နီပေါနိုင်ငံ ဆူကွတ်တွင် ခရီးသွားလုပ်ငန်း အရှိန်ပြန်ရလာ

အပူချိန်မြင့်တက်လာသဖြင့် Sindhupalchok ရှိနာမည်ကြီးခရီးသွားနေရာဖြစ်သည့် ဆူကွတ်တွင် ခရီးသွားများ ဖြင့် စည်ကားလာသည်။
Sunkoshi နှင့် Bhotekoshi မြစ်များတစ်လျှောက်ရှိ ဟိုတယ်များနှင့် အပန်းဖြေစခန်းများ၌ ပြည်တွင်းပြည်ပခရီးသွားများ တိုးတက်များ ပြားလာနေသည်ကို တွေ့မြင် နေရသည်။ ရေထဲ၌ဖောင်ဖြင့်သွားလာခြင်းက လူများကို ဆွဲဆောင်နေခြင်းသည် ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာနေသည်ကို ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု ဒေသခံလုပ်ငန်းရှင်များက ပြောသည်။

ရာသီအစတွင် ဖောင်စီးရန် နေ့စဉ် ခရီးသွား ၂၀၀ ကျော် ရောက်ရှိ နေသည်။ Sindhu Sukute Tourism Association ဥက္ကဋ္ဌ Mahendra Singh Thapa က အပန်းဖြေစခန်းအများစုသည် ခရီးသည် အပြည့် နီးပါး ဖြစ်နေကြသည်ဟု ဆိုသည်။ "ဆောင်းရာသီကုန်ပြီး ဖောင်စီးတဲ့ရာသီရောက်လာလို့ ခရီးသွားဧည့်သည် အရေအတွက်က နှစ်ဆတိုးလာတယ်။ ဒီမှာ ဟိုတယ်တွေက ဘွတ်ကင်ပြည့်နေလို့ ကြိုပြီး မဝယ်ထားရင် တည်းစရာ ရှိမှာမဟုတ်ဘူး" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပုံမှန် အားဖြင့် အပန်းဖြေစခန်းတစ်ခုတွင် ပြည်တွင်းခရီးသည် အနည်းဆုံး ၅၀ နှင့် နိုင်ငံခြားခရီးသည် ၂၀ ဦး နေ့စဉ်လက်ခံသည်ဟု လုပ်ငန်းရှင်များက ပြောသည်။ သောကြာနှင့်စနေနေ့များတွင် ဟိုတယ်များကို အပြည့်အဝကြိုတင်မှာယူထားလေ့ရှိသောကြောင့် ကြိုတင်မှာယူထားရန်မဖြစ်မနေလိုအပ်ပါသည်။ မြို့တော် ခတ္တမန္ဒူမှ ဧည့်သည်များအပြင် ဥရောပနှင့် အမေရိကတို့မှ ခရီးသွားများသည် ဖောင်စီးရန်အတွက် Sunkoshi သို့ သွားရောက်ကြသည်။ မြစ်ကမ်းဘေးတွင် နေထိုင်မှုများ၊ မီးပုံပွဲများ၊ အဖွဲ့လိုက်လှုပ်ရှားမှုများနှင့် မြို့တော်နှင့် အနီးတဝိုက်တွင် ဆူကူတီကို နှစ်သက်ရာနေရာအဖြစ် သတ်မှတ်ခဲ့သည်။ Chitwan မှ ဧည့်သည် Ramchandra Thapa က သူသည် သူငယ်ချင်းများနှင့် ပြန်လည်ဆုံ စည်းပြီး စွန့်စားရ သော လှုပ်ရှားမှုများကို ပြုလုပ်ရန် Sukute ကို ရွေးချယ်ခဲ့သည်ဟု ဆိုသည်။ “အမှတ်တရဟောင်းတွေကို ပြန်လည်ခံစားပြီး အတူတူပျော်ရွှင်ဖို့ နေရာကောင်းတစ်ခုပါပဲ” ဟု သုက ဆိုသည်။

2015 ငလျင်အပြီးတွင် သိသိသာသာ ကျဆင်းလာခဲ့သည့် အဆိုပါဒေသ၏ခရီးသွားလုပ်ငန်းသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ သဘာဝဘေးအန္တရာယ်မဖြစ်မီက မြစ်ကမ်းဘေးအပန်းဖြေ စခန်းများသည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၇၀၀,၀၀၀ အထိ ဆွဲဆောင်ခဲ့သည်။ ခရီးသွားလုပ်ငန်း ရှင် Anjan Khadka က အခြေခံအဆောက်အဦများ တိုးတက်မှုသည် အရှိန်အဟုန်ကို ပြန်လည်ရရှိရန် အထောက်အကူ ဖြစ်စေသည်ဟု ဆိုသည်။

Khadka ၏ အဆိုအရ ရေအခြေခံခရီးသွားလုပ်ငန်းသည် ခရိုင်အတွင်းရှိ လူ ၁၀,၀၀၀ ခန့်ကို အလုပ်အကိုင်များ ပေးနိုင်သည် ဟု ၎င်းက ပြောကြားခဲ့ကြောင်းသိရသည်။

Ref ခတ္တမန္ဒူပို့စ်

image
10 ပတ် - ဘာသာပြန်ပါ။

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလေ_ာင်မှုဖြစ် အမျိုးသား (၁)ဦးမီးလေ_ာင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍ ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များ၊ သန္တိသုခလူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြ၍ ညနေ ၄ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလေ_ာင်မှုကြောင့် အမျိုးသား(၁)ဦးတွင် မီးလောင်ဒ_ဏ်ရာများရရှိခဲ့သဖြင့် ပြင်ဦးလွင်လူမှုကူညီရေးအသင်းက ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image
10 ပတ် - ဘာသာပြန်ပါ။

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

image
10 ပတ် - ဘာသာပြန်ပါ။

အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများကိုအသိပေး

နိုင်ငံတော်သမ္မတရုံးက အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ် ချုပ်ရေးအမိန့်အမှတ် ၃ / ၂ဝ၂၆ ဖြင့် ယနေ့ ဧပြီ ၂၃ ရက်က အသိပေးခဲ့သည်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော်(သို့)တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကိုနှောင့်နှေးစေခြင်း(သို့)ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ်မတော်သားများ(သို့)အစိုးရအမှုထမ်းများကို ဟန့်တားခြင်း(သို့)နှောက်ယှက်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)တို့အားကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသ_တ်မှု၊ လူ‌ေ_သမှု၊ မုဒိ_မ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများကျူးလွန်ပါကလည်း စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေအရပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေအရပြစ်မှုများ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများကျူးလွန်ပါကလည်း စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။

အဆိုပါ ပြစ်မှုတစ်ခုခုကိုကျူးလွန်သူတစ်ဦးအား စစ်ခုံ ရုံးကပြစ်မှုထင်ရှားပါက တည်ဆဲဥပဒေများနှင့်အညီ ‌ေ_သဒ_ဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင် ဒ_ဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်တို့ကိုချမှတ်နိုင်သော်လည်း ‌ေ_သဒ-ဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်၊ နှစ်အကန့်အ သတ်မရှိထောင်ဒ_ဏ်စီရင်ပါကလည်း ထိုသို့ စီရင်ခြင်းသည် သက်ဆိုင်ရာ တိုင်းမှူးတို့၏အတည်ပြုချက်ရရှိမှသာအတည်ဖြစ်သည်။

ထို့ပြင် စစ်ခုံရုံးများကချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ် ဒ_ဏ်ချမှတ်ချက်များသည် အယူခံပိုင်ခွင့်မရှိဘဲ သေ ဒ_ဏ်စီရင်ပါက ပြစ်ဒ_ဏ်ချမှတ်ခံရသည့်နေ့မှ (၁၅)ရက်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ၊ အခြားပြစ်ဒ_ဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒ_ဏ်ချမှတ်ခံရသည့်နေ့မှ(၁၅)ရက်အတွင်း သက်ဆိုင်ရာ တိုင်းမှူးထံသို့ပြင် ဆင်မှုလျှောက်ထားနိုင်သည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(သို့) သက်ဆိုင်ရာ တိုင်းမှူးများသည် မိမိသဘောအလျောက်ပြင်ဆင်မှုဖွင့်နိုင်ကာ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အရ ပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖျက်ခြင်း၊ ပြစ်ဒ_ဏ်ကိုလျော့ပေါ့စေခြင်း၊ ပြစ်ဒ_ဏ်ကို ပို၍နိမ့်သောပြစ်ဒ_ဏ်အမျိုးအစားသို့လျော့ပေါ့ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်းတို့ပြုလုပ်နိုင်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(သို့)သက် ဆိုင်ရာ တိုင်းမှူးများက မိမိသဘောအလျောက် ပြင် ဆင်မှုဖွင့်ဆောင်ရွက်ရာ၌ အထက်ပါ လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒ_ဏ်တိုးမြှင့်နိုင်သည်ဟု အသိပေးခဲ့သည်။

image
10 ပတ် - ဘာသာပြန်ပါ။

ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် လူရည်ချွန်စခန်းများ ဖွင့်လှစ်မည်

ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ လူမှုရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် လူရည်ချွန်စခန်းများကို နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး လူရည်ချွန်များအနေဖြင့် အပန်းဖြေခြင်းအပြင် ဒေသအတွင်း၌ရှိသည့် သိသင့်သိထိုက်သည့် လုပ်ငန်းများ၊ ဒေသထွက်ကုန်များအပြင် ဗဟုသုတများရရှိစေမည့်နေရာ၊ ဒေသများသို့ လေ့လာ၊ လည်ပတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ယခုအချိန်သည် ရာသီဥတုပူပြင်းသည့်အတွက် လူရည်ချွန်များ သက်သောင့်သက်သာဖြင့် သွားလာလည်ပတ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါအစည်းအဝေးတွင် ပြောကြားသည်။

ယင်းသို့လေ့လာလည်ပတ်သည့် အစီအစဉ်တွင် စနစ်တကျဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်ရန်လိုပါကြောင်း၊ လူရည်ချွန်များ၏ လုံခြုံရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကိုလည်း စနစ်တကျဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များအတွက် အစားအသောက်များသည် သန့်ရှင်းလက်ဆတ်သော ဒေသ အစားအစာများဖြစ်စေရေး ကိုလည်း ဆောင်ရွက်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များသည် အနယ်နယ် အရပ်ရပ်မှ လာရောက်သူများဖြစ်သဖြင့် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့်လည်း ယခင်နှစ်များ၏ အားနည်းချက်များကို ကြိုတင်ပြင်ဆင်၍ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

image
10 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီစျေး အနည်းငယ်ပြန်ကျပြီး 92 တစ်လီတာလျှင် ရန်ကုန်၌ ၄၆၆၈ ဖြစ်၊ ယခင်တစ်ပတ်ထက် 92 တစ်လီတာလျှင် တစ်လီတာလျှင် ၆၇ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၇၀၀ ကျဆင်းလာ

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများ ကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အနည်းငယ် ပြန်ကျသွားသည်။

ယနေ့ (ဧပြီ ၂၄) စက်သုံးဆီရည်ညွှန်းစျေး၌ ယခင်တစ်ပတ်ထက် ဓာတ်ဆီ 92 တစ်လီတာ ၆၇ ကျပ် ၊ 95 တစ်လီတာ ၃၆ ကျပ်၊ ဒီဇယ်တစ်လီတာ လျှင် ၇၃၃ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၇၄၃ ကျပ် ကျဆင်းသွားသည်။

ထို့ကြောင့် ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၄၆၆၈ ၊ 95 တစ်လီတာလျှင် ကျပ် ၄၉၀၉ ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၅၇၅၂ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၀၁၂ ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ဧပြီ ၁၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းအရ 92 ဓာတ်ဆီတစ်လီတာ ကျပ် ၄၇၃၅ ၊ 95 ဓာတ်ဆီတစ်လီတာ ကျပ် ၄၉၄၅ ၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၆၄၈၅ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၇၅၅ ဖြစ်သည်။

image
10 ပတ် - ဘာသာပြန်ပါ။

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့ရှိပြီဖြစ်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များကိုပြန်လည်ဆောင်ရွက်မည်

လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များရှိပြီဖြစ် ၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များကိုပြန်လည်ဆောင်ရွက်မည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)အဖွဲ့ဝင်များ ဧပြီ ၂၃ ရက်ကတွေ့ဆုံ၍ လုပ်ငန်းစဉ်များဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ညှိနှိုင်းရေးကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်ကပင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် းနက်ကိုင်(၇)ဖွဲ့၊ NCA လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်(၃)ဖွဲ့တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။

" အရင် NCA အရ ငြိမ်းချမ်းရေးကိုဆောင်ရွက်ဖို့ UPDJC ၊ JMC တွေနဲ့ဖွဲ့ စည်းထားပြီး ToR၊ SOP တွေနဲ့ဆောင် ရွက်ခဲ့ပါတယ်။ JMC မှာ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဖို့ရှိလို့ JMC အရပ်သားကိုယ်စားလှယ်တွေ JMC-TSC တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို လို အပ်သူတွေဆီရောက်အောင်ဆောင် ရွက်ပေးနေပါတယ်"ဟု ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

ထို့ပြင် ညှိနှိုင်းရေးကော်မတီအတွင်း ရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများမှသဘောတူညီထားပြီး ပြည် ထောင်စုလွှတ်တော်မှအတည်ပြုထားသည့် အစိတ်အပိုင်း ၁ ၊ ၂ ၊ ၃ ပါ သဘောတူညီချက်(၇၂)ချက်အား ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် အခြားတည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအား နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေးရှုလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့်တွေ့ဆုံဆွေးနွေးမှုအရှိန်အဟုန်ကိုမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်သောလုပ်ငန်းစဉ်များချ မှတ်နိုင်ရန်နှင့် ရရှိပြီးဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများရှာဖွေဖော်ထုတ်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

image
10 ပတ် - ဘာသာပြန်ပါ။

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ဆက်လက်မြင့်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၂၈၅ ကျပ်ဖြစ်ကြောင်း စားအုန်းဆီးတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်အပတ်က စားအုန်းဆီလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆၉၈၅ ကျပ်ဖြစ်သဖြင့် ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ကျပ် ၃၀၀ မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီအတွင်း စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၆၄၀၀ ဝန်းကျင်ဖြစ်ပြီး ဖေဖေါ်ဝါရီလတွင် ကျပ် ၆၆၀၀ ဝန်းကျင်၊ မတ်လတွင် ကျပ် ၆၆၄၀ ဝန်းကျင်ရှိခဲ့ပြီး ယခု ဧပြီလတွင် ကျပ် ၇၂၈၅ ကျပ်အထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။

စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်း သိရသည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။

image
10 ပတ် - ဘာသာပြန်ပါ။

မကွေး မြသလွန်စေတီတော် တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ ကျင်းပမည်

မကွေးမြို့ရှိ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ် ညောင်ရေသွန်းပွဲနှင့် သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာ ကျင်းပမည်ဖြစ်​ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေး ဦးစီးကော်မတီမှ ကြီးမှူးကာ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်များနှင့် အလှူရှင်များ ပူးပေါင်းပါဝင်မည်ဖြစ်သည်။

ယင်းလှူဒါန်းပွဲတွင် မကွေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ သံဃာတော် ၁၀၀၀ ကျော်အား ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ညနေပိုင်းတွင် နှစ်စဉ် ရိုးရာမပျက် ကျင်းပလေ့ရှိသော ကဆုန်ညောင်ရေသွန်းပွဲကိုလည်း စေတီတော် ရင်ပြင်တော်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

ဂေါပကအဖွဲ့ကလည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ယင်းပွဲတော်တွင် ပါဝင်ကုသိုလ်ယူကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

image
10 ပတ် - ဘာသာပြန်ပါ။

မြောက်ကိုရီးယား-ရုရှား ကားလမ်းတံတားအသစ်ကို မကြာမီ ဖွင့်လှစ်မည်

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် တူမန်မြစ်ကိုဖြတ်၍ နှစ်နိုင်ငံ ဆက်သွယ်ပေးသည့် လမ်းတံတားတစ်စင်းကို အမြန်ဆုံးဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ ကေစီအင်န်အေက ဧပြီလ ၂၃ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

၂၀၂၅ ခုနှစ်တွင် စတင်ခဲ့သော စီမံကိန်းသည် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် လူများ၏ ရွှေ့ပြောင်းသွားလာမှုအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အရေးကြီးသော လုပ်ငန်းဆောင်တာတစ်ခုဖြစ်ကြောင်း ကေစီအင်န်အေက ပြောကြားခဲ့သည်။

ရုရှား၏ အဝေးပြေးလမ်းမကြီးနှင့် ချိတ်ဆက်မည့် မီတာ ၈၅၀ ရှည်သော တံတားတည်ဆောက်ရေးကို ၂၀၂၄ ခုနှစ်က သမ္မတ ဗလာဒီမာပူတင်၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း သဘောတူညီချက် ရရှိခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နှစ်ဖက်တံတားချိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် ဧပြီ ၂၁ ရက်နေ့တွင် အခမ်းအနားတစ်ခု ကျင်းပခဲ့ကြောင်း မော်စကိုတိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

လက်ရှိတံတားကို ကိုရီးယားစစ်ပွဲအပြီး ၁၉၅၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ရထားတံတားတစ်ခုဖြစ်သည့် ချစ်ကြည်ရေးတံတားအနီးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို မကြာမီကျင်းပမည်ဟု ရက်အတိအကျ မဖော်ပြဘဲ ကေစီအင်န်အေက ပြောကြားခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့တွင် တံတားတည်ဆောက်မှု အလုံးစုံပြီးစီးမည်ဟု ပြုံယမ်းရှိ ရုရှားသံရုံးက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

တံတားသည် ကုန်သွယ်ရေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဆက်ဆံရေးကို တိုးချဲ့ပေးမည်ဟု ရုရှားနိုင်ငံအရှေ့ဖျား ပရီမော်စကီးဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ အိုလက် ကိုဇမ်ယာကိုက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

ယခုသီတင်းပတ်တွင် ရုရှားကိုယ်စားလှယ်များစွာ မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်ပြီးနောက် ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

image