Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အဆစ်အမြစ်နာ၊ ဒူးနာ၊ ဂေါက်ရောဂါ၊ လေဘက်နာ တို့ကို သက်သာစေသော ပဒဲကော လိမ်းဆေးလုပ်နည်း 🌿
ပဒဲကော အစို ၁၀ သား ကို အတုံးသေးလေးတွေတုံးပြီး အရက်ဖြူ ၁ ပုလင်းနဲ့ ရောကြိတ်ပါ။ ပြီးရင် အရည်ကို စစ်ယူပြီး အပြင်ကနေပြီး နှိပ်နယ်ပေးပါ။ တစ်နေ့ကို ၃ ကြိမ် မနက်၊ နေ့လယ်၊ ည လိမ်းပေးပါ။
အဆစ်အမြစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အဆင့်တောင့်တင်းမှုတွေကို သိသိသာသာ သက်သာစေပါတယ်။ လုပ်ကြည့်ပါ၊ မခက်ခဲပါဘူးနော်။ 😊
Excel မှာ Print ထုတ်ရင် Table ပျောက်တဲ့ ပြဿနာ ဖြေရှင်းနည်း။ 🧠
1️⃣. Print Area သတ်မှတ်ခြင်း 📐
- အဆင့် ၁: Table ကို Select လုပ်ပါ။
- အဆင့် ၂: Page Layout Tab > Print Area > Set Print Area ကိုနှိပ်ပါ။
- အဆင့် ၃: Print Preview ကြည့်ပါ။
2️⃣. Page Setup ချိန်ညှိခြင်း ⚙️
- အဆင့် ၁: Page Layout Tab > Page Setup ကိုနှိပ်ပါ။
- အဆင့် ၂: Page Tab မှာ:
- Orientation: Portrait/Landscape ပြောင်းကြည့်ပါ။
- Scaling: Fit to 1 page(s) wide by 1 tall လုပ်ပါ
- အဆင့် ၃: Margins Tab မှာ Margins ချိန်ညှိပါ
- အဆင့် ၄: Sheet Tab မှာ:
- Print Titles မှာ Rows to repeat at top သတ်မှတ်ပါ
- Gridlines နဲ့ Row and column headings ကို Check လုပ်ပါ ✔️
3️⃣. Print Titles သတ်မှတ်ခြင်း 📏
- အဆင့် ၁: Page Layout > Print Titles
- အဆင့် ၂: "Rows to repeat at top" မှာ Table Header Row ကိုရွေးပါ
- အဆင့် ၃: "Columns to repeat at left" မှာ လိုအပ်ရင် Column ရွေးပါ
4️⃣. Table Style ပြန်ချိန်ညှိခြင်း
- အဆင့် ၁: Table ကိုနှိပ်ပါ
- အဆင့် ၂: Table Design Tab > Table Style Options
- အဆင့် ၃: Header Row, Banded Rows, First Column တို့ကို Check လုပ်ပါ
5️⃣. Cell Borders ပြန်သတ်မှတ်ခြင်း
- အဆင့် ၁: Table ကို Select လုပ်ပါ
- အဆင့် ၂: Home Tab > Borders > All Borders ရွေးပါ
- အဆင့် ၃: Line Style နဲ့ Line Color ပြောင်းကြည့်ပါ
6️⃣. Print Preview မှာ စစ်ဆေးခြင်း
- အဆင့် ၁: File > Print (Ctrl+P)
- အဆင့် ၂: Settings မှာ:
- Print Active Sheets ရွေးပါ
- Page Orientation ပြောင်းကြည့်ပါ
- Page Margins ချိန်ညှိပါ
7️⃣. Page Break Preview သုံးခြင်း
- အဆင့် ၁: View Tab > Page Break Preview
- အဆင့် ၂: Blue Lines ကိုဆွဲပြီး Table ပြည့်ဝအောင် ချိန်ညှိပါ
8️⃣. Alternative Solution
Table Format မသုံးဘဲ Normal Range အဖြစ်ပြောင်းပါ:
- အဆင့် ၁: Table ကိုနှိပ်ပါ
- အဆင့် ၂: Table Design > Convert to Range
- အဆင့် ၃: Borders ပြန်သတ်မှတ်ပါ
ဒီနည်းလမ်းတွေထဲက တစ်ခုခုက Table Print ထုတ်ရင် ပျောက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
ဒီပိုစ့်က မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Share & Follow လေး နှိပ်ပေးသွားပါဦး ခင်ဗျာ။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈
🎬 Creed 4 (2027) – Official Teaser
Starring: Michael B. Jordan, Tessa Thompson, Jonathan Majors
Directed by Ryan Coogler
🥊 Legacy never dies… it evolves.
Adonis Creed is back — stronger, wiser, but facing his toughest fight yet. When an unexpected figure from his father’s past resurfaces, everything Adonis built begins to crumble. With his family, reputation, and future on the line, he must confront not just his opponents in the ring… but the shadows within himself.
🔥 Tessa Thompson returns as Bianca, standing by Adonis through every hit and heartbreak. Jonathan Majors delivers a powerhouse performance as a new rival whose story mirrors Creed’s in haunting ways. Under Ryan Coogler’s vision, Creed 4 promises a gripping mix of emotion, adrenaline, and raw humanity — reminding us that some fights aren’t just about victory… they’re about redemption.
💥 “You don’t fight the man in front of you — you fight the one inside.”
⭐ Rating: 4.8/5 – A knockout of emotion and power.
#creed4 #michaelbjordan #boxinglegend
❝ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ယုတ္တိမရှိသည့် စွပ်စွဲမှုများနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဆွေးနွေးချက်များအပေါ် ပြတ်သားစွာ ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်❞
※နိုင်ငံ့တာဝန်ကို ရွေးကောက်ပွဲအနိုင်ရပါတီထံ ပုခုံးလွှဲပြောင်းပေးအပ်၍ မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို မြှင့်တင်ကာကွယ်သွားမည်ဟုဆို※
အောက်တိုဘာ ၁၄
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဆွေးနွေးချက်များအပေါ် ပြတ်သားစွာ ကန့်ကွက်ပယ်ချပြီး နိုင်ငံတော်က ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းများကို မျက်ခြည်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဂျီနီဗာမြို့တွင် စက်တင်ဘာ ၈ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၆၀) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့်အဖွဲ့၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုကို ပြုလုပ်ခဲ့သည်။
ထိုအကြိမ်တွင်လည်း ယခင်အကြိမ်များနည်းတူ သက်ဆိုင်သည့်နိုင်ငံမှ ကိုယ်စားလှယ်အား ပါဝင်ခွင့်မပြုဘဲ ကျင်းပခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့နှင့် သွေဖည်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ လူ့အခွင့်အရေးကောင်စီ၏ ဆွေးနွေးမှုများနှင့် အစီရင်ခံစာများတွင် စိစစ်အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များကို အများအားဖြင့် အသုံးပြုထားပြီး မြန်မာအစိုးရအပေါ် ထပ်တလဲလဲ စွပ်စွဲချက်များသာ ပါဝင်နေသည်ကို တွေ့ရှိရသလို ထိုသို့သော စိစစ်အတည်ပြု၍ မရသော ယုတ္တိမရှိသည့် အချက်အလက်များကို အခြေခံကာ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အကြိမ်ကြိမ် ထပ်တလဲလဲ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်ဟုလည်း ဆိုထားသည်။
ထို့ပြင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးမျက်နှာစာတွင် အရေးကြီးဆုံးသော ယန္တရားတစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုတွင် ဖြစ်ပေါ်နေသော အခြေအနေများကို လက်တွေ့ကျကျ၊ ဘက်လိုက်မှုကင်းကင်းဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ရှမြင်သုံးသပ်ခြင်းမပြုဘဲ ဘက်လိုက်ပြီး တစ်ဖက်စောင်းနင်းသော အချက်အလက်များကိုသာ အမှန်အဖြစ် ယူဆကာ ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိပြုမိကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍လည်း ❝၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ အဆင့်ဆင့်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲရလဒ်အရ အနိုင်ရရှိလာမည့် နိုင်ငံရေးပါတီထံသို့ နိုင်ငံ့တာဝန်ကို ပုခုံးလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးတို့ကို ဆက်လက်ဆောင်ရွက်လျက် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို မြှင့်တင်ကာကွယ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်သည်။❞ ဟုလည်း ဖော်ပြထားသည်။
💢𝐓𝐡𝐚 𝐑𝐚𝐞:𝐓𝐡𝐞 𝐄𝐱𝐨𝐫𝐜𝐢𝐬𝐭 💢
Genre - Horror
Language - Thailand
Subtitle - English
ထိုင်းနိုင်ငံ Nakhon ခရိုင်က ရွာလေးမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူများနဲ့ နတ်ကိုးကွယ်သူများရဲ့ ဘာသာရေး ပြသနာတွေကြား နှစ်ပေါင်း ၄၀ ကြာမြင့်ပြီးနောက်ပိုင်းမှ မကောင်းဆိုးဝါးတစ်ကောင်ပြန်လည်ပေါ်ထွက်လာပြီး ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေ ဘယ်လိုစတင်လာမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပြီး ခြောက်ခြားဖွယ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အပြင် ပုံမှန်မြင်တွေ့နေကြ ရိုးရာပုံပြင်သရဲကားတွေနဲ့ ဘယ်လိုကွဲထွက်နေမလဲဆိုတာကို
▪️စက်တင်ဘာ 26 ရက်နေ့မှစပြီး
🖤𝙈𝙚𝙜𝙖 𝘼𝙘𝙚 အဆင့်မြင့်ရုပ်ရှင်ရုံကြီးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။
အမျိုးသားယဉ်ကျေးမှုက အသက်တမျှအရေးကြီးဟု ပြော
အောက်တိုဘာ ၁၄
အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီး ထိန်းသိမ်း ကြရမည့် အမွေအနှစ်ဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အမျိုးသားယဥ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီးထိန်းသိမ်းကြရမည့် အမွေအနှစ်များပင်ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှု မြင့်မားလေ လေ၊ နိုင်ငံနှင့် လူမျိုး၏ အဆင့်အတန်းသည်လည်း မြင့်မားလေလေဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ် တည်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေး ဝိသေသလက္ခဏာ၊ ပင်ကိုယ်တန်ဖိုးနှင့် အဆင့်အ တန်းတို့ကို အမျိုးသားယဉ်ကျေးမှုကတဆင့်သာ ဖော်ညွှန်း ပြဆိုကြရခြင်းဖြစ်သည်”ဟု ပြောသည်။
၂၆ ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် ၁၆၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမှ ၅၉ ဆု၊ မန္တလေးတိုင်းဒေသကြီးမှ ၄၇ ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃၇ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၃ ဆု၊ ပဲခူးတိုင်းဒေသကြီးမှ ၂၂ ဆု၊ မွန်ပြည်နယ်မှ ၂၁ ဆု၊ မကွေးတိုင်းဒေသကြီးမှ ၁၄ ဆု၊ ကယားပြည်နယ်မှ ၁၇ ဆု၊ ရှမ်းပြည်နယ်မှ ၁၃ ဆု၊ ရခိုင်ပြည်နယ်မှ ၁၀ ဆု၊ ကရင်ပြည်နယ်မှ ၁၂ ဆု၊ တနင်္သာ ရီတိုင်းဒေသကြီးမှ ၁၃ ဆု၊ ချင်းပြည်နယ်မှ ၁၀ ဆု၊ ကချင်ပြည်နယ်မှ ၅ ဆု စသဖြင့် အသီးသီး ဆုရရှိခဲ့ကြသည်။
Credit - CNI Burmese
#သတင်းဟင်းလေးအိုးကြီး




ပြင်သစ်လက်ရွေးစင်ကို ကိုင်တွယ်ချင်တဲ့ ဆန္ဒကို ဇီဒန်း ပြော
အောက်တိုဘာ ၁၄
ရီးရယ်လ်အသင်း နည်းပြဟောင်းနဲ့ ပြင်သစ်ဂန္ထဝင် ဇီဒန်းက တစ်နေ့မှာ ပြင်သစ်လက်ရွေးစင်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ထပ်ပြီးပြောလာခဲ့ပါတယ်။
ဇီဒန်းက “ကျနော် သေချာပေါက် နည်းပြအလုပ်ကို ပြန်လာမှာပါ။ ကျနော့်အတွက် အနာဂတ်က ဘယ်လိုဖြစ်မလဲ ဆိုတာတော့ မသိပါဘူး။ ပြင်သစ်အသင်းကို နည်းပြဖို့က ကျနော့်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ Festival Dello Sport မှာ ပြောခဲ့တာပါ။
ပြင်သစ်အသင်းအတွက် ၁၀၈ ပွဲ ကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း ဇီဒန်းဟာ ရီးရယ်လ်အသင်းနည်းပြ ရာထူးကနေ ထွက်ခွာခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာဖြစ်ပါတယ်။
ဇီဒန်းဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ချန်ပီယံလိဂ်ဖလားကို ၃ ရာသီဆက်တိုက် ရယူပေးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သလို အခြားအောင်မြင်မှုတွေလည်း အများအပြား ရယူပေးနိုင်ခဲ့တာပါ။
ဇီဒန်းဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် ယူနိုက်တက်၊ PSG အသင်း အပါအဝင် နိုင်ငံအသင်း အချို့နဲ့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒါပေမယ့် ဇီဒန်းဟာ ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်း မရှိသေးဘဲ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းကို လက်ရှိ ကိုင်တွယ်နေတဲ့ နည်းပြဒက်ချမ့်စ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ထွက်ခွာဖို့ စီစဉ်ထားတာကြောင့် ဇီဒန်းဟာ သူ့ရဲ့မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။
ဇီဒန်းဟာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြရာထူးအတွက် အရင်က ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် သူက အခြားရွေးချယ်စရာတွေကို ပြုလုပ်ခဲ့တာပါ။
ဇီဒန်းက ဂျူဗင်တပ်စ်အသင်းဟာ သူ့နှလုံးသားရဲ့ အမြဲတမ်း နီးစပ်တဲ့ နေရာမှာ ရှိတယ်လို့ ပြောခဲ့ပါတယ်။
Source: Dailymail
ပုံ - ဇီဒန်းကိုတွေ့ရစဉ်
#ဘောလုံးသတင်းစုံ