1 w - Translate

❝ စမ်းရေကြည်နု ❞ စာအုပ်ကို ဖတ်ပြီးသွားရင်
❝ မေတ္တာ ❞ ဆိုတာ ရောင်ပြန်ဟပ်ပါတယ်ဆိုတဲ့
ယုံတမ်းစကားအပေါ်အနည်းငယ်
သံသယရှိကောင်းရှိလာလိမ့်မယ် ။
ဘာလို့ဆို ကိုယ်ကြည်နုတစ်ဘဝလုံး
ပေးဆပ်ခဲ့သမျှတွေအတွက်
သူ့ဇနီးသည်ညိုမာဆီက ပြန်ရခဲ့တာက
သေဆုံးကြောင်း အတည်ပြုနိုင်ဖို့ရာ
ချောင်းဟန့်သံရပ်တန့်သွားဖို့
အမြန်ဆုံးသေဆုံးသွားဖို့
ထရံအကွယ်ကနေ ချောင်းမြောင်း
နားထောင်နေခဲ့ခြင်းတွေပဲ ။
အဲဒီထက်ဘာမှမပိုခဲ့သလို
ဘာမေတ္တာဓာတ်တစ်ခုမှ ပြန်မရရှိခဲ့ပါဘူး ။
" ကိုကြည်နုနဲ့ ညိုမာတို့
လင်မယားရဲ့ ဆက်ဆံရေးကို
နားလည်ဖို့ကြိုးစားတာဟာ
တကယ်တော့မိုက်မဲတာပါပဲ။
အိမ်ထောင်သက် နှစ်ဆယ့်ငါးနှစ်အတွင်း
သူတို့နှစ်ယောက်ကိုတစ်ယောက်နဲ့
တစ်ယောက် ချည်နှောင်ထားတဲ့
အရာဟာအချစ်ပဲလို့ ပြောရတာလည်း
အချစ်ဆိုတဲ့ စကားလုံးကို
အားနာစရာ ကောင်းမယ် "
စာအုပ်အကြောင်းပြောရမယ်ဆိုရင်
စမ်းရေဆိုတဲ့ အိမ်ခြေ၁၄အိမ်လောက်သာ
ရှိတဲ့ တစ်ဖက်ပိတ်ပျံကျ ရပ်ကွက်လေးထဲက
ကြည်နု ဆိုတဲ့ လူတစ်ယောက်ရဲ့အကြောင်း။
ကိုကြည်နုဟာ ဘယ်လိုလူလဲမေးလာခဲ့ရင်
တစ်ဘဝလုံး ခက်ခဲပင်ပန်းခဲ့တာတောင်
မိသားစု စားဝတ်နေရေးမပြေလည်ခဲ့တာကြောင့်
တကယ်မရူးပါဘဲနဲ့ အရူးဟန်ဆောင်ကာ
မြို့လေးထဲမှာ လှည့်လည်သွားလာ
တောင်းရမ်းပြီး မိသားစုကို ရှာဖွေကျွေးမွေး
ခဲ့တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ ။
စာအုပ်နာမည်က " စမ်းရေကြည်နု " ဆိုပေမဲ့
စမ်းရေလိုကြည်လင်အေးမြနေတဲ့
လူတွေဘဝတွေအကြောင်းမြင်ရကြားရမှာ
မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့
အောက်ဆုံးအလွှာကလူတန်းစားတွေ
ဆင်းရဲမွဲတေမှုရေသေအိုင်ထဲကဘဝတွေ
ပျံကျရပ်ကွက်တစ်ခုရဲ့စရိုက်တွေ၊
ပြဿနာတွေ၊ နိမ့်ကျတဲ့လူနေမှုဘဝတွေ
စုတ်ပြတ်ယိုယွင်းနေတဲ့ လူ့ကျင့်ဝတ်တွေ
အပါအဝင် ချစ်ခြင်းမေတ္တာနဲ့
သေခြင်းတရားတွေအကြောင်း
နာနာကျင်ကျင်ဖတ်ရှုရမဲ့ ဆရာလင်းခါးရဲ့
လက်ရာကောင်း စာအုပ်တစ်အုပ်ပါပဲ ။
#revi3wbyစာအုပ်ရောင်းမယ်
လူ့အဖွဲ့အစည်းရဲ့
အနိမ့်ဆုံးအလွှာကလူတန်းစားတွေ
စုတ်ပြတ်နေတဲ့ စနစ်တွေ၊
ဆင်းရဲမွဲတေမှုနဲ့ ပျံကျရပ်ကွက်တွေရဲ့
စရိုက်လက္ခဏာတွေ၊
နိမ့်ကျတဲ့လူနေမှုဘဝတွေ၊
လူငယ်ဘဝရဲ့အချိုးအကွေ့တွေ၊
ချစ်ခြင်းမေတ္တာနဲ့သေခြင်းတရားတွေ
စသည်ဖြင့် ဇာတ်အိမ်တည်ရေးသားလေ့ရှိပြီး
စာဖတ်သူတွေရဲ့ ထိလွယ်ရှလွယ်
နှလုံးသားတွေကို ယောင်ကိုင်းကွဲကြေစေခဲ့သော
" ဆရာလင်းခါး " စာအုပ်များစုစည်းမှု ။ ။

image
image
image
1 w - Translate

Cherry Moe
Top 5 အထိ ခေါ်သံကြီးကို
Supranational မှာ ကြားချင်နေပြီ 🌸👑🇲🇲

image
1 w - Translate

Cherry Moe
Top 5 အထိ ခေါ်သံကြီးကို
Supranational မှာ ကြားချင်နေပြီ 🌸👑🇲🇲

image
1 w - Translate

Cherry Moe
Top 5 အထိ ခေါ်သံကြီးကို
Supranational မှာ ကြားချင်နေပြီ 🌸👑🇲🇲

image
1 w - Translate

Cherry Moe
Top 5 အထိ ခေါ်သံကြီးကို
Supranational မှာ ကြားချင်နေပြီ 🌸👑🇲🇲

image
1 w - Translate

Cherry Moe
Top 5 အထိ ခေါ်သံကြီးကို
Supranational မှာ ကြားချင်နေပြီ 🌸👑🇲🇲

image
image
image
image
1 w - Translate

ယှဉ်တုလိုဖြင့် ဖက်မပြိုင်နိုင်

Episope (1)
https://t.me/galaxyemperor1/13

Episope (2)
https://t.me/galaxyemperor1/14

ကျွန်‌တော်တိုရဲ့ရည်းစားဟောင်းတွေလိုပဲ အသစ်ကနေ အဟောင်းအဖြစ် အခုလည်း အဟောင်းဖြစ်လာမဲ့ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးမယ် 😉

"တောက်လင်"ဟာ သင်ယူမှုထုံထိုင်းပြီး ရောက်တဲ့အရပ်မှာ အိပ်ပျော်တတ်တဲ့ ကာလနဂါးလေးမလို အနိုင်ကျင့်အနှိမ်ခံလေးဖြစ်နေရှာချိန်... သူကိုယ်တိုင်တောင်မသိလိုက်ပဲ
ဒီကာလနဂါးလေးရဲ့ခန္ဓာကိုယ်ဟာ "ရှေးဟောင်းနတ်ခန္ဓာ"ဖြစ်နေတယ်
ဒီခန္ဓာကို ဘယ်လိုတွေ ပြန်အသက်သွင်း၊ ‌ပြိုင်ဘက်ကင်း‌အောင် ကျင့်ကြံပြီး သူ့ကို အနိုင်ကျင့်တဲ့သူတွေကို ဘယ်လိုတွေ တုန့်ပြန်သွားမလဲဆိုတာ SoulAnimedom ကနေဘာသာပြန်တင်ဆက်ပေးမဲ့ ""ယှဉ်တုလိုဖြင့် ဖက်မပြိုင်နိုင်" ဆိုတဲ့ Donghua Series အသစ်လေးကိုစောင့်ကြည့်လိုက်ရအောင်...✨✨

image
1 w - Translate

❝ ပါပီ ဒီ ရုန်းကန်မှုမှာ
နောက်ဆုံး အနိုင်ရတဲ့လူဟာ မင်းပါ။
မင်းကို မတရား တစ်ကျွန်းပို့ခဲ့တဲ့လူတွေဟာ
အနိုင်ရခဲ့တဲ့ လူတွေ မဟုတ်ပါဘူး။
ဒီနေ့ဘဝကို စိုးပိုင်နိုင်သူဟာ မင်းပါ။
အပျော်ရွှင်ရ ဆုံး လူဟာလည်း မင်းပါပဲ ❞
• • •
❛ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက
ပြင်သစ်အကျဉ်းထောင်
တစ်ကျွန်းစနစ်သည် ကမ္ဘာတွင်
အရက်စက်ဆုံးစနစ် တစ်ခုဖြစ်၏။
ပါပီလွန်သည် ပြင်သစ် တစ်ကျွန်း
အကျဉ်းစခန်း တွင် ၁၃ နှစ်ကျော်ကျော်
ကြံ့ကြံ့ခံနေပြီး လွတ်မြောက်အောင်
နေခဲ့သူ၏ အတ္ထုပတ္တိဖြစ်သည် ။
ယောက်ျားကောင်းတစ်ယောက်၏
ဇွဲနှင့် အားမာန်များကို ဤဝတ္ထုတွင်
အတုယူစရာပေါင်း များစွာ ပါရှိပါသည် ❜

image
1 w - Translate

အခုပြောမှာက မောင်ပါပီ့အဘိုးအကြောင်း
အဘိုးဆိုပေမယ့်
အဘွားရဲ့မောင် အငယ်ဆုံးဆိုတော့
အဘိုးလေးပေါ့။
အဘွားက အကြီးဆုံးသမီး။
မောင်နှမ ကိုးယောက် မှာ
အဲဒီအဘိုးလေးက အငယ်ဆုံးဆိုတော့
မောင်ပါပီ အမေနဲ့တောင်
အရွယ်တူနီးပါး ဖြစ်နေပါတယ်။
အဲဒီ အဘိုးလေးက တစ်မျိုးတစ်ဘာသာရယ်ဗျ။ လက်ပေါက်ကတ်ပြီး ခွ လျှောက်တိုက်တတ်တဲ့လူကြီး။ လူငယ်ဘဝမှာတင် ဘုံဝါဒဘာညာကို
အင်မတန်ယုံပြီး ဘဝနဲ့ အိမ်ပြန်ရောက်ရောဆိုပါတော့။ “အဘိုးလေးက အလင်းဝင်လာတာဆို”လို့
သွား မေးရင် ဆဲလွှတ်တာဗျ။
“မင့်မေ တစ်တီတူး အလင်းဝင်လားကွ၊
မနိုင်လို့ လက်လျှော့ပြီး အိမ်ပြန်လာတာကွ” တဲ့။
နှုတ်ဆိတ်ကလည်း အင်မတန်ကောင်းတော့
တော်ရုံလူ ဖြိုတယ် ပေါ့လေ။
တစ်ခါက မောင်ပါပီ အကိုဝမ်းကွဲတစ်ယောက်တက္ကသိုလ်သွားတက်ပြီး အပြန်မှာ
ရန်ကုန်က သူ့ဘော်ဒါကို အိမ်ခေါ်လာတယ်။
သိတယ်မဟုတ်လား။ ရန်ကုန်သား စကား ဆိုတာ။
အဲဒီလူက အိမ်မှာတည်းပြီး အလုံးကြီးတွေ
ဟောင်ဖွာ ဟောင်ဖွာ လုပ်နေ တာ။
ဒီမြို့က ရန်ကုန်နဲ့ယှဉ်ရင် တောပဲဗျ
ဘာညာနဲ့ လုပ်နေတာ။ အဘိုးလေး မြင်ပြင်းကတ်လာတယ်နဲ့ တူပါတယ်။ ငါ့တူ၊ မင်းတို့ ရန်ကုန်က မြို့ကြီးပြကြီးဆိုတော့ သူတောင်း စားတွေ များမှာပေါ့၊ ဟုတ်လား ... တဲ့။ အဲဒီမှာ ဟိုလူလည်း “ဗျာ” ဆိုပြီး ငြိမ်ကျသွားရော။ ထားလိုက်ပါတော့ဗျာ။
မောင်ပါပီ ပြောပြချင်တာက သူ့အချစ်ဇာတ်လမ်းလေး။ ခုနက ပြောသလို သူက တောပြန်ကြီးဘဝနဲ့ အိမ်ပြန်ရောက်တဲ့ အချိန်ပေါ့။ ခေါင်းတုံးဆံတောက်၊ နှုတ်ခမ်း မွေးကြီးနဲ့ လူကြမ်းကြီးဂိုက်။လူကလည်း သူပုန်လူထွက်ဆိုတော့ အားလုံးက ရှိန်ရတဲ့ အနေအထား။ အဲဒီမယ် သူက ကျောင်းဆရာမလေးကို ကြိုက်ကော။ မလေးမေ တဲ့။ အဲဒီမယ် သူက ကျောင်းဆရာမလေး ကျောင်းအသွား မနက်စောစောလမ်းမှာ စောင့်နေ နေရော။ မျက်နှာချင်း ဆိုင်မိတော့ အဖြူအစိမ်းဝတ် ဆရာမလေးက ကြောက်ရှာမှာပေါ့။ ဟို သူပုန်လူထွက်ကြီး ငါ့ကို ခါးထောက်ပြီး ကြည့်နေတယ်ဆိုပြီး မျက်လွှာလေး ချ၊ အသာ လေးရှေ့ကဖြတ်အလျှောက်၊ ဟေ့...နေဦး...” ဆိုပြီးတားကော။ ပြီးတာနဲ့ စာတစ်စောင် ကမ်းပေးတယ်။ "ရော့ ... ယူ” တဲ့။ ဆရာမလေးက ရှက်ရှက်နဲ့ “အို ... မတော်ပါဘူးရှင်၊ မယူနိုင်ပါဘူး” လို့ ပြန်ပြောတော့ ဘာလုပ်တယ် ထင်သလဲ။“ဘာ ... မယူဘူးဟုတ်လား၊ ယီးမှ မယူချင်နေ” ဆိုပြီး စာကို ဆုတ်ဖြဲပစ်လိုက်တယ်။ “ဒီမှာတော့ဖြင့် သူ့ကို မြတ်နိုးလွန်း လို့ တစ်ညလုံးမအိပ်ပဲ ရေးထားရတာ၊ တစ်တူးတယ်လိုမှပဲ . . .” လို့ ဆဲပြီး စာရွက်အပိုင်း အစတွေ လမ်းမပေါ်ပစ်ချပြီး ဒေါပွပွနဲ့ လစ်ကရောတဲ့။ တကယ့်လူကြီးဗျာ။ နောက်တော့ ဘယ်လိုဖြစ်တယ် မသိဘူး။ သူတို့နှစ်ယောက် ကြိုက်သွားတယ်။
အဲဒီမှာ နောက်ထပ် ဇာတ်ကွက်တစ်ခု။ မောင်ဗမာ စက်ဘီးလေးနဲ့ ဆရာမလေး မလေးမေကို တင်ပြီး မြို့ ပြင်ဘက်ကို နင်းတယ်။ ချိန်းတွေ့ကြတယ်ပေါ့။ မလေးမေက “အစ်ကို၊ လူပြတ်တဲ့နေရာ မသွားရဲဘူးတော်၊ မသွားပါနဲ့” လို့ ငြင်းတော့ အေးအေး ရတယ်ဆိုပြီး ဘယ်ခေါ်သွားတယ်မှတ်လဲ။ မြို့လယ်ခေါင်က ရုပ်ရှင်ရုံကို ခေါ်သွားရော။ လူတကာ လက်မှတ်ထိုးနေတဲ့ နေရာနားက အပေါ်ထပ်တက်တဲ့ လှေကားထစ်မှာ ထိုင်ပြီး လက်ကလေး ပါးကလေးကိုင်၊ ချစ်တယ် ဘာညာလုပ်ပစ်တာ။ တစ်မြို့လုံးက မြင်ပြီး ဟိုးဟိုးကျော်သွားရောတဲ့။
ဒါနဲ့ ဆရာမလေးက တစ်မြို့လုံး သိကုန်ပြီ။ လာတောင်းပါတော့ ဆိုတော့ နောက်တစ်မျိုး။ အဖေလုပ်တဲ့သူနဲ့ ရပ်ကွက်လူကြီးကို ဒီနားခဏဆိုပြီး မလေးမေမိဘ တွေရဲ့အိမ်ကို ခေါ်သွားတယ်။ ဟိုရောက်တော့မှ ကျွန်တော် မိန်းမလာတောင်းတာပါ လုပ်ရော။ ယောက္ခထီးလောင်းကြီးက “ဟာ ... ဒီလိုမလုပ်လို့မရဘူး၊ လူလေးနှစ်ယောက် နဲ့၊ လူကြီစုံရာနဲ့မှ” လို့ ကန့်ကွက်တော့ ချက်ချင်း ဒေါနဲ့ မောနဲ့ ထွက်လာပြီး သစ်ထုတ်လုပ် ရေးက တီအီးကားကြီးနဲ့ တစ်မြို့လုံးက အဘိုးကြီးတွေ ထိုင်နေကျ လက်ဖက်ရည်ဆိုင် တွေကို သွား၊ အကုန်ခေါ်တင်ပြီး ပြန်သွားရော။သတိုးသမီးလောင်းအိမ်ပေါ်မှာ အဘိုးကြီး တွေ အပြည့်နဲ့ ထိုင်စရာနေရာတောင် မရှိတော့ဘူးတဲ့။ ယောက္ခထီးကို မေးသေးတာ “ဦးလေး၊ လူကြီးတွေစုံတယ်နော်” တဲ့။ အဲဒီ လိုဂွတိုက်တာဗျ။
နောက် သူတို့ အိမ်ထောင်ကျတော့ ဆရာမလေးကို ဘယ်လိုခေါ်တယ် ထင် သတုံး။ “ညီမလေး” တဲ့။ ရေလည်နုတာ။ အသက်အရွယ် ရလာတဲ့အထိ ညီမလေးပဲ။ "ညီမလေး . . . ကိုယ်ဗိုက်ဆာတယ်၊ ထမင်းလေး ခူးကျွေးပါလား” ဘာညာ အဲဒီလိုတွေ မောင်ပါပီ ကြားဖူးခဲ့တယ်။ ထမင်းတွေ ဘာတွေ ပျော့သွားတဲ့အခါလည်း ”ညီမလေးရာ... ထမင်းတွေက ပျော့သွားတယ်၊ ရေရဲ့သိပ်သည်းဆကို ကိုယ်ဘယ်လို ရှင်းပြရမလဲဟင်..” ဘာညာဆိုပြီး အပြောလေးတွေက အဲဒီလိုရယ်။
အခုတော့ အဲဒီအဘိုးလေး ဆုံးရှာပါပြီ။
သူ့ဆရာမလေး အဘွားလေးမေဆီ တစ်ခါက
မောင်ပါပီ သွားလည်တော့ သူတို့အခန်းထဲက ကြွက်လျှောက်တန်းလေးပေါ်မှာ မြေဖြူခဲနဲ့
ရေးခြစ်ထားတဲ့စာကြောင်းလေးတစ်ခုတွေ့ခဲ့တယ်။ မင်္ဂလာဦးည၊
မင်းတို့အဘိုးလေး ရေးသွားခဲ့တာလေးပေါ့တဲ့ ။စာကြောင်းက မှိန်ဖျော့နေပါပြီ။
ရေးထားတာက ...
❝ ညီမလေးကို ကိုယ်ချစ်တယ် ... ❞ တဲ့ ။
• ပါပီယွန် - သည်း​မြေဖြူ•

image

စီချွမ်ဝက်နားရွက်သုပ်
••••••••••••••••••••••

ဝက်နားရွက်..........၁ခု
ချင်းသေးသေး.......၁တက်
ကြက်သွန်ဖြူ.........၃တက်
သံပုရာသီး............၁လုံး
နံနံပင်.. ..............အနည်းငယ်။
စီချွမ်ငရုတ်နှစ်........၁ဇွန်း

စီချွမ်ငရုတ်နှစ်ဆိုတာ..တရုတ်ပြည်ကတင်သွင်းတဲ့ဆီတိုဟူး၊မှိုကြော်စတာတွေကိုပုလင်းနဲ့စည်သွပ်ထားတဲ့ပုံစံလေးတွေပါ။အဖုံးအနီ၊တံဆိပ်ပတ်အနီရောင်မှာမျက်မှန်နဲ့လူတစ်ဦးပုံပါတတ်တဲ့တံဆိပ်မျိုးပါ။
တခြားအရသာကောင်းမယ့်စီချွမ်ငရုတ်အနှစ်များလဲသုံးနိူင်ပါတယ်။

စီချွမ်ငရုတ်သီးအနှစ်ဟာတခြားဟင်းခတ်အမွှေးအကြိုင်တွေနှင့်အတူရောပြီးဆီသတ်ထားတာကြောင့်ထမင်းဖြူနဲ့ဒီတိုင်းနယ်စားလဲအရသာရှိလှပါ
တယ်။

ဝက်နားရွက်ကိုရေဆေးပြီးအရသာနယ်ကာ..ချင်းတစ်တက်လောက်ဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။

အရမ်းနှုးအောင်ပြုတ်ဖို့မလိုအပ်ပဲခပ်ကြွပ်ကြွပ်လေးဖြစ်နေဖို့သတိထားပြီးပြုတ်ပါ။

ချင်းနှင့်ကြက်သွန်ဖြူကိုရောပြီးညှက်နေအောင်ထောင်းပြီးရေလေးအနည်းငယ်နှင့်ဖျော်ထားပေးပါ။

ဝက်နားရွက်နှုးတဲ့အခါပါးပါးလေးလှီးပါ။

စီချွမ်ငရုတ်အနှစ်၊သကြား၊ပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့်၊သံပုရာရည်လေးညှစ်ပြီးချင်းနှင့်ကြက်သွန်ဖြူရောထောင်းထားသောအရည်လေးဆမ်းကာခပ်ဖွဖွနယ်ပေးပါ။

နှမ်းလှော် နှင့်နံနံပင်လေးအလှဆင်လိုက်ရင်လွယ်ကူရိုးရှင်းပြီးမွှေးရနံ့သင်းပျံ့တဲ့စီချွမ်ဝက်နားရွက်သုပ်လေးအဆင်သင့်ဖြစ်ပြန်ပါပြီ။

image