ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၁၅ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၂၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၅၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၄၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၈၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၈၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၄၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၄၂၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၉၅ ကျပ်
ဝယ်ဈေး - ၃၉၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၉၀ ကျပ်
ဝယ်ဈေး - ၃၀၁၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၉၀ ကျပ်
ဝယ်ဈေး - ၄၅၇၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၆.၅၈ ကျပ်
ဝယ်ဈေး - ၁၂၃.၄၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၃ ကျပ်
ဝယ်ဈေး - ၉၄၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၆ ကျပ်
ဝယ်ဈေး - ၅၅၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၆၅ ကျပ်
ဝယ်ဈေး - ၂၅.၀၂ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၁ ကျပ်
ဝယ်ဈေး - ၄၃.၀၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၁ ကျပ်
ဝယ်ဈေး - ၂.၆၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၄၀ ကျပ်
ဝယ်ဈေး - ၅၂၁၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၅၈ ကျပ်
ဝယ်ဈေး - ၂၅၉၃ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၀ ကျပ်
ဝယ်ဈေး - ၂၈၃၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၃ ကျပ်
ဝယ်ဈေး - ၅၀၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၈ ကျပ်
ဝယ်ဈေး - ၁၀၆၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
8 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*****************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
8 ပတ် - ဘာသာပြန်ပါ။

👀

image
8 ပတ် - ဘာသာပြန်ပါ။

👌

image

image

၅နှစ်တာကာလအတွင်းတစ်နိုင်ငံလုံးသစ်ပင်ပေါင်း၁၂၁ဒသမ၈၇သန်းစိုက်ပျိုးခဲ့
---------------

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိငါးနှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းမှာ သစ်ပင် ပေါင်း ၁၂၁ ဒသမ ၈၇ သန်း စိုက်ပျိုးပေးခဲ့တယ်လို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေသိရပါတယ်။
ဒီလိုစိုက်ပျိုးရာမှာမင်းဘူးခရိုင်တွင် ၂ ဒသမ ၇၅ သန်းကျော် စိုက်ပျိုးပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါအပြင်အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း သစ်ပင်စိုက်ပျိုးတဲ့လုပ်ငန်းတွေကို ၅ နှစ် စီမံချက်ရေးဆွဲပြီး အပင်ပေါင်း ၁၂ ဒသမ ၅ သန်းကျော် စိုက်ပျိုးသွားမှာဖြစ်ရာ ၂၀၂၆ ခုနှစ် မိုးရာသီမှာ မင်းဘူးခရိုင်အနေနဲ့အပင်ပေါင်းနှစ်သိန်းကျော် စိုက်ပျိုးနိုင်ဖို့ လျာထားဆောင်ရွက်နေတယ်လို့သိရပါတယ်။
မင်းဘူးခရိုင်ရဲ့သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှာ ၁၄ ဒသမ ၄၂ ရာခိုင် နှုန်း ရှိရာမှ ၂၀၂၅ ခုနှစ်မှာ ၁၅ ဒသမ ၆၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။
မင်းဘူးမြို့ဟာ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အပူချိန်အမြင့်မားဆုံး ၁၅ မြို့စာရင်းမှာ ပါဝင်တာဖြစ်တဲ့အပြင်နှစ်စဉ်ပျမ်းမျှမိုးရေချိန်မှာလည်း လက်မ ၄၀ အောက်သာရှိတယ်လို့သိရပါတယ်။
အခုအခါ မင်းဘူးမြို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ သစ်ပင်စိုက်ပွဲတွေ၊သစ်တောစိုက်ခင်းတွေထူထောင်တာတွေ၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်တာတွေ၊ သဘာဝတောထိန်းသိမ်းတာတွေ၊ကျေးရွာသုံးထင်းစိုက်ခင်းနဲ့ တစ်ရွာနှစ်ဧကဘက်စုံသုံးစိုက်ခင်း တည်ထောင်တာတွေကိုပိုပြီးဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

image

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ်နိုင်ငံတကာ ဖိုရမ်သို့ တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဟာ ဒီဇင်ဘာ(၁၂)ရက်နေ့ကတာ့ခ်မင်နစ္စတန် နိုင်ငံ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင် နစ္စတန် ကွန်ဂရက်စင်တာမှာ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာ ဖိုရမ်ကိုတက်ရောက်ပါတယ်။
အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ်ကတာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ အမြဲတမ်းကြားနေ မူဝါဒနှစ် (၃၀)ပြည့်အထိမ်းအမှတ်ဂုဏ်ပြုပန်းစည်းချ အခမ်းအနားသို့ ဖိတ်ကြား ထားတဲ့ နိုင်ငံတကာမှ ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်း အသီးသီး မှ ကိုယ်စားလှယ်ခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ဧည့်သည် တော်တွေနဲ့ အတူ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အခမ်းအနားမှာ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတ Mr. Serdar Berdimuhamedov က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ် ဆက်ပြီး တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒနှစ်(၃၀)ပြည့်အထိမ်း အမှတ်အဖြစ် ပန်းစည်းချ ဂုဏ်ပြုကြပါတယ်။
အဲဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အခမ်းအနားကိုတက်ရောက်လာကြတဲ့ နိုင်ငံတကာမှ ခေါင်းဆောင်တွေဟာ တာ့ခ်မင်နစ္စတန်ကွန်ဂရက်စင်တာ ဧည့်ခန်းမမှာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြတယ်လို့သိရပါတယ်။
အဲဒီနောက် ဖိုရမ်အခမ်းအနားကို ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု-“စဉ်ဆက်မပြတ် သော အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်များပေါင်းစည်းခြင်း” ခေါင်းစဉ်နဲ့ကျင်းပ ရာ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Mr.Serdar Berdimuhamedov က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးနိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုမိန့်ခွန်းပြောကြားရာမှာ အခုကျင်းပတဲ့ အထိမ်းအမှတ်ဖိုရမ်အခမ်းအနားဟာ တာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ အမြဲတမ်းကြားနေ မူဝါဒ နှစ်၃၀ ပြည့် အထိမ်းအမှတ်အခါသမယနဲ့လည်းတိုက်ဆိုင်နေတဲ့အတွက်ထူးခြားအရေးပါတဲ့အခမ်းအနားတစ်ခုဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ကို ကိုင်စွဲကျင့်သုံးလျက်ရှိမှု အခြေအနေတွေ၊ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ နဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ခဲ့ရတဲ့အခါမှာနိုင်ငံတကာအသိုက်အဝန်းမှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေတွေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက်ပြင်ဆင်ဆောင်ရွက်နေမှုနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ကြားထားတဲ့ အခြေအနေတွေကိုဆွေးနွေးပြောကြားပြီး တာ့ခ်မင်နစ္စတန် နိုင်ငံကတည့်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောဟာဒီဇင်ဘာလ(၁၀)ရက်နေ့ကအီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့သံတမန်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်တွေကို ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး အခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း နိုင်ငံတကာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

image

ဆန္ဒမဲပေးခြင်း၊ မပေးခြင်း မဲဆန္ဒရှင်၏ဆန္ဒသာဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒသာဖြစ်ပြီး တာဝန်ရှိသူ များအနေဖြင့် မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၁၁ ရက်) က ရန်ကုန်တိုင်းအတွင်းရှိ တိုင်းနှင့်ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်၎င်းက ထိုသို့ပြောခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရွေးကောက်ပွဲကို ရာနှုန်းပြည့်အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်သွားရန်လို အပ်ပြီး မဲပေးခွင့်ရှိသူအားလုံးမဲပေးခွင့်ရနိုင်ရေးနှင့် မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
ရွေးကောက်ပွဲမဲစာရင်းများနှင့်ပတ်သက်၍ ရာနှုန်းပြည့်မှန်ကန်နိုင်မည်မဟုတ်သော်လည်း အတတ်နိုင် ဆုံး မှန်ကန်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး မဲစာရင်းမှားယွင်းမှုများမရှိရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကပြောသည်။
အထွေထွေရွေးကောက်ပွဲအပိုင်း(၁) ကို ယခုလဒီဇင်ဘာ ၂၈ ရက်နှင့် အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တို့တွင် အသီးသီးကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
ရွေးကောက်ပွဲကျင်းပပြီးပါက လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရထံ နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လကုန်တွင် အစိုးရအဖွဲ့အပြောင်းအလဲများဖြစ်ပေါ်လာ မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

image

ပြည်တွင်း၌တရားမဝင်နေထိုင်သူတစ်ဦးနှင့် တရားခံပြေးသုံးဦးကိုထိုင်းနိုင်ငံပြန်ပို့

ပြည်တွင်း၌တရားမဝင်နေထိုင်နေသည့်ထိုင်းနိုင်ငံသားတစ်ဦးနှင့် မူးယစ်ဆေးဝါးမှုဖြင့် တိမ်းရှောင်နေသည့်တရားခံပြေးသုံးဦးကိုဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ပြန်ပို့ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၁၂ ရက်)တွင်ထုတ်ပြန် သည်။
ဖမ်းဆီးရမိသူများမှာ ထိုင်းနိုင်ငံမှမူးယစ်အမှုဖြင့်အလိုရှိသည့် တရားခံပြေးသုံးဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးတို့ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့(ONC သည် မြန်မာနိုင်ငံမူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC)ထံသို့ ထိုင်းနိုင်ငံ အတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် Mr. Phonchana Phongthong(2) Toon (o ( Mrs. Tharuda Puangngenio) Ning (ထနိဒါးဖုံးငင်း (ခ) နန်း) နှင့် Mr. Wi Rat Jagu Dem(ဝီလတ်ထောင်းဗုဒွမ်)တို့ သုံးဦးကို ဖမ်းဆီးပေးရန် သတင်းပို့ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှစုံစမ်းဖော်ထုတ်ခဲ့ရာ (နိုဝင်ဘာ ၁၃ ရက်) တွင် တာချီလိတ်မြို့၊ ကျောက်ရပ်ကွက်၌ Mr. Phonchana Phongthongla) Toon & Mrs. Thanida Puangngern (ခ) Ning တို့ကိုဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်တွင် မိုင်းတုံမြို့နားကောင်းမူကျေးရွာ၌ Mr. Wi Rat Taou Dom အားထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါသုံးဦးနှင့်အတူ ပြီးခဲ့သည့်စက်တင်ဘာ ၁၆ ရက်တွင် တာချီလိတ်မြို့ရန်အောင်မြေရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ဝင်ရောက်နေထိုင်သူထိုင်းနိုင်ငံသား Mr. Chaint Phucharoen ကိုလည်း နှစ်နိုင်ငံတည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးနားလည်မှုစာချွန်လွှာအရ ယမန်နေ့(ဒီဇင်ဘာ ၁၁ ရက်)နံနက်ပိုင်းတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)၌ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဖက် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နယ်စပ်ဖြတ်ကျော်မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့်တရားခံ ပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီးလွှဲပြောင်းပေးခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

image

စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ဗဟိုဘဏ် ထုတ်ရောင်း ကုမ္ပဏီများထံမှ ဝယ်ယူထား

CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများထဲက စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၁၅၂၇၆၂ ဒေါ်လာကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီဇင်ဘာ ၁၀ရက်တွင် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
FX Trading တွင် ဆောက်လုပ်ရေးပစ္စည်း၊ အလူမီနီယံ၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩ ဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ၊ကား၊ ဆိုင်ကယ် အပိုပစ္စည်း၊ထုပ်ပိုးမှု ပစ္စည်း၊ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊စားသုံးကုန်စည် တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေ ဝယ်ယူ ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများထံသို့ အမေရိကန်ဒေါ်လာများ မကြာခဏ ထုတ်ရောင်းပေးလေ့ရှိပြီး ဒီဇင်ဘာလ ၁၀ ရက် F တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းကို၃၆၄၈ ကျပ်ဖြင့် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်း သိရသည်။

image