ယခုတစ်ကြိမ်တွင် Elland Road ဧရိယာအား ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်လျှင် ဘယ်တော့မှ ပြုလုပ်လာနိုင်မည်မဟုတ်ဟု လိဒ် သတိပေးလာ
==================

လိဒ်အသင်းဒါရိုက်တာပီတာလိုဝီက အာဏာပိုင်များအနေဖြင့် Elland Road ဧရိယာအား ပြန်လည်ထောင်ရေးအတွက် ထောက်ခံအားပေးမှု ပြုလုပ်ရန် တိုက်တွန်းသွားပြီး ယခုတစ်ကြိမ် မဖြစ်မြောက်လာပါက ဘယ်တော့မှ ဖြစ်မြောက်လာတော့မည်မဟုတ်ကြောင်း သတိပေးမှု ပြုလုပ်လာပါတယ်။

လိဒ်ဟာ ဇန်နဝါရီလတုန်းက Elland Road အား အဆင်မြှင့်တင်ရေးအတွက် လျှောက်ထားရာ ဇန်နဝါရီလတုန်းက လိဒ်စီးတီးကောင်စီရဲ့ ခွင့်ပြုချက် ရရှိခဲ့ပါတယ်။

လိဒ်ဟာ Elland Road မှာ ပရိသတ် ၃၇၆၄၅ ဦး ဆန့်ပြီး ပရိသတ် ၅၃၀၀၀ ဦးအထိ ဆန့်အောင် တိုးချဲ့လာပါမယ်။

Westfield ကို တည်ထောင်တဲ့ ဩစတြေးလျဘီလျှံနာလိုဝီက Elland Road ကွင်းအား အဆင့်မြှင့်တင်မှု ရရှိမှုမှာ လိဒ်တောင်ပိုင်း ဧရိယာအား ပိုမိုကောင်းမွန်လာအောင် ပြုလုပ်နိုင်မယ့် တစ်သက်တွင် တစ်ကြိမ်သာ ရရှိမယ့် အခွင့်အရေး ဖြစ်ကြောင်း ပြောကြားလာပါတယ်။

အနောက်ပိုင်းယော့ခ်ရှိုင်းယားမြို့တော်ဝန်ထရေစီဘရာဘင်က ယင်းဒေသအတွက် အများပြည်သူများအတွက် ပို့ဆောင်ရေးစနစ်တစ်ခု တည်ဆောက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလမှာတော့ ယင်းအစီအစဉ်မှာ နှစ်ပေါင်းများစွာ ရွှေ့ဆိုင်းရမယ့် အခြေအနေနှင့် ကြုံလာရပါတယ်။

ယခုအခါ လိုဝီက ယင်းအစီအစဉ်မှာ တစ်သက်တွင် တစ်ကြိမ်သာ ရတဲ့အခွင့်အရေး ဖြစ်ပြီး ယခုမဖြစ်လာလျှင် နောင်တွင် ဖြစ်လာတော့မှာ မဟုတ်ကြောင်း အပြင်းအထန် သတိပေးလာပါတယ်။

၎င်းက "လိဒ်က ဒီအတွက် အသင့် ဖြစ်နေပါပြီ။ အခု ဒီတစ်ကြိမ် မဖြစ်လာဘူးဆိုရင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ အချိန်မီ လုပ်ဖို့ လိုတယ်။ ကျွန်တော့်လို လူတွေနဲ့ ကျွန်တော့်မှာ ရှိတဲ့ အရင်းအနီးတွေက ဆယ်နှစ်မစောင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အခြားနေရာမှာလည်း ရင်းနှီးမြှပ်နှံဖို့ ရွေးချယ်လာနိုင်လို့ပါ"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် လိုဝီဟာ လိဒ်ဧရိယာအား ပြန်လည်ထူထောင်ရေး အစီအစဉ်ကို အာဏာပိုင်ဘက်က မထောက်ခံလာပါကလည်း Elland Road အား အဆင့်မြှင့်တည်ဆောက်မှု ပြုလုပ်ရေးကို ဆက်လက် လုပ်ဆောင်သွားဦးမှာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်တုန်းက လိုဝီဟာ ဘဏ္ဍာရေးဝန်ကြီးရေချယ်ရိဗ်စ်နှင့် တွေ့ဆုံရတွင် လိဒ်ဘူတာမှ ဝှိုက်ရို့စ်အပါအဝင် Elland Road တွင် အဆုံးသတ်မယ့် လျှပ်စစ်မီးရထားစနစ် ပြေးဆွဲရေး မတည်ငွေပေးရေးဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

ရိဗ်စ်ဟာ လိဒ်အနောက်ပိုင်းနှင့် ပက်ဆေ(ယခင်တုန်းက လိဒ်အနောက်ပိုင်း)တို့ရဲ့ အမတ်ဖြစ်ပြီး ယခု ရင်းနှီးမြှပ်နှံမှုက ဒေသတွင်း ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ယူဆောင်လာမယ့်အပြင် ဒေသစီးပွားရေး တိုးတက်လာစေမယ့် စီမံကိန်းလို့လည်း ဆိုထားပါတယ်။

image

ဖိအားများအောက် ကျရောက်နေတဲ့ အာဘီလိုအာနေရာတွင် စီးရီးအေဝါရင့်နည်းပြနှင့် အစားထိုးရန် ရီးရဲလ်မက်ဒရစ်စဉ်းစားနေ
===================

ရီးရဲလ်မက်ဒရစ်ဟာ နွေရာသီတွင် စီးရီးအေဝါရင့်နည်းပြအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်လာမှုနှင့်အတူ နည်းပြအယ်ဗာရိုအာဘီလိုအာတွက် ဖိအားများ ပိုမို ကျရောက်လာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဇာဗီးအလွန်ဆိုနှင့် လမ်းခွဲလိုက်ပြီးနောက် ယာယီနည်းပြအာဘီလိုအာလက်ထက်တွင် ရုန်းကန်နေရပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ အာဘီလိုအာအပေါ်တွင် အပြည့်အဝ ယုံကြည်မှု မရှိမှုနှင့်အတူ အေစီမီလန်နည်းပြမက်ဆီမိုအယ်လီဂရီအား ခန့်အပ်ရေး အလေးအနက်ထား စဉ်းစားလာနေပါတယ်။

Corriere dello Sport က ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၆-၂၇ ရာသီတွင် အယ်လီဂရီအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် အလေးအနက်ထား စဉ်းစားနေကြောင်း ဖော်ပြလာပါတယ်။

ဝါရင့်နည်းပြဟာ အေစီမီလန်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကဲ့သို့ ထိပ်သီးကလပ်ရဲ့ ကမ်းလှမ်းခြင်းသာ ခံလာရပါက ငြင်းပယ်လာဖို့ မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူများက အယ်လီဂရီရဲ့ လက်တွေ့ကျတဲ့ ဗျူဟာပိုင်း ချဉ်းကပ်ပုံက လက်ရှိ အာဘီလိုအာလက်အောက်တွင် ဆက်တိုက် အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်ရမှု၊ ခံစစ်ပိုင်း ယိုယွင်းမှု၊ နည်းဗျူဟာပိုင်း တည်တန့်မှု မရှိခြင်းတို့အား ဖြေရှင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အယ်လီဂရီဟာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် ပထမဆုံးအကြိမ် ဆက်သွယ်ခြင်းခံလာရတာ မဟုတ်ပါဘူး။ အယ်လီဂရီဟာ ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်တွေတုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ ဆက်သွယ်ခြင်းခံခဲ့ရပေမယ့်လည်း ဂျူဗင်တပ်ကိုပင် ဆက်လက် ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ တနင်္လာနေ့တုန်းက ဂီတာဖေးကို ရှုံးနိမ့်ပြီးနောက် ရာသီသိမ်းရန် ၁၀ ပွဲတည်းသာ ကစားရန် လိုတော့တဲ့အချိန်တွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၄ မှတ် ကွာဟနေပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ မာစတန်တူအိုနို အနီကတ်ပြခံထားရတဲ့အပြင် ဒိန်းဟူဆင်နှင့် ကာရီရက်စ်တို့မှာလည်း အဝါကတ် ၅ ကတ်စီ ပြသခြင်းခံထားရမှုကြောင့် ဆဲလ်တာဗီဂိုနှင့်ပွဲအား လွဲမည်ဖြစ်ရာ ပိုမို အခက်ကြုံလာတော့မှာလည်း ဖြစ်ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
17 w - Translate

Direct To Home Satellite TV Market to Reach $142.6 Billion by 2032 at 5.8% CAGR

The Direct To Home Satellite Tv Market
was valued at USD 87.4 billion in 2023 and is projected to reach USD 142.6 billion by 2032, expanding at a 5.8% CAGR from 2024 to 2032. In 2022, the market stood at USD 84.9 billion, reflecting a 2.9% year-over-year (YoY) increase in 2023. With over 310 million DTH subscribers globally and satellite broadcasting covering 95% of rural territories, the sector remains resilient despite OTT competition.

Read More -> https://marketintelo.com/repor....t/direct-to-home-sat

Direct-to-Home Satellite TV Market Research Report 2033
marketintelo.com

Direct-to-Home Satellite TV Market Research Report 2033

As per our latest market intelligence, the Global Direct-to-Home (DTH) Satellite TV market size was valued at $97.2 billion in 2024, and is forecasted to hit $142.8 billion by 2033, growing at a CAGR of 4.3%.
17 w - Translate

Dad: မေမေစကားနားထောင်နော် တစ်ခုခုဆို အဖေလဲမကယ်နိုင်ဘူး

image
17 w - Translate

😡

image

မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ ကျောင်းသားများကို ကျောင်းသားဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည်ဟု ဗြိတိန်ကြေညာ

မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ ကျောင်းသားများကို ကျောင်းသားဗီဇာထုတ်ပေးမှုရပ်​ဆိုင်းလိုက်သည်ဟု ဗြိတိန်နိုင်ငံက ကြေညာလိုက်ကြောင်း Guardian သတင်းတွင် ဖော်ပြသည်။

ဆူဒန်၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် မြန်မာနိုင်ငံတို့အား ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ဗြိတိန်၏ ရက်ရောမှုကို အခွင့်ကောင်းယူကာ ခိုလှုံခွင့်တောင်းခံခြင်းများ ပြုလုပ်သည်ဟု ဗြိတိန်က ပြောကြားခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ယင်းသို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ယင်းနိုင်ငံ လေးခု၏ ကျောင်းသားဗီဇာများကို ထုတ်ပေးမှုရပ်ဆိုင်းထားခြင်းအပြင် အာဖဂန်နစ္စတန် နိုင်ငံသားများ၏ အလုပ်ဗီဇာများကိုလည်း ရပ်ဆိုင်းထားသည်ဟု သတင်းတွင် ဖော်ပြသည်။

ယင်းနိုင်ငံများမှ လူအရေအတွက် တိုးပွားလာနေပြီး UK တွင် ခိုလှုံခွင့်တောင်းခံရန် တရားဝင် ရွှေ့ပြောင်းနေထိုင်မှုလမ်းကြောင်းများကို နောက်ကွယ်မှ တံခါးအဖြစ် အသုံးပြုနေကြကြောင်း ​ဗြိတိန်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ဗြိတိန်နိုင်ငံသည် စစ်ပွဲနှင့် နှိပ်စက်ညှဉ်းပန်းမှုမှ ထွက်ပြေးလာသူများကို အမြဲတမ်း ခိုလှုံရာပေးမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ ဗီဇာစနစ်ကို အလွဲသုံးစားမလုပ်သင့်ပါ” ဟု ​ဗြိတိန်ပြည်ထဲရေးဝန်ကြီး မာမွတ်က အင်္ဂါနေ့တွင် ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ်တွင် ခိုလှုံခွင့်တောင်းခံသူ ၁၀၀,၀၀၀ ၏ ၃၉ ရာခိုင်နှုန်း သည် ပညာသင်ဗီဇာကဲ့သို့သော တရားဝင်ရွှေ့ပြောင်းလမ်းကြောင်းမှတစ်ဆင့် ယူကေသို့ ရောက်ရှိလာပြီးနောက် ခိုလှုံခွင့်တောင်းခံခဲ့ကြသည်။

အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနှင့် ဆူဒန်နိုင်ငံတို့မှ ကျောင်းသားများ၏ ခိုလှုံခွင့်လျှောက်လွှာများသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။

လာမည့် ကြာသပတေးနေ့တွင် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းပြောင်းလဲမှုမှတစ်ဆင့် ဗီဇာပိတ်ပင်မှုကို တရားဝင်စတင်မည်ဖြစ်သည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီး မာမွတ်သည် ပြီးခဲ့သည့်နိုဝင်ဘာလကလည်း အင်ဂိုလာ၊ နမီးဘီးယားနှင့် ကွန်ဂိုဒီမိုကရက်တစ်အစိုးရများသည် ဗြိတိန်တွင်ရောက်ရှိနေသည့် ၎င်းတို့၏နိုင်ငံသားများကို ပြန်မခေါ်ပါက အလားတူဗီဇာအားလုံးကို ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။

image

မန္တလေးတိုင်းအတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသူဦးရေ ၄၇၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၁၀၈ ခု ဖွင့်လှစ်ထား

မန္တလေးတိုင်းအတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသူဦးရေ ၄၇၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၁၀၈ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း စာဖြေသူစာရင်းသွင်းဦးရေ ၄၇၀၀၀ ကျော်ရှိပြီး စာစစ်ဌာန ၁၀၈ ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မတ် ၃ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ ဆောင်ရွက်ရန်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

image

■ အီရန်တွင် စာသင်ကျောင်းတိုက်ခိုက်ခံရပြီးနောက် သေဆုံးခဲ့သည့် ကျောင်းသားများနှင့် ဝန်ထမ်းများအတွက် ဈာပနအခမ်းအနားများ ပြုလုပ်

အီရန်နိုင်ငံတောင်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းကို အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်ခဲ့ကြောင်း အီရန်အာဏာပိုင်များက ပြောကြားခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော ကျောင်းသားများနှင့် ဝန်ထမ်းများအတွက် ဈာပနအခမ်းအနားများကို ပြုလုပ်ခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏ စစ်ဘက်ဆိုင်ရာနေရာများနှင့် ခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့ချိန်အတွင်း ဖေဖော်ဝါရီ ၂၈ ရက်က မီနက်မြို့ရှိ မိန်းကလေးသီးသန့် စာသင်ကျောင်းကို ဒုံးကျည်များ ထိမှန်ခဲ့ပြီး လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ စာသင်ကျောင်းသည် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အခြေစိုက်စခန်းတစ်ခုနှင့် နီးကပ်သောနေရာတွင် တည်ရှိသည်။

အမေရိကန်စစ်တပ်ကမူ ယင်းဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းစစ်ဆေးနေသည်ဟုဆိုသော်လည်း အစ္စရေးစစ်တပ်ကမူ ထိုဒေသအတွင်း စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ခြင်းကို မသိရကြောင်း ပြောကြားခဲ့သည်။

image

ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးရန် ရေတပ်ကို အမိန့်ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးရန် အမေရိကန်ရေတပ်ကို အမိန့်ထုတ်ပြန်ခဲ့သည်ဟု USNI News သတင်းတွင် ဖော်ပြခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကွန်ရက်အတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထရန့်က အဆိုပါသင်္ဘောများကို အမေရိကန်စစ်တပ်က စောင့်ရှောက်ပေးရန်နှင့် စစ်အာမခံကြေးများ ထောက်ပံ့ပေးရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပင်လယ်ကွေ့အတွင်း ဖြတ်သန်းသွားလာနေသည့်၊ အထူးသဖြင့် စွမ်းအင်နှင့် ရေကြောင်းကုန်သွယ်မှုအားလုံးကို ဘဏ္ဍာရေးလုံခြုံစိတ်ချစေရေးအတွက် နိုင်ငံရေးဆိုင်ရာအန္တရာယ် အာမခံကြေးများနှင့် အာမခံချက်များကို သင့်လျော်သည့်နှုန်းထားဖြင့် ပံ့ပိုးပေးရန် အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေး ကော်ပိုရေးရှင်းကို အမိန့်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ထိုအမိန့်သည် ချက်ချင်းအာဏာသက်ရောက်ကြောင်း ထရန့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထို့ပြင် လိုအပ်လာပါက အမေရိကန်ရေတပ်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းသို့ စွမ်းအင်များ အတားအဆီးမရှိ စီးဆင်းနိုင်ရေးကို အမေရိကန်က အာမခံချက်ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်၏ စီးပွားရေးနှင့် စစ်ရေးအင်အားသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်ကြောင်း ထရန့်က ရေးသားခဲ့သည်။

အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်ကြသော ဆော်ဒီအာရေဗျ၊ ကာတာ၊ ကူဝိတ်၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့သည် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို တင်ပို့ရန်အတွက် ဟော်မုဇ်ရေလက်ကြားကို အားထားနေရပြီး ထိုဒေသသည် တစ်ကမ္ဘာလုံးရှိ ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်မှု စုစုပေါင်း၏ လေးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသည်။

image