ပီအက်စ်ဗွီကို ရှုံးနိမ့်ပြီးနောက် ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်လာတဲ့ လီဗာပူး
====================

လီဗာပူးဟာ ရာသီအစတုန်းက ၇ ပွဲဆက် နိုင်ပွဲ ရရှိပြီး တာထွက်ကောင်းခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ်လို့ ယူဆခြင်းခံခဲ့ရုံသာမက ချန်ပီယံလိဂ်မှာလည်း အဆင့်တစ်ခုသို့အထိ တက်ရောက်နိုင်မယ်လို့ ယုံကြည်ခဲ့ရပါတယ်။
ဒါပေမယ့် ယခု လီဗာပူးဟာ အန်ဖီးလ်ကွင်းမှာ ပီအက်စ်ဗွီအသင်းကို ၄-၁ ဖြင့် အရှက်တကွဲ ရှုံးနိမ့်ပြီးချိန်မှာတော့ ၇၁ နှစ်အတွင်း အဆိုးရွားဆုံး ရလဒ်ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။
လီဗာပူးဟာ ၁၉၅၃-၅၄ ရာသီနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၁၂ ပွဲမှာ ၉ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ ၁၉၅၃ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ပြိုင်ပွဲအရပ်ရပ်တွင် ဂိုးကွာခြားချက် ၃ ဂိုးဖြင့် သုံးပွဲဆက် ပထမဆုံးအကြိမ် ရှုံးနိမ့်လာပါတယ်။
လီဗာပူးဟာ မာဆေးဆိုက်ရှိ အန်ဖီးလ်ကွင်းမှာ ငါးရက်အတွင်း ၇ ဂိုးအထိလည်း ‌ေးထားရပြီ ဖြစ်ပါတယ်။
ပီအက်စ်ဗွီရှုံးပွဲအပြီးတွင် လီဗာပူးအလယ်တန်းကာတစ်ဂျုံးစ်က "အရိုးသားဆုံးပြောရရင် ကျွန်တော့်မှာ အဖြေတွေ မရှိပါဘူး။ ဒါက လက်မခံနိုင်စရာပါ။ ရင်ထဲမှာ ဒေါသအလိပ်လိုက် ထွက်နေတယ်။ အခုအချိန်မှာ ပြောစရာ စကားမရှိဘူး"လို့ ပြောကြားသွားပါတယ်။
အန်းဆလော့ဟာ လီဗာပူး ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့‌ေပေမယ့် ယခုအခါမှာတော့ ရလဒ်ဆိုးရွားနေမှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်လာပြီလည်း ဖြစ်ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာ အသင်းအတွင်း ကြုံနေရတဲ့ ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့ နည်းလမ်းရှာဖွေပြီး လမ်းကြောင်းမှန်ပေါ်သို့ ပြန်ပို့ရေး ဖိအားကြုံနေရပါတယ်။
လီဗာပူးဟာ နောက်ဆုံး ၇ ပွဲတွင် ၆ ပွဲအထိ ရှုံးပွဲ ကြုံထားရတာပါ။ နိုဝင်ဘာလအစောပိုင်းတုန်းက လီဗာပူးဟာ ဗီလာနှင့် ရီးရဲလ်မက်ဒရစ်တို့ကို အနိုင်ရပြီးတဲ့နောက် စိတ်ဓာတ်ပိုင်း ပြန်လည်မြင့်တက်ကာ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်လာပြီလို့ ယူဆခဲ့ရပါတယ်။
ဒါပေမယ့် လီဗာပူးတို့ လမ်းကြောင်းမှန်ပေါ် ရောက်တာ ယာယီမျှသာ ဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ မန်စီးတီးကို ၃-၀ ဂိုးဖြင့် အရေးနိမ့်လာပါတယ်။
ယင်းနောက် နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ ရှောင်ဒိုက်ချီရဲ့ နော်တင်ဟမ်ဖောရက်စ်ကို ထပ်မံ ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၂ နေရာသို့ပါ ရောက်လာပါတယ်။
အခု ပီအက်စ်ဗွီကို အိမ်ကွင်းရှုံးနိမ့်ပြီးချိန်မှာတော့ ချန်ပီယံလိဂ်မှာလည်း အဆင့် ၁၃ နေရာသို့အထိ ရောက်လာပါတယ်။
ယင်းသို့ ရလဒ်ဆိုးရွားနေပေမယ့်လည်း လီဗာပူးဟာ အန်းဆလော့ကို အရင်စလို ထုတ်ပယ်လာမယ့် အခြေအနေမှာတော့ မရှိပါဘူး။
ဆလော့အတွက် နောက်ထပ် ပြဿနာကတော့ နွေရာသီတုန်းက ပေါင်သန်းလေးရာကျော် အသုံးပြုပြီး ခေါ်ယူထားတဲ့ ကစားသမားအများစုက အလုပ်ဖြစ်မနေတာပါ။
စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ အလက်ဇန္ဒားအီဆက်ခ်နှင့် ဖလိုရီယန်ဝါ့ဇ်တို ယခုတိုင် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်ခြင်း မရှိသေးသလို ဖန်တီးမှုလည်း မပြုလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် ဘယ်နောက်ခံလူမီလို့စ်ကာကတ်ဇ်ကလည်း ရုန်းကန်နေရပါတယ်။
ယခုအခါ ဖီယင်နုနည်းပြဟောင်းဟာ ဒတ်ချ်ထိပ်သီး ပီအက်စ်ဗွီနှင့် ရင်ဆိုင်ရတဲ့ နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲတည်းပဲ (သုံးပွဲသရေ၊ ၄ ပွဲရှံး)အနိုင်ရထားတဲ့မှတ်တမ်းပိုင်ဆိုင်ထားပါတယ်။
ဒီလို ရလဒ်ဆိုးရွားမှုတွေကြုံရပေမယ့်လည်း ဆလော့ကတော့ အနာဂတ်နှင့်ပတ်သက်ပြီး တွေးပူမနေပါဘူး။ အသင်းရဲ့ အခြေအနေကို အလှည့်အပြောင်း ဖြစ်အောင် လုပ်ဖို့ပဲ အာရုံစိုက်နေပါတယ်။
အသက် ၄၇ နှစ်ရှိ နည်းပြက "ပိုကောင်းအောင် လုပ်ရမယ်။ တစ်နေ့ချင်းစီ အသင်းကို ပိုကောင်းအောင် ကြိုးစားနေတယ်။ ဒီအတွက်ပဲ အဓိက အာရုံစိုက်ထားပါတယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ပီအက်စ်ဗွီကို မရှုံးနိမ့်မီ ချန်ပီယံလိဂ် ၄ ပွဲတွင် ၃ ပွဲ အနိုင်ရထားခဲ့တာပါ။
ဒါပေမယ့် ပီအက်စ်ဗွီကို ရှုံးနိမ့်ပြီးနောက်မှာတော့ ထိပ်ဆုံး ၈ သင်းစာရင်းကနေ ဖယ်ရှားခံလာရပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တက်ရေးအတွက် အင်တာမီလန်၊ မာဆေးတို့နှင့် ရင်ဆိုင်ရပါဦးမယ်။
လီဗာပူးဟာ တနင်္ဂနွေနေ့မှာ လန်ဒန်သို့ သွားရောက်ပြီး ဝက်စ်ဟမ်းနှင့် ပွဲကြပ်ကစားရပါဦးမယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

မြဝတီတွင်ရေဆင်းကူး၍ ပျောက်ဆုံးလေးဦးထဲမှ နှစ်ဦးရုပ်အလောင်းပြန်တွေ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရေဆင်းကူးရာမှ ပျောက်ဆုံးနေသည့်အမျိုးသားလေးဦးထဲမှနှစ်ဦး၏ရုပ်အလောင်းကို ယနေ့(နိုဝင်ဘာ ၂၅ ရက်) နံနက် ၉ နာရီတွင်ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံး(ဗဟို)ထံမှသိရသည်။
“ဒီနေ့ကိုးရက်မြောက်နေ့ပေါ့။ ကျွန်တော်တို့ပြောတဲ့ ထင်နေတဲ့နေရာပေါ့။ ကျွန်တော်အရင်ခန့်မှန်းတဲ့ နေရာရဲ့ဝါးနှစ်ပြန်လောက်ရှိတဲ့နေရာမှာ သဲဖုံးသွားတာ။ သူတို့က သဲစုပ်စက်အောက်မှာနစ်မြုပ်နေတာဖြစ်မယ်။ မနက်ပိုင်းစက်နှိုးလိုက်တဲ့အချိန်မှာ သဲစုပ်တဲ့အချိန်ပေါ်လာတာ။ ပုပ်ပွလာတဲ့အခါ အခုနှစ်ယောက်တော့ပေါ်လာပြီ။ တွေ့တဲ့အလောင်းနှစ်လောင်းကလည်း တစ်လောင်းနဲ့ တစ်လောင်းနီးနီးနားနားမှာပဲ။ အလောင်းမှာနီမြန်းနေတာတွေကတော့ အောက်မှာသဲတိုက်စားထားတာတွေကြောင့် ဖြစ်မှာပေါ့။ ကျန်တဲ့နှစ်ယောက်ကိုလည်း အဲဒီနေရာမှာပဲ ပြန်လည်ရှာဖွေနေပါတယ်” ဟု အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံးမှတာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ရှာဖွေတွေ့ရှိသည့်ရုပ်အလောင်းများကို မြဝတီမြို့ရှိပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး ရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ အတည်ပြုချက်မရရှိသေးသောကြောင့် အတိအကျမသိရသေးကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံး (ဗဟို) ထံမှသိရသည်။
ရေနစ်သေဆုံးခဲ့သူများမှာ အသက်(၃၀) ဝန်းကျင်ရှိအမျိုးသားလေးဦးသည် မြဝတီမြို့သို့လာရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ၎င်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်တွင် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ချောင်းဆုံတံတားအနီးရေဆင်းကူးပြီး အချင်းချင်းရေကူးပြိုင်ရာမှ တစ်ဦးရေနစ်ခဲ့ပြီး ကျန်သုံးဦးပါပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

image

ယခုဘဏ္ဍာနှစ် ခုနစ်လတာအတွင်း ပြည်ပသို့ငါး မက်ထရစ်တန် ၁၆၀၀၀၀ ကျော် တင်ပို့

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာတွင် ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ၃၁ ရက်အထိ ခုနစ်လတာကာအတွင်းg;မက်ထရစ်တန် ၁၆၀၀၀၀ ကျော် တင်ပို့ထားပြီး ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပုံမှန်ကုန်သွယ်မှု ပင်လယ်ရေကြောင်းမှ ငါးမက်ထရစ်တန် ၈၅၇၅၆ ဒသမ ၉၁ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၈၄၆ သန်း၊နယ်စပ်ကုန်သွယ်ရေးမှ ငါးမက်ထရစ်တန် ၇၉၃၅၂ ဒသမ၄၇၇ တန်တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၂၅၁သန်း ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ငါးအပါအဝင် အခြားရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ခုနစ်လတာကာလအတွင်း ရေထွက်ကုန် စုစုပေါင်း မက်ထရစ်တန် ၂၃၄၁၀၇ ဒသမ ၀၈၆ တန်တင်ပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိတွင် ပြည်တွင်းမှ ထွက်ရှိသည့် ငါး၊ ပုစွန်စသည့် ရေထွက်ကုန် ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျပန် စသည့် ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

image

ထိုင်းနိုင်ငံနှင့် နယ်နိမိတ်တိုင်းတာခြင်းအပါအဝင် မြစ်ချောင်းများအတွင်း သွားလာရေး၊ မြစ်ချောင်းရေအသုံးချခြင်းများအတွက် မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီဖွဲ့စည်း

ထိုင်းနိုင်ငံနှင့် နယ်နိမိတ်တိုင်းတာခြင်းအပါအဝင် မြစ်ချောင်းများအတွင်း သွားလာရေး၊ မြစ်ချောင်းရေအသုံးချခြင်းများအတွက် မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီဖွဲ့စည်းလိုက်သည်ဟု မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါကော်မတီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန နယ်နိမိတ်ဌာနကမှ ညွန်ကြားရေးမှူးက တာဝန်ယူမည်ဖြစ်သည်။
အဖွဲ့ဝင်များအဖြစ် ထိုင်းနိုင်ငံရှိ မြန်မာသံအမတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ရေတပ်ပင်မတိုင်းတာရေးတပ်မှ တပ်မှူး၊ ပြည်ထဲရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် အပါအဝင် အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ထိုင်း ပူးတွဲနယ်နိမိတ်ကော်မတီမှာ မြန်မာ- ထိုင်းနယ်နိမိတ်တိုင်းတာသတ်မှတ်ရေး၊ မြစ်ချောင်းရေ အသုံးချရေး၊ မြစ်ချောင်းအတွင်း သွားလာရေးတို့နှင့် ပတ်သက်ပြီး နှစ်နိုင်ငံအခြေခံသဘောတူညီချက်များ ရရှိရေးအတွက် နည်းလမ်းရှာဖွေရေးကိစ္စတို့ကို တာဝန်ယူဆောင်ရွက်ရန်၊ ထိုင်းအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းရရှိမှုကို အခြေပြု၍ နယ်နိမိတ်သတ်မှတ်ခြင်း၊ မြစ်ချောင်းရေအသုံးချခြင်း၊ မြစ်ချောင်းအတွင်း သွားလာခြင်းတို့နှင့် ပတ်သက်၍နှစ်နိုင်ငံအခြေခံသဘောတူညီချက်များရရှိရေးအတွက် နည်းလမ်းများရှာဖွေရာတွင် လိုက်နာရမည့်လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်၊ နယ်နိမိတ်များ တိုင်းတာသတ်မှတ်ရေးနှင့် ပတ်သက်၍ နယ်နိမိတ်စာချုပ်များ ရေးဆွဲချုပ်ဆိုနိုင်သည်အထိ လုပ်ငန်းကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ရန် အစရှိသည်တို့ ပါဝင်သည်။

image

ဆေးဝါးဈေးနှုန်းများ ဈေးကွက်အတွင်း ကျဆင်းလာခြင်းမရှိသေးဘဲ ကုမ္ပဏီအချို့၏ ဈေးနှုန်းကစားလိုမှု၊ ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်း ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီး ပြောကြား

ဆေးဝါးဈေးနှုန်းများ ဈေးကွက်အတွင်း ကျဆင်းလာခြင်းမရှိသေးဘဲ ကုမ္ပဏီအချို့၏ ဈေးနှုန်းကစားလိုမှု၊ ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်း ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားသည်။
နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက စာရင်းများအရ ဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်း ကုမ္ပဏီ ၆၄၆ ခုရှိပြီး ကုမ္ပဏီများ၏ လျှောက်ထားပစ္စည်းများကို ဆေးရုံများနှင့် ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ဦးစားပေးအနေဖြင့် ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခြင်းမရှိသေးသကဲ့သို့ ဆေးပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရကြောင်း၊ ပုံမှန်လိုင်စင်ခွင့်ပြုပေးနေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကို ထိန်းပြီး ဈေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှု လျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ဈေးကွက်သဘောတရားအရ အရင်းအနှီးနှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကုမ္ပဏီကြီးများအနေဖြင့် ဈေးကွက်ကို လွှမ်းမိုးသည့်အခြေအနေ (Dominant Postion) ကို ပိုင်ဆိုင်နိုင်ကြကြောင်း ပြောကြားသည်။
သို့ရာတွင် ဈေးကွက်လွှမ်းမိုးထားသည့်အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကို မကစားကြရန်၊ ဈေးနှုန်းထိန်းချုပ်ခြင်း မပြုလုပ်ကြရန်၊ အခြားပြိုင်ဘက် ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင် မပြုလုပ်ကြရန် အသိပေးပြောကြားလိုကြောင်း၊ ဆေးပစ္စည်းရောင်းချခြင်းသည် ပရဟိတဆန်သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကုမ္ပဏီတစ်ခုနှင့်တစ်ခု ထိန်းကျောင်းပြီး ပြည်သူ့လူမှုဘဝ တိုးတက်စေရေးကို မေတ္တာထားကာ ကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့် ပြည်တွင်း၌ ဆေးအမျိုးအစား ယခုထက်ပိုမို၍ စုံလင်ပြီး ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် နိုင်ငံခြားငွေ အသုံးပြုမှု လျော့ကျသွားမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှု၊ ဆေးဝါးထောက်ပံ့ပေးနိုင်မှုနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းပေးနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

image

ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများ သွားရောက်စစ်ဆေးကြရန် UEC တိုက်တွန်း

ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အထွေထွေရွေး‌ကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများကို သွားရောက်ကြည့်ရှူကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး တိုက်တွန်းထားသည်။
ဒုတိယအကြိမ် မဲစာရင်းများကို နို၀င်ဘာ (၂၁) ရက်မှစတင်ကာ ဒီဇင်ဘာလ (၄) ရက်အထိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားခြင်းဖြစ်သည်။
မဲစာရင်းများ သွားရောက်ကြည့်ရှုကာ မိမိ၏ အမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်သည်ဟုလည်း UEC က ဆိုသည်။
ယင်းနည်းတူ အမည်နှင့် အချက်အလက်များကို ကန့်ကွက်ရန်ရှိပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်ကာ အချက်အလက်များ ပြင်ဆင်ရန်ရှိပါက ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားရမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ယင်းပုံစံများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူကာ လျှောက်ထားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

image

ယနေ့ ဖူးတွေ့ရသည့် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

ရန်ကုန်မြို့၊ အင်းလျားရိပ်သာလမ်းရှိ ပညာဘူမိတက္ကသိုလ်၌ ယနေ့ နိုဝင်ဘာလ (၂၆) ရက်တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံက (၇) ရက်သားသမီးများ၏ ‌ဓမ္မဒါနကောင်းမှုများအတွက် အပူဇော်ခံခဲ့ကြောင်း သိရသည်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသအား ဖူးမြှော်ရန် ရပ်နီးရပ်ဝေးမှ လာရောက်စောင့်ဆိုင်းဖူးမြှော်သူများပြားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံကို Zaw Win Hlaing FB မှ ကူးယူဖော်ပြပါသည်။

image

ယာဉ်များ၌ အခြားနံပါတ်ပြားနှင့်ဆူညံကိရိယာတပ်လျှင် အရေးယူမည်
-----------------------

မော်တော်ယာဉ်တွေမှာ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးထားတဲ့ မော်တော်ယာဉ်နံပါတ် ပြားမဟုတ်ဘဲ တခြားနံပါတ်ပြားတွေ တပ်ဆင်တာနဲ့ ဆူညံသံဖြစ်ပေါ်စေတဲ့ ကိရိယာတွေ တပ်ဆင်အသုံးပြုတဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးယာဉ်တွေကို ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က အသိပေးကြေညာ ထားပါတယ်။
ဒါ့အပြင် မူလနံပါတ်ပြားကို အလှဆင်ပြုပြင်ထားတဲ့ နံပါတ်ပြားတွေ တပ်ဆင်တာ၊ အလှဆင်နံပါတ်ပြားတွေ တပ်ဆင်တာတွေကိုလည်း မပြုလုပ်ဖို့ အသိပေးထားပါတယ်။
အလားတူ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေနဲ့ သုံးဘီးတပ်ယာဉ်တွေမှာ အသံပိုမိုကျယ်လောင်စေဖို့ အသံထိန်းကိရိယာတွေ ပြောင်းလဲတပ်ဆင်တာ၊ အသံထိန်းကိရိယာတွေဖြုတ်ပြီး မောင်းနှင်တာ၊ ဆူညံသံ ဖြစ်ပေါ်စေတဲ့ ကိရိယာတပ်ဆင် အသုံးမပြုကြဖို့နဲ့ တပ်ဆင်အသုံးပြုတဲ့ မော်တော်ယာဉ်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ကြေညာထားပါတယ်။

image

မုန်တိုင်းငယ် မြန်မာဘက် ဦးမတည်နိုင်ဟု ထုတ်ပြန်
-------------------------

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ မလက္ကာရေလက်ကြားအနီးမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့ပေမဲ့ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမဲ့ အခြေအနေ မရှိတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ(၂၆)ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
မုန်တိုင်းငယ်ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ကော့သောင်းမြို့ရဲ့တောင်-အရှေ့တောင်ဘက် ရေမိုင်-၂၈၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ကာ နောက် ၄၈ နာရီ အတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မုတ္တမကွေ့ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တာကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့ ကြိုတင်သတိပြုသွားလာနိုင်ဖို့ကိုလည်း အသိပေးနှိုးဆော်ထားပါတယ်။

image