လာမယ့်အပတ်တွင် နယူးကာဆယ်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် အက်ဒီဟောင်း စီစဉ်ထား
====================

နယူးကာဆယ်နည်းပြအက်ဒီဟောင်းဟာ လာမယ့်အပတ်တွင် အသင်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
နယူးကာဆယ်ဥက္ကဌယာဆာအယ်ရူမေယန်နှင့် Public Investment Fund (PIF) မှ တာဝန်ရှိသူများဟာ လာမယ့်အပတ်တွင် အင်္ဂလန်အရှေ့မြောက်ပိုင်းသို့ လာရောက်လည်ပတ်ရန် စီစဉ်ထားကြပါတယ်။
အက်ဒီဟောင်းနှင့် အသင်းပိုင်ရှင်များဟာ နော်သမ်ဘာလန်းရှိ Matfen Hall တွင် တွေ့ဆုံရန် စီစဉ်ထားကြပါတယ်။
နယူးကာဆယ်အသင်းတာဝန်ရှိသူများဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ယခုကဲ့သို့ကာလမျိုးတွင်ပင် အသင်းရဲ့ ရေရှည်စီမံကိန်းအပါအဝင် အနာဂတ်အစီအစဉ်များနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြဖူးပါတယ်။
အက်ဒီဟောင်းက "ဒါက ပုံမှန်လုပ်ရိုး လုပ်စဉ်ပါ။ ကျွန်တော်တို့အတွက် ထူးထူးထွေထွေ မဟုတ်ပါဘူး။ ပိုင်ရှင်တွေနဲ့ တိုက်ရိုက်စကားပြောခွင့်ရတာ အမြဲသဘောကျတယ်။ ကိုယ့်ဆန္ဒရှိတဲ့အရာရာကို ပြောခွင့်ရတယ်။ ဒါကလည်း ကျွန်တော်တို့ အမြဲတမ်းလုပ်လာတဲ့အရာပါ။ လာမယ့်အပတ်အတွက် စိတ်လှုပ်ရှားနေပါတယ်"လို့ ပြောကြားသွားပါတယ်။
အက်ဒီဟောင်းဟာ ရလဒ်ဆိုးရွားကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ သို့အထိ ကျဆင်းလာမှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။
နယူးကာဆယ်ဟာ နွေရာသီတွင် အသင်းရဲ့အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ အန်တိုနီဂေါ်ဒွန်၊ ဆန်ဒရိုတိုနာလီ၊ တိုနီလီဗရာမန်တို၊ ဘရူနိုဂူမာရေးစ်စတဲ့ အရေးပါတဲ့ ကစားသမားများကို ဆုံးရှုံးရနိုင်ခြေ ရှိနေပြီး အလုပ်ရှုပ်တဲ့ အပြောင်းအရွှေ့ ကြုံလာဖို့ ရှိနေပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်သူများ အထူးသတိထားကြရန် လူ့အခွင့အရေးအဖွဲ့အစည်းများ သတိပေးတိုက်တွန်းလာ
====================

လူ့အခွင့်အရေးအဖွဲ့အစည်းများက အမေရိကန်သို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လာရောက်ကြမယ့် ပရိသတ်များ၊ ကစားသမားများ၊ ဂျာနယ်လစ်များနှင့် အခြားဧည့်သည်များအနေဖြင့် အထူးသတိထားကြရန် သတိပေးတိုက်တွန်းမှု ပြုလုပ်လာပါတယ်။
အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်တို့ဟာ ဒေါ်နယ်ထရမ့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းမှုအား အပြင်းအထန် လုပ်ဆောင်နေမှုနှင့်အတူ ခရီးသွားဆိုင်ရာအကြံပေးမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ယင်းအဖွဲ့အစည်းများက "ထရမ့်အစိုးရရဲ့ အာဏာရှင်စနစ် မြင့်တက်လာမှု၊ အကြမ်းဖက်မှု တိုးမြင့်လာမှုနှင့်အတူ အားလုံးအတွက် ပြင်းထန်တဲ့ အန္တရာယ်ဖြစ်ပေါ်နေစေတယ်" သတိပေးထားပါတယ်။
တဖက်တွင် အဖွဲ့အစည်းအချို့တို့ကလည်း ဒေါ်နယ်ထရမ့်နှင့် နီးနီးကပ်ကပ်ရှိနေခဲ့တဲ့ ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုကိုလည်း အပြင်းအထန်ဝေဖန်မှု ပြုလုပ်ထားပါတယ်။
American Civil Liberties Union အဖွဲ့က ဖီဖာအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ လာရောက်ကြည့်ရှုတဲ့ မည်သည့်လူသားကိုမဆို လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး အမေရိကန်အာဏာပိုင်များအပေါ် ဖိအားပေးသင့်ကြောင်းလည်း ဆိုထားပါတယ်။
တဖက်တွင် ဒေါ်နယ်ထရမ့်အစိုးရကတော့ လူ့အခွင့်အရေးအဖွဲ့အစည်းများကို နှိုးဆော်တိုက်တွန်းမှုများနှင့်ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပြု ပြောကြားထားခြင်း မရှိပါဘူး။
ဖီဖာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ဆက်စပ်နေတဲ့ အဖွဲ့အစည်းအားလုံးက လူ့အခွင့်အရေး အပြည့်အဝ ရရှိမယ်လို့ ကတိကဝတ် ရရှိထားကြောင်း တုံ့ပြန်ထားပါတယ်။
လူ့အခွင့်အရေးအဖွဲအစည်းများဟာ အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ထားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်နိုင်ငံများဖြစ်ကြတဲ့ ဟေတီ၊ ဆီနီဂေါ၊ အီရန်၊ အိုင်ဗရီကို့စ်မှ ပရိသတ်များအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရန် အမေရိကန်သို့ ရောက်လာပြီးမှ ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံရနိုင်တာမျိုး ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။
အမေရိကန်ဟာ ကနေဒါ၊ မက္ကဆီကိုတို့နှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး ကမ္ဘာ့ဖလားပွဲ ၁၀၄ မှ ၇၈ ပွဲကို လက်ခံကျင်းပလာမှာလည်း ဖြစ်ပါတယ်။

image

ဂက်စ်ပါရီနီနှင့် ပြဿနာတက်ပြီးနောက် ရိုးမားအကြံပေးရာထူးမှ ထွက်ခွာလာတော့မယ့် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ နည်းပြ
=======================

ကလော်ဒီယိုရေနီယာရီဟာ နည်းပြဂျီယန်ပီရိုဂက်စ်ပါရီနီနှင့် ပြဿနာတက်ပြီးနောက် ရိုးမားရဲ့စီနီယာအကြံပေးရာထူးမှ ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။
အသက် ၇၄ နှစ်ရှိ ရေနီယာရီဟာ ၂၀၂၄ ခုနှစ်တုန်းက သူချစ်တဲ့ ရိုးမားကို နည်းပြအဖြစ် တတိယအကြိမ်မြောက် ကိုင်တွယ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ၁ မှတ်အကွာ အဆင့် ၅ နေရာတွင် ရပ့်တည်နိုင်အောင် ကူညီခဲ့သူ ဖြစ်ပါတယ်။
အီတလီလူမျိုးနည်းပြဟာ ရာသီအကုန်မှာ ရာထူးမှ ထွက်ခွာပြီးနောက် အီတလီနည်းပြရာထူးအတွက် ကမ်းလှမ်းမှုပါ ငြင်းပယ်ကာ ပိုင်ရှင်ဒါနီရယ်ဖရက်ကင်ရဲ့ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။
လက်စတာနည်းပြဟောင်းဟာ နွေရာသီတွင် အသက် ၆၈ နှစ်ရှိ ဂက်စ်ပါရီနီအား ရိုးမားနည်းပြအသစ် အဖြစ် ခန့်အပ်ရာတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဝါရင့်အီတလီနည်းပြကြီးနှစ်ဦးတို့ဟာ သဘောထားကွဲလွဲမှုများ ဖြစ်ပြီးနောက် လေ့ကျင့်ရေးကွင်းတွင်မှ မျက်နှာချင်းမဆိုင်တော့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ယခုလအစောပိုင်းတုန်းက အင်တာဗျူးတစ်ခုတွင် ရေနီယာရီက အတ္တလန္တာနည်းပြဟောင်းမှာ ကလပ်ရဲ့ နည်းပြရာထူးအတွက် စတုတ္ထဦးစားပေးနည်းပြသာ ဖြစ်ကြောင်း ပြောကြားခဲ့ရာမှ ၎င်းတို့အကြား တင်းမာမှု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယခုထွက်ပေါ်လာတဲ့သတင်းအရ ရေနီယာရီဟာ မကြာမီ ရိုးမားမှ ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ရေနီယာရီဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက လောင်းကြေး ၅၀၀၀/၁ သာ ဖွင့်ခြင်းခံထားရတဲ့ လက်စတာကို ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
တဖက်တွင် လက်စတာဟာ ယခုရာသီတွင် ချန်ပီယံရှစ်မှ လိဂ် ၁ သို့ တန်းဆင်းခဲ့ရပြီး နှစ်ရာသီဆက် တန်းဆင်းရမှုနှင့် ကြုံနေရပါတယ်။

image

လိမ်လည်မှုမှ လွတ်မြောက်ပြီး တရားရုံးမှ အထွက်တွင် ချော်လဲကာ လက်ကျိုးသွားခဲ့တဲ့ ဘင်ဖီကာဥက္ကဌဟောင်း
====================

ဘင်ဖီကာဥက္ကဌဟောင်းလူးဝစ်ဖီးလစ်ပီဗီအဲရာဟာ လိမ်လည်မှုမှ လွတ်မြောက်လာပြီး တရားရုံးမှ အထွက်တွင် ချော်လဲကျကာ လက်ကျိုးသွားခဲ့ပါတယ်။
အသက် ၇၆ နှစ်ရှိ ဗီအဲရာဟာ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များအတွက် ကာလရှည်ကြာ စုံစမ်းစစ်ဆေးခြင်းခံရပြီးနောက် Operation Blue Bag အမှုတွင် ကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးစီးပွားရေးလုပ်ငန်းရှင်ဟာ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ပြီး မိနစ်အနည်းငယ်အကြာ တရားရုံးအပြင်ဘက်တွင် မီဒီယာများရဲ့ချဉ်းကပ်ခြင်းခံခဲ့ရပါတယ်။
ဘင်ဖီကာဥက္ကဌဟောင်းဟာ လှေကားမှ အဆင်းတွင် ချော်လဲကျပြီးနောက် သတ္တုတိုင်နှင့် ထိမိသွားခဲ့ပါတယ်။
သတင်းထောက်များက သူ့ထံ အမြန်ရောက်သွားကြပြီး ကူညီဖေးမခဲ့ကြပါတယ်။
အစောပိုင်းတုန်းက ဘင်ဖီကာဥက္ကဌရဲ့အခြေအနေက ကောင်းမွန်တယ်လို့ ယူဆခဲ့ရပေမယ့် တဖြည်းဖြည်း နာကျင်လာကာ အသက်ရှူရခက်ခဲလာမှုနှင့်အတူ ဆေးစစ်မှု ခံယူရာမှာတော့ ညာဖက်လက်မောင်းအရိုးအက်သွားကြောင်း သိရပါတယ်။
တဖက်တွင် တရားရုံးသူကြီးဟာ ဘင်ဖီကာဥက္ကဌဟောင်းရဲ့ အမှုမှာ လွန်ခဲ့တဲ့နှစ်အတန်ကြာက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်နေမှုနှင့်အတူ စစ်ဆေးရန် မဖြစ်နိုင်ဟု ဆိုကာ အမှုမှ ကင်းလွတ်ခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဗီအဲရာဟာ ကလပ်ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို အာဏာပိုင်များကို အသိမပေးဘဲ ရောင်းချမှု၊ ကစားသမားများ ရောင်းချမှုမှ ယူရို ၂.၅ သန်းအထိ ကိုယ်ကျိုးအတွက် ရယူခဲ့မှုတို့အတွက် လိမ်လည်မှု၊ အခွန်ရှောင်တိမ်းမှု၊ အတုပြုလုပ်မှု၊ ငွေကြေးခဝါချမှုတို့အတွက် စုံစမ်းစစ်ဆေးခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

image

ဒူဘိုင်းရှိ ပေါင် ၆.၅ သန်းနေအိမ်သို့ မိသားစုလိုက် ပြောင်းရွှေ့ပြီးနောက် ဗြိတိန်ရှိ ပေါင် ၁၀.၅ သန်းတန် နေအိမ်ကို ရောင်းချလာတဲ့ ရီယိုဖာဒီနန်
===================

ရီယိုဖာဒီနန်ဟာ ပေါင် ၁၀.၅ သန်းတန် နေအိမ်ကို အရောင်းစာရင်းတင်လာပြီးနောက် ဗြိတိန်ကို အပြီးတိုင် စွန့်ခွာလာတော့မှာ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ အင်္ဂလန်နှင့် ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက မိသားစုလိုက် ဒူဘိုင်းသို့ ရွှေ့ပြောင်း နေထိုင်လာခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါ ဖာဒီနန်ဟာ အိပ်ခန်း ၇ ခန်းပါဝင်တဲ့ နေအိမ်ကို အရောင်းစာရင်းတင်လာမှုနှင့်အတူ ဗြိတိန်ကို အပြီးတိုင် စွန့်ခွာတော့မယ်လို့ ယုံကြည်လာရပါတယ်။
ယခု အရောင်းစာရင်းတင်လာတဲ့ နေအိမ်က ကန့်ရှိ အော်ပင်တန်တွင် တည်ရှိပြီး ဖန်းဘိုရော့ချ်ပန်းခြံအနီးတွင် တည်ရှိပါတယ်။
အိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၅၀၀ ကျယ်ဝန်းပြီး ဧက ၂၀ ရှိ ခြံမြေများ ဝိုင်းရံထားပါတယ်။
နေအိမ်အတွင်းတွင် အားကစားခန်းမ၊ အဝတ်အစားလဲခန်း နှစ်ခန်း၊ ဧည့်ခန်းကျယ်၊ အထူးဧည့်သည် ဧည့်ခံခန်းအပြင် ပျော်ပွဲရွှင်ပွဲကျင်းပရန် နေရာလွတ်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဂိုထောင် သုံးလုံးပါဝင်တဲ့အပြင် စတူဒီယို၊ ရုံးခန်းတို့လည်း ပါဝင်ပါသေးတယ်။
ဖာဒီနန်ဟာ ယခုနေအိမ်အား ခေါ်ဈေး ပေါင် ၁၀.၅ သန်းဖြင့်သာ ရောင်းချနိုင်မည်ဆိုပါက ပေါင် ၈ သန်းအထိ အမြတ်ရရှိလာမှာလည်း ဖြစ်ပါတယ်။
သူဟာ ယင်းနေအိမ်ကို ၂၀၀၈ ခုနှစ်တုန်းက ယူနိုက်တက်တွင် ကစားနေစဉ်တုန်းက ပေါင် ၂.၇ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
တဖက်တွင် ဖာဒီနန်ဟာ ယခုနေအိမ်အား ရောင်းချလာပြီးပါက ဗြိတိန်တွင် နေထိုင်သူ မဟုတ်တာကြောင့် အမြတ်အခွန်ကြေးလည်း ပေးဆောင်လာရနိုင်ပါတယ်။
အင်္ဂလန်နောက်ခံလူဟာ ဗြိတိန်တွင် နေထိုင်မှုစရိတ်မြင့်မားတဲ့အပြင် အခွန်အခလည်း အလွန်များပြားတာကြောင့် ဒူဘိုင်းသို့ ပြောင်းရွှေ့နေထိုင်သူလည်း ဖြစ်ပါတယ်။
ဖာဒီနန်ဟာ ပေါင် ၅၇ သန်း ကြွယ်ဝချမ်းသာသူလည်း ဖြစ်ပါတယ်။

image

ဘိုင်ယန်ဘက်က အပြီးသတ်ခေါ်ယူရန် အစီအစဉ်မရှိဘဲ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြန်ရတော့မယ့် နီကိုလပ်စ်ဂျက်ဆင်
====================

နီကိုလပ်စ်ဂျက်ဆင်ဟာ ဘိုင်ယန်မြူးနစ်ဘက်က အပြီးသတ်ခေါ်ယူရန် ဆန္ဒမရှိမှုနှင့်အတူ ရာသီအကုန်တွင် ချဲလ်ဆီးသို့ ပြန်ရတော့မှာ ဖြစ်ပါတယ်။
နီကိုလပ်စ်ဂျက်ဆင်ဟာ ဘိုင်ယန်မြူးနစ်တွင် အခွင့်အရေးရတိုင်း ခြေစွမ်းပြနေသလို နည်းပြဗင်းဆင့်ကွန်ပနီရဲ့ ယုံကြည်မှုလည်း ရှိနေပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်းမှာ အကောင်းဆုံးပုံစံဖြင့် ခြေစွမ်းပြနေတဲ့အပြင် ဆီနီဂေါလက်ရွေးစင်အား ရေရှည်စီမံကိန်းဖြင့် ခေါ်ယူလာပါက ကုန်ကျလာမယ့် စရိတ်များကြောင့် အပြီးသတ် မခေါ်ယူရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
နီကိုလပ်စ်ဂျက်ဆင်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ချဲလ်ဆီးမှ ဘိုင်ယန်မြူးနစ်သို့ တစ်ရာသီငှားရမ်းခ ယူရို ၁၆.၅ သန်းဖြင့် အငှားဖြင့် ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူနစ်ဟာ အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူးမှာ ၉ ဂိုးသွင်းကာ ၄ ကြိမ် ဖန်တီးထားနိုင်တဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်နေပေမယ့်လည်း အပြီးသတ် မခေါ်ယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
နီကိုလပ်စ်ဂျက်ဆင်ဟာ ဘိုင်ယန်မြူးနစ်နှင့်အတူ ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးထားပြီး ဖြစ်ကာ ဂျာမန်ပိုကယ်ဖလားတွင် ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားနိုင်ကာ ဆုဖလား ၃ လုံးဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရရှိထားပါတယ်။
နီကိုလပ်စ်ဂျက်ဆင်ဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် ဗီလာရီးရဲလ်မှ ပြောင်းလာပြီးနောက် ချဲလ်ဆီးအတွက် ၈၁ ပွဲကစားထားရာမှာ ဂိုး ၃၀ သွင်းပြီး ၁၂ ကြိမ်ဖန်တီးထားကာ ကွန်ဖရင့်လိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ ဆွတ်ခူးထားနိုင်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဧပြီ ၂၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၇၁၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၆၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၁၀ ကျပ်
ဝယ်ဈေး - ၄၂၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၅၅ ကျပ်
ဝယ်ဈေး - ၄၉၂၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၉၀ ကျပ်
ဝယ်ဈေး - ၁၀၆၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၅ ကျပ်
ဝယ်ဈေး - ၂၆.၃၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၇၅ ကျပ်
ဝယ်ဈေး - ၄၄.၅၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၃ ကျပ်
ဝယ်ဈေး - ၂.၈၅ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၃၅ ကျပ်
ဝယ်ဈေး - ၅၆၈၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၉၂ ကျပ်
ဝယ်ဈေး - ၃၀၁၂ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၄ ကျပ်
ဝယ်ဈေး - ၃၀၇၃ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၀ ကျပ်
ဝယ်ဈေး - ၅၃၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၄ ကျပ်
ဝယ်ဈေး - ၁၁၄၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

image