ ခရီးသွားမယ်၊ ကလေးတွေနဲ့ အချိန်ကုန်မယ်၊ ဒါပေမဲ့ တတိယမြောက် ဒူးအရွတ်ဒဏ်ရာကောင်းမွန်ရေးလည်း ဆက်လုပ်မယ်"လို့ ပြောကြားသွားပါတယ်။
ဆူးလ်ဟာ ဘိုင်ယန်မြူးနစ်နှင့်အတူ ဘွန်ဒက်စ်လီဂါဖလား ၅ ကြိမ် ဆွတ်ခူးခဲ့ပြီး ချန်ပီယံလိဂ်ဖလားလည်း ဆွတ်ခူးခဲ့ကာ ၂၀၂၂ ခုနှစ်တွင် ဒေါ့မွန်သို့ ရောက်လာသူ ဖြစ်ပါတယ်။
သူဟာ ဂျာမနီအတွက် ၄၉ ပွဲကစားခဲ့ကာ ကမ္ဘာ့ဖလား ၁ကြိမ်ကစားခဲ့ကာ ၂၀၁၇ ခုနှစ် တိုက်ကြီးများဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image