ဆိုင်တစ်ဆိုင် အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အီကွေဒေါလက်ရွေးစင်ကစားသမား
====================

ဘာစီလိုနာစပို့တင်းစတားမာရီယိုပီနိုင်ဒါဟာ ဆိုးရွားလှတဲ့ သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ အီကွေဒေါလက်ရွေးစင်ကစားသမားဟာ ဆိုင်တစ်ဆိုင်ရဲ့အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကလပ်က အတည်ပြုသွားပါတယ်။
ဒေသတွင်း မီဒီယာများရဲ့ဖော်ပြမှုအရ ပီနိုင်ဒါဟာ ဂွါယာကွီးလ်မြောက်ပိုင်း ဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရတာပါ။
အီကွေဒေါရဲတပ်ဖွဲ့ဟာ ယင်းတိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်းကိုသာ ကြေညာသွားပြီး သတ်ဖြတ်မှုရဲ့ နောက်ကွယ်မှ အကြောင်းရင်းကို တစုံတရာကို ကြေညာသွားခြင်း မရှိပါဘူး။
ပီနိုင်ဒါဟာ အီကွေဒေါလက်ရွေးစင်အသင်းအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းတွင် ၉ ပွဲကစားခွင့်ရခဲ့သူ ဖြစ်ပြီး ဘရာဇီးကလပ် ဖလာမင်ဂိုတွင်လည်း ကစားခဲ့ဖူးပါတယ်။
နောက်တန်းအစွန်လူဟာ ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် အီကွေဒေါအတွက် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ Independiente del Valle တွင် ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပြီး ယင်းတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်တွင် ဂွါယာကွီးလ်သို့ ပြောင်းခဲ့ပြီးနောက် အမှတ်ပေးဖလား ၂ ကြိမ် ရရှိရာမှာ အဓိကနေရာမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒေသခံမီဒီယာများက ပီနိုင်ဒါကို မော်တော်ဆိုင်ကယ်စီးထားတဲ့ လူနှစ်ဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသွားပါတယ်။
ပစ်ခတ်ခံရချိန်တွင် ပီနိုင်ဒါနှင့်အတူ မိခင်နှင့် အခြားအမျိုးသမီးတစ်ဦးတို့လည်း ရှိနေခဲ့ပါတယ်။
ဂွါယာကွီးလ်က ပြီးခဲ့တဲ့လများတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကြောင့် ရာဇဝတ်ဂိုးဏ်များ ကြီးစိုးလာတဲ့ နေရာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လများအတွင်းတွင် အီကွေဒေါမှ ဘောလုံးကစားသမားများ ပစ်မှတ်ထားခြင်းခံလာခဲ့ရပါတယ်။
နိုဝင်ဘာလတုန်းက Independiente del Valle မှ အသက် ၁၆ နှစ်အရွယ်ရှိ လူငယ်ကစားသမားတစ်ဦးဟာ ဂွါယာကွီးလ်တွင် မတော်ကျည် ထိမှန်ပြီး နေအိမ်တွင် သေဆုံးသွားခဲ့ပါတယ်။

အဝေးကွင်းတစ်ပွဲအား ပရိသတ်မပါဘဲ ကစားရန် ယူအီးအက်ဖ်အေရဲ့ အရေးယူခြင်းခံလာရတဲ့ မက္ကဘီတဲလ်အဗစ်
================

အစ္စရေးကလပ် မက္ကဘီတဲလ်အဗစ်ဟာ ဂျာမန်ကလပ် စတုဂတ်နှင့်ပွဲစဉ်မှ ပရိသတ်များရဲ့ လူမျိုးရေးခွဲခြားမှု/ ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်ကြောင့် ယူအီးအက်ဖ်အေရဲ့ အဝေးကွင်း တစ်ပွဲအား ပရိသတ်မပါဘဲ ကစားရန် အရေးယူခြင်းခံလာရပါတယ်။
အစ္စရေးကလပ်ဟာ လုံခြုံရေးပိုင်း စိုးရိမ်ရမှုကြောင့် နိုဝင်ဘာလတုန်းက ဗီလာပါ့ခ်တွင် အက်စတွန်ဗီလာနှင့် ကစားတဲ့ ယူရိုပါလိဂ်ပွဲစဉ်အား အဝေးကွင်းပရိသတ် မပါဘဲ ကစားခဲ့ရတဲ့အသင်းလည်း ဖြစ်ပါတယ်။
၎င်းတို့ဟာ ပရိသတ်များရဲ့ လုပ်ရပ်ကြောင့် အဝေးကွင်းတစ်ပွဲ ပိတ်ပင်ခြင်းခံလာရတဲ့အပြင် ယူရို ၂၀၀၀၀ လည်း ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
မက္ကဘီတဲလ်အဗစ်ဟာ စတုဂတ်နှင့်ပွဲတွင် ၄-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ယူရိုပါလိဂ်လိဂ်ပွဲ ၆ ပွဲကစားထားရာမှာ ရမှတ် ၁ မှတ်တည်းသာ ရရှိထားကာ အုပ်စုအဆင့်မှ လှည့်ပြန်ရတော့မှာလည်း ဖြစ်ပါတယ်။
မက္ကဘီတဲလ်အဗစ်ဟာ လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ ဖရိုင်းဘတ်နှင့် အဝေးကွင်းပွဲစဉ်အား ပရိသတ်မပါဘဲ ကစားရပါမယ်။

ရောဘတ်လီဝန်ဒေါ့စကီးရဲ့ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ ဘွန်ဒက်စ်လီဂါဂိုးသွင်းစံချိန်ကို ရိုက်ချိုးရန် ဟယ်ရီကိန်း ပစ်မှတ်ထားနေ
====================

ဟယ်ရီကိန်းက ၂၀၂၅-၂၆ ရာသီ ဘွန်ဒက်စ်လီဂါရာသီဝက်တွင် ဂိုးတဒိုင်းဒိုင်းသွင်းပြနိုင်ခဲ့ပြီးနောက် ရောဘတ်လီဝန်ဒေါ့စကီးရဲ့ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ ဘွန်ဒက်စ်လီဂါဂိုးသွင်းစံချိန်အား ရိုက်ချိုးရန် ပစ်မှတ်ထားနေကြောင်း ဖွင့်ဟလာပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာ ၂၀၂၁ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်စ်လီဂါတစ်ရာသီတည်းတွင် ၄၁ ဂိုးအထိ သွင်းယူကာ ဘွန်ဒက်စ်လီဂါသမိုင်းတွင် တစ်ရာသီတည်းတွင် ဂိုးအများဆုံးသွင်းယူထားနိုင်သူအဖြစ် သမိုင်းမှတ်တမ်းရေးထိုးခဲ့ပါတယ်။
ဟယ်ရီကိန်းမှာလည်း ယခုရာသီတွင် ဘွန်ဒက်စ်လီဂါမှာ ၁၈ ဂိုးသွင်းထားနိုင်မှုနှင့်အတူ လီဝန်ဒေါ့စကီးရဲ့စံချိန်ကို ရိုက်ချိုးရန် မျှော်လင့်နေပြီလည်း ဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ယခုရာသီတွင် ဗင်းဆင့်ကွန်ပနီရဲ့အသင်းအတွက် ဘွန်ဒက်စ်လီဂါ ၁၄ ပွဲတွင် ၁၈ ဂိုးအထိ သွင်းထားနိုင်သလို ချန်ပီယံလိဂ် ၆ ပွဲတွင်လည်း ၅ ဂိုးသွင်းထားနိုင်ပါတယ်။
ယင်းသိ့ အံ့မခန်းဂိုးသွင်းထားနိုင်မှုနှင့်အတူ ဟယ်ရီကိန်းမှာ ရောဘတ်လီဝန်ဒေါ့စကီးရဲ့ စံချိန်ကို ရိုက်ချိုးကာ စံချိန်သစ်ရေးထိုးလာလိမ့်မယ်လို့ ဘိုင်ယန်စတားမာရီယိုဘာဆလာက ဟောကိန်းထုတ်ထားပြီး ဖြစ်ပါတယ်။
ယခုအခါ ဟယ်ီရကိန်းကိုယ်တိုင်က "ဖြစ်နိုင်တယ်လို့ ထင်တယ်။ အထူးသဖြင့် ဒီနှစ်တာထွက် အရမ်းကောင်းနေတာကိုး။ ပွဲကစားဖို့ကလည်း အများကြီး ကျန်သေးတယ်။ ကျွန်တော့်အနေနဲ့ ဒီအဆင့်အတိုင်း နောက်ထပ် လေးငါးလ ကစားနိုင်ဖို့ လိုတယ်။ အခက်ခဲဆုံးအရာက ကာလရှည်ကြာ အကောင်းဆုံးပုံစံ ဆက်ထိန်းထားနိုင်ဖို့ပါ။ ဒီစံချိန်က တကယ့်ကို ကြီးကျယ်လှတယ်။ ရိုက်ချိုးဖို့ ခက်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကလည်း ရိုက်ချိုးဖို့ ရည်မှန်းချက်နဲ့ပဲ အမြဲတမ်းပျော်ပျော်ကြီး ကြိုးစားလာခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာ ဘွန်ဒက်စ်လီဂါပထမဆုံးရာသီတုန်းက ၃၂ ပွဲကစားခဲ့ရာမှာ ၃၆ ဂိုးသွင်းနိုင်ခဲ့ကာ လီဝန်ဒေါ့စကီးရဲ့ စံချိန်ကို ရိုက်ချိုးရန် နီးစပ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဟယ်ရီကိန်းနှင့် ဘိုင်ယန်မြူးနစ်တို့ဟာ ရာသီဝက် အနားမယူမီ နောက်ဆုံးပွဲအဖြစ် လာမယ့် တနင်္ဂနွေနေ့တွင် ဟော်ဖန်ဟိမ်းနှင့် ရင်ဆိုင်ကစားရပါမယ်။

BBC Sports Personality of the Year 2025 ဆုအား ဂေါက်သမားရိုရီမက်အီရွိုင်းဆွတ်ခူး
===================

ရိုရီမက်အီရွိင်းဟာ ဂရင်းစလင်းဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ရိုက်ဒါဖလားတွင်လည်း ဥရောပအသင်း အနိုင်ရအောင် အဓိကနေရာမှ ပါဝင်ကစားခဲ့ပြီးနောက် BBC Sports Personality of the Year 2025 ဆုအား ဆွတ်ခူးလာပါတယ်။
အသက် ၃၆ နှစ်ရှိ မြောက်အိုင်ယာလန်သားဟာ ဧပြီလတုန်းက Masters at Augusta National ဆွတ်ခူးပြီးနောက် အဓိကဆုဖလားကြီး ၄ ခုလုံး ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။
သူဟာ အဓိက ဆုကြီး ၄ ခု ဆွတ်ခူးနိုင်တဲ့ ခြောက်ယောက်မြောက် ကစားသမားဖြစ်သလို ပထမဆုံးဥရောပသားလည်း ဖြစ်လာပါတယ်။ သူ့မတိုင်မီ အမေရိကန်နိုင်ငံသားများဖြစ်ကြတဲ့ ဂီနီဆာရာဇန်၊ ဘင်ဟိုဂန်၊ ဂျက်နစ်ကလပ်စ်၊ တိုက်ဂါးဝုဒ်၊ တောင်အာဖရိကမှ ဂယ်ရီပလေယာတို့ပဲ စွမ်းဆောင်နိုင်ခဲ့တာပါ။
သူဟာ ၂၀၁၄ ခုနှစ်တုန်းက အမေရိကန်အိုးပင်း၊ အိုးပင်းနှင့် ယူအက်စ်ပီဂျီအေတို့ ဆွတ်ခူးခဲပြီးနောက် ၁၁ နှစ်အကြာတွင် အိမ်မက်ကို အကောင်အထည်ဖော်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါအပြင် သူဟာ ဥရောပအသင်း ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရိုက်ဒါဖလား ဆွတ်ခူးရာတွင်လည်း အဓိကနေရာမှ ကူညီခဲ့ပါတယ်။
ဒါ့အပြင် သူဟာ အိုင်းရစ်အိုးပင်း၊ Players Championship နှင့် AT&T Pebble Beach Pro-Am တို့လည်း ဆွတ်ခူးခဲ့ပါသေးတယ်။
တဆက်တည်းတွင် Young Sports Personality of the Year ဆုကိုလည်း အင်္ဂလန်တိုက်စစ်မှူးမီချယ်လီအက်ဘီမန်က ဆွတ်ခူးသွားပါတယ်။
အသက် ၁၉ နှစ်ရှိ သူမဟာ ဆွစ်ဇာလန်တွင် အင်္ဂလန်အမျိုးသမီးအသင်းအား ယူရို ၂၀၂၅ ဆွတ်ခူးနိုင်အောင် ကူညီခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုအပြင် ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆု(အမျိုးသမီး)တို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘီဘီစီရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းဆုကို ရိုက်ဒါဖလား ဆွတ်ခူးခဲ့တဲ့ ဥရောပအသင်းက ဆွတ်ခူးပါတယ်။
ဒါ့အပြင် ဘီဘီစီ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအား အင်္ဂလန်အမျိုးသမီးအသင်းနည်းပြဆာရီနာဝီမန်းက ဆွတ်ခူးခဲ့ပါတယ်။ သူဟာ အင်္ဂလန်အသင်းကို ယူရို ၂ ကြိမ်ဆက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် BBC Sports Personality Coach of the Year ဆုအား ၂ ကြိမ်မြောက် ဆွတ်ခူးလာခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်နှင့် ပြင်သစ်ဂန္ထတင်တိုက်စစ်မှူးသီယာရီဟင်နရီမှာလည်း BBC Sports Personality of the Year 2025 ဆုပေးပွဲအခမ်းအနားတွင် Lifetime Achievement award ဆု ဆွတ်ခူးခဲ့ပါတယ်။
အသက် ၄၈ နှစ်ရှိ ဟင်နရီဟာ ပရီးမီးယားလိဂ်သမိုင်းတွင် အကြီးကျယ်ဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ အာဆင်နယ်အတွက် ၂ ကြိမ်ကစားစဉ်အတွင်း ၃၇၇ ပွဲကစားခဲ့ရာမှာ ၂၂၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။
သူဟာ အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ် ဆွတ်ခူးခဲ့သလို ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့ကာ ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးအသင်းတွင်လည်း ၆ ရာသီဆက် ရွေးချယ်ခံခဲ့ရပါတယ်။
သူဟာ ကီဗင်ဒီဘရိုင်းနှင့်အတူ ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင် အများဆုံးဖန်တီးနိုင်သူအဖြစ် အကြိမ် ၂၀ ဖြင့် ရပ်တည်နေပါတယ်။

နာပိုလီကို အီတလီစူပါဖလားဗိုလ်လုပွဲသို့ ပို့ဆောင်လာတဲ့ ဟွိုင်းလန်း
==================

ရာစမပ်စ်ဟွိုင်းလန်းဟာ ရီယာ့ဒ်တွင် အေစီမီလန်အား အနိုင်ရရှိအောင် ဂိုးသွင်းပြီး နာပိုလီကို အီတလီစူပါဖလားဗိုလ်လုပွဲသို့ ပို့ဆောင်ပေးလာပါတယ်။
နာပိုလီဟာ ပထမပိုင်းတွင် ဒေးဗစ်နီရက်စ်သွင်းယူတဲ့ဂိုး၊ ဒုတိယပိုင်းတွင် ဟွိုင်းလန်းသွင်းယူတဲ့ဂိုးတို့ဖြင့် အေစီမီလန်အား ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တာလည်း ဖြစ်ပါတယ်။
နီဗက်စ်ဟာ ပထမပိုင်းပြီးရန် ၆ မိနစ်အလိုမှာ ဟွိုင်းလန်းခင်းပေးမှုကနေ အနီးကပ်အပိုင်ပိတ်သွင်းပြီး နာပိုလီအတွက် ဦးဆောင်ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
ယင်းနောက် ဒုတိယပိုင်း ၆၃ မိနစ်တွင် ဟွိုင်းလန်းက စပီနာဇိုလာချပေးလိုက်တဲ့ ဘောလုံးကနေ ကျဉ်းမြောင်းတဲ့ ထောင့်သို့ တိကျတဲ့ ကန်ချက်ဖြင့် အနိမ့်ဘောကန်ကာ နာပိုလီတို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးအားသွင်းယူပေးခဲ့ပါတယ်။
စီးရီးအေချန်ပီယံဟာ ယနေ့ည ဘိုလော့ဂ်နာနှင့် အေစီမီလန်ပွဲစဉ်တို့မှ အနိုင်ရတဲ့အသင်းနှင့် တနင်္လာနေ့တွင် အီတလီစူပါဖလားဗိုလ်လုပွဲ ကစားရပါမယ်။
နာပိုလီဟာ အီတလီစပါဖလား နောက်ဆုံးအကြိမ် ဆွတ်ခူးခဲ့တာ ၂၀၁၄ ခုနှစ်တုန်းက ဖြစ်ပြီး ၂ ကြိမ် ဆွတ်ခူးခဲ့ဖူးပါတယ်။

ဒတ်ချ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာတဲ့ ဝီမန်း
====================

အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြဆာရီနာဝီမန်းဟာ ဒတ်ချ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာပါတယ်။
အသက် ၅၆ နှစ်ရှိ အင်္ဂလန်အသင်းနည်းပြဟာ အာန်ဟမ်တွင် အိုလံပစ်ကော်မတီနှင့် မသန်စွမ်းကော်မတီတို့က ကြီးမှူးကျင်းပတဲ့ အခမ်းအနားတွင် တစ်နှစ်တာအကောင်းဆုံးနည်းဆုအား ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။
ဆာရီနာဝီမန်းဟာ ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆု(အမျိုးသမီး)အား ၅ ကြိမ်မြောက် ဆွတ်ခူးထားသလို ၂၀၂၅ ခုနှစ် Ballon d'Or တစ်နှစ်တာအကောင်းဆုံးနည်းပြ(အမျိုးသမီး)ဆုတို့ကိုလည်း ဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ အင်္ဂလန်ကို ယူရို ၂၀၂၅ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဘီဘီစီတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုလည်း ဒုတိယအကြိမ်မြောက် ဆွတ်ခူးလာပါတယ်။
ဝီမန်းဟာ ၂၀၂၁ ခုနှစ်တွင် အင်္ဂလန်အမျိုးသမီးအသင်းကို ကိုင်တွယ်ပြီးနောက် ယူရိုချန်ပီယံ ၂ ကြိမ်ဆက်ဖြစ်အောင် စွမ်းဆောင်ထားတဲ့အပြင် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးထားပါတယ်။
သူမဟာ နယ်သာလန်အသင်းကိုလည်း ယူရို ၂၀၁၇ ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ခွဲစိတ်ဆရာဝန်တစ်ဦးထံမှ ပေါင် ၇ သန်း နစ်နာကြေး ရရှိရေး တရားစွဲမှု အနိုင်ရသွားတဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း
=======================

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းတစ်ဦးဟာ မလိုလားအပ်တဲ့ ခွဲစိတ်ကုသမှု ပြုလုပ်ပြီး သူ့ကို အဆင့်မြင့်ကစားသမားဘဝ အဆုံးသတ်စေခဲ့တဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးအား ပေါင် ၇ သန်းနစ်နာကြေးရလိုမှုဖြင့် တရားစွဲဆိုမှု အနိုင်ရလာပါတယ်။
အသက် ၃၉ နှစ်ရှိ ဝုဗ်စတားဟောင်းဆိုင်ဗန်အီဘင့်ဘလိတ်ခ်ဟာ ၂၀၁၃ ခုနှစ်တုန်းက အရိုးအက်ဒဏ်ရာရရှိပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။
အင်္ဂလန်ယူ-၂၁ တိုက်စစ်မှူးဟောင်းက ယင်းမလိုလားအပ်တဲ့ ခွဲစိတ်ကုသမှုရဲ့ နောက်ဆက်တွဲအဖြစ် ပရီးမီးယားလိဂ်ကစားသမားဘဝ အဆုံးသတ်ခဲ့ရပြီး အသင်းငယ်လေးများတွင် ကျင်လည်ခဲ့ရကြောင်း ဆိုထားပါတယ်။
၂၀၁၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့တဲ့ အီဘင့်ဘလိတ်ခ်ဟာ နစ်နာဆုံးရှုံးခဲ့ရမှုများအတွက် ပေါင် ၇ သန်းနစ်နာကြေး ရရှိရေး ခွဲစိတ်ဆရာဝန်ပရော်ဖက်ဆာဂျိမ်းစ်ကယ်ဒါကို တရားစွဲဆိုခဲ့ပါတယ်။
အီဘင့်ဘလိတ်ခ်ဟာ ယူနိုက်တက်လူငယ်အသင်းတွင် ကစားသမားဘဝ စတင်ပြီးနောက် အသင်းငယ်လေးများတွင် ကျင်လည်ခဲ့ကာ ဝုဗ်သို့ ရောက်လာခဲ့ပါတယ်။ သူဟာ ဝုဗ်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကစားစဉ်အတွင်း ၁၉၃ ပွဲကစားကာ ၆၄ ဂိုးသွင်းပေးခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ၂၀၁၃ ခုနှစ်တွင် အရိုးအက်ဒဏ်ရာရရှိပြီးနောက် ပရော်ဖက်ဆားဂျိမ်းစ်ကယ်ဒါထံတွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပါတယ်။
တရားရုံးတွင် ကြားနာမှုအရ ကယ်ဒါဟာ ကစားသမားရဲ့ ခြေကျင်းဝတ်မှ အရိုးနုကို ဖယ်ရှားခဲ့ကြောင်း သိရပါတယ်။ အီဘင့်ဘလိတ်ခ်ဟာ အရိုးနုဖယ်ရှားလိုက်ပြီးနောက်ပိုင်းတွင် ပုံမှန်မဟုတ်တော့ဘဲ ကစားသမားဘဝ နိမ့်ကျလာခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ပရော်ဖက်ဆာကယ်ဒါကတော့ သူ့မှားယွင်းခွဲစိတ်ကုသခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အား လေ့ကျင့်ရေးကွင်း အသုံးပြုခွင့်ပေးလာတဲ့ မန်စီးတီး
======================

မန်စီးတီးဟာ ယနေ့ သောကြာနေ့တွင် ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ် ဘရန့်ဖို့ဒ်အား လေ့ကျင့်ရေးကွင်း အသုံးပြုကာ လေ့ကျင့်ခန်းဆင်းခွင့် ပေးလာပါတယ်။
ဘရန့်ဖို့ဒ်နည်းပြကိတ်အင်ဒရူးနှင့် အသင်းသားများဟာ ဂွါဒီယိုလာရဲ့ မန်စီးတီးကို ခါရာဘောင်ဖလားကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ပြီးနောက် ဘရန့်ဖို့ဒ်သို့ မပြန်ဘဲ မန်ချက်စတာရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ဟာ အင်္ဂလန်မြောက်ပိုင်းတွင်ပင် ဆက်လက် နေထိုင်ကာ စနေနေ့တွင် Molineux မှာ အမှတ်ပေးဇယားကြမ်းခင်းမှ ဝုဗ်နှင့်ပွဲစဉ်အတွက် ပြင်ဆင်သွားပါမယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ဘရန့်ဖို့ဒ်အသင်းအား အသင်းရဲ့လေ့ကျင့်ရေးကွင်းကို အသုံးပြုခွင့်ပေးလာတဲ့အပြင် ဗုဒ္ဓဟူးနေ့ည ပွဲစဉ်တုန်းက အက်ဘူကိုဒါခူဆာနော့ဗ် အထုတ်ခံရသင့်တယ်လို့ ပြောဆိုခဲ့တဲ့ ဘရန်ဖို့ဒ်နည်းပြကိတ်အင်ဒရူးအား မန်စီးတီးလေ့ကျင့်ရေးကွင်းအဆောင်သို့ ဖိတ်ခေါ်ကာ ကော်ဖီသောက်ရင်း ဆွေးနွေးမှုများပြုလုပ်ရန် ဖိတ်ကြားထားပါတယ်။
ခူဆာနော့ဗ်ဟာ ဂိုးသွင်းဖို့ ကြိုးစားနေတဲ့ ကီဗင်ချာဒီအား ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့်လည်း အနီကတ်ပြသခြင်းမခံခဲ့ရဘဲ အဝါကတ်သာ ပြသခြင်းခံခဲ့ရပါတယ်။
မန်စီးတီးအသင်းဟာ ပေါင်သန်း ၂၀၀ အသုံးပြုပြီး ကြီးကျယ်ခမ်းနားတဲ့ လေ့ကျင့်ရေးကွင်းအား တည်ဆောက်ထားရာ ဘရန့်ဖို့ဒ်အသင်းအား လေ့ကျင့်ဆင်းခွင့်ပေးလာနိုင်တာလည်း ဖြစ်ပါတယ်။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၁၉ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၂၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၆၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၈၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၄၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၀၀ ကျပ်
ဝယ်ဈေး - ၃၉၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၀ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၉၅ ကျပ်
ဝယ်ဈေး - ၄၅၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၇.၃၉ ကျပ်
ဝယ်ဈေး - ၁၂၄.၂၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၀ ကျပ်
ဝယ်ဈေး - ၉၅၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၆၉ ကျပ်
ဝယ်ဈေး - ၂၅.၀၆ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၃၄ ကျပ်
ဝယ်ဈေး - ၄၃.၂၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၁ ကျပ်
ဝယ်ဈေး - ၂.၆၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၅၀ ကျပ်
ဝယ်ဈေး - ၅၂၂၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၄၅ ကျပ်
ဝယ်ဈေး - ၂၅၈၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၃ ကျပ်
ဝယ်ဈေး - ၂၈၃၁ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၅ ကျပ်
ဝယ်ဈေး - ၅၀၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၀ ကျပ်
ဝယ်ဈေး - ၁၀၆၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ