ဒလမြို့နယ်၌ လမ်းမီးတိုင် (၄၅) တိုင် စိုက်ထူ

ပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သာယာလှပစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဒလ - တွံတေး လမ်းမကြီးတစ်လျှောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်နေသည့်နေရာသည် ဒလတံတားအဆင်း လမ်းဆုံမှ သံလွင်လမ်းထိပ်အထိနှင့် ဒလတံတားအဆင်းလမ်းဆုံမှ နဝရတ်လမ်းထိပ်အထိ၊ ဒလ - ဓနုတ် လမ်းမကြီးတစ်လျှောက် တံတားအဆင်းလမ်းဆုံမှ ပန်းဝါလမ်းထိပ်အထိ လမ်းလယ်ကျွန်း ဖြစ်သည်။

ထိုနေရာများတွင် မြေအောက်လမ်းမီးလိုင်းကြိုး (၄၅၀၀) ပေ တည်ဆောက်တပ်ဆင်၍ တွင် 10 Meter GI Pole လမ်းမီးတိုင် စုစုပေါင်း (၄၅) တိုင်၊ LED (150W) လမ်းမီးလုံး စုစုပေါင်း (၉၃) လုံး တပ်ဆင်နေခြင်း ဖြစ်သည်။

ဒလမြို့နယ်တွင်သာမက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းမကြီးများ တိုးချဲ့အဆင့်မြှင့်တင်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခြင်း၊ သန့်ရှင်းသာယာလှပရေး၊ ရန်ကုန်မြို့၏ အဓိက လမ်းမကြီးများတွင် ညအခါ နှစ်ဖက်ယာဉ်ကြောကို အလင်းပေးနိုင်သည့် လမ်းလယ်မီးတိုင်များ စိုက်ထူကာ မီးထွန်းလင်းရေး စသည်တို့ကို တိုင်းအစိုးရက ဆောင်ရွက်လျက်ရှိနေသည်။

image

၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေးဥပဒေ ပြဋ္ဌာန်း

အမျိုးသားကာကွယ်ရေးနှင်လုံခြုံရေးကောင်စီသည် ၂၀၂၆ ခုနှစ်၊ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို အမျိုးသားကာကွယ်ရေးနှင်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၆/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်က ထုတ်ပြန်လိုက်သည်။

အမျိုးသားကာကွယ်ရေးနှင်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရ ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေးဥပဒေတွင် အခန်း(၁၇)ခန်းပါဝင်ပြီး အခန်း(၁) အမည်၊ စီရင်ပိုင်ခွင့်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊အခန်း(၂) ရည်ရွယ်ချက်များ၊ အခန်း(၃)ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သော ပြစ်မှုများ၊အခန်း(၄)ဗဟိုအဖွဲ့ဖွဲ့စည်းခြင်းနှင့်ယင်းအဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊အခန်း(၅)ပြည်ထဲရေဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊အခန်း(၆)ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊အခန်း(၇)ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း(၈)စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊အခန်း(၉) ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် သတင်းပို့ရန်တာဝန်၊ အခန်း(၁၀)ကြီးကြပ်ဆောင်ရွက်ခြင်း၊ အခန်း(၁၁)ငွေကြေး သို့မဟုတ် ကိုင်ဆောင်သူလွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအား နိုင်ငံဖြတ်ကျော်သယ်ယူပို့ဆောင်မှု၊ အခန်း(၁၂) တားမြစ်ချက်များ၊ အခန်း(၁၃)ပြစ်မှုနှင့်ပြစ်ဒ-ဏ်များ၊ အခန်း(၁၄)နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်းနှင့်စီမံ ခန့်ခွဲခြင်း၊ အခန်း(၁၅)နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အခန်း(၁၆) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးရန်ပုံငွေ၊ အခန်း(၁၇)အထွေထွေတို့ဖြစ်သည်။

၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွင် ပုဒ်မ ၁ မှ ပုဒ်မ ၈၈ အထိ ပြဋ္ဌာန်းထားပြီး ယင်းဥပဒေပုဒ်မ ၈၈ အရ ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေးဥပဒေ(ပြည်ထောင်စုလွှတ်တော်အမှတ်၁၁/၂၀၁၄)ကို ယခုဥပဒေဖြင့် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရ ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးကာ ပြဋ္ဌာန်းခြင်းဖြစ်သည်။

image

ရော်ဘာကုန်ကြမ်းများ အဆင့်မီစ္စာထုတ်လုပ်နိုင်ရေးနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအား ပူးပေါင်းဖြေရှင်းရန် ဆွေးနွေး

ရော်ဘာကုန်ကြမ်းများ အဆင့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအား ပူးပေါင်းဖြေရှင်းရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန် ကြီးဦးမောင်မောင်ဦးသည် ရော်ဘာစိုက်ပျိုးထုတ်လုပ် သောလုပ်ငန်းရှင်များနှင့် မတ်လ (၁၁) ရက်တွင် အစိုးရရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကုန်သည်ကြီးများနှင့် စက်မှုလ က်မှုလုပ်ငန်းရှင််များအသင်း( ARCCI ) မှ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းမောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းကြီးအတွင်း ရော်ဘာ စိုက်ဧကများမှ အိုလာပြီဖြစ်သည့် ရော်ဘာပင်များနေရာတွင် အစားထိုး တိုးချဲ့စိုက်ပျိုးရန်၊ ရော်ဘာကုန်ကြမ်းများ အဆင့်မီစွာထုတ်လုပ်နိုင်ရေးနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ပူးပေါင်းဖြေရှင်းရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

အင်္ဂပူနှင့် မြန်အောင်မြို့နယ်တွင် အချိန်အခါမဟုတ်လေပြင်းတို-က်ခတ်မှုကြောင့် လူနေအိမ် (၁၆)လုံး၊ စာသင်ကျောင်း (၃) ကျောင်းနှင့် ဂိုထောင်လွတ် (၂)လုံး ပျ-က်စီးဆုံးရှုံး

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စုနံကပ်ကြီးကျေးရွာတွင် မတ်လ (၁၁)ရက်၊ ညနေ (၆) နာရီခန့်က အချိန်အခါမဟုတ် လေပြင်းတို-က်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၇)လုံးနှင့် ဂိုထောင်လွတ်တစ်လုံး အမိုးလန်ပျ-က်စီးသွားခဲ့ကြောင်း သိရသည်။

အလားတူ မတ် (၁၁) ရက်၊ ညနေ ၆နာရီခွဲခန့်အချိန်တွင် မိုး ရွာသွန်ပြီး ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့် မြန်အောင်မြို့နယ်၊ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ အုန်းနှဲအင်းကျေးရွာတွင် နေအိမ်(၉)လုံး၊ စာသင်ကျောင်း(၃)လုံး၊ ဂိုဒေါင်အလွတ်(၁)လုံး အမိုးလန်/ပြိုကျ ပျ-က်စီးမှုဖြစ်ပွားခဲ့ကြော င်း သိရသည်။

အထက်ပါ ဖြစ်စဥ်များကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒ-ဏ်ရာခြင်းမရှိကြောင်းနှင့် ဒေသအာဏာပိုင်များမှ အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် စက်သုံးဆီရောင်းချပေးမည်

စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တ ကယ်လိုအပ်သူများအဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စက်သုံးဆီများအား QR Code ဖြင့် ရောင်းချပေးသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ မတ် ၁၁ ရက်ကအသိပေးခဲ့သည်။

စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ရက်အတွင်း (၂) ကြိမ်(သို့) (၃)ကြိမ်တန်းစီဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် QR Code အသုံးပြုရန်ဆောင်ရွက်ခြင်းဖြစ်ကာ ကားများအတွက် Wheel Tax ၏ Barcode ၊ ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြု၍ QR Code ထုတ်ပေးခြင်း၊ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းများဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်သည်။

ယင်း စနစ်များ၌ ကားများအတွက် Wheel Tax ရှိ Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကာ တစ်ရက်လျင် တစ်ကြိမ်သာဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။

ဆိုင်ကယ်များမှ Wheel Tax တွင် Barcode မပါ၍ အရောင်းဆိုင်တွင် QR Code များထုတ်ယူပြီး စက်သုံးဆီဝယ်ယူချိန်တိုင်းတွင် ယင်း QR Code ကိုပြသရမည်ဖြစ်ပြီး တစ်ရက်အတွင်း ၂ ကြိမ်(သို့) (၃)ကြိမ်ဝယ်ယူမှုမရှိစေရန် စနစ်မှအလိုအလျောက်စစ်ဆေးရောင်းချပေးသွားမည်ဖြစ်သည်။

ယင်း Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစတင် ၍ စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး စနစ်အားလိုအပ်သောစစ်ဆေးပြုပြင်မှုများဆောင်ရွက်ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။

image

မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့်နယ်ပယ်များကိုဆွေးနွေး

မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ် ထွန်းစေမည့်နယ်ပယ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူမားတို့ ယနေ့ မတ် ၁၁ ရက်က ဆွေးနွေးခဲ့ကြသည်။

မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံဆက်ဆံရေးပိုမိုမြှင့်တင်ရေး ၊ နှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့်နယ်ပယ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

image

တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၂)သိန်းခွဲဦးကျော်ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများတွင်လည်း (၃)ထောင်ဦးကျော်ဖြေဆို

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့ မတ် ၁၁ ရက်က နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးနှင့် နိုင်ငံခြားစာစစ်ဌာနများ၌ မြန်မာစာဘာသာရပ်အားစတင်ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူ (၂)သိန်းခွဲဦးကျော်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများတွင်လည်း (၃)ထောင်ဦးကျော်ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ခရိုင်(၁၀၅)ခရိုင်၊ မြို့နယ်(၂၆၆)မြို့နယ်ရှိ စာစစ်ဌာန (၈၈၇)ဌာန၌ မြန်မာစာဘာသာရပ်အား ကျောင်းသား (၁၀၄,၂၅၉)ဦး၊ ကျောင်းသူ(၁၅၀,၉၆၉)ဦး (စုစုပေါင်း ၂၅၅,၂၂၈ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့် ဖြေဆိုမှုမှာ (၉၄ ဒသမ ၉၇)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမွေးပွဲ၌ ခရိုင်(၄၁)ခရိုင်၊ မြို့နယ်(၅၀)ရှိ စာစစ်ဌာန(၅၃) ဌာနတွင် ကျောင်းသား(၁,၉၉၂)ဦး၊ ကျောင်းသူ (၁,၃၇၂)ဦး (စုစုပေါင်း ၃,၃၆၄ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့် ဖြေဆိုမှုမှာ (၉၉ ဒသမ ၃၅)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြေဆိုနေမှုများအား တိုင်းနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီး သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအဖွဲ့ဝင်များမှလည စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

image

ဒဂုံမြို့သစ်နှစ်မြို့နယ်၌ ယနေ့ မတ် ၁၁ ရက်ကယာဥ်တို-က်မှု(၂)ကြိမ်ဖြစ် (၁)ဦး‌ေ-သဆုံး(၃)ဦးဒ-ဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့၌ ယနေ့ မတ် ၁၁ ရက်က ယာဥ်တိုက်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ရတနာလမ်းတွင် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီးလူညပ်နေသဖြင့် သက်ဆိုင်ရာမီးသတ်တပ် ဖွဲ့ဝင်များကကူညီကယ်ဆယ်ခဲ့ကြပြီး ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦး‌ေ-သဆုံးခဲ့ပြီး အမျိုးသား(၂)ဦးတွင်လည်း ထိခို-က်ဒ-ဏ်ရာများ(စိုးရိမ်ရနှင့် မစိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖြူစင်နှလုံးသားပရဟိတအသင်း၊ ဘဘကြီးလူမှုကူညီရေးအသင်းနှင့် 5B လူမှုကူညီရေးအသင်းတို့မှ မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မွန်းတည့် ၁၂ နာရီ ၅၅ မိနစ်ခန့်ကလည်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးပေါ်တွင် ယာဉ်တို-က်မှုဖြစ်ပွားပြီး ကားခေါင်းခန်းအတွင်း၌ အမျိုးသား(၁)ဦးညပ်နေသဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များမှကူညီကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကယ်ဆယ်ခဲ့ကြပြီးနောက် ထိခို-က်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိထားသဖြင့် မြို့ဦးလုလင်ပရဟိတအသင်းမှ မြောက်ဥက္ကလာဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

မြန်မာစာဘာသာရပ်အား ဗဟန်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၄၁)ဦးဝင်ရောက်ဖြေဆို

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်အား ယနေ့ မတ် ၁၁ ရက်နံနက် ၉ နာရီကစတင်ကျင်းပရာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှ ကျောင်းသား ၊ ကျောင်းသူ(၇၄၁)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဗဟန်းမြို့နယ်မှ စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ(၇၇၄) ဦးရှိပြီး စာစစ်ဌာနအဖြစ် အ.ထ.က(၁)ဗဟန်းအားဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၇၄၁)ဦးဝင်ရောက်ဖြေဆိုခဲ့ကြပြီး (၃၃)လာရောက်ဖြေဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

မြို့နယ်တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရန်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

Photo-Ko Aung Myint

image

အီရန်ရေတပ်သားမျာ၏ အလောင်း ၈၄ ခုကို အီရန်သံရုံးကို လွှဲပေးမည်

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံ၏ ကမ်းလွန်ရေပြင်တွင် အီရန်စစ်သင်္ဘောတစ်စင်း တို-က်ခိုက်ခံရရာတွင် ‌ေ-သဆုံးခဲ့သော ရေတပ်သား ၈၄ ဦး၏ ရုပ်အလေ-ာင်းများကို အီရန်သံရုံးသို့လွှဲပြောင်းပေးရန် တရားရုံးက အမိန့်ချခဲ့သည်ဟု သီရိလင်္ကာဒေသတွင်း မီဒီယာများက ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့သည်။

စစ်သင်္ဘော အိုင်းရစ်ဒီနာ သည် အိန္ဒိယနိုင်ငံက စီစဉ်ပြုလုပ်သော ရေတပ်စစ်ရေးလေ့ကျင့်မှုမှ အပြန်တွင် အမေရိကန်တော်ပီဒိုထိမှန်ခဲ့ခြင်းဖြစ်သည်။ အမေရိကနှင့် အစ္စရေးတို့က အီရန်ကို စစ်ပွဲဆင်နွှဲနေချိန်တွင် ယင်း သို့ တို-က်ခိုက်ခဲ့ခြင်းဖြစ်သည်။

တောင်ပိုင်းဆိပ်ကမ်းမြို့ ဂဲလ်လီရှိ ဂဲလ်လီဆိပ်ကမ်းရဲတပ်ဖွဲ့၏ တောင်းဆိုချက်အရ တရားရုံးက ဗုဒ္ဓဟူးနေ့တွင် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံမီဒီယာများကို ကိုးကား၍ ရို-က်တာသတင်းက ဖော်ပြခဲ့သည်။ လက်ရှိတွင် အလောင်းများကို ဂဲလ်လီရှိ နိုင်ငံတော်ဆေးရုံ၏ ရင်ခွဲရုံ၌ ထားရှိသည်။

ထို့အပြင် အဆိုပါရေပြင်တွင်ပင် အင်ဂျင်ပိုင်းပြဿနာကြုံခဲ့သော ဒုအီရန်သင်္ဘောမှ သင်္ဘောသား ၂၀၈ ဦးကို လည်း သီရိလင်္ကာက ခေါ်ဆောင်ပေးခဲ့ကာ ရက် ၃၀ သက်တမ်း ရှိသောပြည်ဝင်ဗီဇာထုတ်ပေးခဲ့ကြောင်းလည်း ဒုတိယကာကွယ်ရေးဝန်ကြီး အေရူနာ ဂျာယာဆက်ကီရာက ရိုက်တာကို ပြောကြားခဲ့သည်။

သင်္ဘောသားများနှင့် ပတ်သက်၍ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနသည် ကိုလံဘိုရှိ အီရန်သံရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေပြီး သံရုံးသည် တေရန်နှင့် တိုင်ပင်ဆွေးနွေးနေကြောင်းလည်း ဂျာယာဆက်ကာရာက ပြောဆိုသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြခဲ့သည်။

“လာမယ့်ရက်အနည်းငယ်အတွင်း တေရန်ဆီက တုန့်ပြန်မှုတစ်ခုရလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: ဒီအိပ်ချ်

image