ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။
ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

image

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။
အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်း ဝ၁-၆၅၃၅ဝ၉ သို့ ဇွန် ၂၈ ရက်တွင်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

image

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။
အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့် ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍမှ ၈ ရာခိုင်နှုန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များမှ ၉ ရာခိုင်နှုန်း၊ စားသုံးကုန်စည်နှင့် ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍများမှ ၂ ရာခိုင်နှုန်းစီ၊ ထုတ်ပိုးမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် စက္ကူကဏ္ဍများမှ ၁ ရာခိုင်နှုန်းစီ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိသည့် အဓိကကုန်စည်များ တင်သွင်းနိုင်ရေးအတွက် နိုင်ငံခြားငွေများကို ဦးစားပေးခွဲဝေပေးလျက်ရှိကြောင်း သိရသည်။

image

ဟုမ္မလင်းမြို့တွင် ရေကြီးရေလျှံမှုအန္တရာယ်မှကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ရေကြီးရေလျှံမှုအန္တ ရာယ်မှကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဇွန် ၂၄ ရက်နံနက် ၁၀ နာရီကပြုလုပ်ပြီး ရေကြီးရေလျှံမှုဘေးအန္တရာယ်မှကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များနှင့် သဘာဝဘေးအန္တ ရာယ်ဖြစ်ပေါ်လာက ဆောင်ရွက်ရန်လုပ်ငန်းစဥ်များအားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်းမြို့ရှိ ချင်းတွင်းမြစ်ရေသည် မိုးဇလ၏ ယ နေ့ ဇွန် ၂၄ ရက်မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ မြို့၏ စိုးရိမ်ရေမှတ်အောက်(၂)ပေခွဲကျော်တွင်ရောက်ရှိနေရာမှ လာမည့် ၃၆ နာရီအတွင်းစိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဟုမ္မလင်းမြို့နယ်ရှိ မြစ်ကမ်းအနီးနှင့် မြေ နိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလကသတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

image

အမျိုးသားစာပေတစ်သက်တာဆုရှင် သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ ကွယ်လွန်

သမိုင်းမှတ်တမ်းများအပါအဝင် အဖိုးတန်စာပေလက်ရာများစွာကို ရေးသားခဲ့သည့် အမျိုးသားစာပေဆုရှင်၊ အမျိုးသားစာပေတစ်သက်တာဆုရှင်၊ စည်သူ၊ အလင်္ကာကျော်စွာ သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ သည် ဇွန် ၂၄ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူသည် ကွယ်လွန်ချိန်တွင် အသက် (၉၄) နှစ်ရှိပြီဖြစ်ပြီး သတင်းစာပေ၊ သမိုင်းသုတေသနနှင့် စာပေလောကတွင် ထင်ရှားသော လက်ရာများစွာကို ဖန်တီးရေးသားခဲ့သူဖြစ်သည်။
ထို့ပြင် လူငယ်မျိုးဆက်များအား စာပေတန်ဖိုးများနှင့် မှန်ကန်သော သမိုင်းမှတ်တမ်းများကို မျှဝေပေးရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စာရေးဆရာကြီးတစ်ဦးအဖြစ်လည်း စာပေလောကမှ အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။

image

နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးနှင့် အာဆီယံ–အိန္ဒိယ စီးပွားရေးစင်္ကြံစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် အိန္ဒိယသံအမတ်ကြီး ဆွေးနွေး

ဒုတိယသမ္မတ ဦးညိုစောသည် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးနှင့် အာဆီယံ–အိန္ဒိယ စီးပွားရေးစင်္ကြံကို အထောက်အကူပြုမည့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကုန်သွယ်မှု ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ဘဏ်လုပ်ငန်းစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေးအပါအဝင် ဘက်စုံကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

မိုးကုတ်မြို့မှ ပျ*က်စီး/ပျေ-ာက်ဆုံးခဲ့သည့် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာပစ္စည်းများကို ပြန်လည်အစားထိုးပြု ပြင်တပ်ဆင်နေ

မိုးကုတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြန်လည်ရ ရှိရေးအတွက် ပျ-က်စီး/ပျေ-ာက်ဆုံးခဲ့သည့် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာပစ္စည်းများကို ပြန်လည်အစားထိုးပြုပြင်တပ်ဆင်လျက်ရှိကြောင်း သိရသည်။
MESC (ရုံးချုပ်)အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာမှူးဦး‌ ဆောင်သည့်အဖွဲ့နှင့် ပြင်ဦးလွင်ခရိုင်လျှပ်စစ်အင်ဂျင် နီယာအဖွဲ့တို့က မိုးကုတ်မြို့နယ်ရှိ 66/33/11kV (30+1 MVA မိုးကုတ်ဓာတ်အားခွဲရုံ(နန်းနွဲ့)နှင့် 33/11kV (5) MVA မင်းတံတားဓာတ်အားခွဲရုံ(၂)တို့မှ ပျ-က်စီး/ပျေ-ာက်ဆုံးခဲ့သည့် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာပ စ္စည်းကိရိယာများကို ပြန်လည်အစားထိုးပြင်ဆင်ပြုပြင်လျက်ရှိကြောင်း သိရသည်။

image

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယမန်နေ့ က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မပျက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး၊ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့်ဥပဒေရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများဖလှယ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် အိန္ဒိယသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

image

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဉီးမျိုးသန့် တိုက်တွန်း

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည်
ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကို ဇွန် ၂၄ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် နိုင်ငံပိုင်ရုံးအဆောက်အဦးများ၊ အထူးအဆောက်အဦးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးစေရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့် လုပ်ငန်းပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများရှိပါက သက်ဆိုင်ရာဌာနများနှင့် အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းနောက် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသူများက ငလျင်ကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
တင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ငလျင်ဒ-ဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီပြီးစီးစေရေးအတွက် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့သည်။

image
9 w - Translate

ရန်ကုန်ဆင်ခြေဖုံးရှိ အောင်ခေတ်မီး ဆန်စက်တွင် ဆန်စက်များ၏ ဟိန်းဟောက်သံများသည် မိုးလင်းမှ ညနေချမ်းအထိ ဆက်လက်ထွက်ပေါ်နေပြီး ယခင်ကကဲ့သို့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများတွင် တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိတော့ပါ။ ကြာမြင့်စွာကတည်းက မြန်မာနိုင်ငံရှိ ကျေးလက်စက်ရုံအများစုသည် တစ်နေ့လျှင် ၄-၆ နာရီသာ ဓာတ်အားလိုင်းမှ ရရှိခဲ့ကြသည်။ ဆန်စက်၏ လျှပ်စစ်ဓာတ်အားဝန်ထုပ်ဝန်ပိုး၏ ၇၀% ကို ကြိတ်ခွဲခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းအတွက် မော်တာတပ်ထားသော စက်ကိရိယာများတွင် အာရုံစိုက်ခဲ့သည်။ လျှပ်စစ်ဓာတ်အား မတည်ငြိမ်မှုကြောင့် ထုတ်လုပ်မှု နှေးကွေးသွားရုံသာမက ဆန်များ စိုစွတ်ပြီး မှိုတက်ကာ လယ်သမားများစွာအတွက် နှစ်စဉ်ရိတ်သိမ်းမှုကို လျော့ကျစေခဲ့သည်။

တရုတ်နှင့် မြန်မာနိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အားနည်းသော ဓာတ်အားလိုင်းအခြေအနေများအတွက် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ထားသော စီးပွားဖြစ်နှင့် စက်မှုလုပ်ငန်းသုံး နေရောင်ခြည်စွမ်းအင်သုံး သိုလှောင်မှု ဖြေရှင်းချက်များကို ဒေသခံ စိုက်ပျိုးရေးစက်ရုံများက လက်ခံကျင့်သုံးလာကြသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေအနေများအတွက် အထူးပြုလုပ်ထားသော ဤစနစ်သည် inductive load လိုက်လျောညီထွေဖြစ်အောင် ၈၀% အထိ ပံ့ပိုးပေးနိုင်သည်။ ၅၀kW ယူနစ်တစ်ခုသည် ဆန်စက်ကိရိယာတစ်ခုလုံးကို တည်ငြိမ်စွာ လည်ပတ်နိုင်သောကြောင့် ကနဦးရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်များကို သိသိသာသာ လျှော့ချပေးနိုင်သည်။ ယခုအခါ ဆန်စက်၏ လျှပ်စစ်ဓာတ်အားကုန်ကျစရိတ်သည် ၄၀% နီးပါး ကျဆင်းသွားပြီး ထုတ်လုပ်မှုထိန်းသိမ်းရန် ဈေးကြီးသော ဒီဇယ်ဂျင်နရေတာများကို မှီခိုရန် မလိုအပ်တော့ပါ။ စက်ရုံမန်နေဂျာသည် နောက်ဆုံးတွင် ကြီးမားသော ပို့ကုန်မှာယူမှုများကို ယုံကြည်စိတ်ချစွာ လက်ခံနိုင်ခဲ့ပြီး အနီးတစ်ဝိုက်ရှိ ရွာပေါင်း ဆယ်ဂဏန်းခန့်တွင် ဆန်ဝယ်ယူမှုဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ မြန်မာအစိုးရသည် နေရောင်ခြည်စွမ်းအင်ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးရန် အပြင်းအထန် မြှင့်တင်လာသည်နှင့်အမျှ တရုတ်စိမ်းလန်းသောစွမ်းအင်နည်းပညာများသည် ကျေးလက်ဒေသများသို့ ပိုမိုဝင်ရောက်လာပါသည်။ ၎င်းသည် စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ထုတ်လုပ်ရေးတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုပြဿနာကို ဖြေရှင်းပေးရုံသာမက ဒေသခံလယ်သမားများ၏ အိတ်ကပ်ကို ဖြည့်ဆည်းပေးခဲ့ပြီး ၎င်းတို့၏ ရွှေရောင်စပါးခင်းများတွင် တည်ငြိမ်သောဝင်ငွေတိုးတက်မှုကို ယူဆောင်လာပေးခဲ့သည်။