မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီး ကုန်တင်ယာဉ်များပါ ဖြတ်သန်းခွင့်ပြုပြီဖြစ်
မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးမှ ကုန်တင်ယာဉ်များကို ယမန်နေ့ အောက်တိုဘာ (၁၉)ရက်က စတင်၍
ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။
ယခင်ရက် အောက်တိုဘာ(၁၈)ရက်၌ ယာဉ်ငယ်များကိုသာ စတင်ဖြတ်သန်းသွားလာခွင့်ပြုရာမှအောက်တိုဘာ (၁၉) ရက်တွင် ကုန်တင်ယာဉ်ကြီးများဖြစ်သည့် ပြောင်းတင်ယာဥ်နှင့် ကျောက်မီးသွေးတင် စသည့်ယာဥ်ကြီးများကိုလည်း ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
"အတက်ကုန်တင် ကန်ဒါကားအချို့ ခါလီ ၁၂ ဘီးတွဲကားတွေ အဆင်းမှာပြောင်းတင်ကျောက်မီးသွေးတင်ကားကြီးတွေ ဖြတ်သန်းသွားလာနေကြတာတွေ့ရပါတယ်"ဟု ဒေသတွင်းယာဉ်မောင်းတစ်ဦးက ပြောသည်။
ယခင်က ပြည်ထောင်စုလမ်းမကြီးအတိုင်း မန္တလေးမှ နောင်ချိုအထိသာသွားလာနေရာမှ ယခုရက်ပိုင်းအတွင်း မန္တလေး-လားရှိုးပြည်ထောင်စုလမ်းကြီး ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
တပ်မတော်က ကျောက်မဲမြို့ကို အောက်တိုဘာ(၁) ရက်နေ့တွင်အပြည့်အဝထိန်းချုပ်ပြီးနောက် သီပေါမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် (၁၆) ရက်အကြာ တို-က်ခို-က်ပြီးနောက် အောက်တိုဘာ (၁၇) ရက်နေ့၌ သီပေါမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးအား ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။





