ပဲခူးတိုင်းဝန်ကြီးချုပ် တောင်ငူဒေသရှိ MSME နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဖြည့်ဆည်း

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မေလ ၁၀ ရက် မွန်းလွဲပိုင်းက တောင်ငူဒေသအတွင်းရှိ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ (MSME) နှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ အဆင့်မြှင့်တင်ရေး
ငရုတ်သီးအမှုန့်လုပ်ငန်း
တောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ငရုတ်သီးအမှုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်ကာ ထုတ်လုပ်မှုအဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအစာဘေးကင်းလုံခြုံမှု (Food Safety) နှင့် ထုတ်ပိုးမှုစနစ် (Packaging) အဆင့်မြှင့်တင်ရန် လမ်းညွှန်ခဲ့သည်။
မျှစ်စားသောက်ကုန်လုပ်ငန်း
"မိဘမေတ္တာ" မျှစ်ချို/မျှစ်ချဉ်လုပ်ငန်းတွင် မျှစ်အစိုထုတ်လုပ်ရုံသာမက ပြည်ပပို့ကုန်အဖြစ် မျှစ်ခြောက်လုပ်ငန်း တိုးချဲ့ရန်နှင့် ဝါးအချောထည် စက်မှု/လက်မှု ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး တိုက်တွန်းမှာကြားခဲ့သည်။
မွေးမြူရေးနှင့် သီးညှပ်စိုက်ပျိုးရေး ကဏ္ဍ
ဥစားဘဲမွေးမြူရေး
ကံရိုးကျေးရွာအုပ်စုရှိ ဥစားဘဲကောင်ရေ (၅,၀၀၀) မွေးမြူထားရှိမှုကို ကြည့်ရှုပြီး မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ဒေသစပ်စာ ကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ကော်ဖီနှင့် သီဟိုဠ်စိုက်ပျိုးရေး
အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမကြီးဘေးရှိ သီဟိုဠ်ခြံများအတွင်း ရိုဘတ်စတာကော်ဖီ (၁၆၈) ဧက သီးညှပ်စိုက်ပျိုးအောင်မြင်နေမှုကို ကြည့်ရှုခဲ့ပြီး ကျန်ရှိသည့် ကော်ဖီပျိုးပင်များကို ယခုမိုးရာသီအတွင်း အပြီးစိုက်ပျိုးရန် လမ်းညွှန်ခဲ့သည်။

image

လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် AA နှင့် PDF အဖွဲ့ဝင်(၃၁)ဦး မိဘအုပ်ထိန်းသူများထံအပ်နှံ

လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် AA နှင့် PDF အဖွဲ့ဝင်(၃၁)ဦးအား ယနေ့ မေ ၁၁ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက်၍ သြဝါဒစကားပြောကြားပြီး အလင်းဝင်လာသူများအပ်နှံသည့် လက်နက်ခဲယမ်းများကိုလက်ခံရယူ၍ ဆုကြေးငွေ၊ ဂုဏ်ပြုထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

image

အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ခွင့်ပြန်အလုပ်သမားများအတွက် OWIC ကတ်များကို တစ်ပတ်အတွင်းအမြန်ဆုံးထုတ်ပေးမည်

အလုပ်သမား(၆၀၀)ဦးကျော်ကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်
​ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်ကြီးဌာနက အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိအချိန်၌ အလုပ်သမားဝန်ကြီးဌာန၏ ရက် (၁၀၀)စီမံချက်အဖြစ် မေ ၈ ရက်အထိလက်ခံရရှိထားသော OWIC လျှောက်ထားမှုများအနက် အလုပ်သမား (၆၀၆)ဦးကိုစိစစ်ပြီးဖြစ်၍ မေ ၁၁ ရက်မှ မေ ၂၂ ရက်အတွင်းစတင်ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ခွင့်ပြန်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အ လမ်းများဆုံးရှုံးမှုမရှိစေရန် အလုပ်သမားဝန်ကြီးဌာနက OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် အချက်အလက်မှားယွင်း၍ ကတ်လဲလှယ်ခြင်းတို့ကို အထောက်အထားပြည့်စုံမှန်ကန်ပါက(ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်တစ်ပတ်အတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် OWIC ကတ်ရရှိပြီးသူများအနေဖြင့် လေယာဉ်လက်မှတ်နှင့်အတူ ပြန်လည်ထွက်ခွာခွင့်တင်ပြလာပါကလည်း လေယာဉ်ထွက်ခွာမည့်ရက်အမီ စိစစ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကာ OWIC ပြုလုပ်ခွင့်ရရှိသူများ ၏ အမည်စာရင်းကို ဝန်ကြီးဌာန၏ Safe Migration (Facebook, Telegram, TikTok)စာမျက်နှာများတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဟု အလုပ် သမားညွှန်ကြားရေးဦးစီးဌာနကအသိပေးခဲ့သည်။

​ယခု ထုတ်ပြန်ချက်သည် ပြည်ပသို့ပြန်လည်ထွက်ခွာရန်အခက်တွေ့နေသည့် အလုပ်သမားများအတွက် အ လွန်ကောင်းမွန်၍ OWIC လျှောက်ထားရာတွင် မိမိတို့ပြည်ပတွင်အမှန်တကယ်အလုပ်လုပ်ကိုင်နေသည့် အထောက်အထားများနှင့် ခွင့်ပြန်လာသည့် အထောက်အထားများကိုတိကျမှန်ကန်စွာတင်ပြရန် လိုအပ်သည်။
ထို့ပြင် အမည်စာရင်းများကို Safe Migration ၏လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးမည်ဖြစ်၍ မိ မိအလှည့်ကိုလွဲချော်မှုမရှိစေရန် ပုံမှန်စောင့်ကြည့်သင့်ပြီး OWIC ကတ်ရရှိပြီးပါက ထွက်ခွါခွင့်ကိုအမြန်ဆုံးပြန်တင်ပြရန်လိုအပ်သဖြင့်လေယာဉ်လက်မှတ်နှင့် စာရွက်စာတမ်းများကို ကြိုတင်စနစ်တကျပြင်ဆင်ထားရမည်ဖြစ်သည်။

image

(၉)ကြိမ်မြောက် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ပူးပေါင်း၍ နေပြည်တော်၌ဖွင့်လှစ်

မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတာဝန်များသိရှိနိုင်စေရန်အတွက် (၉)ကြိမ်မြောက် ကု လသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ဆိုင်ရာသင်တန်းကို မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ပူးပေါင်း၍ ယနေ့ မေ ၁၁ ရက်က နေပြည်တော်၌စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ သင် တန်းသားအရာရှိ(၃၀)ဦးအား ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းများ၏သမိုင်းကြောင်း၊ ဖွဲ့ စည်းပုံ၊ စည်းမျဉ်းများနှင့် ဆောင်ရွက်နေမှုများ၊ ကုလ သမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့များ စောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ်များကို စာတွေ့/လက်တွေ့လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရပ်သားများအားကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေးဆောင်ရွက်ခြင်း၊ တပ်ခွဲအ ခြေချစခန်းတည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း BlueHelmet တို့ကိုလည်း စာတွေ့/လက်တွေ့လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မေ ၂၂ ရက်အထိဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ရာ သင်တန်းဖွင့်ပွဲကို ယနေ့ မေ ၁၁ ရက်ကပြုလုပ်ရာ ဒု-တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူးများ၊ အိန္ဒိယတပ်မတော်မှ နည်းပြအရာရှိများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

image

ယနေ့ မေ ၁၂ ရက်နံနက်အစောပိုင်းက ရန်ကုန်ရှိ မြို့နယ်(၂)ခုတွင် မီးလေ-ာင်မှု(၂)ခုဖြစ်ပွား

ယနေ့ မေ ၁၂ ရက်နံနက်အစောပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့တွင် မီးလေ-ာင်မှုများ၊ ယမန်နေ့ မေ ၁၁ ရက်ညပိုင်းက တိုက်ကြီးမြို့နယ်တွင် ယာဥ်တို-က်မှုတို့ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အလုံမြို့နယ်၊ ကမ်းနားလမ်းသစ်၊ အေးရှားဝေါရှေ့တွင် နံနက် ၄ နာရီ ၅၃ မိနစ်ခန့်က ထွေလာ(၁)စီးမီးလေ-ာင်မှုဖြစ်ပွား၍ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြရာ နံနက် ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၁၂ နာရီ ၂၁ မိနစ်ခန့်ကလည်း လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ပဲခူးလမ်းထောင့်တွင် မီးလေ-ာင်မှုဖြစ်ပွား၍ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၂ နာရီ ၄၂ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image

ကော့ကရိတ်မြို့၌ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိလာပြီဖြစ်

တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဆောက်အဦး(၄၅)ခုနှင့် ဒေသခံနေအိမ်(၄၇၂)လုံးအား လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်ခဲ့
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အကြမ်းအဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ၂၃၀ ကေဗွီ သင်္ဃန်းညီနောင်(မြဝတီ)ဓာတ်အားခွဲရုံမှ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၆၆ ကေဗွီ မြဝတီ-ကော့ကရိတ်ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၄၅ ၊ ၄၆ ၊ ၄၇)တို့ကို မိုင်းခွဲဖျ-က်ဆီးခဲ့၍ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့ရှိမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဘားအံမြို့နယ်ရှိ ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မိသရောင် ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ သာယာကုန်းဖီဒါမှ လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားလိုင်းပြုပြင်သွယ်တန်းမှုများပြုလုပ်ခဲ့၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ပထမအဆင့်အနေဖြင့် ကျုံဒိုးမြို့အား လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကော့ကရိတ်မြို့အား လျှပ်စစ်ဓာတ်အားပြန် လည်ဖြန့်ဖြူးပေးနိုင်ရန် တာဝန်ရှိသူများကဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်မှုများပြုလုပ်ခဲ့ကြသဖြင့် မတ် ၂၆ ရက်တွင် ကျုံဒိုးမြို့မှ တံတားကျိုးစစ်ဆေးရေးဂိတ်အထိနှင့် ကော့ကရိတ် ဓာတ်အားခွဲရုံတို့သို့ လှီပ်စစ်ဓာတ်အားစတင်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကော့ကရိတ်ဓာတ်အားခွဲရုံမှတစ်ဆင့် ကော့ကရိတ်မြို့ပေါ်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးအ ဆောက်အဦများနှင့် ဒေသခံနေအိမ်များအား လျှပ်စစ် ဓာတ်အား ဆက်လက်ဖြန့်ဖြူးပေးခဲ့ရာ မေ ၁၁ ရက်အထိ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဆောက်အဦး (၄၅)ခုနှင့် ဒေသခံနေအိမ်(၄၇၂)လုံးတို့အားလျှပ်စစ် ဓာတ်အားဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ်(၆)ရပ်ကွက်၊ မြို့အဝင်ဗိုလ်ချုပ်လမ်းမကြီးတစ်လျောက် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ဆီဆိုင်များအား လျှပ်စစ်ဓာတ်အားဆက်လက်ဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး ၄၀၀ ဗို့ ဓာတ် အားလိုင်းများပြုပြင်ခြင်း၊ ဆားဗစ်ကြိုးများပြုပြင်ခြင်း၊ အိမ်အတွင်းဝါယာရိန်းများစစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

မြို့နယ် (၁၀၀) ၌ Rice Export Zone များ ဖော်ဆောင်မည်၊ ပါဝင်သည့်တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပံ့ပိုးပေးသွားမည်

နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိစေရန်နှင့် တောင်သူများအတွက် အကျိုးအမြတ်ပိုမိုရရှိစေမည့် Rice Export Zone (REZ) များ ထူထောင်ရေးအတွက် လုပ်ငန်းရှင်များနှင့် စပါးစိုက်တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြန်မာ့ဆန်စပါးသုတေသနဌာန၌ ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် Rice Export Zone (REZ) များ အကောင်အထည်ဖော်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ Drum Seeder (၅၀) နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာများကို တောင်သူများထံ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည်။
Rice Export Zone (REZ) စီမံကိန်းကို ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးရာသီမှစတင်၍ မြို့နယ် (၁၀၀) ခန့်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ ပို့ကုန်ကုမ္ပဏီ (Exporter) ၅၀ ကျော်က စပါးစိုက်ဧက (၃) သိန်းဝန်းကျင်ကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ စီမံကိန်းအရ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းကျဆင်းနေချိန်မျိုး၌ပင် Zone အတွင်းရှိ တောင်သူများထံမှ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူပေးရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် Zone အတွင်း ပါဝင်ဆောင်ရွက်သည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ပိုမိုရရှိစေရန်၊ သွင်းအားစုများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်နှင့် လယ်ယာမြေအဆင့်မြှင့်တင်ရန်တို့ကို စီစဉ်ထားသည်။ အပြန်အလှန်အနေဖြင့် ပို့ကုန်ကုမ္ပဏီများအတွက်လည်း ပြည်ပသို့တင်ပို့ရန် အရည်အသွေးမီ ဆန်ကုန်ကြမ်းများ စဉ်ဆက်မပြတ် ရရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် Export Zone များအား စနစ်တကျ ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ပြီး၊ ပို့ကုန်ကုမ္ပဏီများအတွက် Export Financing ရရှိရေးနှင့် နိုင်ငံတကာဈေးကွက် ပိုမိုခိုင်မာလာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

image

ပုဂံရှိ ရှေးဟောင်းအဆောက်အအုံများ၏ မြေအောက်အုတ်မြစ် တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြုနေ၊ စိတ်ပါဝင်စားသူများ လာရောက်လေ့လာနိုင်

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ခေတ်အဆက်ဆက် ရှေးဟောင်းစေတီပုထိုးများ၏ မြေပြင်အောက် တည်ဆောက်မှုနည်းပညာနှင့် အုတ်မြစ်စနစ်ကို သိရှိနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ကွင်းဆင်းတူးဖော် သုတေသနပြုလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၆ ခုနှစ်အတွင်း သုတေသနပြုလုပ်မည့် နေရာများမှာ -
သဗ္ဗုညုဂူဘုရားအနောက်ဘက် မီးမလောင်ကျောင်းအနီးရှိ ငကျွဲနားဋောင်းစေတီ၊
ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့ရှိ ပေါက်ပင်ရာစေတီ၊
ညောင်ဦး - ပုဂံမြို့ဟောင်း ကားလမ်းဘေး မင်းအိုချမ်းသာဘုရား အရှေ့ဘက်ရှိ ရှေးဟောင်းအဆောက်အအုံ တို့ ဖြစ်သည်။
အဆိုပါ တူးဖော်သုတေသနပြုနေမှုများကို စိတ်ပါဝင်စားသည့် သုတေသီများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာနိုင်ကြောင်း ပုဂံဌာနခွဲက ဖိတ်ခေါ်ထားသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ၂၀၂၃ ခုနှစ်မှ စတင်ကာ ခေတ်ကာလမတူညီသည့် ရှေးဟောင်းအဆောက်အအုံ (၁၂) ခု၏ အုတ်မြစ်စနစ်ကို တူးဖော်လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ သုတေသနပြုခြင်းဖြင့် ရှေးခေတ်မြန်မာတို့၏ ဗိသုကာအတတ်ပညာနှင့် တည်ဆောက်မှုနည်းစနစ်များကို အနာဂတ်မျိုးဆက်သစ်များအတွက် မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

image

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးတွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းထားသည့် ဆေးရုံအုပ်ကြီးတစ်ဦးနှင့် လူပုဂ္ဂိုလ်များရှိ
ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုသူများကို လက်ကမ်းကြိုဆိုကြောင်း ဝန်ကြီးချုပ်ပြော

ချင်းပြည်နယ် ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေး ကျရာကဏ္ဍတွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းလာသည့် ဆေးရုံအုပ်ကြီးတစ်ဦး အပါအဝင် လူပုဂ္ဂိုလ်များရှိကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြောသည်။
ယမန်နေ့က ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းညိနှိုင်းအစည်းဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
“ ပြန်လည်ထူထောင်ရေးနှင့် ကာလရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်လိုသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို လက်ကမ်းကြိုဆိုကြောင်း” လည်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြောကြားခဲ့ကြောင်း သိရသည်။
အစိုးရ၊လွှတ်တော်နှင့် ပြည်သူတစ်ရပ်လုံးလက်တွဲညီညီပူးပေါင်းဆောင်ရွက်ပါက မည်သည့်ကိစ္စမဆို အောင်မြင်‌အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ မြို့မိမြို့ဖများနှင့် ဖလမ်းမြို့နယ်ရှိ ယာယီတိမ်းရှောင်ပြည်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

image

ချောင်းသာ-ငွေဆောင်- မော်တင်ကားဂိတ်များ ပြုပြင်ဆောက်လုပ်ရန်ပြင်ဆင်

ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ကုန်စည်ဒိုင်ဝန်းအတွင်း ဆိုင်ခန်းနေရာချထားမှု စနစ်တကျရှိစေရေးနှင့် ကျူးကျော်ဆောက်လုပ်မှု မရှိရန်လုပ်ဆောင်မည်
ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ကမ်းနားလမ်း ကုန်စည်ဒိုင်ဝန်းသို့ သွားရောက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်းပိုင် ကမ်းနားနယ် အမှတ်(၁)တံတားဝန်းရှိ ချောင်းသာ-ငွေဆောင်- မော်တင်ကားဂိတ်များ ပြုပြင်ဆောက်လုပ်ရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆိုင်ခန်းနေရာချထားမှုများ သတ်မှတ်နေရာများတွင် စနစ်တကျရှိစေရေး၊ ကျူးကျော်ဆောက်လုပ်မှုများမရှိစေရေး၊ ခရီးသည်နားနေဆောင်များ စနစ်တကျရှိစေရေး၊ ကုန်စည်ဒိုင်ဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်း များ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများ သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် မေ ၉ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

image