9 ပတ် - ဘာသာပြန်ပါ။

ဖေဖော်ဝါရီလကစပြီး ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မယ်

ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်တွေအတွက် ရထားလက်မှတ်ကို လာမယ့် ဖေဖော်ဝါရီလ ကစပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
ရထားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူနိုင်မယ့် အစီအစဥ်ကို ပထမဆုံးစတင်မှာ ဖြစ်တာကြောင့် Pilot Project အဖြစ် အမှတ် ၁၁ အဆန် နဲ့ ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဉ်တွေ ဖြစ်တဲ့ အမှတ် ၇ အဆန် နဲ့ ၈အစုန် ရထား ၊ အမှတ် ၃၁ အဆန် နဲ့ ၃၂အစုန် ရထားခရီးစဥ်အတွက်သာ အွန်လိုင်းကနေ လက်မှတ်ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ အွန်လိုင်းကနေ လက်မှတ်ရောင်းချနိုင်ဖို့အတွက် အဆင့်ဆင့် စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ၊ လတ်တလောမှာ အက်ပလီကေးရှင်းက အဆင်မပြေသေးတဲ့ အတွက် ဝက်ဆိုက်ဘ်ကနေတဆင့်သာ လက်မှတ်ဝယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
" အကြမ်းဖျင်းမှန်းထားတာတော့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ အွန်လိုင်းကနေ ဘွတ်ကင်စပေးမယ် ။ ဝက်ဆိုက်ဘ်လင့်ခ်တခု ကြေငြာပေးမယ်။ လောလောဆယ် အက်ပလီကေးရှင်းမလုပ်နိုင်သေးတော့ အဲဒီလင့်ခ်ထဲဝင်လိုက်ရင် မီးရထားစာမျက်နာပေါ်လာမယ် ။အဲဒီမှာမှ အဆင့်ဆင့်တွေ လုပ်ရမှာပေါ့။ဒီမှာလည်း ဝန်ထမ်းတွေကို သင်တန်းပေးနေတယ်။အခုက အွန်လိုင်းကနေ လက်မှတ်ဖြတ်တဲ့အခါ ဘာတွေပြဿနာတွေဖြစ်နိုင်မလဲဆိုတာ ဖြစ်နိုင်တာတွေကို သေချာစစ်နေတုန်းပဲ ။ပြီးတော့ အွန်လိုင်းကနေ လက်မှတ်ဖြတ်ပြီး ဘူတာမှာ လက်မှတ်ပြန်လဲရမယ့် အခြေအနေတွေ အစရှိသဖြင့်ပေါ့ ။ " လို့ မြန်မာ့မီးရထားဌာန ၊ ရန်ကုန်တိုင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရထားလက်မှတ်ကိုသာ အွန်လိုင်းကနေ ရောင်းချနိုင်ပါက လက်မှတ်မှောင်ခိုစျေးကွက်နဲ့ အချိန်ပေးပြီး ဘူတာရုံကိုသွားရောက်ကာ လက်မှတ်ဖြတ်ရတဲ့ အခြေအနေတွေကို ဖြေရှင်းပြီးသား ဖြစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
" အွန်လိုင်းကနေသာ လက်မှတ်ဝယ်လို့ရပြီဆိုရင် ကားအစား ရထားပဲ ပြောင်းစီးတော့မယ် ။ ရထားကအဆင်ပြေတယ်။ အပေါ့အပါးအတွက်လည်း ပူစရာမလိုဘူး ။ နေရထိုင်ရတာလည်း လွတ်လပ်တယ်။ အခုက လက်မှတ်ဖြတ်ရတာ တကူးတကကြီး သွားပြီး တန်းစီဖြတ်တာတောင် ရမရ မသေချာလို့ မစီးဖြစ်တာ ။ ပြီးတော့ ရထားပေါ် လုံခြုံရေးလည်း သေချာလေးလုပ်ပေးစေချင်တယ်။ သူခိုးတွေက ပေါတယ် ။ " လို့ ပြည်သူတယောက်က ပြောပါတယ်။
ကနဦး သိရှိချက်အရတော့ အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်ယူတဲ့အခါ ခရီးစဉ်အစအဆုံး ဘူတာအတွက်ဆိုရင် ၇ ရက် ကြိုတင် ဝယ်ယူခြင်း ၊ ကြားဘူတာအတွက်ဆိုရင် ၃ ရက် ကြိုတင်ပြီး ဝယ်ယူနိုင်ကြောင်း နဲ့ အွန်လိုင်းကနေ ဝယ်ယူထားတဲ့ ရထားလက်မှတ် e-Receipt ကိုတော့ ရထားမထွက်ခွာမှီ ၁ နာရီအလိုမှာ ကြိုတင်ပြီး သက်ဆိုင်ရာဘူတာရုံ ကောင်တာမှာ လဲလှယ်ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်မှတ် ဝယ်ယူရာမှာ အသက် ၃ နှစ်အောက် ကလေးသူငယ်ကလွဲပြီး ရထားစီးနင်းသူအားလုံး လက်မှတ်ဝယ်ယူရမှာ ဖြစ်ကြောင်း ၊ လက်မှတ်ဝယ်ယူစဉ် ဖြည့်သွင်းခဲ့တဲ့ အမည်၊ နိုင်ငံသား မှတ်ပုံတင်အမှတ် ကိုင်ဆောင်သူသာ ရထားလိုက်ပါ စီးနင်းခွင့်ရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။
အွန်လိုင်းကနေ ဝယ်ယူထားတဲ့ လက်မှတ်ကို ဝယ်ယူထားတဲ့ နေ့၊ ဝယ်ယူထားတဲ့ ရထားမှာသာ စီးနင်းခွင့်ရှိပြီး ဝယ်ယူထားပြီး မသွားဖြစ်တဲ့ ခရီးစဉ်အတွက် လက်မှတ်ခငွေ ပြန်လည်အမ်းပေးမှာ မဟုတ်ဘူးလို့ စည်းကမ်းသတ်မှတ်ချက်အရ သိရပါတယ် ။
အွန်လိုင်းကနေ လက်မှတ်ဝယ်ယူတဲ့အခါ လက်မှတ်ဝယ်ယူခြင်း ဝန်ဆောင်ခ (Service Fee) အပြင် ဘဏ် ငွေကြေးဝန်ဆောင်ခ (Bank Transaction Fee) ကိုပါ ခရီးသည်ဘက်က ပေးဆောင်ရမှာ ဖြစ်တယ်လို့ လည်းစည်းကမ်းသတ်မှတ်ထားပါတယ် ။

image
9 ပတ် - ဘာသာပြန်ပါ။

ပို့ကုန်ရငွေဖြေလျှောမှုနဲ့အတူ ပဲအဝင်နည်းလို့ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးကွက်ဆက်တိုက်မြင့်တက်လာ

ပြည်ပပို့ကုန် ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီက စျေးနူန်း ဆက်တိုက်မြင့်တက်လာပြီး အရောင်းအဝယ် သွက်နေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ် စျေးနူန်းနဲ့ ကျပ်ငွေလဲလှယ်မှုကနေ ၁၅ ရာခိုင်နူန်းကိုသာ ကျပ်ငွေလဲလှယ်ဖို့ ဖြေလျှော့သတ်မှတ်ပြီး နောက်ပိုင်းကစလို့ ပြည်တွင်းပဲစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးနူန်း ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင် လက်ရှိကာလက ဆောင်းမတ်ပဲအသစ်နဲ့ ပဲစဥ်းငုံနီအသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်မှု နည်းပြီး ပြည်တွင်းရှိ လှောင်လက် ကုန်သည်နဲ့ ​ပြည်ပက ဝယ်လိုအား ရှိနေတာကြောင့်လည်း စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
" ပို့ကုန်ရငွေကို ကျပ်ငွေလဲလှယ်ရတဲ့ ပမာဏကို လျှော့ချပေးတော့ ကုန်သည်တွေလည်း စျေးကောင်းပိုပေးပြီး ဝယ်နိုင်လာတဲ့ သဘောရှိတယ်။ ကုန်သည်တွေရဲ့ အကျိုးအမြတ်ထဲကနေလည်း သုံးလာတာပေါ့ ။စျေးကတော့ ပို့ကုန်ရငွေ ဖြေလျှော့ပြီးကတည်းက တက်လာတာ ။ခုရက်ပိုင်းတော့ နည်းနည်းအေးတယ်။ တက်လိုက် အေးလိုက်ဖြစ်နေတယ်။ ပြည်ပကလည်း အဝယ်ရှိနေပါတယ်။အခုက ပဲတွေက အဝင်လည်းနည်းသေးတယ်။ ပဲစဥ်းငုံဆိုရင် အထွက်နူန်းနည်းတယ် ဘာညာသိရတာလည်းရှိတယ်။ " လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်း အကြံပေး ဦးစိုးဝင်းမောင်က ပြောပါတယ်။
လက်ရှိမှာ မတ်ပဲ FAQ တတန်ကို နှစ်ဆယ့်ရှစ်သိန်းခုနှစ်သောင်းငါးထောင် ကျပ်စျေးရှိပြီး ​ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်) တတန်ကို နှစ်ဆယ့်ကိုးသိန်းတသောင်းကျပ် ရှိပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ်မှာ ထွက်ရှိတဲ့ ပဲစဥ်းငုံနီ အသစ်ကတော့ တတန်ကို ကျပ်သိန်းသုံးဆယ်သုံးသောင်းခုနှစ်ထောင်ကျပ် ရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၇ ရက်ကဆိုရင် မတ်ပဲ FAQ တတန်ကို နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်းခုနှစ်ထောင် ကျပ်စျေးရှိပြီး ​ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်) တတန်ကို နှစ်ဆယ့်ခြောက်သိန်းငါးသောင်းကျပ်သာ ရှိခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိတဲ့ ပဲစဥ်းငုံနီ အသစ်က တတန်ကို နှစ်ဆယ့်ခုနှစ်သိန်းရှစ်သောင်းကျပ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ပို့ကုန်ရငွေဖြေလျှော့မှုအပြီး ၁၇ ရက်လောက်အတွင်းမှာ မတ်ပဲတတန်ကို တသိန်းလေးသောင်းကျပ်လောက် စျေးတက်လာတာ ဖြစ်ပါတယ်။
အလားတူ ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်)ကလည်း တတန်ကို နှစ်သိန်းခြောက်သောင်းကျပ်လောက် စျေးနူန်းတက်လာပြီး ၂၀၂၆ ခုနှစ်ထွက် ပဲစဥ်းငုံနီ အသစ်ကလည်း တတန်ကို နှစ်သိန်းငါးသောင်းကျပ်ကျော် မြင့်တက်လာပါတယ်။
" အဓိက ပို့ကုန်ရငွေ ဖြေလျှော့မှုနဲ့ ပဲတွေ လှိုင်လှိုင်မပေါ်သေးတာကြောင့်ပါ ။ ခုထိပွဲရုံတွေကို ပဲအဝင်နည်းနေသေးတယ်။ ရှေ့လ ဖေဖော်ဝါရီ နဲ့ မတ်လောက်ရောက်မှ နေရာစုံပေါ်မှာ။ အခုကနည်းသေးတယ် ။ ပဲကတော့ လှောင်လက်သမားတွေလည်း လှုပ်လာတယ်။ အိန္ဒိကလည်း ဝယ်နေတယ်။ဆိုတော့ အဝယ်က ရှိနေပြီး ပဲကအဝင်နည်းတော့စျေးတက်လာတာ။ " လို့ ဟင်္သာတကုန်စည်ဒိုင်က တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိမှာ စျေးကွက်ထဲကို ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရန်ကုန်က စတင်ထွက် ထွက်ရှိတဲ့ မတ်ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုရှိနေပြီး ပဲစဥ်းငုံကတော့ အညာဒေသဖြစ်တဲ့ မန္တလေးတိုင်းအတွင်း ဒေသတွေကနေ ထွက်ရှိတဲ့ ပဲစဥ်းငုံတွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။
မကွေးတိုင်းမှာတော့ ပဲစဥ်းငုံတွေကို မကြာခင်ရိတ်သိမ်းရတော့မှာ ဖြစ်ပြီး မတ်ပဲနဲ့ ပဲစဥ်းငုံဟာ ဖေဖော်ဝါရီ နဲ့ မတ်လမှာ နေရာဒေသအစုံ ရိတ်သိမ်းခြွေလှေ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုနှစ်ဆောင်းရာသီမှာ မတ်ပဲနဲ့ ပဲစဥ်းငုံ စိုက်ပျိုးမှုနဲ့ ရိတ်သိမ်းခြွေလှေ့မှု ကုန်ကျစရိတ်တွေ မြင့်တဲ့လာအတွက် တတင်းကို အနည်းဆုံး ၁ သိန်းကျပ်အထက်ရရှိဖို့ လိုအပ်ကြောင်း တောင်သူတွေက ဆိုကြပါတယ်။
လက်ရှိမှာ မတ်ပဲ နဲ့ ပဲစဥ်းငုံနီကို ပြည်ပတင်ပို့မှု အနေနဲ့ အိန္ဒိယနိုင်ငံကိုသာ အဓိက တန်ချိန်အများဆုံးတင်ပို့မှုရှိနေပြီး နှစ်နိုင်ငံ MOU ရေးထိုးထားတဲ့ မတ်ပဲ နဲ့ ပဲစဥ်းငုံကို အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့လွတ်လပ်စွာတင်သွင်းခွင့်ကတော့ လာမယ့် မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီအတွက် MOU သက်တမ်းထပ်တိုးရေးနဲ့ တင်ပို့နိုင်မယ့် မတ်ပဲနဲ့ ပဲစဥ်းငုံနီ တန်ချိန်ပမာဏကိုပါ တိုးမြှင့်ဖို့အတွက် နှစ်နိုင်ငံ အစိုးရက ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

စစ်သုံ့ပန်း ၅၀၀ ကျော်ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ ပြန်လွှတ်

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ က သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၅၀၀ ကိုမနေ့က ပြန်လွှတ်ပေးလိုက်ပါ တယ်။
တရုတ်ရိုးရာ “တာကျောင်းမဟာပူဇော်ပွဲ” ကာလအတွင်း လူသားချင်း စာနာမှုအရ အခုလို လွှတ်ပေးလိုက်တာလို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အစိုးရထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို ပြန်ပို့ပေးမယ်လို့ သိရပါတယ်။
“လွှတ်တဲ့အထဲပါတဲ့သူတွေတော့ ဖုန်းဆက်လာကြတယ်။ ကျွန်မတို့အိမ်ကတော့ ပါမပါ မသိသေးဘူး။ အဆက်အသွယ် မရသေးဘူး” လို့ စစ်သုံ့ပန်း မိသားစုဝင်တယောက်က ပြောပါတယ်။
စစ်သုံ့ပန်း ၅၀၀ အပြင် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြသနိုင်သူ အကျဉ်းသား ကိုးယောက်နဲ့ အခြားအကျဉ်းသား ၄၉ ယောက်ကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
အခုလ ၁၅ ရက်နေ့တုန်းကလည်း စစ်သုံ့ပန်း ၈၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
ကိုးကန့်တပ်ဖွဲ့လိုပဲ တအာင်း (ပလောင်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ TNLA ကလည်း သူတို့ရဲ့ ၆၃ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ မှာ စစ်သုံ့ပန်း ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
“ပလောင်က လွှတ်ပေးတဲ့အဖွဲ့တွေလည်း လားရှိုး ရောက်လာပြီ။ မိသား စုတွေတော့ အဆက်အသွယ်ရကြတယ်။ ကျန်တဲ့သူတွေလည်း ထပ်လွှတ် မယ်လို့တော့ ကြားတယ်” ဟု လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်း TNLA နဲ့ MNDAA တပ်ဖွဲ့တွေ ရဲ့ မြို့သိမ်းတိုက်ပွဲများ အတွင်းမှာ အစိုးရတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးလို့ အစိုးရတပ်နဲ့ TNLA၊ MNDAA တပ်ဖွဲ့ တွေ အပစ်အခတ်ရပ်စဲပြီးနောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဘက်က သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို မကြာခဏဆိုသလို ပြန်လွှတ် ပေးနေတာဖြစ်ပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

🤓

image
9 ပတ် - ဘာသာပြန်ပါ။

ဘွန်ဒက်စ်လီဂါ ၂၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း အဆုံးသတ်လာတဲ့ ဘိုင်ယန်မြူးနစ်
===================

ဘိုင်ယန်မြူးနစ်ဟာ စနေနေ့ညတုန်းက Allianz Arena ကွင်းတွင် ရုန်းကန်နေရတဲ့ အော့ဘတ်ကို အံ့ဩသင့်ဖွယ် ရှုံးနိမ့်ကာ ဘွန်ဒက်စ်လီဂါ ၂၇ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း အဆုံးသတ်သွားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဂျပန်နောက်ခံလူဟီရိုကီအိုင်တိုရဲ့ အိုလစ်ရဲ့ ထောင့်ကန်ဘောမှ တဆင့်ခေါင်းတိုက်ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အော့ဘတ်ဟာ ပွဲပြီးခါနီး ၁၅ မိနစ်အတွင်းမှာ သွင်းယူတဲ့ အာသာချာဗက်စ်နဲ့ မက်စ်ဆန်ဂိုတို့ရဲ့ သွင်းဂိုးတွေနှင့် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ ၂-၁ ဖြင့် အနိုင်ရယူသွားခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမားဟောင်းမိုက်ကယ်အိုလစ်ဟာ အိုင်တို ခေါင်းတိုက်နိုင်အောင် ဖန်တီးနိုင်ခဲ့မှုနှင့်အတူ ယခုရာသီ ဖန်တီးမှု ၁၄ ကြိမ်အထိ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ နောက်ဆုံးဘွန်ဒက်စ်လီဂါ ၅ ပွဲတွင် ၄ ဂိုးသွင်းပြီး ၇ ကြိမ်အထိ ဖန်တီးထားနိုင်ပြီလည်း ဖြစ်ပါတယ်။
အော့ဘတ်ဟာ ယခုရာသီမှာ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ရှုံးပွဲ ၈ ပွဲအထိ ရှုံးနိမ့်ထားပေမယ့်လည်း ယခုတစ်ကြိမ်မှာတော့ အံ့ဩစရာကောင်းအောင်ပင် ဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်ကို နောက်ကလိုက်ကစားပြီး အနိုင်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အော့ဘတ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ကာ ၂၇ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းအဆုံးသတ်သွားပေမယ့်လည်း ဒုတိယနေရာမှ ဒေါ့မွန်ကို ၁၁ မှတ်ဖြတ်ထားတုန်း ဖြစ်ပါတယ်။
နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ အော့ဘတ်ဟာ ယခုနိုင်ပွဲကြောင့် အဆင့် ၁၃ နေရာမှာ ရပ်တည်ပြီး တန်းမဆင်းရရေး ပလေးအော့ဖ်နေရာနှင့် ၄ မှတ်ကွာဟလာပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

ဆန်းဒါးလန်းအား အနိုင်ရတဲ့ပွဲစဉ် ရန်ပွဲတွင် ဇာခါ ဘာပြောခဲ့လဲ ဖွင့်ဟပြောကြားလာတဲ့ ဝက်စ်ဟမ်းပရိသတ်
===================

ဂရာနစ်ဇာခါဟာ စနေနေ့တုန်းက ဝက်စ်ဟမ်းက ဆန်းဒါးလန်းအား အနိုင်ရတဲ့ပွဲစဉ်တွင် ပွဲကို ခေတ္တရပ်ဆိုင်းစေခဲ့ရတဲ့ အချင်းများမှု ဖြစ်စဉ်အတွင်း ဝက်စ်ဟမ်းပရိသတ်အား ကွင်းအပြင်တွင် တွေ့မယ်လို့ ကြုံးဝါးစိန်ခေါ်ပြောဆိုခဲ့ပါတယ်။
ရုပ်သံပြကွက်များအရ ဆန်းဒါးလန်းအလယ်တန်းကစားသမားဟာ အရန်ခုံနောက် ပွဲကြည့်စင်မှ ပရိသတ်များနှင့် အချင်းများခဲ့တာ တွေ့ရပါတယ်။ ယင်းပွဲကြည့်စင်မှာ London Stadium ရှိ အစားအသောက်နှင့် အဖျော်ယမကာတို့ အခမဲ့ သုံးဆောင်နိုင်တဲ့ အထူးလက်မှတ်ကိုင်ဆောင်ထားသူများ ကြည့်ရှုတဲ့ ပွဲကြည့်စင်လည်း ဖြစ်ပါတယ်။
ယင်းသို့ အချင်းများစဉ် ဒိုင်လူကြီးသောမတ်စ်ဘရာမေးလ်ဟာ ဝက်စ်ဟမ်းနည်းပြနူနိုအက်စ်ပီရီတိုဆန်တိုနှင့် စကားပြောဆိုခဲ့သလို စတုတ္ထဒိုင်လူကြီးနှင့် ကွင်းလုံခြုံရေးတို့က ဖြေဖျန်နိုင်ရေး ကြိုးစားခဲ့ကြပါတယ်။
နော်ဒီမူကီလီအား လူစားလဲလှယ်မှု ပြုလုပ်လာချိန်တွင် အချင်းများမှု စတင်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဆန်းဒါးလန်းအရန်ခုံမှ ကစားသမားများဟာ မူကီလီအား လူစားလဲလှယ်လိုက်တဲ့ နည်းပြရီဂစ်လီဘရစ်ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ကာ စောဒကတက်နေခဲ့ကြတာပါ။
ဇာခါဟာ ယင်းဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ကာ စောဒတက်ခဲ့ပေမယ့်လည်း ကစားဖော်နှင့် ဖျောင်းဖျခြင်းခံခဲ့ရပါတယ်။
ယင်းအချိန်တွင် ဝက်စ်ဟမ်းပရိသတ်များက ဇာခါအား ပစ်မှတ်ထားလာကြတာပါ။ ဇာခါဟာ ဝက်စ်ဟမ်းပရိသတ်များဘက်သို့ လှည့်လာပြီးနောက် အချင်းများခဲ့ပါတယ်။
ယင်းအချင်းများတဲ့ ဖြစ်စဉ်အတွင်း ဇာခါဟာ "မင်းနဲ့ အပြင်မှာ တေ့မယ်။ မင်းနဲ့ အပြင်မှာ တွေ့မယ်"လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။
ယင်းအဖြစ်အပျက်ကို မြင်လိုက်သူတစ်ဦးက "ဇာခါက မင်းနဲ့ အပြင်မှာ တွေ့မယ်၊ မင်းနဲ့ အပြင်မှာ တွေ့မယ်လို့ ပြောခဲ့တယ်။ ပွဲပြီးတော့ သူ ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားတယ်။ သူကြုံးဝါးခဲ့တဲ့သူဆီသို့ သွားမယ်ထင်တယ်။ ဇာခါပဲ ဖြစ်နေတာ။ စိတ်လွတ်သွားတယ်။ တစ်ပတ်ပေါင်တစ်သိန်းရနေတဲ့ သူက ဘယ်ကမှန်းမသိတဲ့ လူနဲ့ ပြဿနာနေတယ်"လို့ ပြောကြားသွားပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

ယာဉ်မတော်တဆမှု ကျူးလွန်ကြောင်း တွေ့ရှိပါက ထောင်ဒဏ်ကျခံလာရမယ့် အေရွန်ဝန်ဘစ်ဆာကာရဲ့ ချစ်သူ
=====================

ပရီးမီးယားလိဂ်စတားအေရွန်ဝန်ဘစ်ဆာကာရဲ့ ချစ်သူဟာ လမ်းလျှောက်နေသူတစ်ဦးအား ယာဉ်တိုက်မှု ကျူးလွန်မှု ပြုလုပ်ကြောင်း တွေ့ရှိလာပါက ထောင်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
အသက် ၂၇ နှစ်ရှိ ဧပြီဖရန်ဆစ်ဟာ စက်တင်ဘာလတုန်းက သူမရဲ့ ကားဖြင့် အမျိုးသမီးတစ်ဦးကို ယာဉ်တိုက်ခဲ့ကြောင်း စွပ်စွဲခြင်းခံထားရပါတယ်။ ယာဉ်တိုက်ခံရတဲ့အမျိုးသမီးဟာ ယင်းဖြစ်ရပ်ကြောင့် ဘဝအကြီးအကျယ်ပြောင်းလဲသွားစေတဲ့ ဒဏ်ရာများ ရရှိခဲ့ပါတယ်။
အက်စ်ဆက်စ်ရှိ ဘရန့်ဝုဒ်တွင် ဖြစ်ပျက်ခဲ့တဲ့ ယင်းမတော်တဆမှု ဖြစ်ချိန်တွင် ကားအတွင်းတွင် ပေါင် ၅၅ သန်းတန် ဝက်စ်ဟမ်းနောက်ခံလူ ရှိမနေခဲ့ပါဘူး။
၂၀၂၀ ခုနှစ်ကတည်းက ယူနိုက်တက်နောက်ခံလူဟောင်းနှင့် တွဲလာတဲ့ ဖရန်ဆစ်ဟာ အန္တရာယ်ရှိတဲ့ ယာဉ်မောင်းမှု ပြုလုပ်မှုကြောင့် ဒဏ်ရာရရှိစေမှုဖြင့် တရားရင်ဆိုင်လာရတော့မှာလည်း ဖြစ်ပါတယ်။
အင်္ဂလန်တွင် ယာဉ်မတော်တဆမှု ဖြစ်ပါက ယာဉ်မောင်းအနေဖြင့် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။
ကလေးတစ်ယောက်အမေ ဖရန်ဆစ်ဟာ ယခုလအစောပိုင်းတုန်းက ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးချိန်တွင် စွဲချက်တင်ခြင်းခံခဲ့ရပါတယ်။
သူမဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အက်စ်ဆက်စ်ရှိ ကိုလ်ချက်စတာတရားရုံးတွင် အမှု ရင်ဆိုင်ရပါမယ်။
ခရစ္စတယ်ပဲလေ့စ်တွင် ကစားသမားဘဝ စတင်ခဲ့တဲ့ အေရွန်ဝန်ဘစ်ဆာကာဟာ ယူနိုက်တက်အတွက် ပွဲ ၁၃၀ ကစားခဲ့သူ ဖြစ်ပြီး မနေ့ညတုန်းက ဆန်းဒါးလန်းအား ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဝက်စ်ဟမ်းအတွက် ပါဝင်ကစားခဲ့ပါတယ်။
သူဟာ အင်္ဂလန်အသင်းအတွက် တစ်ပွဲကစားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်မှ စတင်ကာ နိုင်ငံပြောင်းပြီး ဒီမိုကရက်တစ်ကွန်ဂိုအတွက် ပြောင်းကစားလာခဲ့ပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

AI ကို အားကိုးအားထား ပြုလွန်းလို့ ထုတ်ပယ်ခြင်းခံလာရတဲ့ စပိန်နည်းပြဟောင်း
==================

စပိန်နည်းပြဟောင်းရောဘတ်မီရီနိုဟာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ChatGPT ကို အားကိုးအားထားပြုလွန်းတာကြောင့် ထုတ်ပယ်ခြင်းခံလာရပါတယ်။
အသက် ၄၈ နှစ်ရှိ မီရီနိုဟာ စက်တင်ဘာလတုန်းက ၇ ပွဲတွင် ရမှတ် ၁ မှတ်တည်းသာ ရယူနိုင်ခဲ့မှုကြောင့် ရုရှားပထမတန်းလိဂ်ကလပ် FC Sochi မှ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။
ကလပ်ရဲ့အားကစားဒါရိုက်တာဟောင်းအင်ဒရေအော်လော့ဗ်က မိုရီနိုမှာ ChatGPT အမာခံပရိသတ်တစ်ဦးဖြစ်ပြီး AI ကို အသုံးပြုကာ ရယ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း ဖွင့်ချလာခဲ့တာလည်း ဖြစ်ပါတယ်။
မိုရီနိုဟာ Khabarovsk အား အဝေးကွင်းသို့ သွားရောက် မရင်ဆိုင်မီ ၂ ရက်တိုင်တိုင် နံနက် ၇ နာရီအချိန်တွင် လေ့ကျင့်ခန်းဆင်းစေခဲ့သလို ၂၈ နာရီတိုင်တိုင် မအိပ်ဘဲ နှိုးနှိုးကြားကြား ရှိစေခဲ့ကြောင်း သိရပါတယ်။
Sports Russia နှင့် အင်တာဗျူးတွင် အော်လော့ဗ်က "သူ့ အစီအစဉ်တင်ဆက်မှုကို ကြည့်လိုက်တော့ ကစားသမားတွေ ၂၈ နာရီတိုင်တိုင် မအိပ်ဘဲ နေရမယ်လို့ တွေ့တယ်။ ဒီတော့ ကျုပ်လည်း ရောဘတ် မင်းလုပ်တာ ကောင်းတယ်၊ ဒါပေမယ့် ကစားသမားတွေ ဘယ်တော့ အိပ်ရမလဲလို့ မေးလိုက်တယ်။ သူတို့(ကစားသမားတွေ)ဟာ နံနက် ၅ နာရီမှာထပြီး ခုနှစ်နာရီမှာ ဘာလို့ လေ့ကျင့်ခန်းဆင်းရလဲ နားမလည်နိုင်ကြဘူး။ ကျွန်တော်တို့အသင်းမှာ ဆိုချီသို့ မရောက်ခင် SKA (Khabarovsk) မှာ တစ်နှစ်ကစားခဲ့တဲ့ အိုလက်ကိုဇီမြကင်ရှိတယ်။ မိုရီနိုက သူ့ဆီကတောင် အကြံဉာဏ်လေးတစ်ချက် မယူဘူး။ နောက်ဆုံးတော့ ChatGPT လုပ်တဲ့အတိုင်း လုပ်ကြရတော့တာပဲ"လို့ ပြောကြားသွားပါတယ်။
မိုရီနိုဟာ နွေရာသီတွင် တိုက်စစ်မှူးသစ် ခေါ်ယူရာတွင်လည်း ChatGPT ကိုပင် အားကိုး ခေါ်ယူခဲ့ပါတယ်။
အော်လော့ဗ်က "ပြီးခဲ့တဲ့ နွေတုန်းက ကျုပ်တို့ တိုက်စစ်မှူးတစ်ဦးရှာကြတယ်။ ဗလာဒီမာပီဆာစကီး၊ ပါဗယ်မီလီရှန်နဲ့ အာသာချူချီနာချီတို့အကြား ရွေးစရာ ဖြစ်လာတယ်။ မိုရီနိုက ပီဆာစကီး၊ မီလီရှန်နဲ့ချူချီနာချီတို့ရဲ့ Wyscout က အချက်တွေကို ChapGPT ကို ပို့လိုက်တယ်။ GPT က ချူချီနာချီကို အကောင်းဆုံးရွေးချယ်မှုလို့ ဆိုတယ်"လို့ ပြောကြားသွားပါတယ်။
ဆိုချီဟာ GPT ပြောတဲ့အတိုင်းပင် ချူချီနာချီအား ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ချူချီနာချီဟာ ၁၀ ပွဲကစားပြီးချိန်အထိ ဂိုးသွင်းနိုင်ခြင်း မရှိပါဘူး။
ဆက်လက်ပြီး အော်လော့ဗ်က "အခြားအကူအညီပစ္စည်းသုံးသင့်လားဆိုတော့ သုံးသင့်ပါယ်။ ဒါပေမယ့် မီရီနိုက GPT ကို အဓိကအကူပစ္စည်းလို သုံးနေတာဆိုးတယ်။ နောက်ဆုံးတော့ ရုရှားတွေက မိုရီနိုကို သဘောမကျကြတော့ဘူး။ နိုင်ငံခြားသားတွေကလည်း သူ့စိတ်ကူးတွေအပေါ် အယုံမကြည်မရှိကြတော့ဘူး။ သူက သူ့လက်ထောက်တွေ၊ ကစားသမားတွေအပေါ် လုံးဝစာနာမှု မရှိဘူးလို့ လူတွေ ခံစားလာမိကြတယ်"လို့ ဆိုသွားပါတယ်။
ဆိုချီဟာ မိုရီနိုလက်ထက်တွင် ရုရှားပရီးမီးယားလိဂ်မှ ရုရှားပထမတန်းလိဂ်သို့ တန်းဆင်းသွားခဲ့ရပါတယ်။
သူဟာ လေ့ကျင့်ခန်းအစီအစဉ်များတွင် အလွတ်တည်ကန်ဘော လေ့ကျင့်ခြင်း မပြုလုပ်မှု၊ ဂိုးသွင်းနိုင်ခြင်း မရှိတဲ့ ဘောလုံးပိုင်ဆိုင်မှုအသားပေးစနစ်ကိုသာ သုံးမှုတို့အတွက် ပရိသတ်များရဲ့ ဝေဖန်ခြင်းခံခဲ့ရပါတယ်။
မိုရီနိုဟာ စပိန်အသင်းကို ယာယီနည်းပြအဖြစ် ၃ ပွဲကိုင်တွယ်ဖူးပြီး ၂၀၁၉ ခုနှစ် ဇွန်လတုန်းက လူးဝစ်အန်းနရစ် သမီးဖြစ်သူ ကျန်းမာရေးကြောင့် နုတ်ထွက်သွားချိန်တွင် အမြဲတမ်းနည်းပြအဖြစ် ခန်အပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ စပိန်အသင်းကို ရှုံးပွဲမရှိမှတ်တမ်းဖြင့် ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ငါးလအကြာတွင် နုတ်ထွက်သွားခဲ့ပါတယ်။
ယင်းမတိုင်မီ လူးဝစ်အန်းနရစ်ဟာ မိုရီနိုအား သစ္စာမရှိမှု၊ စပိန်အသင်းအား ယူရို ၂၀၂၀ တွင် ကိုင်တွယ်လိုတဲ့ ရည်မှန်းချက်မျိုး ရှိနေမှုအတွက် နည်းပြအဖွဲ့မှ ထုတ်ပယ်ခဲ့ဖူးပါတယ်။

image
9 ပတ် - ဘာသာပြန်ပါ။

ပထမဆုံးပရီးမီးယားလိဂ်ပွဲအား ကြီးကြပ်တဲ့ပွဲတွင် မန်စီးတီးအား ပင်နယ်တီ ၂ ကြိမ်ပေးရန် ငြင်းဆိုခဲ့တဲ့ ဒိုင်လူကြီး
====================

ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ် မန်စီးတီးနှင့် ဆိုတော့ ဒိုင်လူကြီးအပါအဝင် ဘယ်သူ့အတွက်မဆို ခက်ခဲမှုတွေ ရှိလာဖို့ အလားအလာ ရှိနေပါတယ်။
ဒါပေယ့် စတီဗင်နစ်ချ်တွင် ကစားသမားအဖြစ် ကျင်လည်ဖူးတဲ့ အသက် ၃၂ နှစ်ရှိ ဖာရိုင်ဟယ်ရမ်ဟာ စနေနေ့တုန်းက အီတီဟတ်ကွင်းမှာ မန်စီးတီးက ဝုဗ်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ စွမ်းဆောင်ရည်များအတွက် ချီးကျူးမှုများ ခံနေရပါတယ်။
မန်စီးတီးတို့ ပထမပိုင်းတွင် မာမွတ်ရှ် သွင်းယူတဲ့ ဂိုးဖြင့် ၁-၀ ဖြင့် ဦးဆောင်နေချိန်တွင် ဝုဗ်နောက်ခံလူယာဆင်မော့စ်ကွီရာ လက်ထိဘောဖြစ်လို့ မန်စီးတီး ပင်နယ်တီ ရပြီလို့ အားလုံးက ယုံကြည်ခဲ့ကြပါတယ်။
ဒါပေယ့် ဟယ်လမ်က ပင်နယ်တီ မပေးခဲ့ပါဘူး။ သူဟာ ယင်းအဖြစ်အပျက်ကို VAR ဒိုင်က ကွင်းဘေးရှိ မော်နီတာတွင် စစ်ဆေးရန် အကြံပေးလာချိန်တွင်မှာတော့ အားလုံးက ပင်နယ်တီပေးလာပြီလို့ ယုံကြည်နေခဲ့ကြပါတယ်။
ဒါပေမယ့် ဟယ်လမ်ဟာ ယင်းအဖြစ်အပျက်ကို အကြိမ်ကြိမ် စစ်ဆေးပြီးချိန်မှာတော့ သူ့နဂိုဆုံးဖြတ်ချက်အတိုင်း မပြောင်းလဲဘဲ မန်စီးတီးဘက်သို့ ပင်နယ်တီ မပေးခဲ့ပါဘူး။
၎င်းက "ပြန်လည်စစ်ဆေးပြီးချိန်မှာ ဘောလုံးက ဝုဗ်ကစားသမားရဲ့လက်မောင်းကို ထိခဲ့တယ်။ သူက ပုံမှန်အနေအထားအရ လက်ထိခဲ့တာပါ။ ဒီတော့ ကွင်းတွင်း ဆုံးဖြတ်ချက်အတိုင်း ဆက်ရှိပါမယ်"လို့ စပီကာမှ တဆင့် ကြေညာခဲ့ပါတယ်။
ပရီးမီးယားလိဂ်လက်ထောက်ဒိုင်ဟောင်းဒါရင်းကန်းက ဟယ်လမ်ရဲ့ ဆုံးဖြတ်ချက်မှာ မှန်ကန်တယ်လို့ ထောက်ခံသွားပါတယ်။
ကန်းက "ပထမဆုံး ပရီးမီးယားလိဂ်ပွဲဆိုပေမယ့် ဟယ်လမ်က အကောင်းဆုံး ကိုင်တွယ်သွားတယ်။ သူ့ ကွင်းတွင်း ဆုံးဖြတ်ချက်အတိုင်း ဆက်သွားခဲ့တယ်။ ဒါကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ယာဆင်မော့စ်ကွီရာရဲ့ အနေအထားက ပုံမှန်အတိုင်း ရှိနေတာပါ။ ဘောလုံးက အနီးကပ်အနေအထားက သူ့လက်မောင်းလာထိတာ။ ပရီးမီးယားလိဂ်ပထမဆုံးပွဲ ကိုင်တွယ်လာတဲ့ အလားအလာရှိတဲ့ ဒိုင်တစ်ဦးရဲ့သတ္တိရှိပြီး ဥပဒေအတိုင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။
ဟယ်လမ်ဟာ ၂၀၂၃ ခုနှစ်တွင် ပထမဆုံး EFL ပွဲ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် နော့ဝှစ်ချ်နှင့် ဘရစ်စတိုးစီးတီးတို့ရဲ့ ချန်ပီယံရှစ်ပွဲစဉ်ကို ကိုင်တွယ်ကာ ပထမဆုံးချန်ပီယံရှစ်ပွဲ ကိုင်တွယ်ခွင့်ရခဲ့တာပါ။
သူဟာ ဘောလုံးပွဲအဆင့်ဆင့် တိုးမြှင့်ကိုင်တွယ်ခွင့် ရလာပြီးနောက် ယခုအခါ ပရီးမီးယားလိဂ်ဒိုင်တစ်ဦးဖြစ်လာပြီလည်း ဖြစ်ပါတယ်။
သူဟာ စတိဗင်နစ်ချ်အကယ်ဒမီတွင် ၂ နှစ်ကြာ ကစားကာ ဘောလုံးသမားဖြစ်ရန် ရည်မှန်းခဲ့ပေမယ့် ၂၀၁၂ ခုနှစ်တွင် ထွက်ခွာခဲ့ရပါတယ်။
ယင်းနောက် နှစ်နှစ်ကြာမှာ သူဟာ ဒိုင်လောကသို့ ဝင်ရောက်လာပါတယ်။
ဝုဗ်နှင့် မန်စီးတီးနည်းပြတို့ကတော့ ပထမဆုံးပရီးမီးယားလိဂ်ပွဲ ကိုင်တွယ်လာတဲ့ ဒိုင်အပေါ် အမြင်မတူကြပါဘူး။
ဝုဗ်နည်းပြရော့ဘ်အက်ဝဲလ်က ဟယ်လမ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ ပြောဆိုသွားပေမယ့် မန်စီးတီးနည်းပြဂွါဒီယိုလာကတော့ ပင်နယ်တီ မပေးခဲ့မှုအပေါ် ကျေနပ်ပုံ မရပါဘူး။

image
9 ပတ် - ဘာသာပြန်ပါ။

ဒေါ်နယ်ထရမ့်ရဲ့ လုပ်ဆောင်မှုများအပေါ် ဆန့်ကျင်တဲ့အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအား သပိတ်မှောက်ရေး ဆွေးနွေးလိုနေတဲ့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်
==================

ဂျာမန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ လုပ်ဆောင်မှုများအပေါ် ဆန့်ကျင်တဲ့အနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားအား သပိတ်မှောက်ရေး စဉ်းစားရမယ့်အချိန်သို့ ကျရောက်လာပြီ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အမေရိကန်ဟာ မက္ကဆီကို၊ ကနေဒါတို့နှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအား ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပလာပါမယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ယခုလအစောပိုင်းတုန်းက ဒိန်းမတ်က ထိန်းချုပ်ထားတဲ့ ဂရင်းလန်းကို သိမ်းပိုက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ယင်းအစီအစဉ်က ကမ္ဘာ့နိုင်ငံအသီးသီးက ကန့်ကွက်လာကြတဲ့အခါ အသက် ၇၉ နှစ်ရှိ ဒေါ်နယ်ထရမ့်က ဂျာမနီအပါအဝင် ဥရောပနိုင်ငံ ၈ နိုင်ငံအား အခွန်တိုးမြှင့်ကောက်ခံသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ထရမ့်ဟာ နောက်ပိုင်းတွင် ယင်းခြိမ်းခြောက်မှုများအား ရုတ်သိမ်းလာခဲ့ပေမယ့်လည်း ဥရောပခေါင်းဆောင်များနှင့် အမေရိကန်အစိုးရအကြား သဘောထားတင်းမာမှုများ ဆက်လက် ဖြစ်ပွားနေတုန်း ဖြစ်ပါတယ်။
ယခုအခါ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဒဥက္ကဌအိုကီဂေါ့လစ်ချ်က "ဘယ်အချိန်ကျမှာ သပိတ်မှောက်ဖို့အရေး စဉ်းစား ဆွေးနွေးလာကြမလဲဆိုတာ အလေးအနက် စဉ်းစားနေပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒီလိုလုပ်ဖို့ အချိန်ကျရောက်နေပါပြီ"လို့ ပြောကြားသွားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၀၄ ပွဲကစားလာမှာ ဖြစ်ပြီး ယင်းမှ ၇၈ ပွဲကို အမေရိကန်က လက်ခံကျင်းပလာပါမယ်။
ပြင်သစ်အစိုးရက ကမ္ဘာ့ဖလားပြိုင်ပွဲအား သပိတ်မှောက်ရေး ထောက်ခံခြင်း မရှိသေးပေမယ့်လည်း ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က အခြေအနေအရပ်ရပ်ကို အလေးအနက်ထား စောင့်ကြည့်နေကြောင်း ဆိုထားပါတယ်။
ဒိန်းမတ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ကြိုးစားရပါဦးမယ်။
ဒါ့အပြင် ဂေါ့လစ်ချ်က ဘွန်ဒက်စ်လီဂါကလပ် စိန့်ပေါ်လီရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ အာဖကန်နစ္စတန်အား ကျူးကျော်စစ် ဆင်နွဲမှုတဲ့ ဆိုဗီယက် လုပ်ရပ်အတွက် အမေရိကန်ဦးဆောင်ကာ ၁၉၉၀ အိုလံပစ်ပြိုင်ပွဲအား သပိတ်မှောက်ခဲ့မှုကိုလည်း ဝေဖန်ထောက်ပြမှု ပြုလုပ်သွားပါတယ်။
ဂျာမနီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် OneLove အသင်းခေါင်းဆောင်လက်ပတ် ဝဆင်ပါက ကစားသမားများကို အဝါကတ်ပြမယ်လို့ ဖီဖာက ခြိမ်းခြောက်စဉ်တုန်းက ဖီဖာနှင့် ပြဿနာတက်ရာမှာ ပါဝင်ခဲ့ဖူးပါတယ်။
ဥရောပလက်ရွေးစင်အသင်း ၇ သင်းတို့ဟာ ဖီဖာနှင့် အတိုက်အခံ ပြုလုပ်ဲခဲ့ကြပါတယ်။
နောက်ပိုင်းတွင် ဖီဖာက ၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှ စတင်ကာ 'No Discrimination' အစီအစဉ်ဖြင့် အသင်းခေါင်းဆောင်များအား ဝတ်ဆင်ခွင့်ပေးခဲ့ပါတယ်။
ဂျာမန်ကစားသမားများဟာ ဂျပန်နှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီ ပါးစပ်ပိတ်ပြီး အသင်းလိုက် ဓာတ်ပုံ ရိုက်ကူးကာ ဖီဖာရဲ့ ‌လွတ်လပ်စွာ ပြောဆိုခွင့် ပိတ်ပင်မှုအား ဆန့်ကျင်ခဲ့ကြပါသေးတယ်။

image