အက်စတွန်ဗီလာရဲ့ စိတ်ဝင်စားခြင်းခံနေရပေမဲ့ ချဲလ်ဆီးအနာဂတ်ကို ဆုံးဖြတ်လာပြီဖြစ်တဲ့ နီကိုလပ်စ်ဂျက်ဆင်
=====================
ချဲလ်ဆီးတိုက်စစ်မှူးနီကိုလပ်စ်ဂျက်ဆင်ဟာ အက်စတွန်ဗီလာရဲ့ စိတ်ဝင်စားခြင်းခံရပေမဲ့လည်း ချဲလ်ဆီးအသင်းတွင်ပင် ဆက်လက်ကစားလိုနေပါတယ်။
ဆီနီဂေါတိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် အားလပ်ရက်အပန်းဖြေနေသူ ဖြစ်ပြီး အူနိုင်းအမ်မရီရဲ့ဗီလာအပါအဝင် ပရီးမီးယားလိဂ်ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
ဂျက်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့် သွားရောက် မကစားမီ ဗီလာနည်းပြအူနိုင်းအမ်မရီရဲ့ ဆက်သွယ်ခြင်းခံခဲ့ရပြီး ယခုနွေရာသီတွင်လည်း ထပ်မံဆက်သွယ်ခြင်းခံနေရတုန်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်တွင် အငှားဖြင့် ကစားစဉ် ၃၄ ပွဲကစားကာ ၁၁ ဂိုးသွင်းခဲ့တဲ့ ဂျက်ဆင်ဟာ နည်းပြဇာဘီးအလွန်ဆို လက်အောက်တွင် ချဲလ်ဆီးအသင်းတွင် အခွင့် ရရှိလာဦးမယ်လို့ အသိပေးခြင်းခံရပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်တွင်ပင် ဆက်လက်ကစားရန် ဆုံးဖြတ်လာပါတယ်။
နီကိုလပ်စ်ဂျက်ဆင်ဟာ လက်ရှိအချိန်တွင် အပန်းဖြေခရီးထွက်နေဆဲ ဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်မဲ့ ချဲလ်ဆီးရဲ့ အာရှခရီးစဉ်နှင့် ပူးပေါင်းလာပါမယ်။ ချဲလ်ဆီးဟာ ဇူလိုင်လ ၂၈ ရက်နေ့တွင် အာရှခရီးစဉ် စတင်မှာ ဖြစ်ပြီး ဩဂုတ်လ ၉ ရက်နေ့တွင် မလေးရှားမှာလည်း အဆုံးသတ်လာပါမယ်။ ၎င်းတို့ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီသို့လည်း သွားရောက်လာပါမယ်။
ဂျက်ဆင်ဟာ ချဲလ်ဆီးပထမဆုံးနှစ်ရာသီတုန်းက ဦးစားပေးတိုက်စစ်မှူးဖြစ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာတော့ လီယမ်ဒါလက်နှင့် ဂျိုအာပီဒရိုတို့ရောက်လာပြီးနောက် တတိယဦးစားပေးကစားသမားဖြစ်လာခဲ့တာပါ။ S