အမေရိကားရောက် မိဘတွေက မွေးဖွားတဲ့ကလေးငယ်တွေ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ရှိ၊ မရှိ တရားရုံးချုပ် ကြားနာမယ်

အမေရိကားမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေသူတွေကနေ မွေးဖွားတဲ့ ကလေးငယ်တွေအနေနဲ့ မွေးနိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က ကြားနာမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဇန်နဝါရီလမှာ ရာထူးတာဝန် စတင်ထမ်းဆောင်တဲ့ ပထမဆုံးနေ့မှာ သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံအတွင်း တရားမဝင်နေထိုင်တဲ့ မိဘတွေက မွေးဖွားလာသူတွေအတွက် မွေးရာပါအခွင့်အရေး နိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ဖို့ အမိန့်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် အောက်တရားရုံးများစွာက ဒီလုပ်ဆောင်ချက်ကို တားဆီးခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဒီကိစ္စ အငြင်းပွားမှုကို ကြားနာမမယ့် နေ့ရက်ကို တရားရုံးချုပ်က မသတ်မှတ်ရသေးသလို ဆုံးဖြတ်ချက်ချမှဖို့ လပေါင်းများစွာ အချိန်ယူရဦးမှာဖြစ်ပါတယ်။ တရားရုံးချူပ်က ဘယ်လိုပင်ဆုံးဖြတ်ပါစေ ထရန့်ရဲ့ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုနဲ့ အမေရိကန်နိုင်ံသားဖြစ်ခြင်းရဲ့ အဓိပ္ပါယ်အပေါ် အဓိကသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
နှစ်ပေါင်း ၁၆၀ နီးပါးကြာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၁၄ ကြိမ်မြောက် ပြင်ဆင်ချက်မှာ နိုင်ငံအတွင်း မွေးဖွားသူတိုင်းဟာ အမေရိကန်နိုင်ငံသားဖြစ်တယ်ဆိုတဲ့ မူကို ချမှတ်ခဲ့ပြီး သံတမန်တွေနဲ့ နိုင်ငံခြားစစ်တပ် တပ်ဖွဲ့ဝင်တွေမှ မွေးဖွားလာတဲ့ ကလေးတွေအတွက်ကတော့ ခြွင်းချက်ဖြစ်ပါတယ်။
ထရရန့်ရဲ့ အမိန့်မှာတော့ အမေရိကန်မှာ တရားမဝင်နေထိုင်သူတွေ သို့မဟုတ် ယာယီဗီဇာနဲ့ နိုင်ငံအတွင်း ရောက်ရှိနေသူတွေရဲ့ ကလေးငယ်တွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ဖို့ ရည်ရွယ်ပါတယ်။ ဒါဟာ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ၊ အမျိုးသားလုံခြုံရေးနဲ့ အများပြည်သူဘေးကင်းရေးအတွက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုဖြစ်လာနိုင်တာတွေကို တိုက်ဖျက်ရန် ထရန့်အစိုးရရဲ့ ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်ပါတယ်။
အမေရိကတိုက်ပေါ်မှာ အဓိကတည်ရှိတဲ့ အမေရိကန်ပြည်ထောင်စုဟာ နယ်နိမိတ်အတွင်း မွေးဖွားသူတိုင်းကို အလိုအလျောက်နိုင်ငံသားဖြစ်ခွင့်ပေးတဲ့ နိုင်ငံပေါင်း ၃၀ ခန့်ထဲမှ တနိုင်ငံဖြစ်ပါတယ်။ ဖက်ဒရယ်တရားရုံးတရားသူကြီးများစွာကတော့ ထရန့်ရဲ့ အုပ်ချုပ်ရေးအမိန့်ကို တရားဥပဒေအရ စိန်ခေါ်မှုတွေ ပြုလုပ်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဖက်ဒရယ်အယူခံ တရားရုံးနှစ်ခုက အမိန့်အာဏာသက်ရောက်ခြင်းမှ တားဆီးတဲ့ တားမြစ်ချက်တွေကို အတည်ပြုခဲ့ပါတယ်။
အဲဒီနောက်မှာ ထရန့်ဟာ တားမြစ်ချက်တွေကို ခုခံဖို့ တရားရုံးချုပ်သို့ သွားရောက်ခဲ့ပြီး အောက်တရားရုံးတွေက ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေဟာ အခွင့်အာဏာကို ကျော်လွန်ဆုံးဖြတ်ခဲ့ကြောင်း တရားရုံးချုပ်က ဇွန်လအတွင်းမှာ အမိန့်ချခဲ့ပေမယ့် မွေးရာပါ နိုင်ငံဖြစ်ဖြစ်ခွင့်ပြဿနာကို ဖြေရှင်နိုင်ခြင်းမရှိ ခဲ့ပါဘူး။
Ref:BBC

image

ဂျာမနီမှာ ဆန္ဒအလျောက်စစ်မှုထမ်း အစီအစဉ်ကို ကျောင်းသားတွေ ဆန္ဒပြမယ်

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဂျာမနီနိုင်ငံဟာ အမျိုးသားကာကွယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်တဲ့ လှုပ်ရှားမှုအဖြစ် စေတနာ့ဝန်ထမ်းစစ်မှုထမ်းအစီအစဉ်ကို စတင်ဖို့ ပါလီမန်က မဲခွဲအတည်ပြုလိုက်ပါတယ်။
ဒါဟာ ဂျာမနီရဲ့ စစ်ရေးပြောင်းလဲမှုမှာ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တခုဖြစ်ပြီး အခိုင်မာဆုံး စစ်တပ်ကို ဖန်တီးဖို့ ဘဏ္ဍာရေးဝန်ကြီး ဖရိုက်ဒရစ်ချ်မာ့ဇ်ရဲ့ တိုက်တွန်းမှုတွေအပြီး ထွက်ပေါ်လာတာပါ။
ဒီအစဉ်အရ ဂျာမနီရှိ အသက် ၁၈ နှစ်အရွယ်အားလုံးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစပြီး လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ပါဝင်ဖို့ စိတ်ဝင်စားပြီး ဆန္ဒရှိမရှိ မေးမြန်းတဲ့ မေးခွန်းလွှာတခုစီ ပေးပို့မှာဖြစ်ပြီး ဒါဟာ အမျိုးသားတိုင်းအတွက် မေးခွန်းလွှာဖြည့်ရမှာဖြစ်ပြီး အမျိုးသမီးတွေအတွက်တော့ ဆန္ဒရှိသူတွေအတွက်သာ ဖြစ်ပါတယ်။
ကျောင်းသားတွေကတော့ မြို့ပေါင်း ၉၀ မှာ ဒီကိစ္စကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်မှောက်မှုတွေမှာ ပါဝင်မယ်လို့ ဆိုပါတယ်။ ဂျာမန်လူငယ်များစွာဟာ ဥပဒေသစ်ကို ဆန့်ကျင်မှု သို့မဟုတ် သံသယရှိနေကြသည်။
"မိမိတို့ ဘ၀သက်တမ်း တဝက်ကို တပ်စခန်းတွေမျာ ပိတ်လှောင်ထားပြီး လေ့ကျင့်မှုနဲ့ နာခံမှုတို့ကို လေ့ကျင့်ပေးတာနဲ့ သတ်ဖြတ်နည်းကို သင်ယူရတာတွေကို မလိုချင်ပါ" ဆန္ဒပြပွဲစီစဉ်သူတွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
"စစ်ပွဲဟာ အနာဂတ်အတွက် အလားအလာတွေကို မပေးစွမ်းဘဲ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ဖျက်ဆီးပစ်တယ် "လို့ သူတို့တွေက ပြောပါတယ်။ ဟမ်းဘတ်မြို့မှာ ပင် လူပေါင်း ၁၅၀၀ ကျော်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။
ဂျာမန်လွှတ်တော်အမတ်တွေဟာ ဒီကိစ္စကို ထောက်ခံမဲ ၃၂၃ မဲ၊ ကန့်ကွ့်မဲ ၂၇၂ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ပြန်လည်ပြင်ဆင်ထားတဲ့ စစ်မှုထမ်းခြင်းပုံစံအချို့ကို ပြောင်းလဲလာတဲ့ ဥရောပနိုင်ငံတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။
ပြီးခဲ့လကတော့ ပြင်သစ်နိုင်ငံဟာ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ်တွေအတွက် ၁၀ လကြာ စေတနာ့ဝန်ထမ်း စစ်သင်တန်းကို စတင်မယ်လို့ ပြောပါတယ်။ ဂျာမနီနိုင်ငံ စစ်တပ်မှာ စစ်မှုထမ်း တသိန်းရှစ်သောင်းကျော်ရှိပြီး လာမယ့်နှစ်အတွင်း နှစ်သိန်းအထိ တိုးမြှင်ရန် ရည်ရွယ်ထားပါတယ် ။
ရေရှည်ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်လွန်နှစ်အစောပိုင်းမျာ အရေအတွက်ကို နှစ်သိန်းခြောက်သောင်းအထိ မြှင့်တင်ဖို့ဖြစ်ပြီး နေတိုးတပ်ဖွဲ့ တပ်ဖွဲ့ဝင်အရေအတွက်နဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့နဲ့ ဂျာမနီရဲ့ ကာကွယ်ရေးကို အားကောင်းစေဖို့အတွက် အရန်တပ်ဖွဲ့ဝင် နှစ်သိန်းထားရှိရေးတို့ဖြစ်ပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

နယူးကာဆယ်သို့ ပြောင်းခွင့်ရရေးအတွက် အပိုဆုကြေး ဆုံးရှုံးခံခဲ့တဲ့အပြင် လုပ်ခလည်း လျှော့ပေါ့ပေးခဲ့တဲ့ ယိုအာနီဝစ်ဆာ
======================

ယိုအာနီဝစ်ဆာဟာ နယူးကာဆယ်သို့ ပေါင် ၅၅ သန်းဖြင့် ပြောင်းခွင့် ရရှိရေးအတွက် ဘရန့်ဖို့ဒ်ထံမှ ရရန် ရှိတဲ့ အပိုဆုကြေး အကြွေးကို ဆုံးရှုံးခံခဲ့ကြောင်း သိရပါတယ်။
ဝစ်ဆာရဲ့ နယူးကာဆယ်အပြောင်းအရွှေ့က နွေရာသီတုန်းက အလွန်ကြန့်ကြာမှု ဖြစ်ခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင်မှ ဖြစ်ပျက်ခဲ့ပါတယ်။
အသက် ၂၉ နှစ်ရှိ ကွန်ဂိုတိုက်စစ်မှူးဟာ နယူးကာဆယ်ဘက်က ကမ်းလှမ်းမှု ၂ ကြိမ်အား ဘရန့်ဖို့ဒ်က ပယ်ချလာမှုနှင့်အတူ အသင်းပြောင်းခွင့်ရရေး သပိတ်မှောက်ခဲ့ရသူလည်း ဖြစ်ပါတယ်။
ဝစ်ဆာဟာ အသင်းပြောင်းခွင့် ငြင်းပယ်ခြင်းခံရပြီးနောက် ကလပ်ဘက်က သူ့အပေါ် ပေးထားတဲ့ ကတိချိုးဖောက်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပြီး ကလပ်ကို ဝေဖန်ခဲ့ပါသေးတယ်။
နောက်ဆုံးမှာတော့ နယူးကာဆယ်ဟာ ဝစ်ဆာအား ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ အပြင် ပေါင် ၅ သန်းထပ်မံပေးရမယ့်အချက်ဖြင့် သဘောတူညီမှုရခဲ့ပါတယ်။
ယနေ့တွင် talkSPORT ရဲ့ဖော်ပြလာမှုအရ ဝစ်ဆာဟာ အပြောင်းအရွှေ့ချောမွေ့စွာ ဖြစ်မြောက်လာရေးအတွက် ဘရန့်ဖို့ဒ်ထံမှ ရရန် ရှိတဲ့ အပိုဆုကြေး အကြွေးကို လျှော်ပစ်ခဲ့ကြောင်း သိရပါတယ်။
သူဟာ အသင်းပိုင်ရှင်မက်သော်ဘန်ဟမ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် အပြောင်းအရွှေ့ ဖြစ်မြောက်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ပိုင်ရှင်နှင့် ၂ နာရီကြာ ဆွေးနွေးမှုတွင် နယူးကာဆယ်သို့ ပြောင်းခွင့်ရရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ နယူးကာဆယ်ဘက်က ကုန်ကျစရိတ်သက်သာလာစေရန်အတွက်လည်း လုပ်ခကို လျှော့ပေါ့ ရယူခဲ့ပါသေးတယ်။
သူဟာ နယူးကာဆယ်သို့ ပြောင်းနိုင်ခဲ့ပေမယ့်လည်း နိုင်ငံအတွက် ကစားစဉ် ဒူးဒဏ်ရာရရှိကာ တစ်ပွဲမျှ မကစားနိုင်သေးပါဘူး။
ဒါပေမယ့် သူဟာ နယူးကာဆယ်အတွက် ပြန်ကစားနိုင်ရန် နီးစပ်နေပြီ ဖြစ်ပြီး စနေနေ့ည ဘန်လေနှင့်ပွဲအတွက် အသင်းလူစာရင်းတွင် ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။
သူဟာ ပြီးခဲ့တဲ့အပတ်မှ စတင်ကာ နယူးကာဆယ်နှင့်အတူ အပြည့်အဝ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီး လေ့ကျင့်ရေးကွင်းပွဲတွင် ပါဝင်ကစားထားနိုင်ပြီးလည်း ဖြစ်ပါတယ်။
နယူးကာဆယ်အတွက် နောက်ထပ် ကောင်းမွန်လာစေတဲ့အချက်ကတော့ ဝစ်ဆာဟာ ကွန်ဂိုရဲ့ အာဖရိကဖလားပြိုင်ပွဲ လူစာရင်းတွင် မပါဝင်လာတာပါ။
ဒါပေမယ့် သူဟာ လက်ရှိအချိန်တွင် အဓိက အထောင်တိုက်စစ်မှူးနစ်ဝယ်တီမိတ်နှင့် နေရာအတွက် ယှဉ်ပြိုင်လာရမှာဖြစ်လို့ ပွဲထွက်ကစားခွင့်ရဖို့တော့ ခက်ခဲနေပါတယ်။
ဂျာမနီတိုက်စစ်မှူးဟာ နွေရာသီတွင် စတုဂတ်မှ ပေါင် ၆၉ သန်းဖြင့် ပြောင်းလာပြီးနောက် နယူးကာဆယ်အတွက် ၇ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ နောက်ဆုံး ၂ ပွဲတွင် ၁ ဂိုးသွင်းကာ ၁ကြိမ် ဖန်တီးထားပြီး ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၅ ဂိုးသွင်းထားပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

လူတစ်ဦးအား တစ်သက်လုံး ဝှီးချဲဖြင့် နေရအောင် ကားတိုက်မှုအတွက် ထောင်ဒဏ်ချမှတ်ခံလာရတဲ့ အသက် ၂၀ နှစ်ရှိ ဘောလုံးသမား
===================

ဖီးလစ်ပီလန်ကွီတင်ဟာ လူတစ်ဦးအား တစ်သက်လုံး ဝှီးချဲဖြင့် နေထိုင်ရစေတဲ့ ယာဉ်တိုက်မှု ကျူးလွန်မှုကြောင့် ထောင်ဒဏ်ကျခံလာရပါတယ်။
အသက် ၂၀ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ပေါ်တူဂီကလပ် အက်စ်တိုရဲလ်မှ ဒတ်ချ်ကလပ် ADO Den Haag သို့ အငှားဖြင့် လာရောက်ကစားနေသူ ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါ ပြင်သစ်တရားရုံးတစ်ခုက သူ့ကို ယာဉ်မတော်တဆမှုအတွက် ထောင်ဒဏ် ၁၂ လချမှတ်လာပြီး နောက်ထပ် ၂ နှစ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ချမှတ်လာပါတယ်။
ဒါ့အပြင် သူဟာ ယာဉ်မောင်းခွင့် ၅ နှစ်ပိတ်ပင်ခြင်းခံလာရသလို ယာဉ်တိုက်ခံရသူကိုလည်း နစ်နာကြေးပေးလာရပါဦးမယ်။
သူဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက A1 လမ်းမပေါ်တွင် ယာဉ် ၃ စီးဆင့်တိုက်မှုတွင် အဓိကနေရာမှ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အာမခံမရှိဘဲ ယာဉ်မောင်းခဲ့တာပါ။
လန်ကွီတာဟာ ယာဉ်မတော်တဆကျူးလွန်စဉ်အတွင်း အရက်သောက်ထားသလို ဆေးခြောက်လည်း သုံးထားပါတယ်။ ဒါ့အပြင် သူ့ ယာဉ်တွင် နိုက်ထရပ်စ်အောက်ဆိုဒ်ဗူးလည်း တွေ့ရပါသေးတယ်။
လန်ကွီတာရဲ့ ယာဉ်တိုက်မှုကြောင့် ပြင်သစ်ပြည်ထဲရေးဝန်ကြီးဝန်ထမ်းမှာ အရိုးကျိုးဒဏ်ရာများ ပြင်းထန်စွာ ရရှိပြီး တစ်သက်လုံး ဝီးချဲဖြင့် နေလာရတော့မှာ ဖြစ်ပါတယ်။ ယင်းသို့ ဒုက္ခိဖြစ်သွားမှုနဲ့အတူ သူ့ကို ပြုစုစောင့်ရှောက်ရန် အစ်မဖြစ်သူမှာ အလုပ်မှ ထွက်ခဲ့ရပါတယ်။
လန်းစ်အကယ်ဒမီထွက် နောက်ခံလူဟာ တရားရုံးတွင် သူ့လုပ်ရပ်အတွက် တောင်းပန်မှု ပြုလုပ်သွားခဲ့ပါတယ်။
သူဟာ ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် Den Haag ရဲ့ ကစားခွင့် ရပ်ဆိုင်းခြင်းခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်လာချိန်မှာ‌တော့ စာချုပ်ဖျက်သိမ်းခြင်းခံလာရပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

ပွဲထွက်ကစားခွင့် နေရာပျောက်ဆုံးပြီးနောက် လီဗာပူးမှ ထွက်ခွာရန် ဆာလက် ဆုံးဖြတ်လာပါက ကမ်းလှမ်းမှု ပြုလုပ်ရန် ဆော်ဒီပရိုလိဂ်အသင့်ရှိနေ
=====================

ဆော်ဒီပရိုလိဂ်ဟာ လီဗာပူးတွင် ပွဲထွက်ကစားခွင့်နေရာ ဆုံးရှုံးရပြီးနောက် မိုဟာမက်ဆာလက်သာ ထွက်ခွာရန် ဆုံးဖြတ်လာပါက ကမ်းလှမ်းမှု ပြုလုပ်ရေး ငွေကြေးထောက်ပံ့ပေးရန် အသင့်ရှိနေပါတယ်။
အသက် ၃၃ နှစ်ရှိ ဆာလက်ဟာ လီဗာပူးတွင် ကစားတဲ့ ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက် အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။
လီဗာပူးတွင် ဖိအားများနှင့် ကြုံနေရတဲ့ အန်းဆလော့ဟာ ဆာလက်အား ဝက်စ်ဟမ်း၊ ဆန်းဒါးလန်းပွဲတို့တွင် နှစ်ပွဲဆက် အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့တာပါ။
The Telegraph က ဆော်ဒီပရိုလိဂ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆာလက်အား ခေါ်ယူရေး ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ယခုတစ်ကြိမ် ထပ်မံ ခေါ်ယူရေး ကြိုးပမ်းရန်အတွက် အခြေအနေအရပ်ရပ်အား စောင့်ကြည့်နေပါတယ်။
ဆာလက်ဟာ နွေရာသီတုန်းက ဆော်ဒီပရိုလိဂ်သို့ ပြောင်းမယ်လို့ ကျယ်ပြန့်စွာ သတင်းထွက်ပေါ်ခဲ့ပြီးမှ ဧပြီလတုန်းက ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
ဆော်ဒီကလပ် Al-Ittihad ဟာ ၂၀၂၃ ခုနှစ်တုန်းက ဆာလက်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရဖူးပါတယ်။
ဆော်ဒီကလပ်များဟာ ၂၀၂၂ ခုနှစ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုအား ခေါ်ယူပြီးနောက် ထိပ်တန်းကစားသမားများကို မက်လောက်စရာငွေကြေးပေးပြီး ဆက်တိုက် ခေါ်ယူနေပါတယ်။
ယခု မိုဟာမက်ဆာလက်မှာလည်း ဆော်ဒီပရိုလိဂ်က လိုချင်တဲ့ အရည်အချင်းနှင့် ဂုဏ်သတင်းကျော်ဇောမှု ရှိနေပါတယ်။
အီဂျစ်စူပါစတားဟာ ယခုရာသီတွင် လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၉ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းပြီး ၃ ကြိမ်ဖန်တီးထားနိုင်ပါတယ်။
သူဟာ လီဗာပူးအတွက် ပွဲ ၄၂၀ ကစားထားရာမှာ ဂိုး ၂၅၀ သွင်းပြီး ၁၁၆ ကြိမ် ဖန်တီးထားပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

ဂျာမန်အပျော်တမ်းကလပ်သို့ ပြောင်းပြီးနောက် ပထမဆုံးကစားတဲ့ပွဲတွင် ၂ ဂိုးသွင်းလာတဲ့ ဘယ်လင်ဂမ်ရဲ့ ဖခင်
=====================

ဂျူ့ဘယ်လင်ဂမ်ရဲ့ဖခင်ဟာ အသက် ၄၉ နှစ်အရွယ်မှာပင် ဂျာမန်အပျော်တမ်းကလပ်နှင့် စာချုပ်ချုပ်ဆိုပြီးနောက် ပထမဆုံးကစားတဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်မှုနှင့်အတူ 'ပစ်မလွဲ'လို့ အမည်ပြောင်ပေးခြင်းခံထားရပြီ ဖြစ်ပါတယ်။
အင်္ဂလန်စူပါစတားဂျူ့နှင့် ဒေါ့မွန်အလယ်တန်းကစားသမားဂျော့ဘ်တို့ရဲ့ ဖခင်မတ်ဘဘ်လင်ဂမ်ဟာ သားဖြစ်သူ ကစားနေတဲ့ ဒေါ့မွန်အနီး ကလပ်ငယ်လေး FC Herdecke-Ende သို့ ပြောင်းခဲ့တာပါ။
အင်္ဂလန်တွင် အပျော်တမ်းမှာ ကျင်လည်စဉ်အတွင်း ဂိုး ၇၀၀ ကျော်သွင်းခဲ့တဲ့ ဂိုးသွင်းစက်ဟာ နိုဝင်ဘာလတုန်းက ဂျာမန်အပျော်တမ်းကလပ်သို့ ပြောင်းခဲ့တာပါ။
သူဟာ အောက်တိုဘာလနှောင်းပိုင်းတုန်းက Berchum-Garenfeld နှင့် ရှုံးထွက်ဖလားပွဲတွင် ကလပ်သစ်အတွက် ပထမဆုံးပွဲကစားခဲ့ရာမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ ကလပ်အတွက် ၂ ပွဲကစားထားရာတွင် ၃ ဂိုးသွင်းပြီး ၁ ကြိမ် ဖန်တီးမှုပြုလုပ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
မတ်ဟာ ကွင်းအတွင်း ဂိုးသွင်းထားနိုင်သလို နှစ်ပေါင်း ၂၀ ကျော် ပေါင်းသင်းလာတဲ့ ဇနီးသည်ဒီနစ်နှင့် လမ်းခွဲကာ ရဲအရာရှိမယ်တစ်ဦးနှင့် တွဲနေပါတယ်။
မတ်က ဂျာမန်ရှိ သားငယ်ကို ဂရုစိုက်နေပြီး ဇနီးသည်ဒီနစ်က သားကြီးဘယ်လင်ဂမ်ရှိရာ စပိန်တွင် နေထိုင်နေပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

လာမယ့်အပတ်တွင် နောက်ဆုံးပွဲကစားပြီး FC Seoul မှ ထွက်ခွာလာတော့မယ့် ဂျက်စီလင်ဂတ်
==================

ယူနိုက်တက်စတားဟောင်းဂျက်စီလင်ဂတ်ဟာ လာမယ့်အပတ်တွင် နောက်ဆုံးပွဲ ကစားပြီးပါက FC Seoul မှ ထွက်ခွာရန် သဘောတူညီမှု ရရှိလာပါတယ်။
အသက် ၃၂ နှစ်ရှိ လင်ဂတ်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက တောင်ကိုရီးယားကလပ်သို့ ပြောင်းခဲ့တာ ဖြစ်ပြီး ကေလိဂ်သမိုင်းတွင် အကြီးမားဆုံးခေါ်ယူမှုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ ကလပ်နှင့် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် စာချုပ်သက်တမ်းမကုန်ဆုံးမီ လအနည်းငယ်အလိုမှာဘဲ နှစ်ဦးသဘောတူလမ်းခွဲရန် ဆုံးဖြတ်လာကြပါတယ်။
လင်ဂတ်က " FC Seoul နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုလုပ်ပြီးတဲ့နောက် ၂၀၂၅ ခုနှစ် ရာသီအကုန် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နောက်ဆုံးပွဲ ကစားပြီးတဲ့နောက် နှစ်ဦးသဘောတူလမ်းခွဲဖို့ သဘောတူညီမှုရခဲ့ပါတယ်။ လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ တောင်ကိုရီးယားမှာ ရှိနေတဲ့ကာလက မယံ့ကြည်နိုင်စရာပါ။ ဘောလုံး၊ ပရိသတ်အားပေးမှု၊ ချစ်ခင်မြတ်နိုးမှုက ဒီကလပ်မှာ ထိပ်တန်းအဆင့်ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်တော့်အပေါ် ပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာ၊ အားပေးမှုက တကယ့်ကို အံ့ဩစရာကောင်းလွန်းလှပါတယ်။ ဒီမှာ ဘောလုံးကစားရတာ မမေ့နိုင်စရာ အတွေ့အကြုံပါ။ ကျွန်တော် အမြဲတမ်းတန်ဖိုးထားနေမယ့်အရာပါ။ ကျွန်တော် စရောက်တဲ့နေ့ကတည်းက ကြိုဆိုခဲ့တဲ့အပြင် ယုံကြည်ပေးခဲ့တဲ့ FC Seoul ၊ ကစားဖော်တွေ၊ ဝန်ထမ်းတွေ၊ ကလပ်မှာ ရှိတဲ့လူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီကြီးကျယ်တဲ့ ကလပ်မှာ ကစားခွင့်ရခဲ့မှုအတွက် အမြဲဂုဏ်ယူနေမှာပါ"လို့ ဆိုသွားပါတယ်။
လင်ဂတ်ဟာ FC Seoul အတွက် ၆၆ ပွဲကစားခဲ့ရာတွင် ၁၈ ဂိုးသွင်းပြီး ၁၀ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ယခုအခါ သူဟာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အခြားကလပ်တစ်ခုသို့ ပြောင်းရန် ရှာဖွေလာရတော့မှာလည်း ဖြစ်ပါတယ်။
သူဟာ နော်တင်ဟမ်ဖောရက်စ်တွင် တစ်ရာသီကစားစဉ်အတွင်း ပွဲ ၂၀ အထိသာ အကန့်အသတ်ဖြင့် ကစားခဲ့ရပြီးနောက် ထွက်ခွာခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်တွင် ၂၂ နှစ်ကြာ ကစားစဉ်အတွင်း ၂၃၂ ပွဲကစားခဲ့ကာ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားနှင့် လိဂ်ဖလားတို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုတွင် အင်္ဂလန်နှင့် ခရိုအေးရှား၊ ဘရာဇီးနှင့် စကော့တလန် တွေ့ဆုံ
=====================

၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုမဲခွဲမှု ပြုလုပ်ခဲ့ရာ အင်္ဂလန်ဟာ ခရိုအေးရှားနှင့် အုပ်စုအဖွင့်ပွဲ ကစားလာရမှာ ဖြစ်ပြီး စကော့တလန်မှာလည်း ဘရာဇီးနှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
သောမတ်စ်တူချယ်ရဲ့အင်္ဂလန်အသင်းဟာ ဇွန်လ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဒဲလ်လက်စ် (သို့မဟုတ်) တိုရွန်တိုတွင် အုပ်စုအဖွင့်ပွဲ ကစားလာရမှာ ဖြစ်ပြီး အုပ်စု(L) တွင် ဂါနာ၊ ပနားမားတို့နှင့်လည်း တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
စကော့တလန်ကတော့ ၂၈ နှစ်တွင်း ပထမဆုံး ကမ္ဘာ့ဖလားပွဲအဖြစ် ဇွန်လ ၁၃ ရက်နေ့ စနေနေ့တွင် ဘော်စတွန် သို့မဟုတ် နယူးယောက်တွင် ဟေတီနှင့် ကစားရမှာ ဖြစ်ပါတယ်။ စကော့တလန်ဟာ အုပ်စု(C) တွင် မော်ရိုကို၊ ဘရာဇီးတို့နှင့်လည်း ကစားလာရပါမယ်။
လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားမှာ အယ်ဂျီးရီးယား၊ ဩစတြီးယား၊ ဂျော်ဒန်တို့နှင့် အုပ်စု(J) တွင် ကျရောက်နေပြီး ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီအသင်းမှာလည်း အုပ်စု(K) တွင် ဖီဖာပလေးအော့ဖ် (၁)၊ ဥဇဘက်ကစ္စတန်၊ ကိုလံဘီယာတို့နှင့် ကျရောက်နေပါတယ်။
ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းမှာ အုပ်စု(H) တွင် ကိတ်ဗာဒီ၊ ဆော်ဒီ၊ ဥရုဂွေးတို့နှင့် ကျရောက်နေပြီး ကိုင်လီယန်ဘက်ပေးရဲ့ ပြင်သစ်အသင်းမှာ အုပ်စု(I) တွင် ဆီနီဂေါ၊ ဖီဖာပလေးအော့ဖ် ၂ ၊ နော်ဝေတို့နှင့် ထိပ်တိုက်တွေ့နေပါတယ်။ နယ်သာလန်အသင်းမှာ အုပ်စု(F) တွင် ဂျပန်၊ ယူအီးအက်ဖ်အေပလေးအော့ဖ် (ခ)၊ တူနီးရှားတို့နှင့် တွေ့ဆုံနေပါတယ်။
ပူးတွဲ အိမ်ရှင် မက္ကဆီကိုမှာ အုပ်စု(A) တွင် တောင်အာဖရိက၊ တောင်ကိုရီးယား၊ ယူအီးအက်ဖ်အေပလေးအော့ဖ် (ဃ)တို့နှင့် တွေ့ဆုံနေပြီး ပူးတွဲအိမ်ရှင် ကနေဒါမှာ အုပ်စု( တွင် ယူအီးအက်ဖ်အေပလေးအော့ဖ်(က)၊ ကာတာ၊ ဆွစ်ဇာလန်တို့နှင့်လည်းကောင်း တွေ့ဆုံနေသလို ပူးတွဲအိမ်ရှင် အမေရိကန်မှာ အုပ်စု(D) တွင် ပါရာဂွေး၊ ဩစတြေးလျ၊ ယူအီးအက်ဖ်အေပလေးအော့ဖ် (ဂ)တို့နှင့် ကျရောက်နေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအသင်းများရဲ့ ပွဲကစားမယ့် နေရာနှင့် အချိန်ကို လာမယ့် စနေနေ့တွင် ထပ်မံ မဲခွဲမှု ပြုလုပ်လာပါမယ်။
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုမဲခွဲရာတွင် ဆီဒင်စနစ်ကို ပထမဆုံးအသုံးပြုမဲခွဲလာခဲ့ပြီး ဆီဒင် ရရှိတဲ့အသင်းများဖြစ်ကြတဲ့ (ဖီဖာအဆင့်အမြင့်ဆုံးအသင်းများ) စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်နှင့် အင်္ဂလန်အသင်းတို့ဟာ နိုင်ပွဲကိုယ်စီဖြင့် ကျော်ဖြတ်လာနိုင်ပါက ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်တဲ့အထိ ထိပ်တိုက်တွေ့ကြမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ယူရို ၂၀၂၄ ဗိုလ်လုပွဲရောက် အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်တွင် ဘရာဇီးအုပ်စုမှ အုပ်စုဗိုလ်နှင့် ထိပ်တိုက်တွေ့ရနိုင်ပါတယ်။
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ အသင်း ၄၈ သင်းဖြင့် တိုးမြှင့်ကျင်းပလာတာ ဖြစ်ပြီး အသင်း ၄ သင်းပါ အုပ်စု ၁၂ ခုမဲခွဲလာပါတယ်။
အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၂ သင်းက တတိယအကောင်းဆုံးအသင်း ၈ သင်းနှင့်အတူ ရှုံးထွက်အဆင့်သို့ တက်ရောက်ပါမယ်။
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ကတော့ ခရိုအေးရှား၊ ဂါနာတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေမှုနှင့်အတူ အုပ်စုကြပ်အတွင်း ကျရောက်နေကြောင်း ဆိုသွားပါတယ်။
တူချယ်က "ခက်ခဲတဲ့အုပ်စု၊ ခက်ခဲတဲ့အဖွင့်ပွဲ ကစားရမယ်။ ခရိုအေးရှားနဲ့ ဂါနာက ကမ္ဘာ့ဖလားမှာ ပုံမှန်ပါဝင်နေကြအသင်းတွေပါ။ နှစ်သင်းလုံးက တောင့်တင်းကြတယ်။ ပနားမားနဲ့ပတ်သက်ပြီး သိပ်မသိသေးဘူး။ ဒါပေမယ့် ပြိုင်ပွဲမစတင်ခင် သိလာမှာပါ။ ကျွန်တော်က ချန်ပီယံလိဂ်မဲခွဲတဲ့ အတွေ့အကြုံပဲ ရှိဖူးတယ်။ ကြီးမားတဲ့ လေးစားမှုနဲ့ ပွဲတွေကို ချဉ်းကပ်မယ်။ အုပ်စုဗိုလ်ဖြစ်ဖို့ အာရုံစိုက်မယ်။ အခု ကျွန်တော်တို့ ကျတဲ့ အုပ်စုဆို အုပ်စုကြပ်လိုမျိုးဆိုတော့ ခက်ခဲလာမှာပါ။ ဒါပေမယ့် ယုံကြည်မှု ရှိပါတယ်။ ရောက်တာနဲ့ ပြင်ဆင်သွားမယ်"လို့ဆိုသွားပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

ပထမဆုံး Fifa Peace Prize ဆုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဆွတ်ခူး
==================

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲမှုမတိုင်မီ ချီးမြှင့်လာတဲ့ ပထမဆုံး Fifa Peace Prize ဆုအား ဆွတ်ခူးလာပါတယ်။
ယင်းဆုကို ယခုနှစ်တွင် ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုက ဖန်တီးချီးမြှင့်လာတာ ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားတွေ စည်းလုံးရေးအတွက် လုပ်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်အား ချီးမြှင့်လာတာပါ။
ဖီဖာဟာ ဒေါ်နယ်ထရမ့်ကို ချီးမြင့်ရန်အတွက် ယင်း Fifa Peace Prize ဆုကို ဖန်တီးလာတာလို့ အစောပိုင်းကတည်းက ဝေဖန်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ယခု တကယ်တမ်းတွင်လည်း အမေရိကန်သမ္မတကပင် ဆွတ်ခူးလာပါတယ်။
ဒေါ်နယ်ထရမ့်ဟာ Fifa Peace Prize ဆုအဖြစ် ရွှေရောင်ဆုဖလားတစ်ဆုအပြင် ဆုတံဆိပ်တစ်ခုလည်း ရရှိခဲ့ပါတယ်။
ဆုလက်ခံရရှိပြီးနောက် ဒေါ်နယ်ထရမ့်က သူ့ရဲ့ သံတမန်ရေးအရ ကြားဝင် ဆောင်ရွက်မှုများမှ တဆင့် အသက်သန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သလို စလုဆဲဆဲ စစ်ပွဲများလည်း အဆုံးသတ်စေခဲ့ကြောင်း ဂုဏ်ယူစွာ ဆိုသွားပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

ကိုဘီမိုင်နူးအား အသုံးပြုမှုပေါ် ကာကွယ်ပြောဆိုလာတဲ့ အမိုရမ်
=================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်ဟာ မည်သည့်အကယ်ဒမီကစားသမားကိုမှ ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုမှုအား ကာကွယ်ပြောဆိုလာသလို ကိုဘီမိုင်နူးကို အခွင့်အရေးပေးမှု နည်းပါးမှုအပေါ်တွင်လည်း ဆက်တိုက်ဆိုသလို အကြောင်းပြချက်ပေးလာပါတယ်။
အမိုရမ်က ယူနိုက်တက်အကယ်ဒမီမှာ အကောင်းဆုံးလုပ်ဆောင်ထားနိုင်ကြောင်း၊ ၁၉၇၃ ခုနှစ်မှ စတင်ကာ အကယ်ဒမီကစားသမားများအား အနည်းဆုံးအကယ်ဒမီကစားသမားတစ်ဦးအား လူစာရင်းတွင် ထည့်သွင်းတဲ့ စံချိန်ကို ဂုဏ်ယူစွာ ဆက်လက် ထိန်းသိမ်းလာဦးမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။
ယူနိုက်တက်ဟာ နောက်ပိုင်းတွင် အကယ်ဒမီကို အားစိုက် လုပ်ဆောင်နေပြီး ဘရန့်ဖို့ဒ်မှ စတီဖင်တော်ပေးကို ငှားရမ်းထားပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ် အရွယ်ရှိ ဂျေဂျေဂါဘရီရယ်ကိုလည်း ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် ဒါရိုက်တာ Box မှ ကြည့်ခွင့်ပေးခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်းတွင်တော့ အကယ်ဒမီကစားသမားများမှာ ယူနိုက်တက်အတွက် အကန့်အသတ်ဖြင့်သာ အခွင့်အရေးရထားပါတယ်။
အကယ်ဒမီထွက်များဖြစ်ကြတဲ ကိုဘီမိုင်နူးနှင့် ဒေသဖွားတေလာဖရီဒရစ်ဆင်တို့ဟာ ဩဂုတ်လတုန်းက ဂရမ်စဘီကို ရှုံးနိမ့်တဲ့ လိဂ်ဖလားပွဲတစ်ပွဲတည်းသာ ပွဲထွက်ခွင့်ရထားပါတယ်။ ဖရီဒရစ်ဆင်မှာ ယင်းနောက်ပိုင်းတွင် တစ်မိနစ်မျှပင် ကစားခွင့်ရလာခြင်း မရှိပါဘူး။ ကိုဘီမိုင်နူးမှာ ပရီးမီးယားလိဂ် ၉ ပွဲတွင် အရန်အဖြစ် ၁၇၁ မိနစ် ကစားခွင့်ရထားပါတယ်။
သူဟာ ပဲလေ့စ်နှင့်ပွဲတွင် နောက်ဆုံးမိနစ်မှာ အရန်အဖြစ် ဝင်ရောက်ကစားခွင့်ရခဲ့ပြီး ဝက်စ်ဟမ်းနှင့်ပွဲတွင် အရန်အဖြစ်ပင် ဝင်ကစားခွင့်မရခဲ့ပါဘူး။
မိုင်နူး ဒဏ်ရာရရှိနေတဲ့ စပါးစ်နှင့်ပွဲတွင် ယူ-၁၈ နည်းပြဒါရင်းဖလက်ချာရဲ့သား အသက် ၁၈ နှစ်အရွယ်ရှိ ဂျက်ဖလက်ချာကို လူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲတွင် အင်္ဂလန်ယူ-၂၀ တိုက်စစ်သမားရှီယာလေဆီမှာ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် တစ်မိနစ်ပင် ကစားခွင့်မရခဲ့ပါဘူး။
အမိုရမ်က "ကျွန်တော်က အနိုင်ပဲ လိုချင်တာ။ ဘယ်သူလဲဆိုတာ မကြည့်ဘူး။ ဒီအပေါ်မှာ ဂရုလည်း မစိုက်ဘူး။ ကွင်းထဲမှာ အကောင်းဆုံးကစားသမားတွေနဲ့ ခင်းကျင်းဖို့ပဲ ကြိုးစားတာပါ"လို့ ပြောကြားသွားပါတယ်။
ကိုဘီမိုင်နူးဟာ နွေရာသီတုန်းက နာပိုလီသို့ ရောက်လုနီးပါးဖြစ်ခဲ့ပေမယ့်လည်း ကလပ်ရဲ့ တားဆီးခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ခွင့် ရရှိရန်အတွက် ဇန်နဝါရီတွင် အငှားဖြင့် ထွက်ခွာလာဖို့ ရှိပါတယ်။
အမိုရမ်ဟာ ကိုဘီမိုင်နူးကို အသုံးမပြုမှုအတွက် ပုံမှန်မေးခွန်းထုတ်ခြင်းခံလာရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အမိုရမ်က ကိုဘီမိုင်နူးမှာ အင်္ဂလန်ငယ်မွေးခြံပေါက်ကစားသမားတစ်ဦး ဖြစ်နေမှုနှင့်အတူ ၎င်းအား အသုံးမပြုမှုအတွက် မေးခွန်းမေးခြင်းခံရမှုအပေါ် နားလည်ကြောင်း ဆိုသွားပါတယ်။
တဖက်တွင် အမိုရမ်က အာဖရိကဖလားပြိုင်ပွဲသို့ အမ်ဘူမိုနှင့် ဒီရယ်လိုတို့ သွားကစားချိန်တွင်လည်း ကိုဘီမိုင်နူးအနေဖြင့် အခွင့်အရေးရလာဖို့ အာမခံချက် မရှိကြောင်းလည်း ထပ်မံဆိုသွားပါတယ်။

image