11 ပတ် - ဘာသာပြန်ပါ။

မာဆေးဆိုက်နိုင်ပွဲတွင် စိုးရိမ်စရာ ဒဏ်ရာရရှိပြီးနောက် ဆေးရုံတက်ခဲ့ရတဲ့ လီဗာပူးဂိုးသမား
===================
လီဗာပူးနည်းပြအန်းဆလော့က တနင်္ဂနွေနေ့ည မာဆေးဆိုက်ဒါဘီပွဲတွင် စိုးရိမ်စရာ ဒဏ်ရာရရှိခဲ့တဲ့ ဂိုးသမားဂျော်ဂျီမာမာဒက်ရှ်ဗီလီကို ဆေးရုံသို့ ပို့ခဲ့ရကြောင်း အတည်ပြုသွားပါတယ်။

ဂျော်ဂျီယာလက်ရွေးစင်ဂိုးသမားဟာ အဲဗာတန်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဒဏ်ရာရရှိပြီးနောက် လူနာတင်ထမ်းစဉ်ဖြင့် ကွင်းပြင်သို့ ထုတ်ခဲ့ရပါတယ်။

လီဗာပူးဟာ နံပါတ် ၁ ဂိုးသမားအလစ်ဆင် ဒဏ်ရာကြောင့် အနားယူနေရချိန်တွင် ဗလင်စီယာဂိုးသမားဟောင်းလည်း ဒဏ်ရာရရှိလာမှုနှင့်အတူ ဂိုးသမားနေရာအတွက် စိုးရိမ်စရာ ရှိလာပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက "သူ့ကို ဆေးရုံသို့ ခေါ်သွားတယ်။ သူတို့ ပြောပြလို့ ကျွန်တော် သိရတာ။ ကာလရှည်နားရမယ့် ဒဏ်ရာတော့ မဟုတ်ပါဘူး။ လာမယ့်အပတ်မှာ သူ ကစားနိုင်မလား ကြည့်ရမယ်"လို့ ပြောကြားသွားပါတယ်။

မာမာဒက်ရှ်ဗီလီဟာ ဒုတိယပိုင်းတွင် ဘီတိုက အဲဗာတန်အတွက် ချေပဂိုးသွင်းယူစဉ် တိုက်မိခဲ့တာ ဖြစ်ပြီး ဆက်မကစားနိုင်ခဲ့ပါဘူး။

သူဟာ ကွင်းအတွင်း အချိန်အတန်ကြာ ဆေးကုသမှု ခံယူပြီးနောက် လူနာတင်ထမ်းစဉ်ဖြင့် ကွင်းအပြင်သို့ ထွက်ခဲ့ရပါတယ်။

လီဗာပူးနည်းပြဆလော့ဟာ မာမာဒက်ရှ်ဗီလီမှာ ပွဲဆက်မကစားနိုင်မှုနှင့်အတူ တတိယဦးစားပေးဂိုးသမားဖရက်ဒီဝုဒ်မန်းကို အသုံးပြုခဲ့ရပါတယ်။ နွေရာသီတွင် ရောက်လာတဲ့ အသက် ၂၉ နှစ်ရှိ တတိယဦးစားပေးဂိုးသမားဟာ ပထမဆုံးပရီးမီးယားလိဂ်ပွဲ ကစားခွင့်ရလာခဲ့တာလည်း ဖြစ်ပါတယ်။

image
11 ပတ် - ဘာသာပြန်ပါ။

နောက်ဆုံးမာဆေးဆိုက်ဒါဘီပွဲတွင် ဂိုးသွင်းယူနိုင်ပြီးနောက် စတီဗင်ဂျရတ်ရဲ့ စံချိန်ကို လိုက်မီလာတဲ့ မိုဟာမက်ဆာလက်
====================
လီဗာပူးစူပါစတားမိုဟာမက်ဆာလက်ဟာ စတီဗင်ဂျရတ်ရဲ့ မာဆေးဆိုက်ဒါဘီဂိုးသွင်းစံချိန်ကို လိုက်မီလာခဲ့ပြီ ဖြစ်ပါတယ်။

အီဂျစ်စူပါစတားဟာ တနင်္ဂနွေနေ့ညတုန်းက အဲဗာတန်ကို ၂-၁ ဖြင့် အနိုင်ရတဲ့တွင် ၉ ဂိုးမြောက် မာဆေးဆိုက်ဒါဘီဂိုးအား သွင်းယူခဲ့ပါတယ်။

လီဗာပူးဟာ အသင်းခေါင်းဆောင်ဗာဂယ်ဗန်ဒိုက်ရဲ့ မိနစ် ၁၀၀ ခေါင်းတိုက်အနိုင်ဂိုးဖြင့် အဖိုးတန် ရမှတ် ၃ မှတ်ရရှိကာ ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံး ၅ သင်းစာရင်းဝင်ရေး အခြေအနေကောင်းလာပါတယ်။

လီဗာပူးတွင် နောက်ဆုံးရာသီကစားလာတဲ့ မိုဟာမက်ဆာလက်ဟာ ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အဖွင့်ဂိုးကို သွင်းခဲ့တာ ဖြစ်ပါတယ်။

ယင်းဂိုးက ဆာလက်အတွက် မာဆေးဆိုက်ဒါဘီ ၉ ဂိုးမြောက်ဂိုး ဖြစ်ပါတယ်။ ယင်းဂိုးကြောင့် ဆာလက်ဟာ စတီဗင်ဂျရတ်နှင့်အတူတူ မာဆေးဆိုက်ဒါဘီတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ပူးတွဲ ရပ်တည်လာပါတယ်။

ဒါ့အပြင် ဆာလက်ဟာ အဲဗာတန်ရဲ့ Hill Dickinson Stadium တွင် ကစားတဲ့ မာဆေးဆိုက်ဒါဘီပွဲတွင် ပထမဆုံးဂိုးသွင်းယူနိုင်တဲ့ ကစားသမားလည်း ဖြစ်လာပါတယ်။

လီဗာပူးဟာ မာဆေးဆိုက်ဒါဘီနိုင်ပွဲကြောင့် ရမှတ် ၅၅ မှတ်ဖြင့် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဘုန်းမောက်တို့အား ရမှတ် ၇ မှတ်ဖြတ်ထားနိုင်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(၂၀၂၆ - ဧပြီ ၂၁ ၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၈၀၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၆၈၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၂၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၈၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၆၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၂၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၆၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၄၅ ကျပ်
ဝယ်ဈေး - ၄၁၃၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၁၀ ကျပ်
ဝယ်ဈေး - ၃၂၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၀၅ ကျပ်
ဝယ်ဈေး - ၄၈၇၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၄ ကျပ်
ဝယ်ဈေး - ၁၀၄၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၃ ကျပ်
ဝယ်ဈေး - ၆၀၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၇ ကျပ်
ဝယ်ဈေး - ၂၆.၀၁ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆၃ ကျပ်
ဝယ်ဈေး - ၄၄.၄၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၉ ကျပ်
ဝယ်ဈေး - ၂.၈၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၄၅ ကျပ်
ဝယ်ဈေး - ၅၅၉၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၄၄ ကျပ်
ဝယ်ဈေး - ၂၉၆၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၁၃ ကျပ်
ဝယ်ဈေး - ၃၀၃၂ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၃ ကျပ်
ဝယ်ဈေး - ၅၂၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၅၇ ကျပ်
ဝယ်ဈေး - ၁၁၂၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
11 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းကျင်းပသည့် Shopping in China 2026 Guangxi “33 Consumption Festival"တွင် မြန်မာသံရုံးပါဝင်ပြသ

နန်နင်းမြို့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီးပွားရေးရာဦးစီးဌာနမှဦးစီး၍ AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းထားသော Shopping in China 2026 Guangxi “33 Consumption Festival"ဖွင့်ပွဲကို ဧပြီ ၁၇ ရက်ကကျင်းပရာ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းတက်ရောက်ခဲ့သည်။
ကွမ်ရှီးဒေသ၏ အမှတ်တံဆိပ်များ၊ ဒေသထွက်ကုန်များနှင့် စားသုံးသူများအတွက်အထူးခံစားခွင့်များ၊ AI နည်းပညာသုံး နွေဦးအားလပ်ရက်နှင့် ကွမ်ရှီးတွင်ပျော်ရွှင်ဖွယ်ဈေးဝယ်ခြင်း၊ ကမ္ဘာနှင့်ချိတ်ဆက်မည့် စမတ်နည်းပညာများ၊ အွန်လိုင်းဈေးဝယ်ပလက်ဖောင်းမှ အထူးဈေးရောင်းအစီအစဉ်များပါဝင်သော ပွဲတော်ကိုဖွင့်လှစ်ခဲ့သည်။
ထို့အတူ ပွဲတော်၌ အာဆီယံအဆင့်မြင့်ထုတ်ကုန်များရွေးချယ်မှုအစီအစဉ်များ၊ AI နည်းပညာသုံးမျက်လှည့် ပြကွက်အစီအစဉ်၊ စတိုးဆိုင်ပေါင်းထောင်ချီနှင့် ကုန်ပ စ္စည်းပေါင်းသန်းချီပါဝင်မည့် အစီအစဉ်များ၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်များလည်းပါဝင်သည်။
ဈေးပွဲတော်၌ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၏ ထွက်ကုန်ပစ္စည်းများခင်းကျင်းပြသထားသည်။

image

ပုသိမ်မြို့တွင် နေအိမ်မီးလေ-ာင်မှုဖြစ် (၁၀)မိနစ်ကျော်ကြာငြှိမ်းသ-တ်ခဲ့ရကာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဧပြီ ၁၉ ရက်နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ပုသိမ်မြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဉမ္မာဒန္တီ(၂)လမ်းရှိ နေ အိမ်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မီးသ-တ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီ ၂၈ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများက စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image

ကြို့ပင်ကောက်မြို့မှာ မိုးရွာ လေပြင်းတိုက်လို့ အိမ်ရာနဲ့ချီ ပျက်စီးခဲ့ ၊ နယ်မြေအခြေအနေအရ သွပ်အိမ်ဆောက်ပစ္စည်း ဝယ်ယူဖို့အခက်ကြုံနေ

ပဲခူးတိုင်းအနောက်ပိုင်း ၊ ကြို့ပင်ကောက်မြို့နယ်မှာ နှစ်ဆန်းတရက်နေ့ ၊ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေရာနဲ့ချီ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ညနေ ၃ နာရီကျော်လောက်မှာ လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့တာဖြစ်ကြောင်း ၊ အဲဒီဖြစ်စဥ်ကြောင့် ကြို့ပင်ကောက်မြို့ပေါ် ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သလို ချောင်းဂွရွာ ၊ မြို့ကိုင်းရွာနဲ့ ကွက်သစ်ရွာတွေဘက်မှာလည်း အိမ်ရာနဲ့ချီပြီး ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။
လူနေအိမ်တွေမှာ အမိုးလန် ပျက်စီးသွားတာ၊ အိမ်တခုလုံးပြိုကျပျက်စီးတာ ၊ အိမ်တခြမ်းပျက်စီးတာတွေ ဖြစ်ပွားခဲ့သလို သစ်ပင်တွေလည်း လဲကျမှုရှိခဲ့တယ်လို့ သိရပါတယ် ။
" ရွာမှာ အိမ်ခြေ ၈၀ လောက်ရှိတယ်။အဲဒီထဲမှာ ကောင်းတာက ၁၀ အိမ်လောက်ပဲကျန်တော့တယ်။ကျန်တဲ့အိမ်တွေက သွပ်မိုးတွေလန်သွားတယ်။တချိူ့ဆိုအိမ်ကငုတ်တုပ်ကနေ လဲပြီးပြိုကျသွားတယ်။ ၃ နာရီခွဲလောက်မှာ လေစတိုက်ပြီး မိုးသီးတွေပါကြွေလာတယ်။ လေရောမိုးရော တအားပါတယ်။ ၄ နာရီမထိုးခင်လောက်မှာ ပြိုကုန်တာ။ မြို့ကိုင်းနဲ့ ကွက်သစ်မှာလည်း အိမ်တွေပျက်စီးတယ်။ များတာကတော့ ချောင်းဂွက ပိုများတာ ။ ပျက်စီးတာအတွက် သွပ်ဘာညာဝယ်ရမှာပေါ့။ " လို့ ချောင်းဂွ ဒေသခံက ပြောပါတယ်။
အဆိုပါ မြို့ကိုင်း ၊ ကွက်သစ်နဲ့ ချောင်းဂွ ရွာတွေဘက်မှာ PDF တွေ ဝင်ထွက်သွားလာမှု ရှိတဲ့အခြေအနေတွေကြောင့် သက်ဆိုင်ရာမြို့နယ်အာဏာပိုင်တွေက ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးကို အကန့်အသတ်နဲ့သာ ခွင့်ပြုထားတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် သဘာဝဘေးအန္တရာယ်ခံစားခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်အတွက် လိုအပ်တဲ့ သွပ် နဲ့အခြား အိမ်ဆောက်ပစ္စည်းတွေ ဝယ်ယူဖို့ အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။
" လိုအပ်တဲ့ သွပ်တွေဝယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ပြောနေကြတာ ။ သယ်ယူပို့ဆောင်ရေးကန့်သတ်ခံရတော့ ကြားထဲက ပြည်သူတွေ ဒုက္ခရောက်ရတာပေါ့လေ ။ဒီဘက်က အမဲရောင်နယ်မြေလို ဖြစ်နေတော့ သယ်ယူပို့ဆောင်ရေးကန့်သတ်ခံရတာပေါ့။ ဆန်တွေလည်း အကန့်သတ်နဲ့သယ်ရတာ ။" လို့ သူက ထပ်ပြောပါတယ်။
ကြို့ပင်ကောက်မြို့ပေါ်မှာတော့ ဆင်ခြေဖုံးရပ်ကွက်တွေက နေအိမ်တွေ ထိခိုက်ပျက်စီးမှုများပြီး သစ်ပင်လဲကျမှုတွေရှိခဲ့ကြောင်း ၊ ရန်ကုန် - ပြည်လမ်း လမ်းမှာလည်း သစ်ပင်လဲကျမှုရှိခဲ့တဲ့အတွက် မီးသတ်ဌာနက ရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
" မြို့ပေါ်ရပ်ကွက်တွေမှာတော့ သစ်ပင်လဲတာတွေ ၊ဓါတ်တိုင်လဲတာတွေ ၊နေအိမ်အချို့အမိုးလန်ပျက်စီးတာတွေရှိပါတယ်။ ဆင်ခြေဖုံးရပ်ကွက်ကအိမ်တွေများပါတယ်။ မြို့ကိုင်း ၊ချောင်းဂွ၊ ကွက်သစ်ရွာဘက်ကတော့ နယ်မြေအခြေအနေအရ သွားလို့မပြေတော့ ကူညီနိုင်ဖို့ ခက်ပါတယ်။ " လို့ ကြို့ပင်ကောက် ဒေသခံက ပြောပါတယ်။
ကနဦးသိရှိရ တဲ့ သတင်းအချက်အလက်တွေအရတော့ အဆိုပါ လေပြင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်နဲ့ ကပ်လျက်မှာရှိတဲ့ ဇီးကုန်းမြို့မှာလည်း မိုးရွာ လေပြင်းတိုက်ပြီး မိုးသီးကြွေ လျှပ်စီးလက် မိုးကြိုးပစ်မှုတွေဖြစ်ပွားပြီး သစ်ပင်လဲကျတာ ၊နေအိမ်တချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ် ။

image

ထိုင်းမှာ မြန်မာလုပ်သား ၆၀၀ ကျော် အကြောင်းပြချက်မရှိ ကြိုတင်အသိမပေးဘဲ အလုပ်ရပ်နားခံရလို့ ဒုက္ခရောက်နေ

ထိုင်းနိုင်ငံ ၊ ပါကျင်ဘူလီခရိုင်၊ကဘင်ဘူလီမြို့နယ်မှာရှိတဲ့ Haier အဲယားကွန်းစက်ရုံက မြန်မာလုပ်သား ၆၂၂ ယောက်ကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ အလုပ်ကနေ ရပ်နားလိုက်တာကြောင့် အလုပ်သမားတွေ ဒုက္ခရောက်နေရတယ်လို့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။
မြန်မာလုပ်သားတွေကို ဧပြီ ၁၆ ရက်နေ့ကစပြီး အလုပ်ဆင်းစရာမလိုကြောင်း အလုပ်ကနေရပ်နားလိုက်ပြီလို့ အသိပေးခဲ့တာဖြစ်ကြောင်း ၊ အလုပ်ရပ်နားရတဲ့ အကြောင်းအရင်းကိုတော့ ပြောဆိုခြင်းမရှိသလို နစ်နာကြေးလည်း မပေးဘူးလို့ သိရပါတယ်။
အလုပ်ရပ်နားခံလိုက်ရတဲ့ မြန်မာလုပ်သားတွေထဲမှာ အလုပ်စတင်လုပ်ကိုင်ကတည်းက လက်ရှိအလုပ်နားခံရတဲ့အထိ လုပ်ခလစာ မရရှိခဲ့သူတွေလည်းပါဝင်နေတယ်လို့ သိရ ပါတယ်။
" အလုပ်စဝင်တဲ့ ဒီဇင်ဘာလကနေ အခုဧပြီလအထိ လုပ်ခလစာတကျပ်မှမရသေးဘူး ။ဘန်ကောက်ဘဏ်အကောင့်မရှိလို့ဆိုပြီး မပေးတာ ။ ကိုယ့်လုပ်ခလစာဆိုတော့ လိုချင်တာပေါ့။ ကြားထဲမှာ သူတို့မပေးလို့ အိမ်ကတောင်းသုံး၊သူငယ်ချင်းစီက အကူညီတောင်းရတယ်။ ဘာကြောင့်အလုပ် အလုပ်နားတယ်ဆိုတာ မပြောဘူး ။ အလုပ်ရပ်နားခံလိုက်ရပြီဆိုတော့ အလုပ်သစ်ထပ်ရှာရမှာသေချာသွားပြီ ။ အဲဒီတော့ တလလောက်တော့ ဒီတိုင်းထိုင်နေရာမှာ ။ လုပ်ခလစာရော နစ်နာကြေးရောလိုချင်ပါတယ်။ " လို့ မြန်မာလုပ်သားတယောက်က ပြောပါတယ်။
မြန်မာလုပ်သားတွေအနေနဲ့ အဲဒီ Haier စက်ရုံမှာ အလုပ်ရရှိဖို့အတွက် ပွဲစားကို စမတ်ကြေး ဘတ် ၅၅၀၀ ကနေ ၁၀၀၀၀ ကျော်အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။
" သူတို့က ကြိုတင် အကြောင်းမကြားဘဲ အလုပ်ထဲကို သွင်းပေးတဲ့ပွဲစား အဖွဲ့အစည်းကလေး ဖွဲ့လောက်ရှိတယ်။အလုပ်ဝင်တာနှစ်လကျော်ကျော်ရှိပြီ။ လစာမရသေးဘူး။ အခုအလုပ်နားခံရတယ်။သူတို့က နစ်နာကြေး ပေးလေ့မရှိဘူးပြောတယ် မပေးဘူးပေါ့။ လုပ်ခ လစာတွေကိုတော့ ၂၅ ရက်နေ့ပေးမယ်ပြောတယ်။ လစာမရတော့ အိမ်ကနေပြန်တောင်းသုံးနေရတယ်။စမတ်ကြေးကလည်း အစားစားပေးရတယ်။နောက်ထပ်အလုပ်ထပ်ရှာရရင် စမတ်ခ ၆၀၀၀ လောက်ထပ်ကုန်အုံးမယ်။" လို့ အလုပ်ရပ်နားခံရတဲ့အထဲက နောက်ထပ် မြန်မာလုပ်သားတယောက်က ပြောပြပါတယ်။
အလုပ်ရပ်နားခံလိုက်ရတဲ့ မြန်မာလုပ်သား ၆၀၀ ကျော်က အဲဒီစက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့သက်တမ်း နှစ်လကနေ တနှစ်အတွင်းရှိ MOU / PJ / CI ရှိတဲ့ လုပ်သားတွေ အများဆုံးဖြစ်ကြောင်းသိရပါတယ်။
ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက် အလုပ်ကနေ ရပ်နားခံလိုက်ရတာကြောင့် Visa သက်တမ်း ၊ Work Permit သက်တမ်းကုန်သူတွေ အပါအဝင် အလုပ်သမားတွေအားလုံးမှာ အလုပ်သစ်ထပ်ရှာဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
" အမှန်ဆိုတလလောက်ကြိုတင်ပြောရမှာ။ အလုပ်ရှင်ဘက်ကဖြစ်ဖြစ် အလုပ်သမားဘက်ဖြစ် ဘာအကြောင်းကြောင့် ဖြစ်ဖြစ် တလကြိုတင်အကြောင်းကြားပြီး မှလုပ်သင့်တာ။ခုဖြစ်တာက သင်္ကြန်မတိုင်ခင် ၁၀ ရက်နေ့က အလုပ်ဆင်းပြီး ပြန်လာတယ်။ အဲဒီနောက် line group ကနေ ၁၆ ရက်နေ့ကစပြီး စာရင်းပါ လူတွေ အလုပ်ဆင်းခွင့်မရှိကြောင်း အသိပေးခဲ့တာ။ ကျွန်တော်တို့ကပိုပြီး ဒုက္ခရောက်တယ်။သက်တမ်းက ၆ လပိုင်း ၁၆ ရက်နေ့ဆိုရင် Visa ရော Work Permit ရော သက်တမ်းတိုးရမှာဆိုတော့အလုပ်သစ်ရှာဖို့က မလွယ်တော့ဘူး ။ သက်တမ်းတိုးပြီးမှရတော့မှာ။ သက်တမ်းမတိုးခင်ကြားကာလ ဘာမှလုပ်မရဘဲ ဒီတိုင်းထိုင်စားနေရမှာ ။" လို့ လုပ်သက် ခုနှစ်လရှိပြီး အလုပ်ကရပ်နားခံရတဲ့ မြန်မာလုပ်သားတယောက်က ပြောပါတယ်။
အလုပ်သမားတွေကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ အလုပ်ကနေရပ်နားလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားတွေက လုပ်ခလစာရရှိရေး ၊ နစ်နာကြေးရရှိရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံထားကြောင်းသိရပါတယ်။

image

မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်လို့ နယ်စပ်ပို့ကုန်လိုင်စင်တွေ ချထားပေးနေ

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီကနေ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မှာဖြစ်တာကြောင့် ပို့ကုန်ပစ္စည်း ခြောက်မျိုးကို နယ်စပ်ပို့ကုန်လိုင်စင် လျှောက်ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ ကုန်သည်တွေဆီကသိရပါတယ် ။
ပြောင်းဆံ ၊ ငရုတ်အစို/အခြောက် ၊ ကွမ်းသီးအစို/အခြောက် ၊ ကြက်သွန်နီ ၊ ပဲမျိုးစုံ နဲ့ သီဟိုဆံ တို့ကို ပို့ကုန်လိုင်စင်ချထားပေးလိုက်တာ ဖြစ်ပြီး လိုင်စင်ကို Myanmar Trade Net 2.0 စနစ်မှာ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
" အမှတ် ၂ တံတားပြန်ဖွင့်တော့မှာမို့လို့ ခုလို ပို့ကုန်လိုင်စင် တွေပြန်ချပေးတဲ့သဘောပါ ။ တံတားပြန်ဖွင့်မှ လိုင်စင်လျှောက် ထလုပ်လို့ ကုန်သွယ်ရေး ထလုပ်လို့မှမရတာ ။ ပို့ကုန်လိုင်စင်တွေ ချထားပေးပြီးမှ တံတားဖွင့်တာနဲ့ ကုန်စည်တွေ ချက်ခြင်းပို့နိုင်မှာ အဲဒီသဘောပါ ။ အခုတချို့လည်း လိုင်စင်လျှောက်နေကြပြီ ။ လိုင်စင်တွေချပေးနေတယ်။ ဝက်ဆိုက်ဘ်ကနေပဲ လျှောက်ရတာဆိုတော့ အချက်အလက်ပြည့်စုံမှန်ကန်ရင် လိုင်စင်ချပေးနေတယ် ။ မြဝတီနယ်စပ်ကုန်သွယ်ရေးပြန်ပွင့်တာနဲ့ ကုန်ပစ္စည်းတွေလည်း အထိုက်အလျောက် စျေးတက်လာမှာပါ ။ " လို့ နယ်စပ် ငရုတ်ကုန်သည် တယောက်က ပြောပါတယ်။
မြဝတီ နယ်စပ်ပို့ကုန်လိုင်စင် အတွက် လက်ရှိမှာ လိုင်စင် လျှောက်ထားသူတွေရှိသလို လမ်းကြောင်းအခြေအနေ အဆင်ပြေမှုရှိမရှိအပေါ် စောင့်ကြည့်ပြီး မဲဆောက်မှာ ကုန်ပစ္စည်းထားဖို့ ဂိုဒေါင်ငှားရမ်းဖို့ ကြိုတင်စီစဥ်တဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
" လိုင်စင်လျှောက်ခွင့်တော့ ပေးပြီ။ လျှောက်ကြည့်မှာပေါ့။ကျွန်တော်တို့လည်း စမ်းသွားကြည့်မှာပေါ့။ ဒါပေမယ့် မြဝတီလမ်းကြောင်းကမသွားတာ ကြာတော့လေ။ တယောက်နှစ်ယောက်ကတော့ စမ်းထွက်ကြည့်မှ ရမှာပေါ့။အားလုံးက စိတ်မချသေးဘူးဖြစ်နေတော့လေ။ လမ်းမှာပစ်ခတ်ခံရမှာကြောက်တာကို။ အဲဒါကြောင့်ခဏစောင့်ကြည့်နေကြတာ။ တချို့ကုန်သည်တွေလည်း မဲဆောက်မှာ ဂိုဒေါင်တွေ ငှားဖို့စီစဥ်နေကြတယ်။အရင်က ဧပြီ ၂၈ လောက် ထွက်ရမယ်ကြားတယ်။အခုထပ်ကြားရတာကတော့ မေ ၁၁ လောက်မှထွက်ရမယ်လို့ ကြားရပြန် တယ်။တံတားဖွင့်မယ့်ရက်တော့ မသိသေးဘူး။ " လို့ ပြောင်းကုန်သည်တယောက်က ပြောပါတယ်။
မြဝတီနယ်စပ်ကုန်သွယ်ရေးကို ထိုင်း - မြန်မာနယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား ကနေ အဓိက ကုန်သွယ်ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ အမှတ်၂ချစ်ကြည်ရေးတံတား ပိတ်ထားဆဲ ဖြစ်ပေမယ့် မကြာခင်မှာ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် နယ်စပ်ပို့ကုန်လိုင်စင်တွေကို ပြန်လည် လျှောက်ထားခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
နယ်စပ်ပို့ကုန်လိုင်စင်တွေကို လျှောက်ထားခွင့်ပြုလိုက်ပေမယ့် သွင်းကုန်လိုင်စင် အသစ်လျှောက်ထားခြင်းကို ခွင့်မပြုသေးဘဲ အမှတ် ၂ တံတားပိတ်သွားလို့ လုပ်ငန်းစဉ်တွေ ရပ်တန့် ကျန်ခဲ့ရတဲ့ ကုန်စည်တွေကိုတော့ စနစ်တကျ ပြန်လည် စိစစ်ဆောင်ရွက်ပေးနိုင်ဖို့အတွက် မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက စာရင်းကောက်ခံနေတယ်လို့ သိရပါတယ်။
ဒါကြောင့် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ သွင်းကုန်လိုင်စင်လျှောက်ထားစဉ်အတွင်း ထိုင်း Free Zone မှာ ရှိတဲ့ ကုန်ပစ္စည်းစာရင်း၊ သွင်းကုန်လိုင်စင်ရရှိပြီး တင်သွင်းရန်ကျန်ရှိတဲ့ ကုန်ပစ္စည်းစာရင်း၊ သွင်းကုန်လိုင်စင်နဲ့ တင်သွင်းထားပြီး အကောက်ခွန်ဂျူတီမဆောင်ရသေးတဲ့ ကုန်ပစ္စည်း များစာရင်း ၊ သွင်းကုန်လိုင်စင်ရရှိပြီး အကောက်ခွန်ဂျူတီဆောင်ထားတဲ့ ကုန်ပစ္စည်းများစာရင်း ကို တင်ပြနိုင်တယ်လို့ သိရပါတယ် ။
သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ အဆိုပါ စာရင်းတွေကို ဧပြီ ၂၀ ရက်နေ့နောက်ဆုံးထားပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဆီ တင်ပြရမှာ ဖြစ်တယ်လို့သိရပါတယ် ။
မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကိုတော့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက ပိတ်ထားခဲ့တာ ဒီကနေ့အထိဆိုရင် ၈ လကျော်ကြာရှိပြီဖြစ်ပါတယ်။
မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကတော့ ၂၀၂၃ ခုနှစ်မှာ PDF တွေထိန်းချုပ်ပြီးကတည်းက ပိတ်ထားခဲ့ပြီး ဒီလ ဧပြီ ၂ ရက်မှာမှ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့တာဖြစ်ပါတယ်။
မြဝတီ - ကော့ကရိတ် အာရှလမ်းဖွင့်ပြီးနောက်မှာ ဒေသတွင်း ကုန်စည်စီးဆင်းမှု နဲ့ သွားလာ​ရေးအဆင်ပြေခဲ့ပြီး မကြာခင် အမှတ် ၂ တံတားပြန်ဖွင့်ပါက နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်ဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍမှာ မြဝတီ နယ်စပ်ကုန်သွယ်ရေးကနေ အဓိက ကုန်သွယ်မှု အများဆုံး ပြုလုပ်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

image