ဗီယက်နမ်တွင်ရေကြီး‌ မြေပြိုပြန်၍ လူရှစ်ဦး ‌ေ-သဆုံး

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှစ၍ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံကာမြေပြို ပြန်သဖြင့် လူရှစ်ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း အစိုးရက နိုဝင်ဘာလ ၁၉ ရက် နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါရာသီဥတုအခြေအနေကြောင့် လက်ရှိကော်ဖီခူးဆွတ်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း ကုန်သည်များက သတိပေးခဲ့သည်။
နိုဝင်ဘာလ ၁၅ ရက် နေ့ ညပိုင်းမှစ၍ ဗီယက်နမ်အလယ်ပိုင်း ဒေသအချို့တွင် မိုးရေချိန် ၁,၁၀၀ မီလီမီတာအထိ ရွာသွန်းခဲ့သည်။ ထိုဒေသသည် အဓိကကော်ဖီထုတ်လုပ်ရာရပ်ဝန်းနှင့် နိုင်ငံ၏ အကျော်ကြားဆုံး ကမ်းခြေများရှိသော်လည်း မုန်တိုင်းနှင့် ရေကြီးရေလျှံမှုများ ကြုံရနိုင်ခြေအလွန်မြင့်မားသည်။
‌ေ-သဆုံးခဲ့သူများတွင် နိုဝင်ဘာလ ၁၆ ရက် နေ့ညနေပိုင်းက ဒါလတ်မှ နာထရန်သို့ သွားရာလမ်းတွင် မြေပြို၍ ဘတ်စ်ကားခရီးသည် ၆ ဦး ‌ေ-သဆုံးခဲ့မှုလည်း ပါဝင်သည်ဟု အစိုးရက ပြောဆိုသည်။ ဒါနန်းတွင် မြေပြိုစဉ် နစ်မြုပ်သွားခဲ့သူ သုံးဦး အပါအဝင် လူ ခုနစ်ဦး ပျေ-ာက်ဆုံးလျက်ရှိနေသည်။
ဒါ့ခ်လက်ခ်ဒေသရှိ မြေနိမ့်ကော်ဖီခြံအချို့တွင် ရေကြီးနေကြောင်း ပြည်နယ်အခြေစိုက် ကော်ဖီကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာဆက်လက်ရွာသွန်းနေမှုကြောင့် ကော်ဖီခူးဆွတ်မှု နှောင့်နှေးနေကြောင်း ဒါ့ခ်လက်ခ်အခြေစိုက် အခြားကုန်သည်တစ်ဦးကလည်း ပြောကြားခဲ့သည်။
ပြည်နယ်ရှိ စိုက်ပျိုးရေးသမားများသည် ကော်ဖီစေ့ ၁၀ မှ ၁၅ ရာခိုင်နှုန်းလောက်သာ ခူးဆွတ်ထားရသေးပြီး ၎င်းတို့ကို အခြောက်ခံရန် နေရောင်ခြည်လိုအပ်ကြောင်း ယင်းကုန်သည်က ဆက်လက် ပြောကြားခဲ့သည်။
နိုင်ငံပိုင် မီဒီယာက နိုဝင်ဘာလ ၁၉ ရက် နေ့တွင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံများ၌ ဗီယက်နမ်အလယ်ပိုင်းရှိ ကျေးရွာ တချို့ သည် အိမ်အမိုးများထိအောင် ရေမြုပ်လျက်ရှိသည်ကို တွေ့ရပြီး ပိတ်မိနေသော ဒေသခံများက အကူအညီတောင်းခံနေခဲ့ကြသည်။

image

တရုတ်က ဂျပန်ပင်လယ်စာများ တင်သွင်းမှုကို ပိတ်ပင်

တရုတ်နှင့် ဂျပန် နှစ်နှစ်နိုင်ငံအကြား သံတမန်ရေးအငြင်းပွားမှု မြင့်တက်လာချိန်တွင် တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကို ပိတ်ပင်မည်ဟု တိုကျိုကို အကြောင်းကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနနှင့် အင်န်အိပ်ချ်ကေ သတင်းဌာနများက ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့သည်။
ဖူကူရှီးမား ဓာတ်အားပေးစက်ရုံပျက်မှ ရေဆိုးများကို ပင်လယ်အတွင်းသို့ ထုတ်လွှတ်ရန် ၂၀၂၃ ခုနှစ်တွင် တိုကျိုက ဆုံးဖြတ်ခဲ့သဖြင့်ဂျပန်မှ ပင်လယ်စာတင်သွင်းမှုများ ပိတ်ပင်ထားခြင်းကို ယခုနှစ်အစောပိုင်းတွင် ပေကျင်းက တစ်စိတ်တစ်ပိုင်းအားဖြင့် ဖြေလျှော့ပေးထားခဲ့သည်။
အစိုးရ ကိန်းဂဏန်းများအရ ထိုသို့ မပိတ်ပင်ခင်က တရုတ်နိုင်ငံသည် ဂျပန်ပင်လယ်စာတင်ပို့မှုအားလုံး၏ ငါးပုံတစ်ပုံကို တင်သွင်းနေခဲ့သည့် နိုင်ငံဖြစ်သည်။
ရေဆိုးထုတ်လွှတ်မှုကို နောက်ထပ်စောင့်ကြည့်ရန်လိုအပ်ချက်အရ အလုံးစုံပိတ်ပင်မှုကို ပြန်လည်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်က ဂျပန်ကို ပြောကြားခဲ့ကြောင်း ယင်းကိစ္စကို သိရှိသော သတင်းရင်းမြစ်များကို ကိုးကား၍ ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
သို့ရာတွင် ယခုလအစောပိုင်းက ဂျပန်ဝန်ကြီးချုပ် ဆနားအဲတာကာအိချီ၏ ထိုင်ဝမ်နှင့် ပတ်သက်သော မှတ်ချက်စကားများကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား အငြင်းပွားမှု နက်ရှိုင်းလာချိန်တွင် ယခု ပိတ်ပင်ချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

image

တောင်ကိုရီးယားကူးတို့သင်္ဘောသောင်တင်၊အားလုံးကို ကယ်ဆယ်နိုင်ခဲ့

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းကမ်းရိုးတန်းကမ်းလွန်ရှိ လူသူမနေသော ကျွန်းတစ်ကျွန်းပေါ်တွင် ကူးတို့သင်္ဘောတစ်စီး သောင်တင်သွားရာ ခရီးသည်နှင့် သင်္ဘောအမှုထမ်း ၂၆၇ ဦးစလုံးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ကမ်းရိုးတန်းစောင့်တပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ဂျေဂျူးကျွန်းမှ ဆိပ်ကမ်းမြို့ မော့ခ်ပိုကို ခုတ်မောင်းလာသော ခရီးသည်တင်သင်္ဘောသည် ဗုဒ္ဓဟူးနေ့ည ၈ နာရီခန့်တွင် သောင်တင်သွားခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ခရီးသည် ၂၄၆ ဦးနှင့် သင်္ဘောသား ၂၁ ဦးကို ဒ-ဏ်ရာအနာတရမရှိဘဲ ကယ်ဆယ်ရေးသင်္ဘောဖြင့် အနီးနားရှိ ဆိပ်ကမ်းသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့သည်ဟု ယွန်ဟပ်က ဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်သည် လူကြောင့် ဖြစ်သောမှားယွင်းမှု ဖြစ်နိုင်သည်ဟု အာဏာပိုင်များက သံသယရှိထားကြသည်။
ကနဦး အကဲဖြတ်ချက်အရ သင်္ဘောသားများ၏ အမှားများ ကြောင့် ယခုကဲ့သို့ ဖြစ်ခဲ့ရသည်ဟု ယူဆထားကြောင်း ကမ်းရိုးတန်းစောင့်တပ် ကော်မရှင်နာ ကင်ယောင်ဂျင်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဖြစ်စဉ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ကယ်ဆယ်ရေးကို အလျင်အမြန်ဆောင်ရွက်ရန် သမ္မတ လီဂျေးမြောင်က အမိန့်ပေးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ ပြည်သူများကို ထုတ်ပြန်ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း ၎င်း၏ရုံးက ပြောကြားခဲ့သည်။

image

ဗီယက်နမ်အလယ်ပိုင်းရေကြီးမှုကြောင့် ‌ေ-သဆုံးသူ ၁၆ ဦးအထိများလာ

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၍ ‌ေ-သဆုံးသူ ၁၆ ဦးအထိ ရှိလာပြီး လူ ၅ ဦး လည်း ပျေ-ာက်ဆုံးနေကြောင်း ဗီယက်နမ် သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှု စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အိမ်ခြေ ၄၃,၂၀၀ ကျော် သည် ရေနစ်မြုပ်ခဲ့ပြီး ၉၁ လုံးမှာမူ ပျ-က်စီးခဲ့ကြောင်းသိရသည်။
ရေကြီးမှုကြောင့် စပါးနှင့် အခြားသီးနှံစိုက်ခင်း ဟက်တာ ၁၀,၀၀၀ ကျော်သည် ရေနစ်မြုပ်ခဲ့ပြီး တိရစ္ဆာန်အကောင်ရေ ၆,၅၀၀ ကျော် ‌ေ-သဆုံးခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် အိမ်ထောင်စု ၅၅၃,၂၀၀ ကျော်သည် ဓာတ်အားပြ-တ်တောက်မှုနှင့်ကြုံတွေ့ နေရကြောင်း သိရသည်။

image

ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်းတစ်ဦးကို ထောင်ဒ-ဏ်တစ်သက် ချမှတ်

မြို့တော်ဝန်ဟောင်းတစ်ဦးကို လူကုန်ကူးမှုဖြင့် အပြစ်ရှိကြောင်း ဖိလစ်ပိုင်တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့ပြီး နိုင်ငံခြားသားများကို နစ်နာစေခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းထူထောင်ခဲ့ရာတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒ-ဏ်တစ်သက်ချမှတ်လိုက်ကြောင်း သိရသည်။
မြို့တော်ဝန်ဟောင်း အဲလစ်ဂေါ်ကို ဒေသန္တာရတရားရုံးတစ်ခုက ယင်းကဲ့သို့ စီရင်ချက်ချခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင်က ပြောကြားခဲ့သည်။ စီရင်ချက်နှင့် ပတ်သက်၍ ဂေါ်နှင့် သူ၏ ရှေ့နေများဘက်က လတ်တလောတွင် တုန့်ပြန်လာခြင်းမရှိသေးပေ။
ဂေါ်သည် ၂၀၂၂ ခုနှစ်က မြို့တော်မနီလာမြောက်ဘက်ရှိ ဘမ်ဘန်မြို့တော်ဝန်ရာထူးအတွက် မယှဉ်ပြိုင်ခင်က မြို့တွင် Baotu Land Development Inc က ပိုင်ဆိုင်သော ရှစ်ဟက်တာကျယ်ဝန်းသည့် လုပ်ငန်းအဆောက်အအုံကိုထူထောင်ရာတွင် ကူညီပေးခဲ့သည်။
ဂေါ်၏ တရုတ်နိုင်ငံဖွား လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် Zhang Ruijin Lin Baoying တို့သည် စင်ကာပူတွင် အကြီးမားဆုံး ငွေကြေးခဝါချမှုဖြင့် ပြစ်ဒ-ဏ်ချမှတ်ခံခဲ့ရသည်။ ၎င်းတို့သည်လည်း နိုင်ငံခြားသား ရာပေါင်းများစွာကို အလုပ်ခန့်ထားကာ ပြည်ပရှိ လောင်းကစားသမားများကို ပစ်မှတ်ထားသည့် ဖိလစ်ပိုင်ကမ်းလွန်လောင်းကစားလုပ်ငန်းတစ်ခုကို လက်ခံဆောင်ရွက်နေသည့် Baofu ၏ အမှုဆောင်အရာရှိများထဲတွင် ပါဝင်သည်။
ဘမ်ဘန်မြို့ရှိ အဆိုပါငွေလိမ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အတုအယောင်အချစ်ဇာတ်လမ်းများဖြင့် လိမ်လည်မှုများပြုလုပ်ရန် အတင်းအကျပ်ခိုင်းစေခံရပြီး သတ်မှတ်ပမာဏမပြည့်မီပါက ရို-က်နှက်ခံရခြင်း သို့မဟုတ် လျှပ်စစ်ကျင်စက်ဖြင့်တို့ခံရခြင်းတို့ခံကြရကြောင်း ဝန်ထမ်းများက ပြောကြားခဲ့သည်။
အရှေ့တောင်အာရှခေါင်းဆောင်များသည် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများက ကျူးလွန်သော ဆိုက်ဘာရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများ တိုးပွါးလာခြင်းကို အလေးဂရုပြုလာကြချိန်တွင် တရားရုံး၏ စီရင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရာဇဝတ်သားများကို လိုက်လံဖမ်းဆီးရာတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသကို ၎င်းတို့အတွက် ခိုလှုံအခြေချရာနှင့် ရာဇဝတ်ဗဟိုချက်အဖြစ် အသုံးချလာခြင်းမှ တားဆီးရန် ပြီးခဲ့သည့်လတွင် အာဆီယံခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။

image

ပတ္တယားတွင် အိန္ဒိယလောင်းကစားစင်တာကို လူဝင်မှုရဲကဖမ်းဆီး

ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ပတ္တရားကွန်ဒိုကို ဝင်ရောက်စီးနင်းခဲ့ပြီး အိန္ဒိယအခြေစိုက် အွန်လိုင်းလောင်းကစားကွန်ရက်တစ်ခုအတွက် အုပ်ချုပ်ရေးမှူးများအဖြစ် တရားမ၀င်အလုပ်လုပ်နေသော အိန္ဒိယအမျိုးသားငါးဦးကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘန်လားမွန် ခရိုင်ဆွိုင်ထေ့ပ်ပရာစစ် ၁၇ လမ်း ရှိ ကွန်ဒိုတစ်ခုအတွင်း တရားမဝင်လုပ်ငန်းနေရာတစ်ခုကို အိန္ဒိယအမျိုးသားတစ်စုမှ တည်ဆောက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက သတင်းရရှိပြီးနောက် ချောင်ဘူရီလူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲ ရဲမှူးကြီး နပဿပိုင်း ကိုစစ်သူရီယမနီက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။
လက်တော့ပ်ကွန်ပြူတာရှေ့မှာထိုင်နေသော အမျိုးသားများကို ဒုတိယထပ်ရှိစားပွဲတစ်လုံး၌ လက်ကိုင်ဖုန်း အလုံး ၂၀ ကျော် ဖြန့်ချထားသည်ကို ရဲများက တွေ့ရှိခဲ့သည်။ လက်ပ်တော့ ၃ လုံး၊ ဖုန်း ၂၂ လုံး၊ တက်ဘလက်တစ်လုံး၊ အကြွေးဝယ်ကတ်များနှင့် မှတ်စုစာအုပ်များ စုစုပေါင်း ရူပီးသန်းပေါင်း ၆၁,၅၉၅ ခန့်—အွန်လိုင်းလောင်းကစားပလပ်ဖောင်းများအတွက် အသုံးပြုသည့် စားပေါ်ငွေများနှင့်အတူ ရူပီးသန်းပေါင်းများစွာကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း နပဿပိုင်းက ပြောကြားခဲ့သည်။
သံသယရှိသူငါးဦးဖြစ်သော ရှီဗမ် ၂၉ နှစ်၊ ဆန်ဒီ ၂၄နှစ်၊ ဆာကာ ၂၇နှစ်၊ ကာပီး ၂၄ နှစ် နှင့် ဂေါရဗ် ၃၉နှစ်တို့ အားလုံးသည် အမှားလုပ်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ အလုပ်၏သဘောသဘာဝကို မဖော်ပြဘဲ ဖောက်သည်ဝန်ဆောင်မှု “စီမံခန့်ခွဲသူများ” ဖြစ်သည်ဟုသာ ပြောဆိုကာ မေးခွန်းများအတွင်း ရှောင်လွှဲသောအဖြေများ ကိုပေးခဲ့သည်။
အဆိုပါအဖွဲ့သည် အိန္ဒိယလောင်းကစားဝဘ်ဆိုဒ်များအတွက် ကျောထောက်နောက်ခံအဖွဲ့အဖြစ် ထိုင်းနိုင်ငံက လည်ပတ်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၎င်းတို့ကို ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် နိုင်ငံခြားအလုပ်သမား စီမံခန့်ခွဲရေးဥပဒေဖြင့် ခွင့်ပြုမိန့်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် တရားစွဲဆိုခံထားရပြီး ပတ္တယားမြို့မရဲစခန်းသို့ လွှဲပြောင်းပေးကာ ဥပဒေအရ အရေးယူရန်ဆောင်ရွက်လျက်ရှိသည်။

image

အီဂျစ်နှင့်ရုရှား နျူကလီယားလောင်စာသဘောတူညီချက်လက်မှတ်ထိုး

အီဂျစ်နိုင်ငံ အယ်လ်ဒါဘာရှိ ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံအတွက် ရုရှားအစိုးရပိုင် ရို့စာတမ် နှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို အီဂျစ်က ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဝယ်ယူမှု အမှာစာမှာ စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုအတွက် နျူကလီးယား လောင်စာများကို ထောက်ပံ့ဖြည့်တင်းပေးရန်ဖြစ်ပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွင် ကင်ဆာကုသရန်အတွက် အိုင်ဆိုတုပ်များ ထုတ်လုပ်မှုတွင် ပူးတွဲလုပ်ဆောင်ခြင်းလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
အီဂျစ်သမ္မတ အက်ဘ်ဒယ်လ်-ဖက်တာ အယ်-စစ်စီ နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုယူနစ်အတွက် ဓာတ်ပေါင်းဖိုဖိအားပေးကိရိယာကို တပ်ဆင်ခြင်း အခမ်းအနားနှင့် တိုက်ဆိုင်လျက်ရှိပါသည်။
အယ်လ်-စစ်စီ က အဆိုပါခြေလှမ်းကို အီဂျစ်နိုင်ငံ၏ နျူကလီးယားစွမ်းအင်စီမံကိန်း၏ ပထမစာမျက်နှာအဖြစ် ဖော်ပြခဲ့ပြီး အပြန်အလှန်လေးစားမှုဖြင့် တည်ဆောက်ထားသည့် အီဂျစ်နှင့် ရုရှားကြား မဟာဗျူဟာနှင့် တည်ငြိမ်သောဆက်ဆံရေးကို ထင်ဟပ်ဖော်ပြခဲ့သည်။
ယင်းစီမံကိန်းသည် အီဂျစ်နိုင်ငံ၏ နျူကလီးယားစွမ်းအင်တွင် အရှိန်အဟုန်အပြည့် တိုးတက်မှုကိုပြလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကျွမ်းကျင်မှုဖလှယ်မှုများအတွက် နယ်ပယ်သစ်များ ဖွင့်လှစ်ပေးသည့် မိတ်ဖက်ဆက်ဆံရေးကို "ဂုဏ်ယူစရာ အခွင့်ထူးတစ်ခု" ဟု ပူတင်က ပြောကြားခဲ့သည်။
ရုရှားတက္ကသိုလ်များတွင် အီဂျစ်ကျောင်းသား ၁၀၀ သည် နျူကလီးယားသင်တန်းတက်ခွင့် ရရှိခဲ့ပြီး စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုသည် လျှပ်စစ်ဓာတ်အား ၄၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
မတ်ရူး ပြည်နယ်တွင်တည်ရှိပြီး အယ်လ်ဒါဘာ စက်ရုံတွင် ဓာတ်ပေါင်းဖိုလေးခုပါဝင်မည်ဖြစ်ပြီး တစ်ခုလျှင် ၁,၂၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်သည်။ ရုရှားသည် ၂၂ နှစ် ချေးငွေဖြင့် အမေရိကန်ဒေါ်လာ ၂၈.၇၅ ဘီလျံတန် ပရောဂျက်၏ ၈၅ ရာခိုင်နှုန်းကို ဘဏ္ဍာငွေထောက်ပံ့နေသည်။

image

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲကျင်းပ

စာပေသည် နိုင်ငံနှင့် လူမျိုး၏ ကြေးမုံပြင်ဖြစ်သည်ဟု နိုင်ငံတော် ယာယီသမ္မတပြောကြား
နေပြည်တော်၌ ယနေ့ နိုဝင်ဘာ ၂၀ ရက်နံနက်ပိုင်းက ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် အမျိုးသားစာပေဆုအထိမ်းအမှတ်ပြခန်း၊ ၂၀၂၄ ခုနှစ်အတွက် ဆုရရှိသူများ ၏ အထ္တုပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များ၊ စာအုပ်စာစောင်များ၊ အင်းဝခေတ် မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုပြခန်း၊ စာပေဆိုင်ရာပြခန်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ AI ပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားမိန့်ခွန်းပြောကြားရာ၌ ပညာရေးတွင် အသိပညာ၊ အတတ်ပညာနှင့် အတန်းပညာမြင့်မားရေးတို့အားလုံးအကျုံးဝင်ကာ ပညာရေး၏ အခြေခံအကျဆုံး သည် စာပေဖြစ်၍ စာပေကသာ ပညာကိုပေးစွမ်းခြင်းဖြစ်သည့်အပြင် စာပေသည် နိုင်ငံနှင့် လူမျိုး၏ ကြေးမုံပြင်လည်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လူမျိုးတစ်မျိုး၏ အခြေအနေနှင့် အဆင့်အတန်းကို ယင်းလူမျိုး၏ စာပေကိုလေ့လာခြင်းဖြင့်သိရှိနိုင်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ စာပေအဆင့်အတန်းမြင့်မားခြင်း၊ ကျဆင်းခြင်းသည်လည်း ယင်းနိုင်ငံမှ လူ့အဖွဲ့အစည်း၏ အဆင့်အတန်းမြင့်မားခြင်း၊ ကျဆင်းခြင်းများနှင့်လည်းဆက်နွယ်နေသဖြင့် တိုးတက်သည့်နိုင်ငံတိုင်းက စာပေကိုအလေးထားဆောင်ရွက်ပြီး စာကောင်းပေမွန်များရေးသားပြုစုကြသော စာပေပညာရှင်ကြီးများကို ချီးမြှောက်ဂုဏ်ပြုကြသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတနှင့် ဇနီးတို့သည် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရရှိခဲ့ကြသည့် စာပေပညာရှင်ကြီး (၅) ဦးအား ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

image

လိမ်လည်လှည့်စားသည့်စင်တာကိုဝင်ရောက်စီးနင်း၊ လူ၃၀၀ကျော် ဖမ်းဆီး

ထိုင်းနယ်စပ်ရှိ အင်တာနက်ပေါ်မှ လိမ်လည်လှည့်စားသည့် အချက်အချာကျသော နေရာတခုကို မြန်မာတပ်မတော်က ယမန်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး လူပေါင်း ၃၅၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
လိမ်လည်လှည့်ဖြားသည့်စင်တာများသည် မြန်မာ နယ်စပ်ဒေသများတွင် ပျံ့နှံ့နေပြီး နှစ်စဉ် ဒေါ်လာဘီလျံပေါင်းများစွာ တန်ကြေးရှိသော အင်တာနက်အသုံးပြုသူများကို အချစ်ဇာတ်လမ်းနှင့် စီးပွားရေးဆိုင်ရာ လိမ်လည်လှည့်ဖြားသူများမှ ပစ်မှတ်ထားကာ လိမ်လည်လှည့်ဖျားလျက်ရှိပါသည်။
မြန်မာအစိုးရသည် ဖေဖော်ဝါရီလမှ စတင်ကာ နှိမ်နှင်းမှုများပြုလုပ်ခဲ့သည်ဟု ကျွမ်းကျင်သူများကဆိုသည်။ လောင်းကစားနှင့် လိမ်လည်မှုဗဟိုဌာန ရွှေကုက္ကိုလ်ကို အင်္ဂါနေ့ နံနက်ပိုင်းတွင် စီးနင်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
စစ်ဆင်ရေးအတွင်း စိစစ်ဆဲနိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းဆီးထားကြောင်းသိရှိရသည်။ အွန်လိုင်းလောင်းကစားလုပ်ငန်းမှာ အသုံးပြုသော မိုဘိုင်းလ်ဖုန်း တစ်သောင်းနီးပါးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဂလိုဘယ်နူးလိုက်ဖ်‌အော့ဖ်မြန်မာက ရှီဇီကြန် ၏ ရထိုင် ကုမ္ပဏီသည် ရွှေကုက္ကိုလ် ဒေသကို လည်ပတ်ရာတွင် “ပါဝင်ပတ်သက်သည့် အဖွဲ့အစည်း” ဖြစ်သည်ဟု ဆိုသည်။
သူသည် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်၌ သူ့ကိုတရုတ်နိုင်ငံသို့ လွှဲအပ်ခဲ့ပြီး အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။
သူနှင့် သူ့ကုမ္ပဏီ ရထိုင် တို့ကို ဗြိတိန်နှင့် အမေရိကတို့က ပိတ်ဆို့အရေးယူထားသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေကုက္ကိုလ်ဒေသကို “လောင်းကစား၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ပြည့်တန်ဆာနှင့် ကမ္ဘာတစ်ဝန်းရှိ လူများကို ပ-စ်မှတ်ထား လှည့်စားမှုများအတွက် တည်ဆောက်ထားသော အပန်းဖြေမြို့” ဟု ဝါရှင်တန်က ပြောကြားထားသည်။
ဖေဖော်ဝါရီလမှ စတင်ကာ လူသိရှင်ကြား ဖြန့်ဝေမှုတွင် စွပ်စွဲခံထားရသော လိမ်လည်သူ ၇,၀၀၀ ခန့်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံသည် နယ်စပ်ဖြ-တ်ကျော် အင်တာနက် ပိတ်ဆို့ခြင်းကို ချမှတ်ခဲ့သည်။
အရှေ့တောင်အာရှနှင့် အရှေ့အာရှတွင် လိမ်လည်ခံရသူများကို ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၃၇ ဘီလျံ အထိ ကယ်ဆယ်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာအရ သိရသည်။

image

မြေရှားသတ္တုအလင်း‌ရောင်ထွက်ရေး နည်းပညာဒီဇိုင်းအသစ်ရေးဆွဲ

သုတေသနအဖွဲ့တစ်ဖွဲ့သည် တောက်ပပြီး တည်ငြိမ်သောအလင်းရောင်ရှိသည်ဟုလူသိများသော မြေရှားသတ္တုကို လျှပ်စစ်ဓါတ်ကို တို-က်ရို-က်‌ပေးသောအခါ အလင်းထုတ်လွှတ်မည့်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။
ဟေလုံဂျန်းတက္ကသိုလ်၊ တစ်ချူဟာ တက္ကသိုလ်နှင့် စင်္ကာပူ အမျိုးသား တက္ကသိုယ် တို့မှ သုတေသီများ ပူးပေါင်းဆောင်ရွက်သည့် လေ့လာမှုကို နေချား၏ နောက်ဆုံးထုတ် စာစောင်တွင် ဖော်ပြထားသည်။
မြေရှား နာနို ပုံဆောင်ခဲများကို ၎င်းတို့၏ သန့်စင်သောအရောင်များနှင့် စွမ်းရည်မြင့်မားမှုကြောင့် အချို့သော အလင်း‌ပေး အက်ပလီကေးရှင်းများတွင် အသုံးပြုထားပြီးဖြစ်သည်။ သို့သော် ၎င်းတို့သည် သဘာဝ အကာအရံရှိ‌နေသောကြောင့် လျှပ်စစ်စီးကြောင်းသည် ၎င်းတို့ကို အလွယ်တကူ မဖြတ်သန်းနိုင်‌ပေ။ ရလဒ်အနေဖြင့် ၎င်းတို့ကို LEDs နှင့် OLED များကဲ့သို့သော ခေတ်မီလျှပ်စစ်စွမ်းအင်သုံးက်ရိယာများတွင် တွင်ကျယ်စွာ အသုံးမပြုခဲ့‌ပေ။
"လေးလံတဲ့ ဆောင်းရာသီ ကုတ်အင်္ကျီကို ဝတ်ထားရင်း ပြေးရတာနဲ့ တူပါတယ်" ဟု တစ်ချူဟာ တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဟန်ဆန်းယမ်က ပြောကြားခဲ့သည်။ "ဤပစ္စည်းများ၏ အကာအရံ ဖြစ်နေသော သဘောသဘာဝသည် လျှပ်စစ်ဓာတ်အား ရောက်ရှိရန်နှင့် ၎င်းတို့ကို တောက်ပ‌စေရန် အလွန်ခက်ခဲစေသည်" ဟု ဆိုသည်။
၎င်းအခက်အခဲကိုဖြေရှင်းရန်အတွက် သုတေသနအဖွဲ့သည် "စွမ်းအင်ကိုပြောင်းလဲ ပေးသော အလွှာ" ကဲ့သို့လုပ်ဆောင်သည့် အထူးမော်လီကျူးအကာ ကို ဒီဇိုင်းထုတ်ခဲ့သည်။ ဤအလွှာသည် နာနိုခရစ်စတယ်တစ်ခုစီကို ပတ်၍ လျှပ်စစ်စွမ်းအင်ကို ဖမ်းယူကာ အလင်း ကို ထုတ်လွှတ်ပေးသည်။
"ဤသုတေသနသည် လူ တို့၏ ကျန်းမာရေးကို စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ခန္ဓာကိုယ်တွင်းသို့ ပစ္စည်းကိရိယာများကို ထည့်သွင်းရန် မလိုအပ်ဘဲ စမ်းသပ် နိုင်ခြင်း စသည်တို့ကို ဆောင်ရွက် နိုင်ရန် တံခါးဖွင့်ပေးသည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အနီအောက်ရောင်ခြည်သုံး အက်ပလီကေးရှင်းများအတွက် နည်းပညာကို ပိုမိုတိုးတက်စေရန်ဤ သုတေသနအဖွဲ့သည် ယခုအခါ လုပ်ဆောင်နေပါသည်။

image