ကမ္ဘာ့ဖလားနာကျင်မှုကို ပေါင် ၁၇ သန်းတန် စူပါရွှက်လှေဝယ်ယူပြီး ဒဏ်ရာကို ဆေးသိပ်ခဲ့တဲ့ နေမာ
======================
နေမာဟာ ပေါင် ၁၇ သန်းတန်ဖိုးရှိ စူပါရွှက်လှေတစ်စီး ဝယ်ယူကာ နိုင်ငံတကာလက်ရွေးင်ကစားသမားဘဝမှ အနားယူခဲ့ရတဲ့ နာကျင်မှုကို ကုသလာပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရပြီးနောက် ဘရာဇီးလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့တဲ့ နေမာဟာ ဒေးဗစ်ဘက်ဟမ်း၊ ခရစ္စတီယာနိုရော်နယ်ဒိုတို့ရဲ့ ခြေရာကို နင်းကာ စူပါရွှက်လှေဝယ်ယူပြီး ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါတယ်။
နေမာမတိုင်မီ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၀ ခုနှစ်တုန်းက ဂျူဗင်တပ်နှင့် စီးရီးအေဖလား ဆွတ်ခူးပြီးနောက် ပေါင် ၅.၅ သန်းတန် အပျော်စီးရွှက်လှေဝယ်ယူပြီး ကိုယ့်ကိုယ်ကို ဆုချဖူးပါတယ်။ ဒါ့အပြင် ယူနိုက်တက်နှင့် အင်္ဂလန်ဂန္ထဝင်ဒေးဗစ်ဘက်ဟမ်းလည်း အပျော်စီးရွှက်လှေပိုင်ဆိုင်ပါတယ်။
နေမာဝယ်ယူလိုက်တဲ့ အပျော်စီးရွှက်လှေအမည်မှာ 'Enejota' ဖြစ်ပြီး ဘရာဇီးတွင်ပင် တည်ဆောက်ခဲ့တာပါ။ ၄၆ မီတာရှည်လျားပြီး မီတာ ၈၀၀ ကျယ်ဝန်းရာ နေမာနှင့် သူ့ရဲ့ဧည့်သည်များအတွက် လွတ်လပ်စွာ အပန်းဖြေနိုင်မဲ့ ဧရိယာပါရှိပါတယ်။
ယင်းရွက်လှေတွင် မြင်းကောင်ရေ ၁၄၅၀ ရှိ Caterpillar အင်ဂျင် အသုံးပြုထားပါတယ်။
နေမာဟာ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် နော်ဝေအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ ဘရာဇီးအတွက် ဂိုး ၈၀ မြောက်ဂိုးဖြစ်တဲ့အပြင် နောက်ဆုံးဂိုးလည်း အဖြစ် ပင်နယ်တီမှ တဆင့် သွင်းယူပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
နေမာဝယ်ယူလိုက်ပြီဖြစ်တဲ့ Enejota ကို ယခုအခါ ရီယိုဒီဂျနဲလ်ရိုးရေပြင်တွင် ဒေါက်တင်ထားပြီ ဖြစ်ပါတယ်။