ရီးရဲလ်မက်ဒရစ်တွင် စပိန်ကစားဖော်ဟောင်းအလွန်ဆို ကြုံနေရတဲ့ အဓိကပြဿနာအား ဖာဘရီဂက်စ် ဖွင့်ဟလာ
==================

ဆက်ပ်ဖာဘရီဂက်စ်က စပိန်ကစားဖော်ဟောင်းဇာဗီးအလွန်ဆိုမှာ ရီးရဲလ်မက်ဒရစ်အသင်းတွင် ပွဲထွက်ကစားရန် ထိုက်တန်တယ်လို့ ယူဆတဲ့ နာမည်ကြီးကစားသမားများစွာ ရှိနေမှုနှင့်အတူ အဝတ်အစားလဲခန်းအား ထိန်းသိမ်းရန် ရုန်းကန်နေရကြောင်း ဖွင့်ဟလာပါတယ်။

ဖာဘရီဂက်စ်က ယင်းအချက်ကြောင့်ပင် အလွန်ဆိုမှာ ရီးရဲလ်မက်ဒရစ်တွင် ဖိအားများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။

အလွန်ဆိုဟာ မေလတုန်းက ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ရာသီအစ ပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲတွင် ၁၃ ပွဲ အနိုင်ရခဲ့ပေမယ့်လည်း နောက်ဆုံးကစားတဲ့ ၁၁ ပွဲတွင် ၅ ပွဲတည်းသာ အနိုင်ရကာ ရုန်းကန်လာခဲ့ရပါတယ်။

အလွန်ဆိုဟာ လာလီဂါ ၃ ပွဲဆက် သရေကျပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြအနာဂတ်မရေမရာမှုနှင့်ပင် ရင်ဆိုင်လာခဲ့ရပါတယ်။

အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်စူပါစတားဗီနီရှပ်စ်ဂျူနီယာအား ပွဲထွက်လူစာရင်းတွင် ချန်လှပ်ခြင်း၊ ပွဲတိုင်းနီးပါး လူစားလဲလှယ်ခြင်းတို့ ပြုလုပ်မှုနှင့်အတူ ဆက်ဆံရေး အဆင်မပြေဖြစ်နေကြောင်း သတင်းထွက်နေပါတယ်။

အောက်တိုဘာလတုန်းက ဘာစီလိုနာအား အနိုင်ရတဲ့ El Clasico ပွဲစဉ်တွင် လူစားလဲလှယ်ခြင်းခံရပြီးနောက် ဗီနီရှပ်စ်က "ငါ့ကိုပဲ လူစားလဲနေတယ်။ ဒီအသင်းက ထွက်တော့မယ်။ ငါက ထွက်သွားတာပဲ ပိုကောင်းလိမ့်မယ်။ ထွက်မယ်"လို့ ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်းတွင် ဗီနီရှပ်စ်ဟာ သူ့အပြုအမူများအတွက် လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။

ယခုအခါ ကိုမိုအသင်းနည်းပြဖာဘရီဂက်စ်က"သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိတယ်။ အားလုံးကလည်း ကစားဖို့ ထိုက်တန်တယ်။ သူတို့ကလည်း ကစားခွင့်ရမယ်လို့ ထင်ကြတယ်။ သူတို့ကလည်း ကွဲပြားအောင် လုပ်နိုင်စွမ်း ရှိကြတယ်။ သူတို့အားလုံးက ယူရိုသန်း ၅၀ တန်ကြေးရှိကြတယ်။ အားလုံးလည်း လက်ရွေးစင်အသင်းမှာ ကစားနေကြတယ်။ ဒီလိုအခြေအနေမှာ ကိုင်တွယ်ရတာ အရမ်းခက်တယ်"လို့ ပြောကြားသွားပါတယ်။

အလွန်ဆိုနှင့် ဖာဘရီဂက်စ်တို့ဟာ စပိန်အသင်းတွင် တွဲကစားစဉ်အတွင်း ယူရို ၂၀၀၈ နှင့် ယူရို ၂၀၁၂ ဖလားတို့အပြင် ၂၀၁၀ ကမ္ဘာ့ဖလားလည်း ဆွတ်ခူးခဲ့ကြပါတယ်။

image

၁၀ ပွဲဆက် နိုင်ပွဲရာထားတဲ့ ဗီလာနှင့်ပွဲစဉ်တွင် ချဲလ်ဆီးရဲ့ အက်စ်တီဗာအိုနှင့် ဒီလက်ပ်တို့ ပါဝင်လာမည်
======================

ချဲလ်ဆီးစတားများဖြစ်ကြတဲ့ အက်စ်တီဗာအိုနှင့် လီယမ်ဒီလက်ပ်တို့မှာ စနေနေ့ညတွင် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် အက်စတွန်ဗီလာအား ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်လာကြမည်ဖြစ်ကြောင်း နည်းပြအန်ဇိုမာရက်စ်ကာက အတည်ပြုလာပါတယ်။

နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီးဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၀ ပွဲဆက် အနိုင်ရထားတဲ့ အက်စတွန်ဗီလာနှင့် ပွဲကြပ်ကစားလာရမှာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ၄ ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် နောက်ပိုင်း ရက်သတ္တပတ်များတွင် အကောင်းဆုံးပုံစံ ပြန်လည် ရရှိလာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းတို့ ရင်ဆိုင်ရမယ့် ဗီလာက ၁၉၁၄ ခုနှစ်နောက်ပိုင်း အကောင်းဆုံးနိုင်ပွဲဆက်မှုမှတ်တမ်းပိုင်ဆိုင်ထားတဲ့ ဗီလာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အူနိုင်းအမ်မရီကိုင်တွယ်နေတဲ့ ဗီလာဟာ နိုဝင်ဘာလ ၁ ရက်နေ့တုန်းက လီဗာပူးကို ရှုံးနိမ့်ပြီးနောက် အာဆင်နယ်၊ ယူနိုက်တက်အပါအဝင် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲဆက် အနိုင်ရထားပါတယ်။

ဗီလာဟာ ဆက်တိုက် ရလဒ်ကောင်းများ ရယူနိုင်မှုနှင့်အတူ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၃ မှတ်အကွာ အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး အဆင့် ၄ နေရာမှ ချဲလ်ဆီးကို ၇ မှတ်အထိ ဖြတ်ထားနိုင်ပါတယ်။

မာရက်စ်ကာက "အက်စ်တီဗာအို ပြန်လာပါပြီ။ စနေနေ့မှာ ပါဝင်လာပါမယ်။ အက်စ်တာဗီအိုအပြင် လီယမ်ဒီလက်ပ်လည်း ပါလာမယ်။ နှစ်ဦးလုံး ပြန်လာကြပြီ။ နှစ်ဦးလုံး ပြန်ကစားနိုင်လို့ ပျော်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ဒီလက်ပ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဘုန်းမောက်နှင့် ဂိုးမရှိသရေကျတဲ့ပွဲတွင် ပုခုံးဒဏ်ရာရရှိကာ အနားယူလာခဲ့ရတာ ဖြစ်ပြီး အက်စ်တီဗာအိုမှာ ချဲလ်ဆီးနှင့် နောက်ဆုံး ၂ ပွဲအား လွဲချော်လာခဲ့ပါတယ်။

image

ချန်ပီယံရှစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ တောင်းဆိုခြင်းခံလာရတဲ့ ဝက်စ်ဟမ်း
=================

ဝက်စ်ဟမ်းဟာ ကိုဗစ်ထရီစတားဟာဂျီရိုက်အား ခေါ်ယူရေး ကြိုးပမ်းရာတွင် ချန်ပီယံရှစ်ကလပ်ရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ အထိ တောင်းဆိုခြင်းခံလာရပါတယ်။

ဝက်စ်ဟမ်းဟာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေရပြီး ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားခေါ်ယူအားဖြည့်ရန် လိုအပ်နေပါတယ်။

နူနိုအက်စ်ပီရီတိုဆန်တိုဦးဆောင်တဲ့ ဝက်စ်ဟမ်းဟာ တန်းဆင်းဇုန်အတွင်းတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်ပြင်ပမှ နော်တင်ဟမ်ဖောရက်စ်နှင့် ရမှတ် ၅ မှတ်ကွာဟနေကာ အရေးပါတဲ့ ပွဲ ၄ ပွဲ စောင့်ကြိုနေပါတယ်။

၎င်းတို့ဟာ ဒီဇင်ဘာလာ ၂၇ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်အတွင်းတွင် ဖူလ်ဟမ်၊ ဘရိုက်တန်၊ ဖောရက်စ်တို့နှင့် ရင်ဆိုင်ရပါမယ်။

ဒါ့အပြင် ၎င်းတို့ဟာ ဇန်နဝါရီလ ၃ ရက်နေ့တွင် ယခုရာသီတွင် နိုင်ပွဲတစ်ပွဲမျှ မရသေးတဲ့ တန်းဆင်းဇုန်ပြိုင်ဘက် ဝုဗ်နှင့်လည်း ရင်ဆိုင်ကစားရပါမယ်။

The Telegraph ရဲ့ ဖော်ပြမှုအရ ဝက်စ်ဟမ်းဟာ ဘဏ္ဍာရေးပြဿနာကြုံနေရပေမယ့်လည်း တန်းမဆင်းရရေး တိုက်ပွဲဝင်နေရမှုနှင့်အတူ အသင်းရှိ ကစားသမားများအား ရောင်းချခြင်း၊ အငှားဖြင့် ခေါ်ယူခြင်းတို့ ပြုလုပ်ပြီး ဘဏ္ဍာရေးဟန်ချက်ညီအောင် ပြုလုပ်ကာ အသင်းကို အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်ထားပါတယ်။

ဝက်စ်ဟမ်းဟာ အဓိကပစ်မှတ်အဖြစ် ဝုဗ်တိုက်စစ်သမားဂျော်ဂျင်စထရင်းလာဆင်ကို ခေါ်ယူလိုနေပြီး သူ့ကို ပဲလေ့စ်ကလည်း စိတ်ဝင်စားနေပါတယ်။

နယူးကာဆယ်ဟာ နွေရာသီတုန်းက လာဆင်အား ပေါင် ၅၅ သန်းဖြင့် ခေါ်ယူရေး ကမ်းလှမ်းခဲ့ရာ ပယ်ချခံခဲ့ရဖူးပါတယ်။

ဒါကြောင့်လည်း ဝက်စ်ဟမ်းဟာ ကိုဗင်ထရီမှ အယ်လစ်ဆမ်းအား ခေါ်ယူရေး ပစ်မှတ်ထားနေပေမယ့် ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ကလပ်က ရောင်းချရန် ငြင်းဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း ၎င်းတို့ဟာ အယ်လစ်ဆမ်းရဲ့ ကစားဖော်ရိုက်အား ခေါ်ယူရေး ဆက်သွယ်ခဲ့ရာမှာတော့ ကိုဗင်ထရီရဲ့ ပေါင်သန်း ၂၀၀ အထိ တောင်းဆိုခြင်းခံလာရပါတယ်။

အမေရိကန်လက်ရွေးစင်ကစားသမားဟာဂျီရိုက်ဟာ ယခုရာသီတွင် ကိုဗင်ထရီအတွက် ပွဲ ၂၀ ကစားရာမှာ ၉ ဂိုးသွင်းပြီး ချန်ပီယံရှစ်အား ဦးဆောင်နိုင်အောင် ကူညီထားပါတယ်။

ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီးတွင် နိုင်ပွဲ ၃ ပွဲတည်းသာ ရရှိထားပါတယ်။

၎င်းတို့ဟာ ၁၇ ပွဲတွင် ၁၉ ဂိုးတည်းသာ သွင်းထားနိုင်ရာ တစ်ပွဲလျှင် ၁ ဂိုးနှုန်းမျှသာ သွင်းထားနိုင်ပါတယ်။

image

တစ်လအထိ နားရမယ့် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ် နေရာတွင် အစားထိုးရန် မဖြစ်နိုင်ကြောင်း အမိုရမ် ပြောကြားလာ
================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က တစ်လအထိ အနားယူရမယ့် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်နေရာတွင် အစားထိုးရန် မဖြစ်နိုင်ရန် ပြောကြားလာပါတယ်။

ဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့တုန်းက ဗီလာပါ့ခ်တွင် အက်စတွန်ဗီလာအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပြီး သောကြာနေ့ည နယူးကာဆယ်အား အဝေးကွင်းသို့ သွားရောက်ကစားရမယ့်ပွဲစဉ်ကို လွဲချော်လာပါမယ်။

အမိုရမ်ဟာ နယူးကာဆယ်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပေါ်တူဂီလက်ရွေးစင် ကစားသမား ဘယ်လောက် နားရမယ်ဆိုတာနှင့်ပတ်သက်ပြီး ပြောဆိုရန် ငြင်းဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် အတွင်းသတင်းများအရ အသက် ၃၁ နှစ်ရှိ ကွင်းလယ်ဖန်တီးရှင်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ အိုးထရက်ဖို့ဒ်တွင် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲတွင် ပြန်လည်ကစားလာနိုင်မှာ ဖြစ်ပြီး ၅ ပွဲ လွဲချော်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လိုနှင့် မာ့ဇ်ရာဝီတို့အား ဆုံးရှုံးထားသလို ဖာနန်ဒက်စ်နေရာတွင် အစားထိုးမယ့် ကိုဘီမိုင်နူးကလည်း ခြေသလုံးဒဏ်ရာကြောင့် နားနေရရာ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံနေရပါတယ်။

အမိုရမ်က "ဘရူနိုနေရာမှာ အစားထိုးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကို ဒီမနက် အသင်းကိုလည်း ပြောခဲ့တယ်။ ကောင်းတဲ့အရာနဲ့ယူရမယ်။ တကယ်လို့ ကောင်းတာမွန်တာ ရှိတယ်ဆိုရင် လူတွေအများကြီး ဒီနေရာမှာ ဖြည့်ဆည်းရမယ်"လို့ ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်သို့ ရောက်လာတဲ့ ခြောက်နှစ်တာကာလအတွင်းတွင် ဖျားနာမှုနှင့် ဒဏ်ရာကြောင့် ၂ ပွဲတည်းသာ လွဲချော်တဲ့အထိ အံ့ဩစရာကောင်းတဲ့ ကြံ့ခိုင်မှုမှတ်တမ်းပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး အမိုရမ်က "ဖန်တီးမှုအပိုင်းသာ မဟုတ်ပါဘူး။ အလွတ်တည်ကန်ဘောအပိုင်းမှာရော အသင်းကို စုစည်းတဲ့အပိုင်းမှာရော အရေးပါနေတာပါ။ ကွင်းထဲက နေရာတိုင်းကို သူနားလည်တယ်။ အချက်အလက်တိုင်းကိုလည်း အသေးစိတ်သတိထားတယ်။ လူစားလဲမှု တစ်ခုလုပ်လာတိုင်း သူတို့ ဘာလုပ်လာမယ်ဆိုတာ အခြားသူတွေကို ပြောပြတယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အမိုရမ်က ဖာနန်ဒက်စ် မရှိတော့တဲ့အချိန်တွင် ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် လုခ်ရှော သို့မဟုတ် လီဆန်ဒရိုမာတီနက်ဇ်က တာဝန်ယူလာမှာ ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၂၅ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၇၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၃၃၀၀၀၀ ကျပ်
ဝယ်ဈေး ၉၂၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၉၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၈၉၀၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၂၁၀၀၀၀ ကျပ်
ဝယ်ဈေး ၉၁၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၈၁၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၈၅ ကျပ်
ဝယ်ဈေး - ၃၈၈၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၅ ကျပ်
ဝယ်ဈေး - ၄၅၇၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၄ ကျပ်
ဝယ်ဈေး - ၉၆၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၅၉ ကျပ်
ဝယ်ဈေး - ၂၄.၉၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၃၂ ကျပ်
ဝယ်ဈေး - ၄၃.၂၁ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၃၈၅ ကျပ်
ဝယ်ဈေး - ၅၂၅၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၇၃ ကျပ်
ဝယ်ဈေး - ၂၆၀၆ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၁၂ ကျပ်
ဝယ်ဈေး - ၂၈၃၉ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၈၈ ကျပ်
ဝယ်ဈေး - ၁၀၆၁ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
13 w - Translate

🚉

image

Cooperatives Management Software Market: Empowering Efficiency in Cooperative Organizations

The Cooperatives Management Software market is experiencing robust growth as organizations within the cooperative sector adopt digital solutions to streamline operations, enhance member engagement, and improve financial management. Cooperatives, whether in agriculture, retail, finance, or other sectors, are increasingly leveraging software solutions to manage day-to-day activities, governance processes, and member transactions more efficiently. These tools allow cooperatives to automate administrative tasks, improve transparency, and foster better communication among members, contributing to overall growth and sustainability.
Read Full Research Study: https://marketintelo.com/repor....t/cooperatives-manag

Cooperatives Management Software Market Research Report 2033
marketintelo.com

Cooperatives Management Software Market Research Report 2033

As per our latest market intelligence, the Global Cooperatives Management Software market size was valued at $1.2 billion in 2024, and is forecasted to hit $3.8 billion by 2033, growing at a robust CAGR of 13.5% during the forecast period.

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ချေးငွေထုတ်ချေးနိုင်ရေး ဆောင်ရွက်နေ

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ချေးငွေထုတ်ချေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

အင်အားပြင်းမန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များက ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများက ဆောင်ရွက်ရန် လိုအပ်ချက်များကို သေချာစိစစ်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း ချေးငွေထုတ်ချေးနိုင်ရေး ချေးငွေတစ်ခုချင်းအတွက် အများဆုံးထုတ်ချေးနိုင်သည့် ချေးငွေပမာဏကို ဆွေးနွေးကြကြောင်း သိရသည်။

image
13 w - Translate

Global Fuel Storage Systems Market Set for Steady Growth Through 2035

The global Fuel Storage Systems market is experiencing significant expansion due to rising energy demand, industrialization, and the need for efficient and safe fuel storage solutions. Fuel storage systems are critical components in energy infrastructure, providing reliable storage for petroleum, natural gas, biofuels, and other liquid fuels. As energy consumption grows worldwide, the adoption of advanced fuel storage systems is expected to increase steadily, supporting both conventional and renewable energy sectors.

Read Full Research Study: https://marketintelo.com/repor....t/fuel-storage-syste

Fuel Storage Systems Market Research Report 2033
marketintelo.com

Fuel Storage Systems Market Research Report 2033

As per our latest market intelligence, the Global Fuel Storage Systems market size was valued at $8.7 billion in 2024, and is forecasted to hit $13.5 billion by 2033, growing at a CAGR of 5.1%.