12 ပတ် - ဘာသာပြန်ပါ။

ဘန်လေပွဲတွင် ကွင်းသို့ ခေါင်းတလား ယူလာပြီး အကြီးအကျယ် ဆန္ဒပြခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော ဝက်စ်ဟမ်းပရိသတ်များ
======================

ထောင်ပေါင်းများစွာသော ဝက်စ်ဟမ်းပရိသတ်များဟာ စနေနေ့ည ဘန်လေအား အနိုင်ရတဲ့ပွဲ မတိုင်မီ အကြီးအကျယ် ဆန္ဒပြသမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ပရိသတ်များဟာ ယခုရာသီတွင် တန်းမဆင်းရရေး တိုက်ပွဲဝင်နေရပြီးနောက် အသင်းပိုင်ရှင်အား ဆန္ဒပြလာကြတာလည်း ဖြစ်ပါတယ်။

ထောင်ပေါင်းများစွာ ဝက်စ်ဟမ်းပရိသတ်များဟာ စနေနေ့ပွဲမတိုင်မီ London Stadium သို့ စုစည်းချီတက်ကာ ဆန္ဒပြခဲ့ကြပါတယ်။

၎င်းတိ့ဟာ အသင်းပိုင်ရှင်ကို ဆန့်ကျင်တဲ့ နဖူးစည်းများ ကိုင်ဆောင်ထားကြပါတယ်။ ရှေ့ဆုံးတွင် ခေါင်းတလားတစ်ခုကိုလည်း ထမ်းလာကြပြီး “sold our soul” ၊ “No more BS” လို့ သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။

“sold our soul” ဆိုတဲ့ စကားလုံးမှာ ဝက်စ်ဟမ်းအသင်းပိုင်ရှင်တို့က ၁၁၂ နှစ်ကြာ အသုံးပြုလာတဲ့ အပ်တန်ပါ့ခ်ကို စွန့်ခွာပြီး London Stadium သို့ ပြောင်းလာပြီးနောက် ပရိသတ်များက ပိုင်ရှင်ကို ဆန့်ကျင်တဲ့ စကားစု ဖြစ်ပါတယ်။

“No more BS,” ဆိုတဲ့ စကားလုံးမှာ ကလပ်ဥက္ကဌနှင့် ဒုဥက္ကဌများဖြစ်ကြတဲ့ ဗေးဗစ်ဆူလေဗန်နှင့် ကာရန်ဘရာဒီတို့ကို ရည်ရွယ်တာပါ။

ဝက်စ်ဟမ်းပရိသတ်များဟာ သုံးပွဲဆက်တိုက် အသင်းပိုင်ရင်များကို သပိတ်မှောက်လာကြတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ မနေ့ညတုန်းက ပရိသတ်များရဲ့ ဆန္ဒပြမှုများဖြင့် ကြုံတွေ့ခဲ့ရပေမယ့်လည်း ဘန်လေကို ၃-၂ ဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရရှိလာပါတယ်။

image
12 ပတ် - ဘာသာပြန်ပါ။

ရောဘတ်လီဝန်ဒေါ့စကီးအား ခေါ်ယူရန် အေစီမီလန် ဆွေးနွေးလာ
==================

အေစီမီလန်တာဝန်ရှိသူများဟာ လာမယ့် ရာသီတွင် တိုက်စစ်မှူးဆန်တီယာဂိုဂျီမီနက်ဇ် နေရာတွင် အစားထိုးရန်အတွက် ရောဘတ်လီဝန်ဒေါ့စကီးရဲ့ အေးဂျင့်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ပိုလန်အသင်းခေါင်းဆောင်ဟာ ယခုရာသီအကုန်တွင် ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ကလပ်ဘက်က စာချုပ်သက်တမ်းတိုးရေး ကမ်းလှမ်းလာမှု မရှိမှုနှင့်အတူ အသင်းပြောင်းလာဖို့ ရှိနေပါတယ်။

မကြာသေးမီတုန်းက အသက် ၃၇ နှစ်ရှိ လီဝန်ဒေါ့စကီးရဲ့ အေးဂျင့် ပီနီဇာဟာဗီကိုယ်တိုင်က ဒေါ့မွန်နှင့် ဘိုင်ယန်တိုက်စစ်မှူးဟောင်းမှာ ဘာစီလိုနာမှ ထွက်ခွာနိုင်ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

၎င်းက "လီဝန်ဒေါ့စကီးရဲ့ ဘာစီလိုနာစာချုပ်က ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးပါမယ်။ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ အခြေအနေ စောင့်ကြည့်မယ်။ လာမယ့် ရက်တွေ ဘာဖြစ်လာမလဲ ကြည့်ရပါမယ်။ ဆော်ဒီအသင်းတွေနဲ့တော့ တရားဝင် ဆွေးနွေးတာ မရှိသေးပါဘူး။ ကမ်းလှမ်းလာတာလည်း မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။

ရောဘတ်လီဝန်ဒေါ့စကီးဟာ ယခုရာသီတွင် နည်းပြဟန်ဆီဖလစ်မှာ ဖာရန်တောရက်စ်နှင့် မားကပ်စ်ရက်ဖို့ဒ်တို့အား အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုလာမှုနှင့်အတူ နေရာရရှိရေး ပိုမို ရုန်းကန်လာရပါတယ်။

ယနေ့တွင် Sportitalia and Sport ရဲ့ ဖော်ပြလာမှုအရ မီလန်တာဝန်ရှိသူများဟာ လီဝန်ဒေါ့စကီး အပြောင်းအရွှေ့အတွက် အေးဂျင့်ဇာဟာဗီနှင့် ဆွေးနွေးလာကြောင်း သိရပါတယ်။

အေစီမီလန်ဟာ ဖေဖော်ဝါရီလတုန်းက မက္ကဆီကိုတိုက်စစ်မှူးဂျီမီနက်ဇ်ကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဂျီမီနက်ဇ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သလို ယခုရာသီ အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်နေရပါတယ်။

အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူးဟာ ယခုရာသီတွင် ၁၁ ပွဲကစားထားရာမှာ ၁ ဂိုးတည်းသာ သွင်းထားနိုင်ပြီး ၂ ကြိမ် ဖန်တီးထားပါတယ်။

image
12 ပတ် - ဘာသာပြန်ပါ။

ဖူလ်ဟမ်အား အနိုင်ရတဲ့ပွဲတွင် တိုက်စစ်မှူးဘာရီကို ဆူပူကြိမ်းမောင်းခဲ့တဲ့ အဲဗာတန်နည်းပြမိုယက်စ်
====================

ဒေးဗစ်မိုယက်စ်ဟာ ဖူလ်ဟမ်ကို အနိုင်ရတဲ့ အဲဗာတန်ရဲ့ ပွဲစဉ်တွင် တိုက်စစ်မှူးသီယာနိုဘာရီကို ဆူပူကြိမ်းမောင်းမှု ပြုလုပ်ခဲ့ပါတယ်။

စကော့တလန်နည်းပြဟာ Hill Dickinson Stadium တွင် ပြင်သစ်တိုက်စစ်မှူးအား ပွဲထုတ်ခဲ့ပါတယ်။

အဲဗာတန်ပရိသတ်များဟာ ဘာရီမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ခြေစွမ်းအပေါ် ကျေနပ်ခဲ့ကြပါတယ်။ ပရိသတ်အချို့တို့က ဘာရီမှာ နွေရာသီတုန်းက ဗီလာရီးရဲလ်မ ပေါင် ၂၇ သန်းဖြင့် ပြောင်းလာပြီးနောက် အကောင်းဆုံးပွဲကစားနိုင်ခဲ့ကြောင်း ဆိုနေကြပါတယ်။

အဲဗာတန်ဟာ မနေ့ညကပွဲတွင် ပထမပိုင်းပြီးခါနီး အိုင်ဒရက်စ်ဆာဂူယီရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်ဂိုး ရရှိခဲ့ကာ ၈၁ မိနစ်တွင် မိုက်ကယ်ကိန်းက ၂-၀ ဖြင့် အနိုင်ရရှိစေမယ့် ဂိုးကို သွင်းခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယဂိုး မရရှိမီ ၂ မိနစ်အလိုတွင် ဒေးဗစ်မိုယက်စ်ဟာ ဘာရီအား ဘီတိုနှင့် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်ယူ-၂၁ လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ ပရိသတ်များကို လက်ခုပ်တီး နုတ်ဆက်ရင်း ကွင်းအတွင်းမှ ထွက်ခွာခဲ့ပါတယ်။

ယင်းအချိန်တွင် ဒေးဗစ်မိုယက်စ်ဟာ ဘာရီမှာ လူစားလဲလှယ်ခံရမှုအပေါ် စိတ်ပျက်နေတဲ့ ပုံစံ ဖြစ်နေမှုနှင့်အတူ ဒေါသတကြီး ဆူပူကြိမ်းမောင်းမှု ပြုလုပ်ခဲ့ပါတယ်။

ဒေးဗစ်မိုယက်စ်ဟာ ပွဲအတွင်းတွင် ဘာရီကို ဆူပူကြိမ်းမောင်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင်တော့ ချီးကျူးပြောဆိုမှု ပြုလုပ်သွားတာ တေ့ရပါတယ်။

image
12 ပတ် - ဘာသာပြန်ပါ။

လိင်အလွန်အကျွံဆက်ဆံလို့ အားကစားစတားတွေ ဒဏ်ရာရရှိလို့ အပြစ်တင်ခံခဲ့ရတဲ့ အီတလီမော်ဒယ်
=====================

အီတလီမော်ဒယ်တစ်ဦးဟာ လိင်အလွန်အကျွံဆက်ဆံလို့ သူမရဲ့ တွဲဖက်တွေ ဒဏ်ရာရရှိမှုအတွက် ဝေဖန်နေသူများကို ပြန်လည်တုံ့ပြန်မှု ပြုလုပ်လာပါတယ်။

မော်ဒယ်နှင့် ရုပ်သံတင်ဆက်သူ မီလစ်ဆာဆတ်တာဟာ ပို့စ်မောက်နှင့် စပါးစ်စတားဟောင်းကီဗင်ပရင့်စ်ဘိုတန်းနှင့် လက်ထပ်ပြီးနောက် တင်းနစ်စတားမာတီယိုဘာရက်တီနီနှင့် တွဲခဲ့သူလည်း ဖြစ်ပါတယ်။

ဘာရက်တီနီဟာ မီလစ်ဆာဆတ်တာနှင့် တွဲနေစဉ်အတွင်း ဝမ်းဗိုက်နာကျင်ဝေဒနာခံစားခဲ့ရကာ ယင်းပြဿနာအတွက် ဆတ်တာက အပြစ်တင်ခံခဲ့ရပါတယ်။

အွန်လိုင်းအသုံးပြုသူများက ဘာရက်တီနီ ယင်းဒဏ်ရာရရှိမှုက ဆတ်တာနှင့် လိင်အလွန်အမင်းဆက်ဆံလို့ ဆိုပြီး အပြစ်တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူမကတော့ ယင်းကို ငြင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ဘာရက်တီနီ ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်ပြီး သူမက "၂၀၂၁ ခုနှစ်တုန်းက ရခဲ့တဲ့ ဒဏ်ရာနေရာမှာဘဲ ထပ်ရရှိခဲ့တာပါ။ အဲဒီတုန်းက သူ့ကို သိတောင် မသိပါဘူး။ ဒါပေမယ့် ဘယ်လို ပြဿနာပဲ ဖြစ်လာ ဖြစ်လာ ကျွန်မဘက်က ဖြေရှင်းပေးနေရမှာလား"လို့ ဆိုသွားပါတယ်။

ဆတ်တာဟာ ဘိုတန်းနှင့် လက်ထပ်စဉ်တုန်းကလည်း မီလန်နှင့် ဖရန့်ဖတ်စတားဟောင်း ဒဏ်ရာရရှိမှုအတွက် ယင်းသို့ပင် အပြစ်တင်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူမက လိင်အလွန်အမင်းဆက်ဆံလိ့ ဘိုတန်း ဒဏ်ရာရရှိတာလို့ အပြစ်တင်ခံရကြောင်း ဆိုသွားပါတယ်။

အသက် ၃၉ နှစ်ရှိ မော်ဒယ်က "တခါတုန်းက ကျွန်မ ခင်ပွန်းဟောင်း ပေါင်ခြံဒဏ်ရာရတုန်းကလည်း ကျွန်မတို့ လိင်အလွန်အကျွံဆက်ဆံလို့ ဒီဒဏ်ရာရတာဆိုပြီး ကျွန်မကို တိုက်ခိုက်ခဲ့ကြတယ်။ လိင်ဆက်ဆံတာ များလွန်းလို့ သူ့ ကြံ့ခိုင်မှုပြဿနာကြုံလာတယ်ဆိုပြီးတော့ပေါ့။ လိင်ခွဲခြားမှု ဆက်ဆံမှု ရှိတယ်ဆိုတာ ဒါက သက်သေတွေပါ။ ယောင်္ကျားတွေကို အာရုံလွဲစေမှုအတွက် အမျိုးသမီးတွေဘဲ အမြဲတမ်းအပြစ်တင်ခံရတယ်။ အမျိုးသမီးတစ်ယောက် ဆုံးရှုံးမှု တစ်ခုကြုံပြီရင်ဆိုရင်တော့ အမျိုးသားကြောင့် မဟုတ်ဘူး။ သူ လုပ်လို့ ဖြစ်တာဆိုပြီး အပြစ်တင်ပြန်တယ်"လို့ ပြောကြားသွားပါတယ်။

ဆတ်တာဟာ ၂၀၂၄ ခုနှစ်တွင် ဘာရက်တီနီနှင့် လမ်းခွဲလိုက်ပြီးတဲ့နောက် အီတလီတိုက်စစ်မှူးဟောင်းခရစ္စတီယန်ဗီဟာရီနှင့် တွဲခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူမက စင်ဂယ်တစ်ဦး ဖြစ်ပါတယ်။

image

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၈ ရက်က FX Market Online Trading Platform တွင် တစ်ဒေါ်လာ ၃၆၄၀ ကျပ်ဖြင့် ဈေးကွက်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ၀ယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ခုနစ်သိန်းနီးပါးကို နိုဝင်ဘာလ ၈ ရက်က စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ထုတ်ရောင်းပေးခဲ့သည်။

ယင်းနေ့ FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ဆက်သွယ်ရေးပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ သံမဏိ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ခြင်းဖြစ်သည်။

image
12 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
12 ပတ် - ဘာသာပြန်ပါ။

🤓

image
12 ပတ် - ဘာသာပြန်ပါ။

🎬 HOTEL DEL LUNA: HOTEL BLUE MOON (2024) — Season 2 Official Trailer | Netflix K‑Drama
🎭 Starring: IU | Kim Soo‑hyun
💬 “Some goodbyes check out. Others leave a key.” 🌙
🛎️ Synopsis: When a rare blue moon returns, the spectral landmark reopens under a new proprietor (Kim Soo‑hyun)—elegant, unreadable, and bound by a contract inked in starlight. The hotel’s first VIP guest? A woman with memories the afterlife refused to file away (IU). As Seoul freezes at midnight and ghostly patrons queue with unfinished loves and unforgiven sins, stairways shift, a time‑locked elevator stops on centuries, and a cursed ledger starts writing names of the living. To break a brewing revolt in the spirit world, owner and legend must partner—balancing debt and destiny before the moon sets and the doors vanish again.
⭐ Review: Velvet‑gothic, swoony, and spellbound. IU glows with starched steel and aching grace; Kim Soo‑hyun radiates enigmatic charm. Lush production design, luminous VFX, and an OST that shivers like moonlight on glass. Pure midnight magic.

image

နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
---------------------------------------------------------------------
ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက တနင်္သာရီတိုင်း ဒေသကြီးတွင် နေရာအနှံ့အပြား၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၁၂.၀ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့တွင် ၁၃.၂ ဒီဂရီဆဲလ်စီးယပ်၊ ဟုမ္မလင်းမြို့တွင် ၁၄.၅ ဒီဂရီဆဲလ်စီးယပ်၊ ပြင်ဦးလွင်မြို့တွင် ၁၄.၉ ဒီဂရီဆဲလ်စီးယပ်၊ တောင်ကြီးမြို့တွင် ၁၅.၃ ဒီဂရီဆဲလ်စီးယပ်၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တွင် ၁၆.၀ ဒီဂရီဆဲလ်စီးယပ်နှင့် ဟဲဟိုး မြို့တွင် ၁၆.၄ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ထားဝယ်မြို့တွင် ၁.၇၃ လက်မ၊ သာယာဝတီမြို့နှင့် မြဝတီမြို့တို့တွင် ၀.၇၅ လက်မစီ၊ ကျောင်းကုန်းမြို့တွင် ၀.၅၅ လက်မ၊ ကော့ကရိတ်မြို့တွင် ၀.၅၂ လက်မ၊ ကော့သောင်းမြို့တွင် ၀.၄၃ လက်မ၊ မြိတ်မြို့တွင် ၀.၃၉ လက်မ၊ ရေးမြို့တွင် ၀.၃၂ လက်မ၊ အိမ်မဲမြို့တွင် ၀.၂၈ လက်မနှင့် ဟင်္သာတမြို့တွင် ၀.၁၂ လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။