ခရမ်းသီးကို ကြက်တူ​ရွေး​လေး​တွေ​ကျွေးလို့ရလား?🍆🍆🍆
တချို့က​ကျွေးတယ်. ​ကျွေးလို့ရတယ်လည်း​ပြောကြတာကို​တွေ့ဘူးပြီး..တချို့က​တော့​ကျွေးတာမ​ကောင်းဘူးလို့ဖတ်ဖူးပါတယ်..
အာလူး​လေးကို အရင်တုန်းက​ကျွေးပါတယ်.. ​
ကျွေးတာ မ​ကောင်းဘူးလို့ ဖတ်မိပြီး မ​ကျွေးဖြစ်​တော့တာပါ.
​ဖေ​ဖေ ​မေ​မေ​တွေ​ရော ​ကျွေးဖြစ်လား?
မ​ကျွေးဖြစ်ရင်လည်း ဘာ​ကြောင့်မ​ကျွေးတာလည်း
အာလုံး သိ​အောင် ဗဟုသုတ ရ​အောင် ​ပြော​ပေး​နော်..

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - မေ ၁၅ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၆၁၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၅၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၉၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၅၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၃၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၃၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၆၀ ကျပ်
ဝယ်ဈေး - ၄၁၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၂၀ ကျပ်
ဝယ်ဈေး - ၄၈၉၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၃၇ ကျပ်
ဝယ်ဈေး - ၁၂၈.၈၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၈ ကျပ်
ဝယ်ဈေး - ၁၀၆၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၀ ကျပ်
ဝယ်ဈေး - ၆၁၃ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၉ ကျပ်
ဝယ်ဈေး - ၂၆.၃၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၄၇ ကျပ်
ဝယ်ဈေး - ၄၃.၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၇ ကျပ်
ဝယ်ဈေး - ၂.၇၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၅၀ ကျပ်
ဝယ်ဈေး - ၅၆၀၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၉၃ ကျပ်
ဝယ်ဈေး - ၃၀၁၃ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၈ ကျပ်
ဝယ်ဈေး - ၃၀၄၆ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၆ ကျပ်
ဝယ်ဈေး - ၅၃၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၁ ကျပ်
ဝယ်ဈေး - ၁၁၄၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

ဒါဘယ်သူဒုန်း🙄

image
19 w - Translate

#ညဘက်ကြည့်ရဲမှကြည့်ရှယ်ကြမ်းဖြစ်ရပ်မှန်အင်ဒိုသရဲကားသစ်?မြန်မာတွေနဲ့မစိမ်းတဲ့ကျ_တ်ရွာအယူအဆကိုအမြင်သစ်တစ်မျိုးနဲ့တွေ့မြင်ကြရမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ အာယို၊ နီတာ၊ ရာကာနဲ့ယွန်းနီဆိုတဲ့ ကျောင်းစာမေးပွဲအပြီး အပန်းဖြေခရီးအနေနဲ့နယ်မြေကြမ်းတယ်လို့ နာမည်ကြီးတဲ့ ဝီလီယန်းတောင်တွေအပေါ်ကို တောင်တက်ခရီးထွက်ခဲ့ကြတဲ့ သူငယ်ချင်းလေးယောက်ကိုအခြေခံပါတယ်။
တောင်ခြေစခန်းမှာကတည်းက ဒေသခံတွေက တောင်တွေပေါ်မှာ အစောင့်အရှောက်တွေရှိတဲ့အတွက်၊ မလေးမခန့်မလုပ်မိဖို့၊ ပါးစပ်မသရမ်းဖို့၊ လူသွားလမ်းပေါ်က သွေဖ-ည်မသွားဖို့တွေကို အထပ်ထပ်မှာလိုက်ပေမယ် ခေတ်လူငယ်တွေထုံးစံ အလေးအနက်မထားတဲ့ သူတို့တစ်သိုက်ဟာ မျက်စိလည်လမ်းပျောက်ရာကနေ တောင်စော-င့်န-တ်ဖမ်_းစ_ားခံရပြီး ညဘက်ဆီမီးထွန်းချိန်မှ လူတွေအပြင်ထွက်တတ်တဲ့ ရွာကြီးတစ်ရွာကို ရောက်သွားခဲ့ပြီး ယ-ဇ်ပူ-ဇေ-ာ်ဖို့သာ-းကေ-ာင်ရှာနေတဲ့ ရွာသ-ားတွေရဲ့အန္တရ-ာ'ယ်နဲ့ရင်ဆိုင်ရပါတော့တယ်။
တကယ်ပဲ ဒီရွာကြီးကိုရောက်လာတဲ့သူတွေဟာ လွတ်လမ်းမရှိဘူးလား?
အာရုံတက်ချိန်အထိ ဒီကနေ ထွက်ခွာမသွားနိုင်ရင် သူတို့ကိုယ်တိုင်ပါ ဒီရွာသားတွေဖြစ်လာတော့မယ်ဆိုတာ အမှန်လား?
ဘာမှမသိနားမလည်ပဲဒေသခံနဲ့ရိုးရာတွေကို စေ-ာ်ကားမိခဲ့တဲ့ သူတို့အဖွဲ့အတွက် ကယ်တင်ရှင်ရှိနိုင်ပါဦးမလား? ဇာတ်ကားထဲမှာဆက်လက်ရှုစားကြပါ။
ဝီလီယန်း တောင်ပေါ်မှာ အမှန်တကယ်ပျောက်ဆုံး‌ေ-သဆုံ-းသွားခဲ့သူတွေရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်တွေကိုအခြေပြုတယ်လို့ဆိုထားလို့ရင်တထိတ်ထိတ်နဲ့ရှုစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။

image
19 w - Translate

Looking to take your taxi business to the next level? SpotnRides Taxi Dispatch Software gives you complete control. From auto-dispatching to real-time tracking, every feature is built to enhance efficiency. Power up your business growth with SpotnRides — where smart tech meets seamless fleet management.

Get a free demo: https://www.spotnrides.com/taxi-dispatch-software
Whatsapp: https://wa.me/919600695595

#taxidispatchsoftware #spotnrides #taxistartup #fleetmanagement #taxibusiness #taxiapp #ridehailingapp #ondemandtaxiapp #mobilitysolutions #ridehailingtech #taxibusinessgrowth #ondemandapp
#smartdispatch #fleetsoftware #taxiappsolutions

image
19 w - Translate

ဘာလို လူငယ်တွေ ဆန်စပါးလုပ်ငန်းကို စိတ်မဝင်စားကြတာလဲ..🌾❓
ဆန်စပါးလုပ်ငန်းနဲ့ ပက်သက်ရင် လေ့လာသူတွေ အရမ်းနည်းပါတယ်။
ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းက လူပင်ပန်းတယ်၊ စိတ်ပင်ပန်းတယ်၊ နေပူထဲမှာလုပ်ရတယ်၊ မလွယ်ကူတဲ့အလုပ်တစ်ခုဖြစ်လို့ပါ။
အခုခေတ် လူငယ်လူလက်ပိုင်းတွေ ဒီလုပ်ငန်းကို အထူးစိတ်ဝင်စားတာ မတွေ့ရပါဘူး။
ကျနော့်ရဲ့ Facebook အကောင့်နဲ့ TikTok အကောင့်တွေမှာလည်း ဆန်စပါးနဲ့ ပက်သက်ပြီး လာမေးမြန်းကြတဲ့သူတွေထဲမှာ အသက် (40/5 ဝန်းကျင် လူကြီးပိုင်းတွေ ပိုများနေတာကို တွေ့ရပါတယ်။
အသက် (20/3 အရွယ်တွေထဲမှာ ဆန်စပါးလုပ်ငန်းကို စိတ်ဝင်စားသူဆိုတာတော့ တကယ်ရှားပါတယ်။
များသောအားဖြင့် အိမ်ထောင်ကျပြီးမှ လင်ယူ၊ မိန်းမယူပြီးမှ ကိုယ်ပိုင်ဆန်ဆိုင်လေး ဖွင့်ချင်လာတယ်၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ချင်လာကြတယ်။
ဒါပေမယ့် ဘယ်ကနေစပြီး လေ့လာရမလဲ မသိတော့ဘူး။အခြေခံကတည်းက မလေ့လာထားတဲ့အတွက် ကိုယ်တိုင် စလုပ်မယ်ဆိုရင် စမ်းတဝါးဝါး ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် လူငယ်တွေကို တိုက်တွန်းချင်တာက
ကိုယ်ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ငယ်ရွယ်တဲ့အချိန်မှာ တက်မြောက်သင့်တဲ့ အတတ်ပညာတွေကို ကြိုးစားလေ့လာထားကြပါလို့ အကြံပေးချင်ပါတယ်။
သင်ယူချင်တဲ့ လူငယ်တွေရှိလား...???

image

#ငါးကြင်းရခိုင်ငပိချက်ဟင်းလေးချက်စားကြမယ်နော်

ငါးကြင်း ၂၀သားကိုတုံးပြီးရေဆေး
ဆား ဆနွင်း အရသာမှုန့်လေးနယ်ပြီးပြုတ်လိုက်ပါ။
စိမ်းစားငပိတစ်ဇွန်းကိုရေဖျော်ပြီးစစ်ထည့်ပါ။
ကြက်သွန်ဖြူ ၃လုံးထောင်းထည့်ပါ။
ငရုတ်သီးစိမ်း ၅ကျပ်သားကိုညှပ်ထည့်ပါ။
နောက်ဆုံးမှ မန်ကျည်းသီးရည်ထည့်ပါ။
လွယ်ကူရိုးရှင်းပြီး ထမင်းစားမြိန်တဲ့ ချဉ်ငံစပ်
ငါးကြင်းရခိုင်ငပိချက်လေးကို တို့စရာစုံလင်စွာနဲ့စားမယ်နော်.....

image
19 w - Translate

အမည် -ပိုက်စိ♓️
အားသာချက်- ငါးဥနှောက်ဖြစ်နေပေမဲ့ ပဝေသနီ နှစ်၅၀၀လောက်က ရစ်စရာ စိတ်ဆိုးစရာကိစ္စများအတွက်အမြဲညဏ်ကောင်း✅
အားနဲချက် - ငါးဥနှောက်ဖြစ်နေလို့ ခနခနပလေးခံရလဲမမှတ် ချစ်မြဲ ချစ်စမြဲ🫩

image

Sacabambaspis (ဆာကာဘမ်ဘပ်စ်ပစ်စ်)
​Sacabambaspis ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၅၀ လောက်က Ordovician ခေတ်မှာ နေထိုင်ခဲ့တဲ့ သွားဖုံးမပါတဲ့ ငါးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းဟာ ကျောရိုးရှိ သတ္တဝါတွေထဲက အစောဆုံး အုပ်စုဝင်ဖြစ်ပြီး သွားဖုံးမဲ့ငါး (Jawless Fish) မျိုးနွယ်ထဲမှာ ပါဝင်ပါတယ်။
​အရွယ်အစားအားဖြင့် အလျား(ပုံမှန်အားဖြင့်) ၃၅ စင်တီမီတာ(၁၄ လက်မခန့်) ခန့် ရှည်လျားပါတယ်။ သူ့ရဲ့​ခန္ဓာကိုယ်ပုံစံကတော့ ခေါင်းက အတော်လေးကြီးပြီး ခန္ဓာကိုယ်ပုံစံဟာ ဖားလောင်း (tadpole) နဲ့ ဆင်တူပါတယ်။ခေါင်းမှာ သံချပ်ကာလိုမျိုး ကြီးမားတဲ့ အရေခွံပြားတွေနဲ့လည်း ဖုံးအုပ်ထားပါတယ်။
Sacabambaspis တွေမှာ ခေတ်သစ်ငါးတွေလို အတွဲလိုက်ရှိတဲ့ ရေယက်တွေ (paired fins) မပါရှိပါဘူး။ ဒါ့ကြောင့် သူတို့ဟာ ကူးခတ်ရာမှာတော့ အားနည်းခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် သူတို့မှာ ခေတ်သစ်ငါးတွေလိုပဲ ဘေးမျဉ်းစနစ် (Lateral Line System)တော့ ပါရှိပါတယ်။ ဒီစနစ်က သူတို့ရဲ့ ခန္ဓာကိုယ် ဘေးတလျှောက်မှာ အာရုံခံ အပေါက်လေးတွေ တန်းစီရှိနေခြင်းပဲ ဖြစ်ပါတယ်။
​ဒီအပေါက်လေးတွေထဲမှာ အာရုံကြောထိပ်ဖျားတွေ ရှိပြီး ရေထဲက သေးငယ်တဲ့ လှုပ်ရှားမှုတွေကို ခံစားသိရှိနိုင်ပါတယ်။ ဒါက Sacabambaspis တွေအတွက် ပတ်ဝန်းကျင်က သားကောင်တွေရဲ့ လှုပ်ရှားမှု၊ ဦးတည်ရာနဲ့ အကွာအဝေးကို သိနိုင်ဖို့ အထောက်အကူပြုခဲ့ပါတယ်။
Sacabambaspis ရဲ့ အမြီးဖွဲ့စည်းပုံကလည်း ထူးခြားပါတယ်။ အပေါ်နဲ့အောက်ဘက်မှာ ကြီးမားတဲ့ အမြီးယက် (webs) တွေပါရှိပြီး၊ အမြီးအတွင်းကို ကျောရိုးနေရာမှာရှိတဲ့ ပျော့ပြောင်းတဲ့ ရိုးတံ (notochordal lobe)ဟာ ထိုးထွက်နေပါတယ်။ အဲဒီရိုးတံရဲ့ အဖျားမှာ သေးငယ်တဲ့ အမြီးယက်လေး တစ်ခုပါရှိပါတယ်။
​
သူ့ရဲ့ သိသာမြင်သာရှိတဲ့ နောက်ထပ် ထူးခြားချက်ကတော့ မျက်လုံးတွေပဲ ဖြစ်ပြီး ကားရှေ့မီးလိုမျိုး ခေါင်းရဲ့ အရှေ့ဆုံးမှာ ကပ်ပြီး တည်ရှိနေတာပါ။ သူ့ရဲ့ ဒီမျက်လုံးပြူးပြူးလေးတွေကြောင့်လည်း မကြာသေးမီအတွင်းမှာ ဆိုရှယ်မီဒီယာတွေပေါ်မှာ လူသိများလာခဲ့ပါတယ်။
Sacabambaspis တွေမှာ သွားဖုံးမပါပေမယ့် ပါးစပ်မှာ သေးငယ်တဲ့ အရိုးပြား ၆၀ နီးပါးလောက် တန်းစီထားပြီး အဲဒီအရိုးပြားလေးတွေက လှုပ်ရှားနိုင်တဲ့အတွက် ရေထဲက အစားအစာတွေကို စုပ်ယူစားသောက်ခဲ့တယ်လို့ ယူဆရပါတယ်။
​
ဒီငါးရဲ့ ပထမဆုံး ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ဘိုလီးဗီးယားနိုင်ငံက Sacabamba ရွာမှာ စတင်တွေ့ရှိခဲ့တာကြောင့် ဒီနာမည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ ဩစတြေးလျနဲ့ အာဂျင်တီးနားတို့လို ရှေးဟောင်း ဂွန်ဒွါးနား (Gondwana)တိုက်ကြီးရဲ့ ကမ်းရိုးတန်းတလျှောက်မှာလည်း သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ပါတယ်။
​ဘိုလီးဗီးယားနိုင်ငံမှာ တစ်နေရာတည်းကနေ Sacabambaspis မျိုးစိတ်ပေါင်း ၃၀ ခန့်ကို တွေ့ရှိခဲ့ရပြီး သိပ္ပံပညာရှင်တွေကတော့ ၎င်းတို့ဟာ ရေကြီးမှုလိုမျိုး ရုတ်တရက်ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့တယ်လို့ ယူဆကြပါတယ်။

image