ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်းဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာ နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်တင့်မှ တိမ်ထူထပ်နေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ဖန်ရှန်”သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ထိုမှတစ်ဆင့် အနောက်တောင်ဘက်သို့ ရွေ့လျား နိုင်ကာ ပိုမိုအားကောင်းလာပြီး နောက် ၆ နာရီအတွင်း အားကောင်းသော အပူပိုင်းမုန်တိုင်း“ဖန်ရှန်” အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အရှေ့ (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၄ ပေမှ ၇ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၄ ပေမှ ၇ ပေခန့်။

ဝိုင်းမော်မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၏ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးသူအား ၆(၁)ဖြင့် ဖမ်းဆီးအရေးယူ

အောက်တိုဘာ ၂၁

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးယူနေကြောင်း သတင်းအရ ဝိုင်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဝိုင်းမော်မြို့နယ်၊ ဝေဘာကျေးရွာနေ ဆွန်လွတ်နော်(ခ)မာနော်(၂၃)နှစ်သည် ရုံးခန်းအတွင်းရှိ ဆလိုက်အလူမီနီယံဘောင်နှင့် မှန်တံခါးချပ် ၄၆ ချပ်၊ ဆလိုက်အလူမီနီယံတံခါးပြေးလမ်း ၂၃ စုံ၊ လှေကားစတိုခန်းတွင် ကာရံထားသော သံချောင်း ၂၅ ချောင်း၊ အိမ်ထောင်သည်လိုင်းခန်းရှိ တံခါးဂျက် ၃၂ ချောင်းနှင့် တံခါး လက်ကိုင်ကွင်း ၃၄ ခု (စုစုပေါင်းတန်ဖိုးငွေ ၉,၄၈၂,၀၀ဝိ/-)တို့အား ဖြုတ်ယူခိုးသွားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဆွန်လွတ်နော်(ခ)မာနော်အား ဝိုင်းမော်မြို့မရဲစခန်း (ပ)၅၃/၂၀၂၅၊ ပြည်သူ ပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

image

ဇနီးနှင့်အတူရှိနေသည့် အမျိုးသားကို ပေါက်ခေါင်း PDF များက ဖမ်းဆီးသွားကာ ဦးခေါင်းကို သေနတ်ဖြင့်တေ့၍ ပစ်ခတ် သတ်ဖြတ်လိုက်မှုဖြစ်ပွား

အောက်တိုဘာ ၂၁

နေအိမ်တွင် ဇနီးနှင့်အတူရှိနေသည့် အမျိုးသားကို ပေါက်ခေါင်း PDF များက ဖမ်းဆီးသွားကာ ဦးခေါင်းကို သေနတ်ဖြင့်တေ့ပစ်၍ သတ်ဖြတ်လိုက်မှု ပေါက်ခေါင်းမြို့နယ်၊ စိုင်ပစ်အင်းကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စိုင်ပစ်အင်းကျေးရွာအနီး၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် အဆိုပါကျေးရွာနေ ကိုချမ်းမြေ့အောင်(၂၆)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ မဖြူဖွေး(ခ)စန်းသီတာအောင်(၂၇)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF ခုနစ်ဦးခန့် ရောက်ရှိလာပြီး ကိုချမ်းမြေ့အောင်အား ဒလန်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာအရောက် သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက် အမေရိကန်နဲ့ ဩစတြေးလျ လက်မှတ်ထိုး

အောက်တိုဘာ ၂၁

အမေရိကန်နဲ့ သြစတြေးလျတို့ဟာ မြေရှားသတ္တုနဲ့ အရေးပါတဲ့ တွင်းထွက်တွေ ထုတ်လုပ် ထောက်ပံ့ရေးအတွက် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒါဟာ မြေရှားသတ္တုတင်ပို့မှုကို ကန့်သတ်မှုတွေချမှတ်ထားတဲ့ တရုတ်နိုင်ငံရဲ့ ဈေးကွက်လွှမ်းမိုးမှုကို တန်ပြန်ဖို့ ကြိုးပမ်းမှုလို့ အကဲခတ်တွေက ဆိုပါတယ်။ ဒီသဘောတူညီချက်ကို ဒေါ်နယ်ထရန့်နဲ့ ဩစတြေးလျဝန်ကြီးချုပ် အယ်ဘာနီးစ်တို့က အိမ်ဖြူတော်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

သဘောတူညီချက်အရ အမေရိကန်နဲ့ သြစတြေးလျတို့ဟာ ခြောက်လအတွင်း နှစ်နိုင်ငံဆောင်ရွက်မယ့် စီမံကိန်းတွေအတွက် ဒေါ်လာ ၁ ဘီလီယံစတင်အသုံးပြုသွားမှာဖြစ်ပြီး မြေရှားသတ္တုနဲ့ အခြားအရေးပါတဲ့ ဓာတ်သတ္တုတွေ တူးဖော်ခြင်း၊ ပြုပြင်ခြင်းတွေအတွက် အမေရိကန်က ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံထိ ရင်းနှီးမြုပ်နှံမှာ ဖြစ်ပါတယ်။

သဘောတူညီချက်မှာတော့ သြစတြေးလျ၊ အမေရိကန်နဲ့ ဂျပန်တို့ ပူးပေါင်းပြီး တပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဂယ်လီယမ်ကို ပူးတွဲထုတ်လုပ်မယ့် စီမံကိန်းတခုလည်း ပါဝင်တယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။

ဩစတေးလျဟာ မြေရှားသတ္တု ထုတ်လုပ်တဲ့ အဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိသဘောတူညီချက်ဟာ တည်ငြိမ်တဲ့ ထောက်ပံ့ရေးကွင်းဆက်ကို ထူထောင်ဖို့နဲ့ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုမှ ရုန်းထွက်ဖို့ အမေရိကန်က ကြိုးပမ်းနေပုံရပါတယ်။

ဒါအပြင် AUKUS လို့ လူသိများတဲ့ အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်တို့ရဲ့ လုံခြုံရေးမူဘောင်အောက်မှာ ဩစတြေးလျအတွက် အမေရိကန်လုပ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ပေးအပ်ရေး အစီအစဉ်ကိုလည်း ဒေါ်နယ်ထရန့်နဲ့ ဩစတြေးလျဝန်ကြီးချုပ်တို့က ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် မရသည့် လုပ်သားများ တိုင်ကြားနိုင်ဟု စစ်ကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာန ကြေညာ

အောက်တိုဘာ ၂၁

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားတွေ ကို အပိုထောက်ပံ့ကြေး တစ်ရက်လျှင် ကျပ် ၁,၀၀၀ ပေးရန် အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့မှုအပေါ် စက်ရုံ အလုပ်ရုံတွေ ဘက်မှ လိုက်နာမှုမရှိပါက အလုပ်သမားတွေ အနေနဲ့ နီးစပ်ရာ အလုပ်သမားဌာန ကို အချိန်နှင့်တစ်ပြေးညီ တိုင်ကြားနိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ၂၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၅ ခုနှစ်အောက်တိုဘာ၁ရက် နေ့မှ စပြီး လက်ရှိထောက်ပံ့လျက်ရှိတဲ့ အပိုထောက်ပံ့ကြေး ကျပ် ၂,၀၀၀ အပြင်ထပ်မံပြီး ကျပ် ၁,၀၀၀ ကို ထပ်ဆောင်းကာ အလုပ်လုပ် သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် စစ်ကော်မရှင်ရဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့မှုအပေါ် အလုပ်ပိတ်ရက်များနှင့် အချိန်ပိုကြေးများတွင် အငြင်းပွားဖွယ်ဖြစ်နိုင်ချေနဲ့ စက်ရုံနှင့် လုပ်ငန်းအချို့က လိုက်နာပေးချေခြင်း မရှိတဲ့ အပေါ် စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက အခုလို ကြေညာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို အထောက်အကူပြုရန် ရည်ရွယ်ပြီး အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုခြင်းဖြစ်တာကြောင့် စက်ရုံ၊ အလုပ်ရုံများနဲ့ လုပ်ငန်းများ အားလုံးမှ စနစ်တကျ လိုက်နာဆောင်ရွက်စေရေးအတွက် အလုပ်သမားဝန်ကြီးဌာန ရဲ့ စစ်ဆေးရေး အရာရှိတွေ က ကွင်းဆင်းစစ်ဆေးကာ ကြပ်မတ်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ဒါ့အပြင် အလုပ်သမားများအနေနဲ့ လည်း အပိုထောက်ပံ့ကြေး မရရှိခြင်းဖြစ်ပေါ်ပါက နီးစပ်ရာ အလုပ်သမားဌာနများ သို့ အချိန်နှင့်တစ်ပြေးညီ တိုင်ကြားနိုင်တယ်လို့ လည်း အသိပေးကြေညာထားပါတယ်။