မဟာဗန္ဓုလတံတားပေါ်မှအမျိုးသမီးတစ်ဦးရေထဲခုန်ချအဆုံးစီရင်
---------------------------------------------
ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတားပေါ်ကနေ နိုဝင်ဘာ၂၁ရက် ညနေ၅နာရီ၅၂မိနစ်အချိန်က အမျိုးသမီးတစ်ဦး ရေထဲခုန်ချပြီး အဆုံးစီရင်သွားတယ်လို့ ဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းကနေ သိရပါတယ်။
အဲဒီအမျိုးသမီးရဲ့ရုပ်အလောင်းကို ငါးဖမ်းလှေကို အကူအညီတောင်းပြီး ဆယ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ ရှင်သန်ရေးကူညီမှုအသင်းနဲ့အတူ ဒေါပုံမြို့နယ်မီးသတ်တပ်ဖွဲ့၊ ဒေါပုံကြက်ခြေနီ၊ MZKအသင်း၊ ဇွဲအသင်း၊ သစ္စာမဏ္ဍိုင်အသင်းတို့ကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ရုပ်အလောင်းကို ရှင်သန်ရေးကူညီမှုအသင်းကားနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ရှင်သန်ရေးကူညီမှုအသင်း