Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
    	
 🌿✨ မနက်တိုင်း သံပရာသီးဆိုဒါကို ၇ ရက်ကနေ ၁၄ ရက် သောက်ရင် ခန္ဓာကိုယ် တကယ်ပြောင်းလဲနိုင်ပါတယ်။ 
ဆိုဒါရေ ၁ ဖန်ခွက်နဲ့ သံပရာသီး ၁ လုံးကို ရောပြီး မနက် အိပ်ရာထချိန်မှာ သောက်လိုက်ပါ။ အူလှုပ်ရှားမှုစနစ်ကို လှုံ့ဆော်ပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးကာ ဗိုက်ချပ်စေပြီး ကိုယ်ခန္ဓာပေါ့ပါးစေပါတယ်။ 
💧သွေးတိုးကျစေတယ်၊ သွေးကြောထဲက အဆီဓာတ်ကို လျှော့ချပေးတယ်၊ သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးတယ်၊ ခေါင်းမူးတာနဲ့ မူးမေ့လဲကျတာတွေကို ပျောက်ကင်းစေတယ်။ 
လွယ်ကူတဲ့နည်းလမ်းလေးပါပဲ၊ ဒါပေမဲ့ ကျန်းမာရေးအတွက် တကယ်သိသာတဲ့ ရလဒ်ကောင်းတွေ ရရှိစေပါတယ် 🩵
        
 The Venezuela Foreign Ministry denounced President Trump's statements on recent U.S. strikes against Venezuela, saying the operations "threaten" and harass Venezuela. 
https://abcnews.go.com/Politic....s/trump-confirms-aut
        
 ပါကစ္စတန်နဲ့ အာဖဂန်တို့ ယာယီအပစ်ရပ် 
ကဘူးလ်၊ အောက်တိုဘာ-၁၆-၂၀၂၅ 
ရတီ(VOM) 
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ဟာ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့တယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက ပြောပါတယ်။ 
ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးဟာ အောက်တိုဘာ ၁၅ ရက် နေ့လယ် ၁ နာရီမှာ စတင်အသက်ဝင်မှာ ဖြစ်ပြီး ၄၈ နာရီကြာ အပစ်အခတ်ရပ်ဖို့ နှစ်ဖက်စလုံးက သဘောတူထားပါတယ်။ 
ပါကစ္စတန် ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ယောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းမှာ ပြောကြားခဲ့ပြီး နှစ်ဖက်စလုံး အသေအပျောက် ပြင်းထန်တယ်လို့ ပြောဆိုမှုတွေရှိပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ 
ပြီးခဲ့တဲ့ သီတင်းပတ်က အာဖဂန်နစ္စတန်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးကတည်းကနှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာခဲ့ပြီး  ပါကစ္စတန်ကလည်း အာဖဂန်နယ်စပ်ရှိ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အာဖဂန်ကတော့ စစ်သွေးကြွတွေ မရှိဘူးလို့ ဆိုထားပါတယ်။ 
အဲဒီနောက် ကဘူးလ်နဲ့ ကန်ဒါဟာမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် တင်းမာမှုတွေ ပိုမိုမြင့်တက်ခဲ့ပါတယ်။အပစ်ရပ်ကာလအတွင်း ရှုပ်ထွေးတဲ့ ပြဿနာကို အပြုသဘောဆောင်ဖြေရှင်းဖို့ စိတ်ရင်းမှန်နဲ့ ကြိုးပမ်းသွားမယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 
တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူကလည်း အာဖဂန်တပ်ဖွဲ့တွေအနေနဲ့ ကျူးကျော်တိုက်ခိုက်မှု တစုံတရာမရှိမချင်း အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ 
ကန်ဒါဟာ ပြည်နယ်နဲ့ ကဘူးလ်ရှိ ပစ်မှတ်တွေကို ပါကစ္စတန်တပ်တွေက လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။  တာလီဘန် အစိုးရ သတင်းရင်းမြစ်တွေကလည်း  ကဘူးလ်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။ 
Ref:BBC 
Photo:Getty Imges’
        
 ပြည်တွင်းရွှေဈေး ကျပ် ၈၇ သိန်းအထိ ရောက်ရှိလာ 
အောက်တိုဘာ ၁၆ - ၂၀၂၅ 
SS (VOM) 
ကမ္ဘာ့ရွှေဈေး ဆက်တိုက် မြင့်တက်နေမှုနဲ့အတူ လက်ရှိမှာ ပြည်တွင်း ရွှေဈေးဟာလည်း ကျပ် ၈၇ သိန်းဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၄၂၀၀ ကျော်အထိ ရောက်ရှိနေတာဖြစ်ပြီး တပတ်အတွင်း တအောင်စ ဒေါ်လာ ၂၂၀ နီးပါး မြင့်တက်လာတာကို တွေ့ရပါတယ်။ 
ပြည်တွင်း ရွှေဈေးကတော့ လက်ရှိမှာ အခေါက်ရွှေ တကျပ်သား ၈၇ သိန်းဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တပတ်အတွင်း ကျပ် ငါးသိန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။ 
ဒါနဲ့ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “၈၇ ဖြစ်တယ် ဆိုတော့လည်း အန္တရာယ်လည်း ရှိတယ်ပေါ့။ ဖမ်းတယ်၊ စီးတယ်၊ ခေါ်စစ်ဆေးမယ် ဆိုတဲ့ သတင်းတွေလည်း တောက်လျှောက် ထွက်နေတော့လေ၊ အခြေအနေတွေကတော့ သိပ်မကောင်းဘူးပေါ့” လို့ ပြောပါတယ်။ 
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ ခန့်မှန်းရ အလွန်ခက်နေပြီး ရံဖန်ရံခါ ပြန်လည် ထိုးကျတတ်တာမျိုးလည်း ရှိနိုင်သလို တောက်လျှောက် တက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ 
ဒါအပြင် လက်ရှိမှာ အမေရိကန် ဒေါ်လာဈေးဟာလည်း ၄၀၀၀ စွန်းစွန်းလေးမှာ ငြိမ်သက်နေတယ်လို့ ပြောလို့ ရပေမယ့် ဈေးအနည်းငယ် ပြန်မာလာနေတယ်လို့ သူက ပြောပါတယ်။ 
“ဒီအချိန်မှာ ဒေါ်လာဈေးသာ ပြန်ထောင်တက်လာမယ် ဆိုရင်တော့ ပြည်တွင်းရွှေဈေးက မှန်းလို့ မရအောင်အထိ ဖြစ်သွားနိုင်တယ်။ လက်ရှိ ဒေါ်လာဈေး ငြိမ်နေတယ် ဆိုတာကတော့ သွင်းကုန်တွေ ကန့်သတ်ထားတာကြောင့်လည်း ပါမယ်။ ဟိုတလောက လုံးဝ ပိတ်လိုက်တုန်းကဆို ၄၀၀၀ အောက်တောင် ရောက်သွားသေးတယ်လေ။ အခုတော့ အကန့်အသတ်နဲ့ နည်းနည်းပါးပါး ပြန်ဖွင့်ပေးတော့ ၄၀၀၀ နည်းနည်းလေး ပြန်စွန်းလာတယ်။ အဲဒီလို ထိန်းချုပ်ထားတော့လည်း ငြိမ်နေတာပေါ့” လို့ သူက ပြောပါတယ်။ 
လက်ရှိ ပြည်တွင်းရွှေဈေး မြင့်တက်နေတာဟာ ကမ္ဘာ့ရွှေဈေးကြောင့်သာ ဖြစ်ပြီး ဒီအချိန် အမေရိကန်ဒေါ်လာဈေး ၅၀၀၀ ၊ ၆၀၀၀ အထိ ဈေးမာလာမယ် ဆိုရင်တော့ ပြည်တွင်းရွှေဈေး သိန်း ၁၀၀ အထက်ကို ရောက်ရှိသွားနိုင်တယ်လို့ သူက ပြောပါတယ်။ 
ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူတွေကတော့ လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းဖို့ ဆိုတာဟာ ဒေါ်လာဈေးလောက် မရိုးရှင်းဘဲ မြန်မာနိုင်ငံအတွင်းမှာ ကမ္ဘာ့ရွှေဈေးကို ဆွဲချနိုင်သူ မရှိသေးဘူးလို့ ပြောပါတယ်။ 
“မြန်မာပြည်မှာ တချို့တွေက ရွှေဈေး ပြန်ကျမယ်လို့ ခန့်မှန်းကြတယ်။ မနှစ်က ၈၀ ကျော်အထိတက်ပြီး ၆၅ လောက်အထိ ပြန်ကျတာကို အမှတ်တရ ဖြစ်နေကြတယ်။ သူတို့ သတိမထားမိတာက ခုချိန် ပြည်တွင်းရွှေဈေး တက်တာက ဒေါ်လာနဲ့ လုံးဝ မဆိုင်ဘူး။ ကမ္ဘာ့ရွှေကြောင့် တက်နေတာ။ လက်ရှိ ကမ္ဘာ့အရေး မငြိမ်သေးတာတွေကြောင့် ရေရှည်မှာလည်း အတက်ဘက်ကို တက်သွားနိုင်ခြေ ရှိနေတယ်။ အဲဒီတော့ ဒီအချိန်မှာ ရောင်းတာထက် ဝယ်တာကို ပိုပြီး ဦးစားပေး လုပ်သင့်တယ်” လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူ တယောက်က ပြောပါတယ်။ 
ရွှေလုပ်ငန်းရှင် အများစုကတော့ လက်ရှိ ရွှေဈေးနှုန်း ဆက်တိုက်ဆိုသလို မြင့်တက်နေတာတွေကြောင့် အဖမ်းအစီးတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။  
ဒါကြောင့် ကြိုတင် တိမ်းရှောင်နေကြတဲ့ သူတွေလည်း ရှိနေပြီး ဈေးကွက်အတွင်းမှာလည်း အရောင်းအဝယ် အခြေအနေတွေက မရှိသလောက် နည်းပါးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 
“အခုက ခေါ်ယူမေးမြန်းမယ် ဆိုတဲ့ သတင်းတွေတော့ ထွက်နေတယ်။ ခေါ်ခံရတာတော့ မရှိသေးဘူး။ ဟိုးအရင်တုန်းက မေးမြန်းခံနေရတယ် ဆိုတဲ့ သူတွေလည်း အခုအချိန်အထိ နှစ်ပတ်တခါ လက်မှတ် သွားထိုးနေရတုန်းပဲ။ သူတို့တွေလည်း ခုထိ မလွတ်သေးဘူး။ သူတို့ကို လွန်ခဲ့တဲ့ တနှစ်လောက်တောင် ရှိပြီလားမသိပါဘူး၊ နှစ်လ၊ သုံးလလောက် ခေါ်ထားပြီး စစ်ဆေးတယ်လေ။ အဲဒီလို စစ်ဆေးပြီး ပြန်လွှတ်လိုက်တဲ့ အချိန်ကစပြီး နှစ်ပတ်တခါ ရုံးမှာ လက်မှတ် လာထိုးခိုင်းထားတာ အခုထိပဲ။ ခံဝန်ကတိ သဘောမျိုးလို့ပဲ ပြောရမှာပေါ့” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ 
လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်း ကမ္ဘာ့ဈေးနဲ့အတူ ရွှေဈေးနှုန်းတွေ ပြောင်းလဲ မြင့်တက်နေပေမယ့် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကနေ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်အထိ ကျပ် ငါးဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်မှာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်ပါတယ်။ 
Photo - CJ
        
 တရုတ်သို့ တင်ပို့မည့် ပဲမျိုးစုံတွင် ပိုးသတ်ဆေးဓာတ်ကြွင်း တွေ့ရှိပါက တင်ပို့ခွင့်ပိတ်မည် 
 
ရန်ကုန်၊ အောက်တိုဘာ ၁၆ 
 
တရုတ်နိုင်ငံကို တင်ပို့မယ့် ပဲမျိုးစုံ (အထူးသဖြင့် ပဲတီစိမ်း) မှာ ပိုးသတ်ဆေး ဓာတုဓာတ်ကြွင်းတွေ့ရှိရင် တင်ပို့ခွင့် ပိတ်ခံရမယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းကနေ အသိပေးလာပါတယ်။ 
 
ယခုနှစ်အတွင်း တရုတ်နိုင်ငံဆိပ်ကမ်းကို တင်ပို့လိုက်တဲ့ ပဲတီစမ်းတွေမှာ ဓာတုဓာတ်ကြွင်း အကြွင်းအကျန်များနေတာကြောင့် ပြန်ပို့ခံရတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 
 
ပို့ကုန်ကုမ္ပဏီ ၂၂ ခုက တင်ပို့တဲ့ ပဲတီစိမ်းတန်ချိန် တစ်သောင်းကျော် နဲ့ ပဲယင်းတန်ချိန် ၁၀၀ ကျော်မှာ သိုင်ယာမီသောင်ဇင်နဲ့ ထရိုင်ဆိုင်ကလိုဇော ဆိုတဲ့ ဓာတ် ၂ မျိုး များနေလို့ ပြန်ပို့ခံရတာပါ။ 
 
“နောင်တင်ပို့မယ့်ဟာတွေမှာ ဒီလိုမဖြစ်ရအောင် ကြိုးစားဆောင်ရွက်နေပါတယ်”လို့ အသင်းအကြံပေး ဦးစိုးဝင်းမောင်က ပြောပါတယ်။ 
 
တောင်သူတွေအနေနဲ့ကလည်း လာမယ့် စိုက်ပျိုးရာသီမှာ ပိုးသတ်ဆေးဓာတ်ကြွင်း မကျန်ရှိစေဖို့နဲ့ ပိုးသတ်ဆေးဓာတ်ကြွင်း ကျန်ရှိရင် တင်ပို့ခွင့်ရမှာမဟုတ်တာကြောင့် အထူးဂရုပြု အလေးထား ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။ 
 
တစ်ဆက်တည်းမှာ ပိုးသတ်ဆေးဓာတ်ကြွင်း ဖြစ်ရတဲ့ နောက်ကြောင်းပြန် ခြေရာခံနိုင်တဲ့ စနစ်တွေ ထူထောင်ဖို့ လိုအပ်ပြီး ဒီလိုလုပ်နိုင်မှပဲ နိုင်ငံတကာကို တင်ပို့နေတဲ့ မြန်မာ့ပဲဈေးကွက်ကို ရေရှည်ထိန်းထားနိုင်မယ်လို့ သိရပါတယ်။ 
 
မြန်မာ့လယ်ယာထွက်ကုန်ဖြစ်တဲ့ ပဲတီစိမ်းကို တရုတ်ဈေးကွက်ထဲ အဓိကတင်ပို့ရောင်းချနေတာဖြစ်ပြီး မတ်ပဲနဲ့ ပဲစဉ်းငုံနီ တို့ကိုတော့ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတာဖြစ်ပါတယ်။ 
 
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းကနေ သိရှိရတဲ့ စာရင်းအရ ယခုဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းတင်ပို့မှုအားလုံးရဲ့ ၆၈ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံကို တင်ပို့ထားတယ်လို သိရပါတယ်။