သဲဖြူဆရာတော်ကြီးမှ ငဝန်တာနိမ့်ကျမှုအား ရေတိုက်စားမှုကာကွယ်ရေးနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့​နေမှုများကိုကြည့်ရှုအားပေးတော်မူ

သဲဖြူဆရာတော်ကြီးသည် ယနေ့ သြဂုတ် ၃၀ ရက်နံ နက်ပိုင်းက လေးမျက် နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှုအား ရေတိုက်စားမှုကာကွယ်ရေးနှင့် ရေစီး လမ်း ကြောင်းပိတ်ဆို့ကာကွယ်နိုင်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအား‌ ပေးတော်မူခဲ့သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများပူး ပေါင်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Steel Sheet Pile အား ကရိန်းနှင့် Electric Vibratory Pile Hammer အသုံးပြုဆောင်ရွက်ခြင်း၊ လူအင်အားသုံးမျောတုတ်တန်းအပြင်ဘက်ရေဝင်စီးကြောင်းကာကွယ်တန်းအား ပိုမိုတောင့်တင်းစေရန် နိုင်လွန်ပိုက်ကြိုးဖြင့်စုစည်းထုတ်ပိုးထားသည့် သဲအိတ်ဖြည့်ကာကွယ်ခြင်းတို့ကို ကြည့်ရှုတော်မူခဲ့သည်။
ထို့နောက် ရေစီးလမ်းကြောင်းပိတ်ဆို့ကာကွယ်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများကို သဲဖြူဆရာတော်ကြီးက အလှူငွေများလှူဒါန်း၍ ပရိတ်တရားတော်များချီးမြှင့်တော်မူခဲ့သည်။

image