အင်အားပြင်းငလျင်ကြောင့် ဂျပန်၌ လူထောင်ချီ ရွှေ့ပြောင်းခဲ့ရ
-------------------------

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၅ ရှိတဲ့ ငလျင်ကြီးတစ်ခု ဒီဇင်ဘာ ၈ ရက် ညပိုင်းက လှုပ်ခတ် ခဲ့ရာ လူပေါင်းထောင်ချီ အရေးပေါ်ရွှေ့ပြောင်းဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းအထိ အချက်အလက်တွေအရ ငလျင်ကြောင့် အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ အာအိုမိုရီဒေသ ကမ်းရိုးတန်းကနေ ၈၀ ကီလိုမီတာအကွာ အနက် ၅၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်ကြီးလှုပ်အပြီးမှာ ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ခဲ့ရပါတယ်။
လက်ရှိမှာတော့ အဲဒီသတိပေးချက်ကို ပြန်ရုပ်သိမ်းထားပေမဲ့ အရေးပေါ် ပြောင်းရွှေ့နိုင်အောင်တော့ အဆင်သင့် ပြင်ထားကြဖို့ ဂျပန်အာဏာပိုင်တွေက သတိပေးထားပါတယ်။ လာမဲ့ရက်တွေအတွင်း ပိုပြင်းထန်တဲ့ ငလျင်တစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ငလျင်က အီဝါတေး၊ အာအိုမိုရီ၊ ဟော့ကိုင်ဒိုရဲ့ ဒေသ အများစု အပါအဝင် ပင်လယ်ကမ်းရိုးတန်း ဒေသတချို့မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

image

MH370 အတွက် မလေးရှားလေကြောင်းလိုင်းကို လျော်ကြေး ဒေါ်လာ ၃.၃ သန်းပေးရန် တရုတ်တရားရုံးကအမိန့်ချ

MH370 လေယာဉ်ပေါ်လိုက်ပါသွားခဲ့သော ပျောက်ဆုံးနေသည့် ခရီးသည်များ၏ မိသားစုဝင်အချို့ကို မလေးရှားလေကြောင်းလိုင်းက အမှုတစ်ခုလျှင် လျော်ကြေး ယွမ် ၂ ဒဿမ ၉ သန်း(အမေရိကန်ဒေါ်လာ ၄၁၀,၂၄၀) ပေးဆောင်ရန် ပေကျင်းတရားရုံးတစ်ရုံးက အမိန့်ချလိုက်ကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ခရီးသည် ၈ ဦးပါ အမှု ၈ မှုအတွက် စီရင်ချက်ချခဲ့ခြင်းဖြစ်ကြောင်း စီစီတီဗီ သတင်းဌာနက သတင်းရေးသားဖော်ပြခဲ့သည်။
နောက်ထပ် အမှု ၄၇ မှုကို ဖြေရှင်းပြီး ဖြစ်သဖြင့် အမှုများကို ရုပ်သိမ်းလိုက်ပြီး ကျန် ၂၃ မှုကို ဆက်လက်စစ်ဆး ကြားနာနေဆဲဖြစ်ကြောင်းလည်း စီစီတီဗီက ပြောကြားခဲ့သည်။
အမှုစီရင်ချက်နှင့်ပတ်သက်၍ မလေးရှားလေကြောင်းလိုင်းကို မှတ်ချက်ပေးရန်တောင်းဆိုထားသော်လည်း လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးဟု သိရသည်။

image

ကားခေတ္တရပ်နားထားချိန် မှန်ခွဲခိုးယူမှု မြောက်ဒဂုံမှ ရေကူးကန်တစ်ခုအနီး၌ဖြစ်ပွား

ကားကိုခေတ္တရပ်နားထားချိန်အတွင်း မှန်ခွဲ၍ခိုးယူသွားသောဖြစ်ရပ်တစ်ခု ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၄၂ ရပ်ကွက်ရှိ Family Swimming Pool ရှေ့၌ ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ကြုံသူတစ်ဦးက လူမှုကွန်ရက်၌အသိပေးဖော်ပြချက်အရ သိရသည်။
အဆိုပါဖြစ်ရပ်မှာ Suzuki swift အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ကိုဝင်းလှိုင် ဟုအမည်ရသော ကုမ္ပဏီဝန်ထမ်းမှာ ဒီဇင်ဘာ ၀၈ ရက်၊ ည ၆နာရီခွဲအချိန်ခန့်က Family Swimming Pool ရှေ့တွင် ကားကိုခေတ္တရပ်နားခဲ့ပြီး ရေကူးကန်ဝင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် နာရီဝက်ခန့်အကြာ ည ၇ နာရီဝန်းကျင်တွင် ပြန်ထွက်လာချိန်တွင် ယာဉ်မောင်းဘက်အခြမ်းရှိ ကားမှန်ကိုခွဲ၍ ကားခေါင်းခန်း အတွင်းမှအိတ်ကိုခိုးယူသွားသောအဖြစ်မျိုးကြုံရခြင်းလည်းဖြစ်သည်။
ထိုခိုးယူခံရသောအိတ်အတွင်း ငွေသား ၅၀၀ ကျပ်သာပါဝင်သော်လည်း မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်များ၊ ဘဏ်စာအုပ်နှင့် အရေးကြီးစာရွက်စာတမ်းများပါရှိသွားသည့်အတွက် အိတ်နှင့်ကတ်များကိုတွေ့ရှိကောက်ရထားသူများအနေဖြင့် ဆက်သွယ်နိုင်ရန် အသိပေးထားခြင်းလည်းဖြစ်သည်။
ခိုးသူမှာကားအတွင်းထားရှိသည့် အိတ်ကိုမြင်၍ ကားမှန်ခွဲကာခိုးယူခြင်းလည်းဖြစ်ပြီး အိတ်အတွင်းငွေကြေးမပါသော်လည်း အရေးကြီးစာရွက်စာတမ်းများ၊ ကတ်များနှင့် ကားမှန်ကွဲကာဆုံးရှုံးသွားခြင်းများကြုံရကြောင်း ဆိုထားသည်။
ရန်ကုန်မြို့တွင် အလားတူဖြစ်ရပ်များ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်၍ ဖြစ်ပွားမှုများလာပြီး ကားမှန်ခွဲကာ ကားအတွင်းမှ ဝှီးတက်များခိုးယူခံရသည့်ဖြစ်ရပ်မျိုးလည်း အခြားသောမြို့နယ်များအတွင်း ဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။

image

ဩစတြေးလျ တောမီးတွင် မီးသတ်တစ်ဦး သေဆုံး၊ ပြည်နယ်နှစ်ခုတွင် နေအိမ်များပျက်စီး

ဆစ်ဒနီမြို့မြောက်ဘက် ကျယ်ပြန့်သော ခြုံတောမြေများကို လောင်ကျွမ်းခဲ့ပြီး နေအိမ်များကို ဖျက်ဆီးပစ်ခဲ့သော တောမီးကို ထိန်းချုပ်ရန် ကြိုးစားနေစဉ် လဲကျလာသောသ စ်ပင် နှင့် ထိခိုက်ခဲ့ပြီးနောက် ယမန်နေ့ညက ဩစ တြေး လျမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
လူတစ်ယောက်အပေါ် သစ်ပင်လဲကျခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ များ က ဆစ်ဒနီမြို့မြောက်ဘက် ၁၂၄ မိုင် ကွာဝေးသည့် ဘူလာဒီလာမြို့နယ်အနီးမှ တောအုပ်သို့ အပြေး အလွှား သွားရောက်ခဲ့ကြသည်။
အသက် ၅၉ နှစ် အရွယ်မီးသတ်တပ်ဖွဲ့ဝင်သည် နှလုံး ရောဂါ ရုတ်တရက်ခံစားခဲ့ရကာ နေရာတွင်ပင် သေဆုံး သွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားကြသည်။

ထိုဆိုးရွားသော သတင်းသည် နေအိမ်များ မိသားစုများကို ကာကွယ်ရန် ကြိုးစားကြရင်း အရေးပေါ်ဌာနမှ လူများ ရင်ဆိုင်ရသည့် အန္တရာယ်ကို သတိပေးနေခြင်းဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘားနိစ်က ပြောကြားသည်။
“ ကျွန်တော်တို့က သူတို့ရဲ့ ရဲရင့်မှုကို နေ့တိုင်းပဲ ဂုဏ်ပြုပါတယ်” ဟု အယ်လ်ဘားနိစ်က ထုတ်ပြန်ပြောကြားသည်။
သီတင်းပတ်ကုန်နှစ်ရက်တွင်လည်း မြန်ဆန်စွာ ပျံ့နှံ့ခဲ့သော တောမီးများကြောင့် လူပေါင်း သုံးသိန်းခွဲမှီ တင်း နေ ထိုင်သည့် နယူးဆောက်သ်ဝေးလ်ပြည်နယ်အလယ်ပိုင်း ကမ်း ရိုးတန်းဒေသနှင့် ဆစ် ဒနီမြို့ မြောက်ဘက်ကပ် လျက်ဆင်ခြေဖုံးဒေသတွင် နေအိမ် ၁၆ လုံး ပျက်စီးခဲ့သည်။
မီးလောင်မှုဒဏ်အဆိုးရွားဆုံးခံစားခဲ့ရသော ကိုလီဝမ်မြို့တွင် မီးတောက်များ ပျံ့နှံ့လာစဉ် ဒေသခံရိုရှဲလ်ဒေါ့စ်နှင့် ခင်ပွန်း တို့က ၎င်းတို့ နေအိမ်အား မီးမကူးစေရန် ကြိုးစားခဲ့ကြောင်း ပြောသည်။
“ သူက လက်ဗလာနဲ့ မီးကိုငြှိမ်းဖို့ ကြိုးစားနေတယ်၊ လက် မလျှော့ဘူး၊ ပြန်ဆင်းလာတော့လို့ ကျွန်မက အော်ပြော ခဲ့ရတယ်။” ဟု ၎င်းက ဩစတြေးလျအသံလွှင့်ဌာန (ABC ) ကို ပြောသည်။
“ မီးထဲ သူ့အဘွားပစ္စည်းတွေ၊ သူ့အမေပစ္စည်းတွေ၊ ကျွန်မရဲ့ ပစ္စည်းတွေ အကုန်လုံး ၊ အားလုံး ဆုံးရှုံးသွားပြီ” ဟု ရိုရှဲလ်က ဆက်ပြောသည်။
တနင်္လာနေ့အထိ နယူးဆောက်သ်ဝေးလ်ပြည်နယ်တွင် တောမီးနှင့် ခြုံပုတ်မီး ၅၀ ‌ကျော် လောင်ကျွမ်းနေကြောင်း သိရသည်။
သီခြားတည်ရှိသောကျွန်းပြည်နယ် တက်စ်မေးနီးယားတွင်လည်း မြို့တော် ဟိုးဘတ်မှ ၉၃ မိုင်အကွာ၌ မြေ ဟက်တာ ၇၀၀ ကျော် ကို ဝါးမြိုသွားခဲ့သော တောမီးကြောင့် နေအိမ် ၁၉ လုံး ပြာကျသွားခဲ့ကာ ၄၀ ပျက်စီးခဲ့သည်။
ယင်းမီးကို ထိန်းချုပ်ထားနိုင်ပြီဆိုသော်လည်း အန္တရာယ်ရှိနေသေးသောကြောင့် ဒေသခံများကို အိမ်ပြန်ခွင့် မ ပေး သေးပေ။
သုံး၊ လေးနှစ် ငြိမ်သက်နေခဲ့ပြီးနောက် ဒီဇင်ဘာလမှ ဖေ ဖော်ဝါရီလအထိ တာရှည်သော ဩစတြေးလျ၏ ယခုနှစ် နွေရာသီတွင် တောမီးလောင်နိုင်သည့် အန္တရာယ်ကြီးမားနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။
ဩစတြေးလျ၏ အိမ်နီးချင်း နယူးဇီလန်နိုင်ငံတွင်လည်း သက်တမ်းအရင့်ဆုံး Tongariro အမျိုး သား ဥ ယျာဥ် တွင် လည်း မြေဟက်တာ ၁၁၀ ကို လောင်ကျွမ်းခဲ့သော တောမီးများကို ရဟတ်ယာဉ် ငါးစီး အကူအညီဖြင့် ငြှိမ်း သတ်နေရကြောင်း သိရသည်။
ပြီးခဲ့သည့်လကလည်း ၎င်းဥယျာဉ်တွင် ဝါးသစ်ချတော ၂၅၈၉ ဟက်တာ တောမီးလောင်ကျွမ်းခဲ့ကြောင်း သိရ သည်။

image

ဂျပန်တိုက်လေယာဉ်ကို တရုတ်ရေဒါထောက်မှု နှစ်ဖက်အပြန်အလှန် ကန့်ကွက်

ဂျပန်လေယာဉ်များကို ပစ်မှတ်အဖြစ် တရုတ်တိုက် လေ ယာဉ်များက ရေဒါထောက်ခဲ့ပြီးနောက် ပေကျင်း ၏ သံ အမတ်ကြီးကို ဆင့်ခေါ်ခဲ့ကြောင်း တိုကျိုကပြောသည်။
စနေနေ့တွင် တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းပေါ်မှ J-15 ဂျက်လေယာဉ်များက အိုကီနာဝါအနီး နိုင်ငံတကာရေပိုင်နက်တွင် ရှိနေသော ဂျပန်လေယာဉ်ကို ရေဒါဖြင့်နှစ်ကြိမ် ဖမ်းယူခဲ့ကြောင်း ဂျပန်က ပြောကြားပြီး ဖြစ်စဉ်တွင် ပျက်စီးမှု သို့မဟုတ် ဒဏ်ရာရမှု မရှိခဲ့ပေ။
ပစ်မှတ်များကို ဖော်ထုတ်ရန်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ထိန်းချုပ်နိုင်ရန် တိုက်‌လေယာဉ်များက ရေဒါများကို အသုံးပြုကြသည်။
တရုတ်ရေတပ်ကမူ တိုကျို၏ ပြောဆိုမှုသည် အချက် အလက်များနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် သွား ပုပ်လေ လွင့် ပြောဆိုမှုများကို ချက်ခြင်းရပ်တန့်ရန် ပြောသည်။
ဂျပန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တာကီဟီရို က တရုတ်သံအမတ်ကြီး ဝူကျင်ဟောင်အား ယမန်နေ့တွင် ဆင့်ခေါပြီး ထိုကဲ့သို့ အန္တရာယ်ရှိလုပ်ရပ်များမှာ မလိုလားအပ်စရာဖြစ်သည်ဟု ပြင်းထန်စွာ ကန့် ကွက်ခဲ့သည်။
အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် တာကီဟီရိုက တရုတ်အစိုးရအား ခိုင်မာစွာ တိုက်တွန်းကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက ယမန်နေ့ ညနေပိုင်းတွင် ပြောကြားသည်။
ထိုကန့်ကွက်မှုကို ပယ်ချလိုက်ကြောင်း ပေကျင်းနိုင် ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး ၎င်းတို့၏ တန်ပြန်ကန့် ကွက်မှု ပြန်လည် လုပ်‌ဆောင်ခဲ့သည်ဟု တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက ပြောသည်။
တရုတ်၏ပုံမှန် စစ်‌ရေးလေ့ကျင့်မှုကို ‌နှောက်ယှက်သည့် အန္တရာယ်ရှိလုပ်ရပ်များကို ချက်ခြင်း ရပ်တန့် ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂျပန်အား တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာ သတင်းက ဖော်ပြသည်။
ယင်းဖြစ်စဉ်အပေါ် တည်ငြိမ်ပြတ်သားစွာ တုံ့ပြန်မည်ဟုဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိက ယမန်နေ့တွင် ပြောကြားသည်။
မိမိတို့နိုင်ငံ ပတ်ဝန်းကျင်ပင်လယ်နှင့် လေပိုင်နက်မှ တရု တ်စစ်တပ်၏ လှုပ်ရှားမှုများကို အနီးကပ်စောင့် ကြည့်နေချိန်မှာပင် မိမိတို့ပတ်ပတ်လည် ရေပြင် နှင့် ဝေဟင်တွင် စေ့စပ်သောသတိဝီရိယ နှင့် စောင့် ကြည့်မှုများရှိရေး သေချာအောင် လုပ်‌ဆောင်သွားမည်ဟု မစ္စတာကာအိချိက ဆက်ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း ဂျပန်က ဆင်ကာကူကျွန်းစုများဟု ခေါ်ဆိုပြီး တရုတ်တွင် ဒိုင်အိုယု ကျွန်းစုများဟု သိကြပြီး ဂျပန်က စီမံခန့်ခွဲနေသော်လည်း ကြာရှည်စွာ အငြင်းပွားနေကြသည့် ကျွန်း စုများအနီးတွင် နှစ်ဖက်ရေယာဉ်များကြား အချေအတင် ဖြစ်ခဲ့ကြသေးသည်။

image

တိုက်လေယာဉ်များပြဿနာအတွက် တရုတ်သံအမတ်ကြီးကို ဂျပန်အစိုးရဆင့်ခေါ်

အိုကီနာဝါ ကျွန်းစုအနီးတရုတ်တိုက်လေယာဉ်များက ဂျပန်တိုက်လေယာဉ်များကို လက်နက်ပစ်လွှတ်မှု ထိန်းချုပ်ရေးရေဒါစနစ်ဖြင့်ချိန်ရွယ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကို ဒီဇင်ဘာ ၇ရက်တွင် ဆင့်ခေါ်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၆ ရက်က တရုတ်ရေတပ် လျောင်နင်းလေယာဉ်တင်သင်္ဘောပေါ်မှ ပျံတက်ခဲ့သော ဂျေ၁၅ တိုက်လေယာဉ်များက အိုကီနာဝါကျွန်းစုအနီးတွင် ဂျပန်တိုက်လေယာဉ်များကို လက်နက်ပစ်လွှတ်မှု
ထိန်းချုပ်ရေးရေဒါစနစ်များဖြင့် နှစ်ကြိမ်တိုင်တိုင် ချိန်ရွယ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားထားသည်။
တိုက်လေယာဉ် များသည်ပစ်မှတ်ရှာဖွေသတ်မှတ်ရေးအတွက်ရေဒါစနစ်ကို အသုံးပြုနိုင်သလို ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း ရေဒါစနစ်များ အသုံးချနိုင်သည်။
သို့ရာတွင် တရုတ်တိုက်လေယာဉ်များ၏ ဒီဇင်ဘာ ၆ ရက် လုပ်ရပ်များသည် အလွန်အန္တရာယ်ကြီး
ကြောင်း ဂျပန်နိုင်ငံက ဝေဖန်ထားသည်။
သို့ရာတွင် တိုက်လေယာဉ်များဖြစ်စဉ်နှင့်ပတ်သက်၍ ဂျပန်အစိုးရ၏ပြောကြားချက်ကို တရုတ်ရေတပ်ကငြင်းပယ်ထားသည်။အိုကီနာဝါကျွန်းစုအနီး နိုင်ငံတကာရေပြင်အတွင်း တရုတ်ရေတပ် စစ်ရေးလေ့ကျင့် နေစဉ် ဂျပန်တိုက်လေယာဉ်များက အကြိမ်ကြိမ်ချဉ်းကပ်ပျံသန်း၍ အနှောင့်အယှက်ပေးခဲ့ကြောင်း တရုတ်ရေတပ် ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားထားသည်။

image

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာ ရုရှားကြိုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်ကို ရုရှားအစိုးရကဒီဇင်ဘာ ၇ ရက်တွင် ကြိုဆိုလိုက်ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် စစ်အေးတိုက်ပွဲခေတ် ရန်သူဟောင်းဖြစ်သော အမေရိကန်ပြည်ထောင်စုကထုတ်ပြန်သည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာစာတမ်းတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ကြိုဆိုစကားပြောကြား ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်ပါ သဘောတရားများမှာ ရုရှားနိုင်ငံ၏ ကိုယ်ပိုင်သဘောတရားများနှင့် အတော်လေးတိုက်ဆိုင်မှုရှိကြောင်း ကရင်မလင်
နန်းတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အမေရိကန်အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်တွင် သမ္မတဒေါ်နယ်ထရန့်၏ သဘောထားကို ပြောင်းလွယ်ပြင်လွယ်ရှိသော လက်တွေ့ဝါဒအဖြစ် ရည်ညွှန်းထားသည်။
ယင်းအပြင် အထက်ပါ အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ၁၉ ရာစုခေတ်အတွင်း ကျင့်သုံးခဲ့သောမွန်ရိုးအယူအဆကို ပြန်လည်ကျင့်သုံးသင့်ကြောင်းအဆိုပြုထားသည်။
မွန်ရိုးအယူအဆတွင် အနောက်ယဉ်စွန်းတန်းဒေသကို အမေရိကန်ပြည်ထောင်စု၏ ဩဇာ သက်ရောက် ရမည့် ပထဝီဒေသအဖြစ် ကြေညာထားသည်။
အမေရိကန်အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်တွင် အမေရိကန် အစိုးရအနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက် တည်ငြိမ်မှု ပြန်လည်ထားရှိသင့်ကြောင်း အဆိုပြုထားသည်။

image

ပိုက်လိုင်းရေယိုမှုကြောင့် လုဗ်ပြတိုက်၌ရှားပါးစာအုပ် ၄၀၀ ခန့် ပျက်စီးခဲ့ရ

ပင်သစ်နိုင်ငံ ပါရီမြို့တော်ရှိ ကမ္ဘာကျော်လုဗ်ပြတိုက်၌ ရေယိုစိမ့်မှုပြဿနာတစ်ရပ်ကြောင့် ရှားပါးစာအုပ်အရေအတွက် ရာနှင့်ချီ၍ ပျက်စီးခဲ့ရကြောင်းပြင်သစ်မီဒီယာများက ဒီဇင်ဘာ ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လုဗ်ပြတိုက်၌ တပ်ဆင်ထားသော ရေပိုက်လိုင်းတစ်ခု ရေယိုစိမ့်မှုကြောင့်အီဂျစ်ယဉ်ကျေးမှုပြတိုက်၌ ထိန်းသိမ်းထားသော ရှားပါးစာအုပ် ၄၀၀ ခန့် ပျက်စီးခဲ့ရကြောင်း ပြတိုက်တာဝန်ရှိသူများကလည်း အတည်ပြုပြောကြားထားသည်။
ပိုက်လိုင်းရေယိုစိမ့်မှုပြဿနာသည် ကမ္ဘာပေါ်၌ ခရီးသွားဧည့်သည်လာရောက်မှုအများဆုံး ပြတိုက်ဖြစ်သောလုဗ်ပြတိုက်၏ ယိုယွင်းနေသော အခြေအနေကို ပြသလျက်ရှိသည်။
ယခုနှစ် အောက်တိုဘာ ၁၉ ရက်ကလည်း ဖောက်ထွင်းသမားလေးဦးတို့က လုဗ်ပြတိုက်ကို ဖောက်ထွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၂ သန်းတန်ဖိုးရှိအဖိုးတန်ရတနာပစ္စည်းများ ခိုးယူခဲ့သည်။
အလားတူ ယခုနှစ်နိုဝင်ဘာလကလည်း ဂရိပန်းအိုးများနှင့် ပြတိုက်ရုံးခန်းအချို့တည်ရှိရာ ခန်းမဆောင်တစ်ခုကိုလည်း ဖွဲ့စည်းတည်ဆောက်မှုပုံစံအားနည်းလာမှုကြောင့် တာဝန်ရှိသူများက ပိတ်ထားခဲ့ရသည်။
ရေပိုက်လိုင်းရေယိုစိမ့်မှုကြောင့် ပျက်စီးခဲ့ရသော ရှားပါးစာအုပ်များမှာ၃၀၀ နှင့် ၄၀၀အကြားရှိပြီး စစ်ဆေးရေတွက်မှု ဆက်လက်ပြုလုပ်နေကြောင်းပြတိုက်တာဝန်ရှိသူများက ပြောကြားသည်။

image

တာမွေမြို့နယ် ၁၅၅ လမ်းရှိ တိုက်ခန်းတစ်ခန်း ဖောက်ထွင်းခံရပြီး ငွေသား ၁၆ သိန်းနှင့် အခြားပစ္စည်းများ စုစုပေါင်း တန်ဖိုးကျပ်သိန်း ၄၀ ခန့်ယူဆောင်သွား

တာမွေမြို့နယ် တာမွေကြီး(က+ဂ) ရပ်ကွက် ၁၅၅ လမ်း အိမ်အမှတ် ၇၇ ပထမထပ် အခန်း (A) ယနေ့(ဒီဇင်ဘာ ၈ ရက်)က ဖောက်ထွင်းခံရပြီး ငွေသား ၁၆ သိန်း၊ စက်ဘီး၊ လက်တော့၊ နားကပ်အပါအဝင် သိန်း ၄၀ ခန့်ပါသွားကြောင်း သိရသည်။
ယင်းအိမ်တွင် နေထိုင်သူများသည် ကလေးအပါအဝင် ငါးဦးနေထိုင်ပြီး နေထိုင်သူများသည် နံနက် ၉ နာရီတွင် အလုပ်သွားကြကာ ညနေ ၆ နာရီခန့်မှ ပြန်ရောက်ကြကြောင်း သိရသည်။
"ကျွန်တော်တို့က မနက်ဘက်ဆို အလုပ်သွားပြီး ညနေမှ ပြန်ရောက်တာ။ ဒီညနေ ၆ နာရီလောက်ရောက်တော့ အိမ်က သော့မရှိပဲ ပွင့်နေတယ်။ အိမ်ထဲဝင်တော့ ပစ္စည်းတွေ အကုန်ဖွထားတာ။ ‌သေတ္တာသော့ကိုတောင် သော့ဖြတ်တဲ့ cutter နဲ့ ဖြတ်သွားတာ။ cutter ကို သေတ္တာဘေးမှာ ထားသွားတယ်။ စက်ဘီးဆို ကျနော် ဝယ်ထားတာ ရက်ပိုင်းရှိပါသေးတယ်ဗျာ။ ခုတော့ အကုန်ပါသွားရော။ ပါဝါပန့်နှစ်လုံးရော ပစ္စည်းတွေရော အကုန် စုစုပေါင်းတန်ဖိုး သိန်း ၄၀ နီးပါး ပါသွားတယ်" ဟု အိမ်ပိုင်ရှင်က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တာမွေရဲစခန်းက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် ၅ခုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအသစ် ၉ခုတို့ကို ခွင့်ပြု
----------------------------------------------------------

စက်မှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် ၅ခုနဲ့ စက်မှု၊ ဟိုတယ်နှင့်ခရီးသွား၊ ဝန်ဆောင်မှုကဏ္ဍတွေမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအသစ် ၉ခုတို့ကို ခွင့်ပြုပေးလိုက်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ သိရပါတယ်။
ဒီဇင်ဘာ ၈ရက်က ကျင်းပတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှာ အခုလိုခွင့်ပြုပေးလိုက်တာပါ။
အခုခွင့်ပြုပေးလိုက်တဲ့လုပ်ငန်းတွေထဲမှာ နှစ်ဘီး၊ သုံးဘီး လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ/ဒေသပေါင်း ၅၃ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားတဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားတဲ့ ကဏ္ဍတွေကတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ကဏ္ဍ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ စက်မှုကဏ္ဍ တွေဖြစ်တယ်လို့ သိရပါတယ်။

image