အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို အိမ်စီကား ဝင်တိုက်မိလို့ သုံးယောက်သေဆုံး

ရန်ကုန် - နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၈၀/၂ နဲ့ ၁၈၀/၃ ကြားမှာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ၊ မနက်အစော ၅ နာရီကျော်လောက်က ယာဥ်တိုက်မှု ဖြစ်ပြီး လူသုံးယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ရန်ကုန် - နေပြည်တော်ကားလမ်းဘက်မှာ ရပ်ထားတဲ့ ကုန်တင်ကား ခြောက်ဘီးကားကို လားရာတူဘက်မှ မောင်လာတဲ့ အိမ်စီးကား ( Surf) က နောက်ကနေ ဝင်တိုက်မိပြီး ကားပေါ်ပါသူ အမျိုးသား သုံး​ယောက်လုံး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
" ကုန်ကားက ရပ်ထားပြီး တံခါးဖွင့်ပြီး အခြေအနေကြည့် စစ်ဆေးနေပုံလို့သိရတယ် ။အဲဒါကို Surf ကားက နောက်ကနေ ဝင်တိုက်တာပါ။ အရှိန်ကလည်း များလောက်မယ့် သဘောရှိတယ် ။ ကားက ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့ကားပါ ။ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး ။ " လို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူက ပြောပါတယ် ။
ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အိမ်စီးကားပေါ်မှာ အမျိုးသား သုံး​ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဆွာမြို့တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးထားကြောင်း ၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲက ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၁/၇)နဲ့ (၁၀၂/၀)ကြားမှာ ယာဥ်တိုက်မှုဖြစ်ပြီး
ကလေးတယောက်သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၉ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၆၅/၁) နဲ့ (၆၅/၂) ကြားမှာ ကုန်ကားတစီး တိမ်းမှောက်ပြီး အမျိုးသမီး တယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှာ ယခုနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ အောက်တိုဘာ ၃၁ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆ မှုတွေကြောင့် အမျိုးသားအယောက် ၃၀ နဲ့ အမျိုးသမီး ၁၇ ယောက် သေဆုံးခဲ့ရတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းအရ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိမှုအနေနဲ့ ၂၉၁ ယောက် ရှိခဲ့ပြီးယာဉ်တိုက်မှုတွေက မတ်လနဲ့ ဇွန် ၊ အောက်တိုဘာလတွေမှာ ဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့တယ်လို့သိရပါတယ်။

image

နိုင်ဂျီးရီးယားမှာ ကျောင်းသား ၂၀၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ ပြန်ပေးဆွဲ

နိုင်ဂျီးရီးယားအလယ်ပိုင်းရှိ ကက်သလစ်ကျောင်းတကျောင်းမှ ကျောင်းသား ၂၀၀ ကျော်ကို သေနတ်သမားများက ပြန်ပေးဆွဲခဲ့ပြီး ယခုအပတ်အတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ကျောင်းပြန်ပေးဆွဲမှုဖြစ်ပါတယ်။
နောက်ဆုံးပြန်ပေးဆွဲမှုဟာ နိုင်ဂျာပြည်နယ်၊ ပါပီရီရှိ စိန့်မေရီကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေးခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် ဘော်ဒါကျောင်းအားလုံးကို ယာယီပိတ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပြီးဖြစ်ပါတယ်။
မနက်အစောပိုင်းစီးနင်းမှုအတွင်း ကျောင်းသား ၂၁၅ ယောက်နဲ့ ဝန်ထမ်း ၁၂ ယောက်ကို လက်နက်ကိုင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ နိုင်ဂျီးရီးယားခရစ်ယာန်အသင်းက ပြောပါတယ်။
နိုင်ဂျာပြည်နယ်ရှိ အာဏာပိုင်တွေကတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုအန္တရာယ် မြင့်မားလာကြောင်း ထောက်လှမ်းရေး သတိပေးချက်တွေ ထွက်ပေါ်လာပြီးနောက် ဘော်ဒါဆောင်အားလုံးကို ပိတ်ဖို့ အမိန့်ကို ကျောင်းအာဏာပိုင်တွေက လျစ်လျူရှုခဲ့တယ်လို့ ပြောပါတယ်။
"ဝမ်းနည်းစရာကောင်းတာက စိန့်မေရီကျောင်းဟာ ပြည်နယ်အစိုးရဆီကနေ အကြောင်းကြားခြင်း ဒါမှမဟုတ် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြန်လည်ဖွင့်လှစ်ပြီး ပညာရေးဆိုင်ရာလှုပ်ရှားမှုတွေကို ပြန်လည်စတင်ခဲ့တာကြောင့် ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်" လို့ ကြေညာချက်တစောင်မှာ ပြောကြားခဲ့ပါတယ်။
စိန့်မေရီကျောင်းကတော့ အဲဒီပြောဆိုချက်အပေါ် မှတ်ချက်မပေးခဲ့ပါဘူး။ နိုင်ဂျီးရီးယားမှာ မကြာသေးမီက ရက်များအတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။
တနင်္လာနေ့ကလည်း အိမ်နီးချင်း ကက်ဘီပြည်နယ်ရှိ ဘော်ဒါကျောင်းမှ ကျောင်းသူ ၂၀ ကျော်ကို ပြန်ပေးဆွဲခံခဲ့ရပါတယ်။ တောင်ပိုင်း ကွာရာပြည်နယ်ရှိ ဘုရားကျောင်းတကျောင်းကိုလည်း တိုက်ခိုက်ခဲ့ပြီး လူနှစ်ယောက် သေဆုံးကာ ၃၈ ယောက်ကို ပြန်ပေးဆွဲခဲ့ပါတယ်။
သမ္မတ ဘိုလာတီနူဘူဟာ အခုလို လုံခြုံရေးပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ယခုသီတင်းပတ်ကုန်မှ တောင်အာဖရိကမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးအပါအဝင် သူ့ရဲ့ နိုင်ငံရပ်ခြားခရီးစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။

image

နောက်ခံလူ မခေါ်ယူပါက လီဗာပူးလ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို့ ကာရေဂါနဲ့ ရွိုင်ကင်း သုံးသပ်

လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါနဲ့ မန်ယူကစားသမားဟောင်း ရွိုင်ကင်းတို့က လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ နောက်ခံလူတစ်ဦး မခေါ်ယူပါက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရနိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပေမဲ့ ဒီရာသီ ပွဲစဉ် ၁၁ အပြီးမှာ အဆင့် ၈ နေရာ ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး ပရီးမီးယားလိဂ်ရှုံးပွဲ လေးပွဲသာ ရှိခဲ့ပေမဲ့ ဒီရာသီမှာတော့ ရှုံးပွဲငါးပွဲ ရှိသွားခဲ့ပြီဖြစ်သလို၊ ပေးဂိုးကလည်း ၁၇ ဂိုးရှိခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ သုံးပွဲသာရှိခဲ့ပြီး ခံစစ်ပိုင်းမှာ အားနည်းချက်များရှိနေခဲ့ပါတယ်။
ကာရေဂါနဲ့ ရွိုင်ကင်းတို့က လီဗာပူးလ်အသင်း အခုလို ခံစစ်ပိုင်းမှာ ပြ ဿနာပေါ်နေတာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကို မခေါ်ယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အင်္ဂလန်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက အစားထိုးဖို့ ကစားသမား မရရှိခဲ့တာကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Stick to Football အစီအစဉ်မှာ ကာရေဂါက ''ဒါဟာ ဆိုးရွားတဲ့ အမှားပါပဲ။ လီဗာပူးလ်က စျေးကွက်မှာ စမတ်ကျကျ လှုပ်ရှားနိုင်ခဲ့ပေမဲ့ ဒီအတွက် သူတို့ ပေးဆပ်ရနိုင်ပါတယ်။ ဇန်နဝါရီမှာ နောက်ခံလူတစ်ယောက် မခေါ်ယူနိုင်ဘူးဆိုရင် ....''လို့ ပြောကြားခဲ့ပါတယ်။
ရွိုင်ကင်းကလည်း ''ဂူဟီကို နွေရာသီမှာ မခေါ်ယူနိုင်ခဲ့ခြင်းအတွက် သူတို့ နောင်တရပါလိမ့်မယ်။ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲသွားနိုင်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။

image

နေအိမ်မှာ မတော်တဆဖြစ်ပြီး ခြေချောင်းကျိုးခဲ့တဲ့ ပါလ်မာ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်(၃)ပွဲကို လွဲချော်မယ်

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ပါလ်မာဟာ နေအိမ်မှာ မတော်တဆဖြစ်ပြီး ခြေချောင်းကျိုးခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်(၃)ပွဲကို လွဲချော်ရမယ်လို့ သိရပါတယ်။
ပါလ်မာဟာ တံခါးနဲ့ တိုက်မိတာကြောင့် ဘယ်ဘက်ခြေချောင်းလေးတစ်ချောင်း ကျိုးသွားခဲ့တာဖြစ်ပြီး ဒဏ်ရာက စိုးရိမ်စရာမရှိပေမဲ့ သုံးပတ်ကြာ အနားယူရမှာဖြစ်ကြောင်း သိရပါတယ်။
ကံမကောင်းစွာနဲ့ပဲ ပါလ်မာဟာ နေအိမ်မှာ မတော်တဆဖြစ်ပြီး ခြေချောင်းမှာ ဒဏ်ရာရခဲ့ပါတယ်။ အရေးမကြီးပေမဲ့ လာမယ့်သုံးပတ်မှာတော့ သူ ကစားနိုင်မှာမဟုတ်ပါဘူး လို့ နည်းပြ မာရက်စကာက ပြောကြားခဲ့ပါတယ်။
ပါလ်မာဟာ ဘန်လေ၊ ဘာစီလိုနာ၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲတွေကို လွဲချော်ရမှာဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။
ပါလ်မာဟာ ဒီရာသီမှာ ပေါင်ခြံဒဏ်ရာနဲ့လည်း ရင်ဆိုင်ခဲ့ရတာကြောင့် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၄)ပွဲသာ ကစားထားနိုင်ကြောင်း သိရပါတယ်။

image

အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ အင်တာမီလန် စိတ်ဝင်စားနေ

အင်တာမီလန်အသင်းဟာ အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက မာတီနက်ဇ်ကို ရောင်းထုတ်ပြီး ရရှိတဲ့ငွေကြေးနဲ့ လူငယ်ကစားသမားတွေ အားဖြည့်ဖို့ စီစဉ်နေတာကြောင့် အင်တာမီလန်အသင်းက စောင့်ကြည့်နေကြောင်း သိရပါတယ်။
မာတီနက်ဇ်(၃၃ နှစ်)ဟာ ၂၀၂၀ မှာ အာဆင်နယ်ကနေ အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီအချိန်ကတည်းက လက်ရှိအချိန်အထိ အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်နေပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့တာကြောင့် အူနိုင်းအမ်မရီက ရောင်းထုတ်ဖို့ လိုလားနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် အူနိုင်းအမ်မရီက နိုဝင်ဘာလဆန်းမှာ သူ့ကို ဒုတိယအသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခဲ့တာကြောင့် ဇန်နဝါရီမှာ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားတော့မယ်လို့ သတင်းထွက်လာတာပါ။
အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို မာတီနက်ဇ်နေရာ အစားထိုးဖို့ ပစ်မှတ်ထားနေကြောင်းလည်း သိရပါတယ်။

image

နူးကမ့်ကွင်းသစ်ဖွင့်ပွဲအား မားကပ်စ်ရက်ဖို့ဒ် လွဲချော်လာဖွယ်ရှိနေ
===================

မားကပ်စ်ရက်ဖို့ဒ်ဟာ နူးကမ့်ကွင်းသစ်ကြီး ဖွင့်ပွဲအဖြစ် ကစားလာမယ့် ဘီလ်ဘာအိုနှင့် ပွဲစဉ်ကို လွဲချော်လာဖို့ ရှိနေကြောင်း သိရပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းအား ဖြိုချကာ အသစ်ပြန်လည်တည်ဆောက်ပြီးနောက် ၉၀၉ ရက်အကြာ စနေနေ့တွင် ဘီလ်ဘာအိုနှင့် ဖွင့်ပွဲ ကစားလာပါမယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းအား ပရိသတ်အပြည့်ဖြင့် ကစားခွင့်မရသေးပေမယ့်လည်း ပရိသတ် ၄၅၀၀၀ ဖြင့် ကစားခွင့်ရထားပါတယ်။
ဘာစီလိုနာဟာ ဘီလ်ဘာအိုနှင့်ပွဲမတိုင်မီ နှင့် ပထမပိုင်းအပြီးတို့တွင် ဖျော်ဖြေရေးအစီအစဉ်လည်း ထည့်သွင်းထားကြောင်း သိရပါတယ်။
ဒါပေမယ့် Mundo Deportivo ရဲ့ ဖော်ပြလာမှုအရ ရက်ဖို့ဒ်ဟာ နောက်ဆုံး ၂ ရက်ဆက် ဘာစီလိုနာရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်လာနိုင်ခြင်း မရှိကြောင်း သိရပါတယ်။
ရက်ဖို့ဒ်ဟာ နာတာရှည်တုတ်ကွေးရောဂါလက္ခဏာပြသနေမှုနှင့်အတူ နေအိမ်သို့ ပြန်ကာ အနားယူရန် ဆရာဝန်ရဲ့ညွှန်ကြားခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ နွေရာသီတွင် ယူနိုက်တက်မှ အငှားဖြင့် ပြောင်းလာပြီးနောက် ဘာစီလိုနာအတွက် ၆ ဂိုးသွင်းကာ ၉ ကြိမ် ဖန်တီးထားပြီး တိုက်စစ်တွင် အရေးပါတဲ့သူအဖြစ် ပြသထားနိုင်သူလည်း ဖြစ်ပါတယ်။

image

ဂါဘရီရယ် ရက်သတ္တပတ်အတန်ကြာ နားရမည်ဟု အာတီတာ အတည်ပြုလာ
===================

အာဆင်နယ်ဗဟိုနောက်ခံလူဂါဘရီရယ်မှာ ဘရာဇီးအသင်းအတွက် ကစားစဉ် ရရှိခဲ့တဲ့ ပေါင်ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူရမည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြအာတီတာက အတည်ပြုလာပါတယ်။
ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့အပတ်တုန်းက အမ်းမရိတ်ကွင်းတွင် ဆီနီဂေါအား အနိုင်ရတဲ့ပွဲတွင် ထော့နင်းထော့နင်းဖြင့် ကွင်းအတွင်းမှ ထွက်ခွာခဲ့ရပြီး သုံးရက်အကြာတွင် ကစားတဲ့ တူနီးရှားနှင့်ပွဲကို လွဲချော်ခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ ဂါဘရီရယ်ဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်တွင် ၅ ဂိုးတည်းသာ ပေးထားရတဲ့ အာဆင်နယ်ခံစစ်တွင် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်သလို ၂ ဂိုးသွင်းထားပြီး အလွတ်တည်ကန်ဘောမှ တဆင့် ခြိမ်းခြောက်ထားနိုင်သူလည်း ဖြစ်ပါတယ်။
အာတီတာက "ဂါဘီက ရက်သတ္တပတ်တွေ နားရမယ်"လို့ ဆိုသွားပါတယ်။ ဂါဘရီရယ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့တွင် နောက်ထပ် ဆေးစစ်ဆေးမှု ထပ်မံ ပြုလုပ်ရမှာ ဖြစ်ပြီး ယင်းအချိန်တွင်မှ မည်မျှ နားရမယ်ဆိုတာ သိရပါမယ်။
အာတီတာဟာ တနင်္ဂနွေနေ့တွင် မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်နှင့် ရင်ဆိုင်ကစားရမယ့်ပွဲတွင် ပီရိုဟင်ကာပီနှင့် ခရစ္စတီယန်မော့စ်ကွီရာတို့ကို အားကိုးလာရပါမယ်။
ဆက်လက်ပြီး အာတီတာက "သူက ကျွန်တော်တို့ နောက်တန်းမှာ ခေါင်းဆောင်ဆိုတော့ ကြီးမားတဲ့ ထိုးနှက်ချက်ပါ။ ဒါက ဘာမှ မပြုသဘောမဆောင်ပါဘူး။ ကောင်းတာက ကျွန်တော်တို့မှာ အခြားရွေးချယ်စရာကောင်းတွေလည်း ရှိနေတာပါ။ အခု လူတွေ မတ်တပ်ရပ်ရမယ်။ ပြီးရင် ဒီအလုပ်ကို လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
ဂါဘရီရယ်ဟာ ၂၀၂၀ ခုနှစ်တွင် လိုင်လီမှ ပေါင် ၂၃.၁ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပြီး ယခုရာသီ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲလုံး ပွဲထွက်ကစားထားပါတယ်။
ဒါ့အပြင် အီတလီနောက်ခံလူကာလာဖီအိုရီမှာလည်း တင်ပုံဆုံဒဏ်ရာကြောင့် အီတလီအသင်းမှ နုတ်ထွက်လိုက်ရပြီးနောက် လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိမှုနှင့်အတူ စပါးစ်နှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်နေပါတယ်။
ဆွီဒင်တိုက်စစ်မှူးဗစ်တာယိုကီရေးစ်မှာလည်း ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်တာကြောင့် စပါးစ်နှင့်ပွဲကို လွဲလာပါမယ်။

image

ရာဖင်ညာနှင့် ဂါစီယာတို့မှာ ဘာစီလိုနာအတွက် ပွဲထွက်ကစားရန် အသင့် ဖြစ်နေပြီလို့ ဟန်ဆီဖလစ် အတည်ပြုလာ
====================

ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က ရာဖင်ညာနှင့် ဂိုးသမားဂျိုအန်ဂါစီယာတို့မှာ အသင်းအတွက် ပွဲထွက်ကစားရန် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ဘာစီလိုနာဟာ မားကပ်စ်ရက်ဖို့ဒ်မှာ နေမကောင်းဖြစ်နေတဲ့အပြင် ဖရန်ကီဒီယွန်ပွဲပယ်ခံထားရမှုကြောင့် အခက်တွေ့နေချိန်တွင် ရာဖင်ညာနှင့် ဂါစီယာတို့ ပြန်လည် ကစားရန် အသင့် ဖြစ်နေတာလည်း ဖြစ်ပါတယ်။ တဖက်တွင် ကွင်းလယ်ကစားသမားပီဒရီမှာလည်း ကြံ့ခိုင်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်ခြင်းခံနေရပါတယ်။
စနေနေ့ညတွင် ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်ကြီးတွင် ပထမဆုံးကစားတဲ့ပွဲအဖြစ် ဘီလ်ဘာအိုနှင့်ပွဲအား လက်ခံကစားလာမှာလည်း ဖြစ်ပါတယ်။
ဟန်ဆီဖလစ်က "မားကပ်စ်က ဖျားနေတယ်။ မနေ့ကရော ဒီနေ့ရော လေ့ကျင့်ခန်းမဆင်းနိုင်ဘူး။ ဒီပွဲ ပါဝင်ဖို့ မဖြစ်နိုင်လောက်ဘူးထင်တယ်။ ဒါပေမယ့် သတင်းကောင်းက ရာဖင်ညာ ပြန်လာတာပါ။ သူ့ အသင်းအတွက် ယူဆောင်လာမယ့်အရာအတွက် တကယ်ဝမ်းသာတယ်။ အရန်ခုံမှာ ထိုင်လာပါမယ်။ အရေးအကြီးဆုံးက သူ ပြန်လာတာပါ"လို့ ပြောကြားသွားပါတယ်။
အဓိကဂိုးသမားဂါစီယာမှာလည်း ဒူးအရွတ်ဒဏ်ရာကြောင့် စက်တင်ဘာလကတည်းက အနားယူလာရသူ ဖြစ်ပြီး ယခုအခါ ပွဲထွက်ကစားရန် အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
ဟန်ဆီဖလစ်ဟာ ကြံ့ခိုင်မှုအခြေအနေကို စောင့်ကြည့်နေရတဲ့ ပီဒရိုကိုမူ အနားပေးကာ လာမယ့်အပတ်ကြားရက် ချဲလ်ဆီးနှင့်ပွဲတွင်မှ အသုံးပြုလာဖို့ ရှိနေပါတယ်။

image

အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား ၃ ဦးအား နောက်ကျစေလွှတ်ရေးယူနိုက်တက် ကြိုးပမ်းမည်
==================

ယူနိုက်တက်ဟာ ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လို၊ နူဆာမာ့ဇ်ရာဝီတို့အား အာဖရိကဖလားပြိုင်ပွဲအတွက် နောက်ကျပြီးမှ စေလွှတ်နိုင်ရေး ကြိုးပမ်းလာပါမယ်။
နိုင်ငံတကာပြိုင်ပွဲစည်းမျဉ်းအရ ယူနိုက်တက်ဟာ ကင်မရွန်း၊ အိုင်ဗရီကို့စ်နှင့် မော်ရိုကိုတို့ရဲ့ ပထမဆုံးအာဖရိကဖလားပြိုင်ပွဲမတိုင်မီ နှစ်ပတ်အလိုတွင် ကစားသမား ၃ ဦးတို့အား စေလွှတ်ရပါမယ်။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ ဒီဇင်ဘာလ ၈ ရက်နေ့ Molineux တွင် ဝုဗ်နှင့် ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲဝန်းကျင်အတွင်း ယင်းကစားသမား ၃ ဦးကို သက်ဆိုင်နိုင်ငံအသင်းများသို့ စေလွှတ်ရပါမယ်။
အိုင်ဗရီကို့စ်တောင်ပံကစားသမားအာမက်ဒီရယ်လိုနှင့် ကင်မရွန်းတိုက်စစ်သမားဘရိုင်ယန်အမ်ဘူမိုတို့ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပထမဆုံးပွဲ ကစားရပါမယ်။
အာဖရိကဖလားဗိုလ်လုပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကစားမည်ဖြစ်ရာ ၎င်းတို့ဟာ ပရီးမီးယားလိဂ်ပွဲ ၈ ပွဲအပြင် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုပါ လွဲချော်နိုင်တဲ့အနေအထားမှာ ရှိပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ အသင်းရဲ့ ဦးစားပေးကစားသမားများဖြစ်ကြတဲ့ အာမက်ဒီရယ်လို၊ ဘရိုင်ယန်အမ်ဘူမိုအပြင် ယခုအခါ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝကာ ခံစစ်နေရာအများစုတွင် ကစားနိုင်တဲ့ မာ့ဇ်ရာဝီတို့အား ဒီဇင်ဘာလ ၁၅ ရက်နေ့ ဘုန်းမောက်နှင့်ပွဲစဉ်အပြီးတွင်မှ စေလွှတ်နိုင်ရေး သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားပါမယ်။
တကယ်လို့ ယင်းပွဲအပြီးတွင်မှ စေလွှတ်နိုင်မည်ဆိုပါက ကစားသမား ၃ ဦးတို့မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ ဗီလာနှင့်ပွဲစဉ်မှ စတင် လွဲချော်ပါမယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အာဖရိကဖလားပြိုင်ပွဲတွင် အင်ဒရေအိုနာနာအား ပထမဆုံးပွဲကစားမယ့် ရက်တွင်မှ အချိန်မီ စေလွှတ်ရေး ညှိနှိုင်းမှု ပြုလုပ်ရာ အောင်မြင်မှု ရရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အိုနာနာဟာ နယူးပေါ့နှင့် ကစားရတဲ့ အက်ဖ်အေဖလားပွဲတစ်ပွဲတည်းကိုသာ လွဲခဲ့ပါတယ်။
ယခုအခါ ရူဘင်အမိုရမ်က "ကစားသမားတွေကို စေလွှတ်ရမယ့် အချိန်က ပြဌာန်းထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေကို နောက်ကျပြီးမှ စေလွှတ်နိုင်ဖို့ ကြိုးစားသွားမယ်။ ဒါက ကျွန်တော်တို့ ဆုံးဖြတ်ချက်အပေါ် မမူတည်ပါဘူး။ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ ဘောလုံးအဖွဲ့ချုပ်တွေနဲ့ တခုခု စီစဉ်နိုင်ဖို့ ကြိုးစားသွားမယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ပေါ်တူဂီလူမျိုးနည်းပြက နိုဝင်ဘာလ ၈ ရက်နေ့ စပါးစ်နှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုမှာ ယင်းကာလဝန်းကျင်တွင်ပင် အသင်းအတွက် ပြန်ကစားလာနိုင်ဖို့ ရှိကြောင်း ဆိုသွားပါတယ်။
တကယ်လို့များ ဆက်စ်ကိုသာ မကစားနိုင်ပါက ဘရိုင်ယန်အမ်ဘူမို၊ အာမက်တို့ကိုလည်း ဆုံးရှုံးထားရတဲ့ ယူနိုက်တက်ဟာ ဂျိုရှာဇတ်ဇီး၊ ကိုဘီမိုင်နူးတို့ကို အားကိုး အသုံးပြုလာရပါမယ်။

image

ဟာကီမီအား ကြမ်းတမ်းစွာ ဖျက်ထုတ်မှုအတွက် ၃ ပွဲပယ်ခံလာရတဲ့ ဘိုင်ယန်စတားဒီယာ့ဇ်
===================

ဘိုင်ယန်မြူးနစ်တိုက်စစ်သမားလူးဝစ်ဒီယာ့ဇ်ဟာ ပီအက်စ်ဂျီနှင့်ပွဲစဉ်မှ အနီကတ်ကြောင့် ၃ ပွဲပယ်ခံလာရပြီးနောက် လာမယ့်အပတ် အာဆင်နယ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မှ စတင် ပွဲပယ်ပြစ်ဒဏ်ကျခံလာရပါမယ်။
ဒီယာ့ဇ်ဟာ နိုဝင်ဘာလ ၄ ရက်နေ့တုန်းက ပီအက်စ်ဂျီအား ၂-၁ ဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ၂ ဂိုးလုံးကို သွင်းခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးတွင် အာခရစ်ဖ်ဟာကီမီအား အလွန်အန္တရာယ်များတဲ့ ဖျက်ထုတ်မှု ပြုလုပ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
မော်ရိုကိုလက်ရွေးစင်ဟာကီမီဟာ ယင်းဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ယင်းကတည်းက ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
ယခုအခါ ယူအီးအက်ဖ်အေက ယင်းဖျက်ထုတ်မှုအား ဆိုးရွားတဲ့ ဖျက်ထုတ်မှုလို့ ယုံကြည်ကာ ဒီယာ့ဇ်အား ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်လာပြီ ဖြစ်ပါတယ်။
သူဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ အာဆင်နယ်နှင့်ကစားရမယ့်ပွဲစဉ်အား စတင်လွဲချော်လာမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တို့တွင် စပို့တင်းလစ္စဘွန်း၊ ယူနီယံစိန့်ဂယ်လွိုက်စ်တို့အား ဧည့်ခံကစားရမယ့်ပွဲများကိုလည်း လွဲချော်လာပါမယ်။
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ၄ ပွဲ ကစားထားရာတွင် ၄ ပွဲလုံး အနိုင်ရထားပြီး ဂိုးကွာခြားချက်ဖြင့် အာဆင်နယ်၊ အင်တာမီလန်တို့အား ကျော်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။
ဒီယာ့ဇ်ဟာ နွေရာသီတွင် လီဗာပူးမှ ပြောင်းလာပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ် ၄ ပွဲတွင် ၃ ဂိုးသွင်းထားသလို ဘွန်ဒက်စ်လီဂါ ၁၀ ပွဲတွင်လည်း ၆ ဂိုးသွင်းထားပါတယ်။

image