ဘာနေဗျူးတွင် ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့ပေမယ့် ဆီမီးတက်ရန် အာမခံချက် မရှိကြောင်း ကွန်တီ ဖွင့်ဟလာ
====================
ဗင်းဆင့်ကွန်ပနီက ဘိုင်ယန်မြူးနစ်မှာ အင်္ဂါနေ့ညတုန်းက ဘာနေဗျူးကွင်းတွင် ရီးရဲလ်မက်ဒရစ်အား ၂-၁ ဖြင့် အနိုင်ရခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်ရေး အာမခံချက် မရှိသေးကြောင်း ပြောကြားလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အင်္ဂါနေ့ညတုန်းက ဘာနေဗျူးတွင် လူးဝစ်ဇ်ဒီယာ့ဇ်နှင့် ဟယ်ရီကိန်းတို့ရဲ့ ဂိုးဖြင့် ရီးရဲလ်မက်ဒရစ်အား ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်အပတ်တွင် Allianz Arena ကွင်းမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ပြန်လည် ဧည့်ခံကစားရပါဦးမယ်။

ဘာနေဗျူးတွင် အနိုင်ရခဲ့ပေမယ့် ကွန်ပနီက "အောင်ပွဲခံဖို့ အပြည့်အဝ ကျေနပ်အားရဖို့ အာမခံချက်မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ Allianz Arena မှာ ကစားရမယ့် အဆုံးအဖြတ်ပွဲအတွက် ပြင်ဆင်ရပါဦးမယ်"လို့ ပြောကြားသွားပါတယ်။

image

အီတလီအသင်းအား ကွန်တီကို ပူးတွဲ ကိုင်တွယ်ခွင့်ပေးလာတဲ့ နာပိုလီ
====================
နာပီုလီဟာ အန်တိုနီယိုကွန်တီအနေဖြင့် ကလပ်ရာထူးမှ မနုတ်ထွက်ဘဲ အီတလီအသင်းကိုလည်း ပူးတွဲကိုင်တွယ်ခွင့်ပေးလာပါတယ်။

နာပိုလီအသင်းပိုင်ရှင်အူရယ်လီယိုဒီလော်ရန်တစ်ဟာ တကယ်လို့များ အီတလီဘောလုံးအဖွဲ့ချုပ်ဘက်က ကလပ်နှင့် နိုင်ငံအသင်းအား ပူးတွဲကိုင်တွယ်ခွင့်ပေးလာမည်ဆိုပါက ကွန်တီအား ခွင့်ပြုလာမည်ဖြစ်ကြောင်း ပြောကြားလာတာလည်း ဖြစ်ပါတယ်။

အီတလီနည်းပြဂတ်တူဆိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲထပ်မံကျပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် နည်းပြသစ်ခန့်အပ်ရေး ရှာဖွေနေပါတယ်။

ယခုအခါ ဒီလော်ရန်တစ်က "တကယ်လို့ အန်တိုနီယိုကသာ တောင်းဆိုလာမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ခေါင်းညှိတ်လာမှာပါ"လို့ ပြောကြားသွားပါတယ်။

အသက် ၅၆ နှစ်ရှိ ကွန်တီဟာ ဂျူဗင်တပ်၊ ချဲလ်ဆီး၊ အင်တာမီလန်၊ နာပိုလီတို့နှင့်အတူ အောင်မြင်မှုများ ရယူခဲ့သူဖြစ်ပြီး စပါးစ်ကိုလည်း ကိုင်တွယ်ဖူးပါတယ်။

လတ်တလောဟာ အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ယာယီနည်းပြအဖြစ် ဆယ်ဗီယိုဘယ်ဒီနီအား ခန့်အပ်ထားပြီး လာမယ့် ဇွန်လ ခြေစမ်းပွဲစဉ်များကို ကိုင်တွယ်ခွင့်ပေးထားပါတယ်။

ဒါ့အပြင် နာပိုလီအသင်းဥက္ကဌဒီလော်ရန်တစ်က အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌရာထူးအတွက် ဂျီယိုဗန်နီမာလာဂိုအား ထောက်ခံကြောင်းလည်း ပြောကြားသွားပါသေးတယ်။

image

က်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
19 w - Translate

Sell your mobile phone in Dubai quickly and get instant cash at the best price. Enjoy free pickup, secure payment, and a smooth process. Turn your used phone into cash today without any hassle.

Visit us: https://gadzy.ae/sell

#sellmobilephonedubai #dubaiphones #selloldphone #instantcashdubai #phoneresale #usedmobiledubai #cashforphone #dubaimarketplace #techresale #quickcashuae #sellsmartphone #mobileselling #dubaideals #onlinephonesale #easyselling #gadzy

image

image

image
19 w - Translate

Merlot Wine Market to Exceed $18.6 Billion by 2032 at 5.9% CAGR: Production, Consumption, and Regional Insights

The global Merlot Wine market was valued at approximately $11.2 billion in 2023, increasing from $10.5 billion in 2022, reflecting a year-over-year (YoY) growth of 6.7%. Rising global wine consumption and premiumization trends are driving demand. The market is projected to reach $18.6 billion by 2032, expanding at a CAGR of 5.9% from 2024 to 2032. Total consumption volume reached 3.9 billion liters in 2023, up from 3.5 billion liters in 2021, marking an 11.4% increase.

Read More -> https://marketintelo.com/report/merlot-wine-market

Merlot Wine Market Research Report 2033
marketintelo.com

Merlot Wine Market Research Report 2033

As per our latest market intelligence, the Global Merlot Wine market size was valued at $9.7 billion in 2024, and is forecasted to hit $14.8 billion by 2033, growing at a robust CAGR of 4.8%.

ရတနာပုံအသင်း တိုက်စစ်ပိုင်းအတွက် အားဖြည့်ရန် တိုက်စစ်မှူး ဆွင်းလမ်မန်ကိုခေါ်ယူ

ရတနာပုံအသင်း၏ တိုက်စစ်ပိုင်းအတွက် အားဖြည့်ရန် မြန့်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ဆွင်းလမ်မန်ကိုအသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆွင်းလမ်မန်သည် ပြည်တွင်းနှင့် ပြည်ပကလပ်အသင်းများတွင် ကစားခဲ့သည့် အတွေ့အကြုံရင့်သူဖြစ်သလို ဂိုးသွင်းယူနိုင်စွမ်း မြင့်မားပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားတတ်သည့် ကစားသမားတစ်ဦး ဖြစ်သည်ဟု အသင်းက ဖော်ပြထားသည်။

ရတနာပုံအသင်းအနေဖြင့် နည်းပြချုပ် ဦးမင်းထွန်းလင်းကို ခန့်အပ်ခဲ့ပြီးနောက် ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ဒဂုံစတားယူနိုက်တက် အသင်းခေါင်းဆောင် ဆွမ်လန်မန်ကို ခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။

ဆွမ်လန်မန်သည် လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သလို ထိုင်းလိဂ်ကလပ်များတွင် ကစားခဲ့သူဖြစ်ကာ မြန်မာနေရှင်နယ်လိဂ်ကလပ်များဖြစ်သည့် ဇွဲကပင်၊ ချင်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက် စသည့်အသင်းများတွင် ကစားခဲ့ဖူးသည့် ဝါရင့်ကစားသမား တစ်ဦးလည်း ဖြစ်သည်။

image

ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲမတိုင်မီ ကိုယ်လုံးတီး ပရိသတ်တစ်ဦးရဲ့ နှောင့်ယှက်မှုနှင့် ရင်ဆိုင်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်
======================
ရီးရဲလ်မက်ဒရစ်စတားများဟာ မနေ့ညတုန်းက ဘိုင်ယန်မြူးနစ်အား ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ ဘာနေဗျူးကွင်းသို့ သွားရာလမ်းတွင် ပရိသတ်တစ်ဦးရဲ့ ကြိုဆိုခြင်းခံရပေမယ့်လည်း ကြိုဆိုရာ မရောက်ဘဲ နှောင့်ယှက်ခံရသလို ဖြစ်ခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ပရိသတ်များဟာ ဘိုင်ယန်မြူးနစ်နှင့်ပွဲအတွက် ဘာနေဗျူးကွင်းသို့ လာရောက်တဲ့ အသင်းဘတ်စ်ကားကို ကြိုဆိုခဲ့ကြပါတယ်။

ဒါပေမယ့် အဝတ်ဗလာဖြင့် ပရိသတ်တစ်ဦးဟာ ရီးရဲလ်မက်ဒရစ်အသင်းဘတ်စ်ကားရှေ့မှ ပြေးလွှားနေမှုနှင့်အတူ အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။

ပိုပြီးတော့ ဆိုးရွားတာက လုံခြုံရေးရဲတပ်ဖွဲ့တစ်ဦးက ယင်းပရိသတ်ကို ကန်ကျောက်ရန် ရွယ်ခဲ့သေးတာ တွေ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းသားများ လိုက်ပါလာတဲ့ ဘတ်စ်ကားဟာ ယင်းအဖြစ်အပျက်ကြောင့် နှေးကွေးစွာသာ မောင်နှင်ခဲ့ရပါတယ်။

တဖက်တွင် ရီးရဲလ်မက်ဒရစ်ပရိသတ်များဟာ လမ်းတွင် စီတန်းကာ အသင်းရဲ့ သီချင်းများကို သီဆိုပြီး ကြိုဆိုခဲ့ကြပါတယ်။

ချန်ပီယံလိဂ်သမိုင်းတွင် အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညတုန်းက ဘာနေဗျူးကွင်းပွဲစဉ်တွင် လူးဝစ်ဇ်ဒီယာ့ဇ်နှင့် ဟယ်ရီကိန်းတို့ရဲ့ ဂိုးကြောင့် ၂-၁ ဖြင့် အရေးနိမ့်ခဲ့ရပါတယ်။

image

ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ လီဗာပူးစတားများကို ပြင်းထန်စွာ သတိပေးလာတဲ့ အန်းဆလော့
====================
လီဗာပူးနည်းပြအန်းဆလော့က စနေနေ့တုန်းက မန်စီးတီးနှင့်ပွဲစဉ်တုန်းက ခြေစွမ်းမျိုးဖြင့် ဆက်လက်ကစားလာမည်ဆိုပါက ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် နောက်ထပ် ၄ ဂိုးသွင်းခြင်းခံရလိမ့်မယ်လို့ လီဗာပူးစတားများကို သတိပေးပြောကြားလာပါတယ်။

ဆလော့ဦးဆောင်တဲ့ လီဗာပူးဟာ စနေနေ့တုန်းက အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် မန်စီးတီးအား ၄-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ယင်း ၄ ဂိုးမှာ ပွဲချိန် ၅၈ မိနစ်အတွင်း ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

ယင်းပွဲအပြီးတွင် လီဗာပူးအသင်းခေါင်းဆောင်ဗာဂယ်ဗန်ဒိုက်က လီဗာပူးကစားသမားများမှာ ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် ပွဲချိန် မိနစ် ၂၀ တွင် ဆိုးရွားစွာ ကစားမှုနှင့်အတူ ၄ ဂိုးပေးလိုက်ရတာလို့ ဆိုသွားပါတယ်။

ယခုအခါ အန်းဆလော့က လီဗာပူးအနေဖြင့် မန်စီးတီးနှင့်ပွဲစဉ်တုန်းက ပထမဆုံး ၃၅ မိနစ်တုန်းကကဲ့သို့ ကစားမည်ဆိုပါက ပီအက်စ်ဂျီကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်နိုင်စွမ်း ရှိကြောင်း ဆိုလာပါတယ်။

ယနေ့ည Parc des Princes ပွဲစဉ်မတိုင်မီ အန်းဆလော့က "မန်စီးတီးနဲ့ပွဲတုန်းက မိနစ် ၂၀ မျိုးသာ ကစားရင် ကျုပ်တို့ နောက်ထပ် လေးဂိုးထပ်ပေးရပါလိမ့်မယ်။ ကျုပ်တို့သာ အဲဒီလို မိနစ် ၂၀ မျိုး ကစားလာရင် ဒီပီအက်စ်ဂျီကစားသမားတွေက ဘာလုပ်ရမလဲဆိုတာ သိကြပါတယ်။ ဒီတော့ ပထမမိနစ်ကနေ နောက်ဆုံးစက္ကန့်အထိ မန်စီးတီးနဲ့ပွဲတုန်းက ၃၅ မိနစ်တုန်းက ခြေစွမ်းနဲ့ကစားဖို့က စိန်ခေါ်မှု ဖြစ်နေပါတယ်။ အဲဒီလိုသာ မကစားနိုင်ရင် ခက်ခဲတဲ့ ညတစ်ညထပ်ကြုံလာပါမယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဒီမှာ ကျုပ်တို့ ၄-၀ နဲ့တောင် ရှုံးဖို့ ထိုက်တန်ခဲ့တယ်။ ဒီထက်လည်း ပေးရနိုင်တယ်။ ဒါပေမယ့် ဘောလုံးရဲ့အလှအပတရားဆိုတာ ၈၅ မိနစ်မှာ ဂိုးသွင်းလိုက်ပြီဆိုတာနဲ့ အခိုးခံလိုက်ရတယ်လို့ ပြောတတ်ကြတယ်"လို့ ပြောကြားသွားပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဂိုးသမားအလစ်ဆင်ရဲ့ လက်စွမ်းပြမှုကြောင့် ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၁-၀ ဖြင့် အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ အန်ဖီးလ်ပွဲစဉ်တွင် ၁-၀ ဖြင့်ပင် ရှုံးနိမ့်ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ခဲ့ပါတယ်။

image