ဘလက်ဘန်းအသင်းတွင် လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရတဲ့ ယူနိုက်တက်စတားဟောင်း
====================
ယူနိုက်တက်နောက်ခံလူဟောင်းဖီးလ်ဂျုံးစ်ဟာ နည်းပြဘဝ ပထမခြေလှမ်းအဖြစ် ဘလက်ဘန်းအသင်းတွင် နည်းပြမိုက်ကယ်အိုနေးလ်ရဲ့ လက်ထောက်နည်းပြများအဖြစ် ရိန်းဂျားနှင့် ဆောက်သမ်တန်အလယ်တန်းကစားသမားဟောင်းစတီဗင်ဒါးဗီးစ်နှင့်အတူ ခန့်အပ်ခြင်းခံလာရပါတယ်။
မြောက်အိုင်ယာလန်နည်းပြဟာ ချန်ပီယံရှစ်ကလပ်အား ရာသီအကုန်အထိ ကိုင်တွယ်ရန် သဘောတူညီမှု ရရှိကာ ဘလက်ဘန်းနှင့် မြောက်အိုင်ယာလန်တို့အား ပူးတွဲ ကိုင်တွယ်လာမှာလည်း ဖြစ်ပါတယ်။
အိုနေးလ်ဟာ လာမယ့်လတွင် မြောက်အိုင်ယာလန်အား ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး အီတလီနှင့် ပလေးအော့ဖ်ကစားရန် ရှိပေမယ့် ဘလက်ဘန်းအား ပူးတွဲ ကိုင်တွယ်လာမှာလည်း ဖြစ်ပါတယ်။
ဖီးလ်ဂျုံးစ်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကစားသမားဘဝမှ အနားယူပြီးနောက် ယူနိုက်တက်ယူ-၁၄ ၊ ယူ-၁၈ တို့တွင် တာဝန်ထမ်းဆောင်ကာ နည်းပြအတွေ့အကြုံ ရယူခဲ့ပြီးလည်း ဖြစ်ပါတယ်။
သူဟာ ယူအီးအက်ဖ်အေအေလိုင်စင် ရရှိထားပြီးဖြစ်ကာ ပရိုလိုင်စင် ရရှိရေး လုပ်ဆောင်နေပါတယ်။
ယခုအခါ သူဟာ အိုနေးလ်ရဲ့ ဘလက်ဘန်းအား ချန်ပီယံရှစ်မှ တန်းမဆင်းရရေးအတွက် ထောက်ပံ့ကူညီလာရပါမယ်။
ဖီးလ်ဂျုံးစ်ဟာ ဘလက်ဘန်းတွင် ကစားသမားဘဝစတင်ကာ ၂၀၁၁ ခုစ်တွင် ယူနိုက်တက်သို့ ပြောင်းခဲ့ပြီး ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ ရရှိခဲ့ပါတယ်။

image

လူတန်လေဆိပ်တွင် ရဲတပ်ဖွဲ့ဝင်အား တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လီဗာပူးနှင့် အင်္ဂလန်ယူ-၂၁ စတားဟောင်း
====================
လီဗာပူးနှင့် အင်္ဂလန်ယူ-၂၁ စတားဟောင်းဂျော်ဒန်အိုင်ဘီဟာ ပြီးခဲ့တဲ့လတုန်းက လူတန်လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း သိရပါတယ်။
ဘူလ်ဂေးရီးယားကလပ် လိုကိုမိုးတစ်ဆိုဖီယာတွင် ကစားနေတဲ့ အိုင်ဘီဟာ ဒီဇင်ဘာလလယ်ပိုင်းတုန်းက လူတန်လေဆိပ်သို့ ရောက်လာချိန်တွင် ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။
အသက် ၃၀ နှစ်ရှိ အိုင်ဘီဟာ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး မတ်လ ၆ ရက်နေ့တွင် ခရွိုင်ဒန်တရားရုံးတွင် အမှုရင်ဆိုင်ရပါမယ်။
သူဟာ အမှုရင်ဆိုင်ရခြင်း မရှိသေးမီ ဘူလ်ဂေးရီးယားသို့ ပြန်သွားခဲ့ပါတယ်။
အိုင်ဘီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက လိုကိုမိုးတစ်ဆိုဖီယာသို့ ပြောင်းခဲ့ပြီးနေက် ကလပ်အတွက် တစ်ပွဲမျှ ကစားခွင့်မရသေးသူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၆ ခုနှစ်တုန်းက လီဗာပူးမှ ဘုန်းမောက်သို့ ထိုစဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။
ယခုကစားနေတဲ့ ဘူလ်ဂေးရီးယားကလပ်က အိုင်ဘီအတွက် ကစားသမားဘဝ ၁၁ ခုမြောက်ကလပ်လည်း ဖြစ်ပါတယ်။

image

သတင်းထောက်အား လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းလာတဲ့ ဂွါဒီယိုလာ
===================
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ ယနေ့ညတွင် ဆဲလ်ဖို့ဒ်နှင့် ရင်ဆိုင်ကစားရမယ့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် နည်းဗျူဟာပိုင်းနှင့်ပတ်သက်ပြီး ထဲထဲဝင်ဝင် မေးမြန်းခြင်းခံရပြီးနောက် သတင်းထောက်အား သူ့ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းလာခဲ့ပါတယ်။
မန်စီးတီးဟာ စနေနေ့ညတွင် ဆဲလ်ဖို့ဒ်နှင့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရပါမယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆဲလ်ဖို့ဒ်နှင့် ရင်ဆိုင်ခဲ့စဉ်တုန်းက ၈-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
ဂွါဒီယိုလာဟာ လိဂ် ၂ ကလပ်နှင့် ပွဲစဉ်တွင် လူစာရင်းအပြောင်းအလဲ တချို့ ပြုလုပ်လာမယ်လို့ ယူဆရပါတယ်။
ဂွါဒီယိုလာက "ကျွန်တော်ရည်မှန်းချက်က ဆဲလ်ဖို့ဒ်ကို အနိုင်ရပြီး နောက်တစ်ဆင့်သို့ တက်ဖို့ပါ။ ပြီးခဲ့တဲ့နှစ်တုန်းက သူတို့ လုပ်ပြခဲ့တာ အရမ်းကောင်းတယ်။ ဗိုလ်လုပွဲတွေနဲ့ ဆီမီးဖိုင်နယ်သို့ တက်ခဲ့တယ်။ ကံဆိုးစွာဘဲ နောက်ဆုံးဗိုလ်လုပွဲ ၂ ခုမှာ ကျွန်တော်တို့ မနိုင်ခဲ့ဘူး။ ဒါပေမယ့် အောင်မြင်မှု ရလာဖို့ မျှော်လင့်နေတယ်။ ကျွန်တော်တို့ ပွဲဆက်တွေ ကစားခဲ့ရတော့ စိတ်ပန်းလူပန်း ဖြစ်နေတယ်။ ရက်အနည်းငယ်နားခွင့်ရမယ်။ ဒီပွဲပြီးရင် အနည်းငယ်နားရက်ရဖို့မျှော်လင့်တယ်။ သူတို့က လိဂ် ၂ ကအသင်းဆိုပေမယ့် အိမ်ကွင်းမှာ ကစားရတာပါ။ ကစားသမားတွေကို ဘာအာမခံချက်မရှိတာကြောင်း အားလုံးက ခက်ခဲတဲ့အကြောင်း စိတ်ထဲမှာ ထည့်ပေးထားမယ်။ နောက်ပိုင်း လွယ်ကူလာနိုင်ပေမယ့် ကိုယ့်အလုပ်ကို ပြီးပြတ်အောင် လုပ်ရပါမယ်။ အက်ဖ်အေဖလား၊ ခါရာဘောင်ဖလားတို့မှာ ကျွန်တော်တို့က အမြဲတမ်း ရှိနေတာပါ။ ဒီလိုအမြဲရှိနေလို့လည်း အရမ်းကောင်းတယ်။ မနက်ဖြန်ပွဲလည်း ဘာမှ ထူးထူးထွေထွ မဖြစ်လာဖို့ မျှော်လင့်တယ်"လို့ ပြောကြားသွားပါတယ်။
ယင်းနောက်မှာတော့ ဂွါဒီယိုလာဟာ ယခုရာသီတွင် ရှေ့တန်း ၃ ဦးစနစ်အား အသုံးပြုနေမှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံခဲ့ရပါတယ်။
ထိုအခါ ဂွါဒီယိုလာက "ကျုပ်ရဲ့ လက်ထောက်နည်းပြ အဖြစ် မလုပ်ချင်ဘူးလား။ မင်း သောက်ရမ်းတော်တယ်။ မင်းက တကယ့်ထိပ်တန်းပဲ"လို့ ပြောဆိုခဲ့ရာ သတင်းစာရှင်းလင်းပွဲ တစ်ခန်းလုံး ရယ်သံများဖြင့် ဖုံးလွှမ်းသွားခဲ့ပါတယ်။

image

ဝါရင့်ကွင်းလယ်ကစားသမားမိုဒရစ်ကို အေစီမီလန် စာချုပ်သက်တမ်းတိုးမည်
====================

အေစီမီလန်ဟာ ဝါရင့်ကွင်းလယ်ကစားသမားလူကာမိုဒရစ်အား စာချုပ်ပါအချက်အတိုင်း တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုလာပါမယ်။
Ballon d'Or ဆုရှင် ခရိုအေးရှားအသင်းခေါင်းဆောင်ဟာ နွေရာသီတုန်းက ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာလာပြီးနောက် အေစီမီလန်သို့ ပြောင်းလာသူ ဖြစ်ပါတယ်။
သူဟာ မီလန်သို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းလာတာ ဖြစ်ပေမယ့်လည်း စာချုပ်အတွင်းတွင် ၁၂ လသက်တမ်းတိုးနိုင်မယ့်အချက် ထည့်သွင်းချုပ်ဆိုထားပါတယ်။
မိုဒရစ်ဟာ အသက် ၄၀ နှစ်ရှိပေမယ့်လည်း အေစီမီလန်အတွက် စီးရီးအေပွဲ ၂၃ ပွဲကစားထားကာ ၂ ဂိုးသွင်းပြီး အဓိကနေရာမှ ကစားနေသူလည်း ဖြစ်ပါတယ်။
အေစီမီလန်ဟာ မိုဒရစ်အား စာချုပ်သက်တမ်းတိုးရေး ဆုံးဖြတ်လာသလို တဖက်တွင် နံပါတ်တစ်ဂိုးသမားမိုက်မိုင်နန်၊ နောက်ခံလူဖီကာယိုတိုမိုရီနှင့် အမေရိကန်စတားပူလီဆစ်တို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေပါတယ်။

image

ချန်ပီယံလိဂ် Play-offs အဆင့်မှာ ရီးယဲလ်ကို ဘင်ဖီကာ ကျော်ဖြတ်နိုင်ရင် မော်ရင်ဟို စံချိန်သစ်တင်မယ်

ဘင်ဖီကာအသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ချန်ပီယံလိဂ် Play-offs အဆင့်မှာ ရီးယဲလ်ကို ကျော်ဖြတ်နိုင်ရင် မတူညီတဲ့ ကလပ်အသင်း(၇)သင်းနဲ့ ချန်ပီယံလိဂ်ရှုံ့းထွက်အဆင့် တက်ရောက်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် စံချိန်သစ် တင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။
မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ ကလပ်အသင်း(၆)သင်းကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပို့ဆောင်ပေးထားတာကြောင့် ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီနဲ့ တူညီစွာရပ်တည်နေပါတယ်။
မော်ရင်ဟိုဟာ ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူနဲ့ စပါးအသင်းတွေကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ပေါ်တိုနဲ့ အင်တာမီလန်အသင်းတွေမှာတော့ ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့ပါတယ်။
ဘင်ဖီကာအသင်းဟာ ချန်ပီယံလိဂ် Play-offs အဆင့်မှာ ရီးယဲလ်အသင်းနဲ့ ဆုံတွေ့နေတာကြောင့် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ မလွယ်ကူပေမဲ့ League Phase အဆင့် နောက်ဆုံးပွဲစဉ်မှာတုန်းက (၄-၂)ဂိုးနဲ့ အနိုင်ရထားတဲ့ မှတ်တမ်းတော့ ရှိနေပါတယ်။
ဘင်ဖီကာအသင်းဟာ Play-offs အဆင့် ပထမအကျော့ကို ဖေဖော်ဝါရီ(၁၇)မှာ အိမ်ကွင်း၊ ဒုတိယအကျော့ကို ဖေဖော်ဝါရီ(၂၅)မှာ အဝေးကွင်းအဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

image

ဒဏ်ရာရကစားသမားတွေ ထပ်တိုးလာခြင်းအတွက် စိုးရိမ်ကြောင်းနဲ့ ကစားသမားတချို့ ပြန်ကစားနိုင်ဖို့ လိုနေပြီဖြစ်ကြောင်း အာတေတာ ပြောကြား

အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက အသင်းမှာ ဒဏ်ရာရကစားသမားတွေ ထပ်တိုးလာခြင်းအတွက် စိုးရိမ်မိကြောင်း ဝီဂန်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မနေ့က FA ဖလားစတုတ္ထအဆင့်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ အာဆင်နယ်အသင်းက League One ကလပ် ဝီဂန်အသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရပြီး ပဥ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ ကစားသမားတချို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ကာလာဖီအိုရီက ပွဲမတိုင်ခင် လေ့ကျင့်မှုပြုလုပ်ရာမှာ ဒဏ်ရာရရှိခဲ့တာကြောင့် လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့ရသလို ဘန်ဝှိုက်ကလည်း ဒုတိယပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။
အသင်းခေါင်းဆောင် အော်ဒီဂွါကလည်း ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ဝီဂန်နဲ့ပွဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် အသင်းရဲ့လူစာရင်းအပေါ် စိုးရိမ်နေပြီလားလို့ မေးမြန်းမှုကို အာတေတာက ''ဟုတ်ပါတယ်။ အရင်က တိုက်စစ်မှူးတွေ ဒဏ်ရာရခဲ့ပြီး နောက်တော့ နောက်ခံလူတွေ ဒဏ်ရာရခဲ့တယ်။ အခု ကွင်းလယ်ကစားသမားတွေ ဒဏ်ရာရလာပြီ။ ကျွန်တော်တို့ အဲဒီလိုအခြေအနေနဲ့ လုပ်ကိုင်နေရတာပါ။ ကစားသမားတချို့ ပြန်ကစားနိုင်ဖို့ လိုအပ်နေပါပြီ။ အရေအတွက်တင် မဟုတ်ဘဲ ကွဲပြားတဲ့နေရာတွေမှာ ကစားသူတွေ ဖြစ်ဖို့လိုပါတယ်။ သူတို့ မြန်မြန်ပြန်ကစားနိုင်လေ ပိုကောင်းလေပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ တိုက်စစ်ကစားသမား ဟာဗက်ဇ်က တစ်လဝန်းကျင်အနားယူရမှာဖြစ်သလို၊ မယ်ရီနိုကလည်း ရာသီကုန်အထိ အနားယူရဖွယ်ရှိနေပါတယ်။
အာတေတာက ကာလာဖီအိုရီနဲ့ ဘန်ဝှိုက်တို့ရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်သွားရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

image

အနီကတ်ပြခံရတဲ့ တိုက်စစ်မှူး မိုရာတာကို နည်းပြ ဖာဘရီဂတ်စ် ပြင်းပြင်းထန်ထန် ဝေဖန်

ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်က ဖီအိုရင်းတီးနားအသင်းကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲမှာ အနီကတ်ပြခံရတဲ့ တိုက်စစ်မှူး
မိုရာတာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
မိုရာတာ(၃၃ မိနစ်)ဟာ အခုပွဲမှာ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ၈၈ မိနစ်မှာ ဖီအိုရင်တီးနားဂိုးသမား မန်ဒရာဂေါ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့လို့ အဝါကတ် ပြသခံရပြီး တစ်မိနစ်အကြာမှာ
ပွန်ဂရာချစ်ကို ပြစ်ဒဏ်ကျူးလွန်လို့ ဒုတိယအဝါကတ်ပြသခံရကာ ထုတ်ပယ်ခံခဲ့ရပါတယ်။
ကိုမိုအသင်းဟာ နှစ်ဂိုးအရှုံးကနေ လိုက်ကစားခဲ့ရပေမဲ့ Own Goal တစ်ဂိုး ပြန်ရခဲ့လို့ ၁-၂ ဂိုးဖြစ်နေချိန် သရေမျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပါတယ်။
ဖာဘရီဂတ်စ်က ''ရန်စမှုဟာ ဘောလုံးရဲ့အစိတ်အပိုင်းပါ။ ဒါနဲ့ လိုက်လျောညီထွေမဖြစ်ရင် အခြားအားကစားကိုသာ သွားကစားသင့်ပါတယ်။
သူ့လို အတွေ့အကြုံရင့်ကစားသမားတစ်ယောက်ထံကနေ ကျွန်တော် များစွာမျှော်လင့်ထားတာပါ။ ကျွန်တော်တို့ ဆင်ခြေမပေးပါဘူး။
ပြီးတော့ ကွင်းထဲမှာ တခြားသူတွေ ကျွန်တော်တို့ကို သက်ရောက်မှု ကြီးမားစေမယ့်ဖြစ်ရပ်တွေကိုလည်း ခွင့်မပြုနိုင်ပါဘူး''လို့ ပြောခဲ့ပါတယ်။
နွေရာသီက အေစီမီလန်ကနေ အငှားပြောင်းရွှေ့လာတဲ့ မိုရာတာဟာ အခုရာသီ ၁၈ ပွဲမှာ တစ်ဂိုးသာ သွင်းယူထားခဲ့ပါတယ်။
ဖာဘရီဂတ်စ်နဲ့ မိုရာတာတို့ဟာ ချယ်လ်ဆီးအသင်းမှာ နှစ်နှစ်ကြာ အတူတွဲကစားဖူးတဲ့ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ပါတယ်။

image

အာနိုးလ်လိုကစားသမားမျိုးရှိတာ ရီးယဲလ်အတွက် ကံကောင်းတယ်လို့ အာဘီလိုအာ
မှတ်ချက်ပြု

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အာဘီလိုအာက နောက်ခံလူ အာနိုးလ်လိုကစားသမားမျိုးရှိတာ အသင်းအတွက် ကံကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အာနိုးလ်ဟာ အခုပွဲမှာ ဂွန်ဇာလိုဂါစီယာရဲ့အဖွင့်
ဂိုးကို ဖန်တီးပေးခဲ့တာဖြစ်တယ်။
၎င်းအနေနဲ့ ရီးယဲလ်အသင်းကို ရောက်လာပြီးနောက် ပထမဆုံးအကြိမ် လာလီဂါနှစ်ပွဲဆက်
ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။
အခုနွေရာသီမှာ ရီးယဲလ်ကို ရောက်လာတဲ့ အာနိုးလ်ဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ပွဲချိန် ၄၆၆ မိနစ်သာ ကစားထားခဲ့ရတယ်။
''ကျွန်တော်တို့ဟာ ထရန့်(အာနိုးလ်)နဲ့ပတ်သက်ပြီး အသစ်တစ်ခုခုကို ရှာဖွေတွေ့ရှိမှာ မဟုတ်ပါဘူး။
သူ့အနေနဲ့ ဘယ်လိုနားလည်သလဲ၊ နေရာလွတ်တွေ ဘယ်လိုရှာဖွေသလဲဆိုတာကို မြင်ရတဲ့ တကယ်လှပတဲ့ အံ့အားသင့်စရာပါပဲ။ ဒီလိုအရာမျိုး ကျွန်တော်တို့ ဘာလိုချင်သလဲဆိုတာကို နားလည်တဲ့ ကစားသမားတွေရှိတာဟာ နည်းပြတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်''လို့ အာဘီလိုအာက ပြောခဲ့ပါတယ်။
အာနိုးလ်ဟာ အခုပွဲမှာ ပွဲထွက်ခွင့်ရပေမဲ့ မိနစ် ၆၀ မှာ ကာဗာဟယ်လ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

image

တံကောက်ကြောဒဏ်ရာရခဲ့တဲ့ ဂီမာရေ့စ် နှစ်လခန့် အနားယူရဖွယ်ရှိ

နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနို
ဂီမာရေ့စ်ဟာ တံကောက်ကြောဒဏ်ရာနဲ့ နှစ်လခန့် အနားယူရဖွယ် ရှိနေပါတယ်။
ဘရာဇီးလ်ကွင်းလယ်လူဟာ စပါးအသင်းကို
၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ ပွဲပြီးခါနီးမှာ ဒဏ်ရာရခဲ့တာဖြစ်တယ်။
၎င်းဟာ ခြေချင်းဝတ်ဒဏ်ရာက ပြန်လာပြီး ဒုတိယပွဲမှာပဲ ဒဏ်ရာထပ်ရသွားခဲ့တာပါ။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဂီမာရေ့စ်ဟာ ယခင်က တံကောက်ကြောဒဏ်ရာ မရခဲ့ဖူးလို့ အနည်းငယ်စိုးရိမ်စရာလို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ဂီမာရေ့စ်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အနိုင်ရာခိုင်နှုန်း ၅၃.၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
နယူးကာဆယ်အနေနဲ့ ကွင်းလယ်လူ ဒဏ်ရာ
ကင်းစင်သူအဖြစ် တိုနာလီ၊ ဝဲလက်ခ်၊ ဂျာကော့ဘ်ရမ်ဆေးတို့ သုံးဦးသာ ကျန်ပါတော့တယ်။
ဂျိုးလင်တန်ကလည်း ပေါင်ခြံဒဏ်ရာနဲ့ နားနေရပြီး မိုင်လေးကတော့ ခြေထောက်ကျိုးထားခဲ့တာ
ဖြစ်ပါတယ်။

image

စီရော်နယ်လ်ဒိုထက် ပွဲပိုနည်းပြီး ဂိုး ၅၀၀ ပြည့်ခဲ့တဲ့ ဟာရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ
စီရော်နယ်လ်ဒိုထက် ပွဲပိုနည်းပြီး ကစားသမားဘ၀ ဂိုး ၅၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ဝါဒါဘရီမင်နဲ့ပွဲမှာ ပယ်နယ်တီအပါအဝင် နှစ်ဂိုးသွင်းခဲ့တဲ့ ဟာရီကိန်းဟာ ဂိုး ၅၀၀ ပြည့်မြောက်ဖို့ ကလပ်နဲ့ နိုင်ငံပွဲ ၇၄၃ ပွဲ ကစားခဲ့ရပါတယ်။
စီရော်နယ်လ်ဒိုကတော့ ၇၅၅ ပွဲအထိ ကစားခဲ့ရလို့ ဟာရီကိန်းက ၁၂ ပွဲ လျော့နည်းခဲ့တာပါ။
အာဂျင်တီးနားဘောလုံးအကျော်အမော် မက်ဆီကတော့ ၆၃၂ ပွဲမှာပဲ ဂိုး ၅၀၀ ပြည့်မြောက်
ခဲ့ပါတယ်။
ဟာရီကိန်းဟာ ကစားသမားဘ၀ ပယ်နယ်တီ ဂိုး ၁၀၀ လည်း ပြည့်မြောက်ခဲ့ပြီး ဘိုင်ယန်နဲ့ ပယ်နယ်တီ ၂၃ ကြိမ်မှာ ရာနှုန်းပြည့် ဂိုးဝင်ခဲ့ပါတယ်။
၎င်းဟာ အခုရာသီ ဘွန်ဒစ်လီဂါ ၂၂ ပွဲမှာ ၂၆ ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲစုံ ၃၉ ပွဲမှာလည်း ၄၁ ဂိုး ရှိလာ
ခဲ့ပါတယ်။
ဟာရီကိန်းရဲ့ ဂိုး ၅၀၀ နိုင်ငံလက်ရွေးစင် သွင်းဂိုး ၇၈ ဂိုးနဲ့ ကလပ်သွင်းဂိုး ၄၂၂ ဂိုး ရှိခဲ့တာဖြစ်ပါတယ်။

image