သီပေါမြို့နယ်တွင် နမ့်ပေါ့ချောင်း မြေထိန်းနံရံပြိုကျပြီး ရေတို-က်စားမှုဖြစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ပေါ့ချောင်းအနီးရှိ ကျောက်စီမြေထိန်းနံရံ ပြိုကျခဲ့ပြီး ရေစီးလမ်းကြောင်းပြောင်းကာ ကျေးရွာအတွင်း ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဩဂုတ် ၈ ရက် နံနက် ၁၀ နာရီခန့်တွင် ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာရှိ နမ့်ပေါ့ချောင်း ကျောက်စီမြေထိန်းနံရံ ပြိုကျပျ-က်စီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြေထိန်းနံရံပြိုကျမှုကြောင့် ရေစီးလမ်းကြောင်းပြောင်းလဲပြီး ရေတို-က်စားမှုဖြစ်ပေါ်ခဲ့ရာ ညောင်ပင်ကွင်းကျေးရွာမှ ဦးဆုပညာ၏ နေအိမ်ခြံဝင်းအတွင်းရှိ ရေချိုးခန်းနှင့် အိမ်သာတွဲလျက်တစ်လုံး ပျ-က်စီးခဲ့သည့်အပြင် ဒေါ်ခိုင်၏ နေအိမ်ခြံစည်းရိုး အုတ်တံတိုင်းအရှည် ပေ ၆၀ ခန့်လည်း ပြိုကျပျ-က်စီးခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ရေတို-က်စားမှုကြောင့် မြေပြိုမှုများ ထပ်မံမဖြစ်ပွားစေရန် သဲအိတ်များစီ၍ အတားအဆီးများ ပြုလုပ်ပေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် စက်ယန္တရားများအသုံးပြု၍ ရေလမ်းကြောင်းလွှဲပြောင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ ရေတို-က်စားမှုဖြစ်ပေါ်ခဲ့သော်လည်း ဒေသခံပြည်သူများအနေဖြင့် ထိခိုက်‌ေ-သဆုံးမှု သို့မဟုတ် ဒ-ဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

image