ကိုင်လီယန်ဘက်ပေးကို ခေါ်ယူရေး လီဗာပူးတို့ ဘယ်လို ကြိုးစားခဲ့သလဲဆိုတာ ကလော့ပ် ဖွင့်ဟလာ
======================

လီဗာပူးနည်းပြဟောင်းဂျာဂင်ကလော့ပ်က ၂၀၁၇ ခုနှစ်တုန်းက လီဗာပူးမှာ ကိုင်လီယန်ဘက်ပေးအား ခေါ်ယူနိုင်ရေးအတွက် ပြင်သစ်စူပါစတားနှင့်မိသားစုအတွက် စင်းလုံးငှားလေယာဉ်၊ အစားအသောက်များစီစဉ်ပေးခဲ့တဲ့အကြောင်းကို ဖွင့်ဟပြောကြားလာပါတယ်။
ဂျာမနီလူမျိုးနည်းပြက ဘက်ပေးအား ခေါ်ယူရေး ကြိုးပမ်းမှုမှာ မအောင်မြင်ဘဲ ပီအက်စ်ဂျီသို့ လက်လွှတ်လိုက်ရမှုနှင့်အတူ လီဗာပူးအတွက် ကုန်ကျစရိတ်အများဆုံး မအောင်မြင်တဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ကြောင်း ဆိုသွားပါတယ်။
ပြင်သစ်အား မော်ရိုကိုက ၂-၀ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ Magenta TV တွင် ဘောလုံးဝေဖန်သူအဖြစ် လုပ်ဆောင်နေတဲ့ ကလော့ပ်က ရီးရဲလ်မက်ဒရစ်စူပါစတားကို လီဗာပူးက ခေါ်ယူရေး ဘယ်လို ကြိုုးပမ်းခဲ့သလဲဆိုတာ ဖွင့်ဟလာပါတယ်။
ကလော့ပ်က ဘလက်ပူးလ်မှ ပြင်သစ်ရှိ နိုက်စ်သို့ စင်းလုံးငှားလေယာဉ် စီစဉ်ပေးခဲ့ရကြောင်း ဆိုသွားပါတယ်။ ယင်းလေယာဉ်တွင် ဘက်ပေးနှင့် မိသားစုဝင်များအတွက် အခန်း ၅ ခန်းနှင့် အခြားအရာများ ပါဝင်ကြောင်း ဆိုသွားပါတယ်။
ဘက်ပေးရဲ့ အေးဂျင့်အဖြစ် မိခင်ဖြစ်သူက အလုပ်လုပ်နေတာပါ။ သူမဟာ ဘောလုံးသမားများအတွက် အေဂျင့်အဖြစ် လုပ်ဆောင်ပေးတဲ့ ကုမ္ပဏီတည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
ကလော့ပ်က "ကျွန်တော်တို့ အားလုံး အစွမ်းကုန်လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ သွားလိုက်ပြန်လိုက် လုပ်ခဲ့ကြတယ်။ မိသားစုနဲ့ စကားပြောဖြစ်ခဲ့ကြတယ်။ အစားအသောက်ကောင်းတွေ စားခဲ့ကြတယ်"လို့ ဖွင့်ဟသွားပါတယ်။
လီဗာပူးဘက်က ဘက်ပေးကို ခေါ်ယူရေး အစွမ်းကုန်ကြိုးပမ်းခဲ့ပေမဲ့လည်း အားလုံးအချည်းအနှီးသာ ဖြစ်ခဲ့ပါတယ်။
ဘက်ပေးဟာ ပီအက်စ်ဂျီသို့ အပြီးသတ်ပြောင်းနိုင်မဲ့အချက်ဖြင့် အငှားဖြင့် ပြောင်းသွားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ နောက်တစ်နှစ်မှာတော့ အငှားစာချုပ်အတိုင်း ဘက်ပေးကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၃ သန်း(ယူရိုသန်း ၁၈၀)ဖြင့် ခေါ်ယူသွားခဲ့ပါတယ်။
ဘက်ပေးဟာ ပဲရစ်တွင် ၇ နှစ်ကြာ ကစားပြီးနောက် ၂၀၂၄ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းသွားခဲ့ပါတယ်။
အသက် ၅၉ နှစ်ရှိ ဘက်ပေးဟာ လီဗာပူးကို ၉ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ချန်ပီယံလိဂ်ဖလား ၁ လုံး၊ ပရီးမီးယားလိဂ်ဖလား ၁ လုံး ရယူပေးနိုင်ခဲ့ကာ ၂၀၂၄ ခုနှစ်တွင် ထွက်ခွာသွားခဲ့ပါတယ်။
သူဟာ လက်ရှိအချိန်တွင် ရက်ဘူးလ်ရဲ့ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေပြီး လစ်လပ်နေတဲ့ ဂျာမနီနည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။

image

မိုင်ယာမီတွင် ရာသီဥတုသတိပေးချက် ထွက်ပေါ်လာပြီးနောက် အင်္ဂလန်နှင့် နော်ဝေပွဲအား ရွှေ့ဆိုင်းရလာဖို့ ရှိနေ
=====================

အင်္ဂလန်ရဲ့ နော်ဝေနှင့် ရင်ဆိုင်ကစားရမဲ့ မိုင်ယာမီတွင် ရာသီဥတုသတင်းပေးချက် ထွက်ပေါ်လာမှုနှင့်အတူ ပွဲကို ရွှေ့ဆိုင်းရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အင်္ဂလန်ဟာ ယနေ့ညတွင် ဖလိုရီဒါ၊ မိုင်ယာမီရှိ Hard Rock Stadium ကွင်းတွင် နော်ဝေနှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ် ကစားရပါမယ်။
ဒါပေမဲ့ East Coast တွင် ကစားမဲ့ ပွဲစဉ်မတိုင်မီ ကစားသမားများ၊ ပရိသတ်များအနေဖြင့် ရာသီဥတုကြောင့် အထူးသတိထားရန် လိုအပ်နေပါတယ်။
US National Weather Service က ဖလိုရီဒါတောင်ပိုင်းတွင် ဆိုးရွားတဲ့ အပူချိန် ကြုံနေရကြောင်း သတိပေးချက် ထုတ်ပြန်လာပါတယ်။
ကျွမ်းကျင်သူများက အပူချိန်မှာ 43 degrees Celsius (110 Fahrenheit) အထိ မြင့်တက်ခံစားရနိုင်ကြောင်း သတိပေးထားပါတယ်။
ဒါ့အပြင် ဆာဟာရဖုန်မှုန့်တိမ်တိုက်တစ်ခု ဝင်ရောက်လာမှုနှင့်အတူ ရာသီဥတုအလွန်ခြောက်သွေ့နေမှာလည်း ဖြစ်ပါတယ်။
ဖလိုရီဒါတောင်ပိုင်းတွင် ယခုအပတ်အစောပိုင်းကတည်းက အပူချိန်ပြင်းစွာ ခံစားလာခဲ့ရတာပါ။
ယင်းတိမ်များက ဓာတ်မတည့်မှုများကို ဖြစ်စေသလို အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူများအတွက် အန္တရာယ်တစ်ခုလည်း ဖြစ်နေပါတယ်။
တဖက်တွင် ယင်းသို့ အပူချိန်ပြင်းထန်နေမှုနှင့်အတူ မိုးကြိုးမုန်တိုင်းတိုက်ခတ်မှုလည်း ဖြစ်လာနိုင်ပါတယ်။
တကယ်လို့များ မိုးကြိုးပစ်ခတ်မှုများ ဖြစ်လာပါက ပွဲကို ရွှေ့ဆိုင်းရလာရပါမယ်။
ဖီဖာရဲ့စည်းမျဉ်းအရ ကွင်းရဲ့ ၈ မိုင်ပတ်လည်အတွင်း မိုးကြိုးပစ်ခတ်မှုဖြစ်ပွားပါက ပွဲကို မိနစ် ၃၀ စီ ရွှေ့ဆိုင်းတဲ့စနစ် အသုံးပြုနေတာ ဖြစ်ပါတယ်။
အင်္ဂလန်ဟာ မက္ကဆီကိုနှင့် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်တုန်းက မိုးကြိုးပစ်ခတ်မှုကြောင့် ပွဲကို ၁ နာရီ ရွှေ့ဆိုင်းခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ပြင်သစ်မှာလည်း ဆီနီဂေါနှင့် အုပ်စုပွဲစဉ်တုန်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ပွဲကို ၂ နာရီရွှေ့ဆိုင်းခဲ့ပါတယ်။

image

အင်ဒရေဆန်းတို့စ်အား ပေါင်သန်း ၅၀ ပေးပြီး ခေါ်ယူလာတဲ့ ယူနိုက်တက်အပေါ် မေးခွန်းထုတ်လာတဲ့ ယူနိုက်တက်ဂန္ထဝင်
======================

ယူနိုက်တက်ဂန္ထဝင်နစ်ကီဘတ်ဟာ အင်ဒရေဆန်းတို့စ်အား ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူလာတဲ့ ယူနိုက်တက်ရဲ့ လုပ်ဆောင်မှုကို မေးခွန်းထုတ်လာပြီး ဘရာဇီးကွင်းလယ်ကစားသမားမှာ ၁၀ ပွဲမျှသာ ကစားထားရသေးသူ ဖြစ်ကြောင်းလည်း ဆိုလာပါတယ်။
ယူနိုက်တက်ဟာ ဘရာဇီးကွင်းလယ်ကစားသမားအင်ဒရေဆန်းတို့စ်အား ပေါင် ၄၈ သန်းအပြင် ပေါင် ၂ သန်းထပ်မံပေးရမဲ့အချက်ဖြင့် ချဲလ်ဆီးမှ ခေါ်ယူရန် သဘောတူညီမှု ရရှိထားပါတယ်။
အသက် ၂၂ နှစ်ရှိ ဆန်းတို့စ်ဟာ Box-to Box ကွင်းလယ်ကစားသမားမျိုး ဖြစ်ပြီး ယူနိုက်တက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ဆေးစစ်ဆေးမှုခံယူရန် ချဲလ်ဆီးရဲ့ ခွင့်ပြုချက် ရရှိထားပြီးလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနှင့် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဆန်းတို့စ်ဟာ ကလပ်အများအပြားတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့လည်း ယူနိုက်တက်က ခေါ်ယူခွင့် ရရှိသွားခဲ့တာပါ။
ဒါပေမဲ့ ဂန္ထဝင်ကစားသမားနစ်ကီဘတ်က "တကယ်လို့ သူ့ကို ပေါင် ၂၅ သန်း ပေါင်သန်း ၃၀ လောက်နဲ့ ခေါ်ယူခဲ့တယ်ဆိုရင် နားလည်ပေးလို့ ရသေးတယ်။ ယူနိုက်တက်က အသင်းတစ်သင်းတည်ဆောက်ဖို့ လိုနေတာပါ။ ဒါကိုလည်း ကျွန်တော် အကြိမ်အနည်းငယ် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ကွင်းထဲမှာသာ မဟုတ်ပါဘူး၊ အရန်ခုံမှာလည်း ကစားသမားကောင်းတွေ ရှိရပါမယ်။ ဒါပေမဲ့ ပေါင်သန်း ၅၀ဖြင့် ခေါ်ယူလာတာဆိုတော့ အရန်ခုံမှာ ထိုင်ခိုင်းထားဖို့ မဟုတ်တော့ဘဲ ပွဲထွက်ကစားဖို့ ခေါ်လာတာ ဖြစ်ပါတယ်။ သူကစားတာ အနည်းငယ် ကြည့်ဖူးတယ်။ ဒါပေမဲ့ အားလုံးထက် ထူးကဲပြီး ကစားပြနိုင်တာမျိုး မဟုတ်ပါဘူး။ 'မိုက်လိုက်တာ၊ ဘောလုံးကစားတာ ကောင်းသလို အင်ပြည့်အားပြည့်နဲ့ ကစားတယ်'လို့ ဖြစ်သွားတဲ့ သူမျိုး မဟုတ်ဘူး။ ဝါးတားတား ခြေစွမ်းမျိုးပါ။ ကစားသမားခေါ်ယူရေးအဖွဲ့က ဒီကောင်လေးက နောက်ထပ်စတားဖြစ်လာမဲ့သူ၊ အမြန်ပေါင်သန်း ၅၀ ပေးလိုက်၊ သူ့အတွက် တဆုံးပေးလိုက်"လို့ ပြောတာလား မသိဘူး"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် နစ်ကီဘတ်ဟာ ဆန်းတို့စ်မှာ ပြောင်းရွှေ့ကြေးမြင့်မားစွာပေးရပေမဲ့လည်း ပရီးမီးယားလိဂ်အတွေ့အကြုံနည်းပါးသူ ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဆက်လက်ပြီး ၎င်းက "သူက အဆင့် ၁၀ နဲ့ ဇာတ်သိမ်းခဲ့တဲ့ ချဲလ်ဆီးအတွက် ၁၃ ပွဲတည်းပဲ ပွဲထွက်ခွင့်ရခဲ့တယ်။ ဒီတော့ ကစားသမားကောင်းခေါ်ယူလိုက်နိုင်တယ်လို့ မပြောနိုင်ဘူး။ ကျွန်တော် မှားလာဖို့ မျှော်လင့်တယ်။ ကြီးကျယ်တဲ့ ကစားသမားတစ်ဦး ဖြစ်လာဖို့‌‌ မျှော်လင့်တယ်။ ကျွန်တော်တို့ ထင်ထားတာ ဘာမှ မဖြစ်လာဖို့ မျှော်လင့်တယ်။ ဒါပေမဲ့ အခြားကလပ်တွေကို ထွက်သွားတဲ့ သူတွေကို ကြည့်လိုက်ပါ။ အီးလီးယော့အင်ဒါဆင်၊ မားတီးယပ်စ်ဖာနန်ဒက်စ်၊ ဆန်ဒရိုတိုနာလီတို့က ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ ကစားသမားတွေပါ။ သူတိ့က ဒီလိဂ်မှာ ၁၀ နှစ်လောက် ကစားလာသလို ကစားပြနေတဲ့သူတွေ ဖြစ်ကြတယ်။ ဒီကောင်လေးက ၁၀ ပွဲတည်းပဲ ကစားလာတာ။ ဒါက ထူးဆန်းတယ်။ 'ဘယ်လောက် ခေါ်ယူမှုလဲ၊ ဒီ ခေါ်ယူမှုအတွက် အရမ်းပျော်တယ်'လို့ ပြောလာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

image

အင်္ဂလန်နှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ နော်ဝေအသင်း အင်္ကျီအားလုံး အကုန် ရောင်းချခဲ့ရ
=====================

ဥရောပမှ ဆိုင်များဟာ စနေနေ့ည နော်ဝေနှင့် အင်္ဂလန်တို့ရဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ နော်ဝေလက်ရွေးစင်အသင်းရဲ့ ဂျာစီများ အကုန် ရောင်းချလာခဲ့ရပြီ ဖြစ်ပါတယ်။
နော်ဝေဘောလုံးအဖွဲ့ချုပ်နှင့် Nike တို့ဟာ မတ်လတုန်းက ကမ္ဘာ့ဖလားအတွက် အင်္ကျီကို ကြေညာခဲ့ပြီးနောက် ဈေးကွက်တောင်းဆိုမှုမြင့်တက်ကာ ဆက်တိုက်ဆိုသလို ပစ္စည်းလက်ကျန်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နော်ဝေအသင်းဟာ ကမ္ဘာဖ့လား ၁၆ သင်း ရှုံးထွက်အဆင့်တွင် ဘရာဇီးအား အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လာတဲ့အပြင် အာလင်းဟာလန်းကဲ့သို့ စူပါစတားကစားသမားရှိနေမှုနှင့်အတူ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပရိသတ်အချို့တို့ဟာ နော်ဝေအသင်းအင်္ကျီ ဝယ်ယူနိုင်ရေးအတွက် ညလုံးပေါက် တန်းစီစောင့်ဆိုင်းခဲ့ရကြောင်းလည်း သိရပါတယ်။
နော်ဝေနိုင်ငံ၊ အော်စလိုရှိ Torshov Sport ဟာ အင်္ဂါနေ့တုန်းက နော်ဝေအသင်းဂျာစီသစ်များ ရောက်ရှိလာပြီးနောက် ပရိသတ်များ ဝယ်ယူရေး တန်းစီမှုက မီတာ ၆၀၀ အထိ ရှည်လျားခဲ့ကာ သစ္စာရှိ ပရိသတ်အချို့တို့ဟာ ၁၂ နာရီအထိ ထိုင်ခုံများ ယူဆောင် တန်းစီခဲ့ကြရပါတယ်။
နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ ယင်းသို့ အသင်းအင်္ကျီများ အကုန်ရောင်းချလာရမှုနှင့်အတူ ဝင်ငွေများစွာ တိုးမြင့်ရရှိလာတော့မှာ ဖြစ်ပါတယ်။
နော်ဝေဟာ ပြီးခဲ့တဲ့နှစ်တုန်းက အထည် ၅၀၀၀၀ ဝန်းကျင်သာ ရောင်းချခဲ့ရပေမဲ့လည်း ယခုနှစ်မှာတော့ စံချိန်တင် ၂၅၀၀၀၀ အထိ အော်ဒါ ရရှိခဲ့ပါတယ်။
အနီရောင်နှင့် နော်ဝေအလံ ပါဝင်တဲ့ အိမ်ကွင်းအင်္ကျီမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ခန့်ကတည်းက Nike တရားဝင်စတိုးများနှင့် Outlets ဆိုင်အချို့တို့မှာ အကုန်ရောင်းချခဲ့ရပြီးလည်း ဖြစ်ပါတယ်။

image

ဘာစီလိုနာနောက်ခံလူဟောင်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခရစ္စတယ်ပဲလေ့စ် ခေါ်ယူလာ
======================

ခရစ္စတယ်ပဲလေ့စ်ဟာ ဆဲလ်တာဗီဂိုနောက်ခံလူအော်စကာမန်ဂူဇာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၇ နှစ်ရှိ နောက်ခံလူဟာ ပဲလေ့စ်သို့ ၄ နှစ်ဖြင့် ပြောင်းလာတာ ဖြစ်ပြီး နည်းပြပီယာရီဆေ့ဂျ်ရဲ့ ပထမဆုံးခေါ်ယူလာသူလည်း ဖြစ်ပါတယ်။
မန်ဂူဇာဟာ ဘာစီလိုနာအကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ပထမဆုံးပွဲ ကစားခွင့်ရရှိပြီးနောက် ၆၆ ပွဲကစားခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်မှာ ဆဲလ်တာဗီဂိုသို့ ပြောင်းပြီးနောက် ၁၄၇ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းပြီး ၁၅ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
နောက်တန်းတွင် နေရာစုံကစားနိုင်တဲ့ မန်ဂူဇာဟာ စပိန်အတွက် ၄ ပွဲကစားခွင့်ရထားပေမဲ့လည်း ကမ္ဘာ့ဖလားလူစာရင်းမှာတော့ ပါဝင်ခြင်း မရှိပါဘူး။
ခရစ္စတယ်ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် အဲဗာတန်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။

image

ပုံနှိပ်၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၆,၁၀၅ ခုကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ထုတ်ပေးပြီးဖြစ်

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း စုစုပေါင်း ၆,၁၀၅ ခုအား လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် လုပ်ငန်းများအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၌ ၂၀၂၆ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၅ ရက်အတွင်း လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်း ၃ ခု၊ ထုတ်ဝေခြင်းလုပ်ငန်း ၇ ခုနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅ ခု စုစုပေါင်း ၁၅ ခုကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ၂၀၂၆ ခုနှစ်အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁,၈၆၄ ခု၊ ထုတ်ဝေခြင်းလုပ်ငန်း ၃,၇၁၁ ခုနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၃၀ ခုတို့ကို လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

image

တောင်သူလယ်သမားများ၏ အခက်အခဲများကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းဖြေရှင်းပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော

တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းကာ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-6) တွင် တောင်သူလယ်သမားရေးရာကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်က ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် တောင်သူလယ်သမားများအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်များ နေ့စဉ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လွှတ်တော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် ကိုယ်စားလှယ်တစ်ဦးချင်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေးမှာ အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းမြှင့်တင်နိုင်ရေးအတွက် ဥပဒေဆိုင်ရာသင်တန်းများ၊ ဆွေးနွေးပွဲများနှင့် အထောက်အကူပြု သင်တန်းအစီအစဉ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ လိုအပ်ချက်များ၊ ရင်ဆိုင်နေရသည့် အခက်အခဲများကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

image

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှောင့်နှေးနေခြင်းမှာ AA ၏ တို-က်ခိုက်မှုများကြောင့်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ရခိုင်ပြည်နယ် လုံခြုံရေးတည်ငြိမ်လာပါက စိစစ်ပြီးသူများကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံမည်ဟုဆို
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေခြင်းမှာ AA အကြမ်းဖက်အဖွဲ့၏ တို-က်ခိုက်မှုများကြောင့်သာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လုံခြုံရေးနှင့် တည်ငြိမ်ရေး ပြန်လည်ကောင်းမွန်လာသည်နှင့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သည့် နိုင်ငံရေးဆန္ဒရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြန်လည်ဝင်ရောက်မည့်သူများကို လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသည့် လူဦးရေစာရင်းများကို စိစစ်ပြီး လစဉ် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်ပေးပို့ဆောင်ရွက်လျက်ရှိကြောင်းလည်း ဆိုထားသည်။
လက်ရှိတွင် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေရခြင်းသည် AA အကြမ်းဖက်အဖွဲ့၏ တို-က်ခိုက်မှုများကြောင့်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လေ-ာင်းဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတက ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိကို ပြည်ထောင်စုအစိုးရ၏ ရက် (၁၀၀) စီမံကိန်းအကောင်အထည်ဖော်မှုကာလအဖြစ် သတ်မှတ်ထားပြီး ယင်းကာလအတွင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ထပ်မံဖိတ်ခေါ်ထားကြောင်းလည်း ဖော်ပြထားသည်။
ထို့နောက် PDFs အဖွဲ့ဝင်များကိုလည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဆက်လက်ဖိတ်ခေါ်ထားပြီး ယင်းကဲ့သို့ စဉ်ဆက်မပြတ် ဖိတ်ခေါ်မှုများကြောင့် လက်ရှိအချိန်အထိ PDF အဖွဲ့ဝင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ၄,၀၀၀ ကျော် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

image

မြန်မာ FIFAe Football (Mobile) အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် နီးစပ်၊ အာရှအဆင့် ၆ သင်းစာရင်းဝင်

FIFAe Football (Mobile) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်းသည် ယနေ့ကျင်းပခဲ့သည့် ရှုံးထွက်အဆင့်ပွဲစဉ်များအပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း Consistency Ranking အရ အာရှဒေသ၏ နောက်ဆုံးအဆင့် Top 6 အသင်းများစာရင်းတွင် ပါဝင်နိုင်ခဲ့ကြောင်း သိရသည်။
Consistency Ranking အရ အရှေ့အာရှဇုန်တွင် မြန်မာအသင်းနှင့်အတူ အိမ်ရှင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယတို့လည်း Top 6 စာရင်းတွင် ပါဝင်ခဲ့သည်။
ယင်းရလဒ်ကြောင့် မြန်မာအသင်းသည် FIFAe World Cup (Mobile) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီး မြန်မာ eFootball သမိုင်းတွင် မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ရန် နီးစပ်လာပြီးဖြစ်ကြောင်း သိရသည်။
မြန်မာအသင်း၏ စွမ်းဆောင်ရည်သည် အာရှဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ထပ်မံသက်သေပြခဲ့ပြီး နိုင်ငံ တကာစင်မြင့်ပေါ်တွင် မြန်မာ eSports အတွက် မျှော်လင့်ချက်သစ်များ ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း အားကစားအသိုင်းအဝိုင်းက သုံးသပ်လျက်ရှိသည်။

image

ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ အာမခံကြေး ဘတ် ၅ သိန်းကို မိသားစုထံ ပထမအကြိမ် ပေးအပ်

ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇွန်လအ တွင်း ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ အာမခံကြေး ထုတ်ယူနိုင်ရေးကို မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်အဖြစ် ဘတ် ၅၀၀,၀၀၀ ကို ဇနီးဖြစ်သူထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံး၏ ဇူလိုင် ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ ‌ေ-သဆုံးသူ၏ ပုဂ္ဂလိကအာမခံကုမ္ပဏီထံမှ ရရှိသင့်သည့် အာမခံကြေး စုစုပေါင်း ဘတ် ၁,၅၀၀,၀၀၀ ထုတ်ယူနိုင်ရေးကို ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအာမခံကြေးအနက် ပထမအကြိမ်အဖြစ် ဘတ် ၅၀၀,၀၀၀ ကို ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းတွင် အလုပ်သမားသံအရာရှိရုံး၌ ‌ေ-သဆုံးသူ၏ ဇနီးဖြစ်သူထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများဘေးအန္တရာယ်ကင်းရှင်းပြီး အလုပ် အကိုင်များအဆင်ပြေကြစေရန် ဆုတောင်း စကားထုတ်ပြန်ထားသည်

image