13 w - Translate

In an effort to build rapport, Japanese Prime Minister Sanae Takaichi placed U.S.-made cars, including an enormous American Ford F-150 truck, in the courtyard of the Akasaka Palace where she held talks with President Trump on Tuesday.
https://abcnews.go.com/US/wire....Story/fords-enormous

image

ငါးဒန်မကျီးသီးစိမ်းဆီပြန်ချက်
***********************
ငါးကိုဆေးကြောသန့်စင်ပြီး
ဆား ဆနွင်း ဟင်းခပ်မူန့် နဲ့နယ်နှပ်ထားပါ
ငရုတ်သီးခြောက် ကြက်သွန်ဖြူနီ စပါးလင်
အနည်းငယ်တို့ကို ငပိအနေတော်နဲ့
ညက်နေအောင်ထောင်းပြီး ဆီအနေတော်
သတ်ပါ
ဆနွင်းမူန့်နည်းနည်းထည့်ပါ
ထောင်းထားတဲ့ ငရုတ်သီးကို ထည့်ကြော်ပါ
ငရုတ်သီးအစိမ်းနံ့ပျောက်ရင် ငါးထည့်ပါ
အသာယာလုံးပြီး ဆီပြန်ရင် ရေအနေတော်
ထည့်ပြီး မကျီးသီးအစိမ်းထည့်ချက်ပါ
မကျီးသီးတွေနူးရင် ဆယ်ပြီးအနှစ်ကိုထည့်ပါ
ရေခမ်းဆီပြန်ရင် ရှမ်းနံနံလေးအုပ်ပါ
ရပါပြီရှင့် 😊

image
13 w - Translate

တရုတ် - ကချင် နယ်စပ်ဂိတ်တွေအားလုံး လူဝင်လူထွက်ခွင့် ပြန်ဖွင့်​ပေး

တရုတ် - ကချင် နယ်စပ်ဂိတ်တွေ အားလုံးကို အောက်တိုဘာလ ၂၄ ရက်နေ့ည တရုတ်စံတော်ချိန် ၁၂ နာရီတိတိက စပြီး လူဝင်လူထွက်ခွင့်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လွယ်ဂျယ်၊ မိုင်ဂျာယန်၊ ကံပိုင်တည် ဆဒုံး နယ်စပ်ဂိတ်တွေ ဖွင့်ပြီလေ။ ဒါပေမယ့် ကျနော်တို့ ဒီမြန်မာဘက်ခြမ်းက အသက်အရွယ် ကန့်သတ်ထားတယ်။” လို့ နယ်စပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အသက် ၅၀ အထက်နဲ့ ကလေးမိခင် အမျိုးသမီး တွေကိုပဲ သွားခွင့်ပြုပြီး နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထားတွေကိုလည်း လုပ်ပေးမယ်လို့ ကြားသိရပေမယ့် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။
လွယ်ဂျယ်နဲ့ ဗန်းမော်ကြားမှာ တရုတ်​တွေ မြေရှားသတ္တု တူးမယ်လို့ သတင်းထွက်နေတာကြောင့် မြေရှားသတ္တု တူးမှုကြောင့် မြေဆီလွှာ အဆိပ်သင့်တဲ့ အပြင် သောက်ရေတွေပါ ရှားပါးလာလို့ စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။
“တရုတ်ဘက်က တောင်းဆိုလို့ ပြန်ဖွင့်တာပါ။ တရုတ်တွေ မြန်မာဘက်ခြမ်းက ပစ္စည်းတွေသယ်ယူချင်လို့လေ။ မြန်မာဘက်ခြမ်းကိုလည်း သံထည်၊ ဘိလပ်မြေတွေ သယ်ယူလို့ရတယ်လို့ပြောတယ်။” လို့ နောက်ထပ် နယ်စပ်ဒေသခံ အမျိုးသား တယောက်ကပြောပါတယ်။
အဓိကက တရုတ်တွေ မြန်မာဘက်ခြမ်းက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ လာသယ်ယူချင် နေတာ လို့ မြင်ပြီး နယ်စပ်ထိစပ်နေတာကြောင့် တရုတ်နဲ့က မဆက်ဆံလို့ မရတဲ့ အနေအထား ဖြစ်နေကြောင်း သူက ပြောပါတယ်။
“ဂိတ်ကတော့ အရင်ကတည်းက ဖွင့်တယ်။ ဒါပေမယ့် မြန်မာဘက်ခြမ်းက ကြံ နဲ့ တရုတ် ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေပဲ သယ်လို့ရတာ။ အခုတော့ တခြားပစ္စည်းတွေလည်း နည်းနည်းပါးပါး ပေးဖြတ်ပြီလို့ပြောတယ်။ အခုက လူလည်းဝင်လို့ရတယ်လို့ ပြောတယ်” လို့ နယ်စပ် ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။
နယ်စပ်ဂိတ်တွေ ဖွင့်လှစ်လိုက်လို့ ကုန်ဈေးနှုန်း ကျသွားတာကလွဲလို့ မြန်မာဘက် နယ်စပ် ဒေသခံတွေအတွက် ဘာမှ အကျိုးထူးတာ မရှိသလို့ ဝင်ထွက်ဖို့လည်း ကန့်သတ်ထားတာကြောင့် မြန်မာဘက်ခြမ်းက လိုချင်တဲ့ ပစ္စည်း သယ်ယူဖို့ ဖွင့်လိုက်တာလို့ မြင်ကြောင်း နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မြန်မာ နယ်စပ် တလျှောက်က စိုက်ပျိုးရေးထွက်ကုန် အပါအဝင် သဘာဝ သယံဇာတတွေကို တရုတ်ဘက်က ဈေးနှုန်း သက်သက်သာသာ နဲ့ အလကား နီးပါး ရယူနေတာဖြစ်တယ်လို့ နယ်စပ် ကုန်သည် တယောက်ကလည်း ပြောပါတယ်။
KIO/KIA ထိန်းချုပ်ရာ တရုတ် - မြန်မာ နယ်စပ်ဂိတ် သာမက အစိုးရ စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေ ကနေလည်း တရုတ်ဘက်ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေကို အသက် ကန့်သတ်ချက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

image
13 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းနိုင်ငံလုပ်ငန်းခွင်၌ကိုယ်လက်အင်္ဂါထိခိုက်ခဲ့သည့်မြန်မာအလုပ်သမားအချို့လျော်ကြေးရရန် ခက်ခဲနေ
ထိုင်းနိုင်ငံတွင်လုပ်ငန်းခွင်အတွင်းကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့သည့်မြန်မာအလုပ်သမားအချို့လျော်ကြေးရရန်ခက်ခဲနေကြောင်းကူညီဆောင်ရွက်ပေးနေသူများထံမှသိရသည်။
ယင်းအလုပ်သမားများ၏အကူအညီတောင်းချက်အရနစ်နာကြေးရရှိရန်ဆောင်ရွက်ပေးနေပြီးမြန်မာအလုပ်သမားအချို့သည်သူဌေးပြောင်းအထောက်အထားလုပ်နေသည့်အချိန်ဖြစ်သည့်အတွက်လျော်ကြေးငွေရရန် အခက်အခဲရှိကြောင်း WAG အဖွဲ့မှသိရသည်။
WAGအဖွဲ့သည်လုပ်ငန်းခွင်အတွင်းကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သောမြန်မာအလုပ်သမား ၁၀ဦးအားကူညီ ဆောင်ရွက်ပေးနေပြီး ယခုလအတွင်း အမှု နှစ်မှုမှ လျော်ကြေးငွေရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ နကော့ပထုံမြို့နယ်ဘန်းလင်ရှိ ငရုတ်သီးမှုန့်ထုပ်လုပ်သည့် စက်ရုံတွင် ဘယ်ဘက်လက်မအရင်းထိ ပြတ်သွားခဲ့သည့် မဥမ္မာ၏နစ်နာကြေးငွေ ထိုင်းဘတ်ငွေ၂၉၉၄၄၆ ဘတ်ကို အောက်တိုဘာ၂၄ ရက်တွင် ပြန်လည်ရရှိခဲ့ကြောင်းWAG အဖွဲ့မှ သိရသည်။
WAG အဖွဲ့သည် ထိုင်းနိုင်ငံလှခ်ျဘူလိခရိုင် ဒန်ထက်တကိုမြို့ချောင်ဘိန်ကျေးရွာအတွင်းရှိသစ်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား မမိုးသန္တာလွင်၏ ညာဘက်လက် ဆုံးရှုံးခဲ့မှု၊ထိုင်းနိုင်ငံ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်ရင်း ညာဘက်လက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားမဝင်းဝင်းအေးတို့၏ အမှုများကို လက်ခံကာ နစ်နာကြေးရရှိရန်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

image

ကျွန်တော်တို့ မကြာခဏ စားသုံးလေ့ရှိသောကြက်ဟင်းခါးသီးသည် အလွန်ဆေးဖက်ဝင်သော ဟင်းသီးတစ်မျိုး ဖြစ်သည်။ ဆေးဖက်အဝင်ဆုံးမှာ တောကြက်ဟင်းခါးသီးဖြစ်ပြီး အရသာအလွန်ခါးပါသည်။ ဒုတိယမှာ ကျွန်တော်တို့ဈေးတွင် ဝယ်စားနေကျဖြစ်သည့် မြန်မာကြက်ဟင်းခါးသီး ဖြစ်သည်။ ထိုင်ဝမ်ကြက်ဟင်းခါးသီး ဟုခေါ်သော ဘို့များပြောင်ချောနေသည့် ကြက်ဟင်းခါးသီးမျိုးမှာ အသားများပြီး ဟင်းချက်စား ရာတွင် ကောင်းသော်လည်း ဆေးဖက်ဝင်သည့် အခါးဓာတ်များ အနည်းငယ်သာ ပါဝင်ပါသည်။
ကြက်ဟင်းခါးသီး နှင့် ဆီးချိုသွေးချိုရောဂါ
--------------------------------------
ကြက်ဟင်းခါးသီးတွင် ပါဝင်သော အခါးဓာတ်နှင့် အဖန်ဓာတ်များသည် သွေးထဲရှိ ဂလူးကို့စ်သကြားဓာတ်ကို ကျစေနိုင်သည့် အာနိသင်ရှိပါသည်။ ဆီးချိုရောဂါဝေဒနာရှင်များသည် တစ်နေ့လျှင် ကြက်ဟင်းခါးသီး အနေတော်တစ်လုံး၏ လေးပုံပုံ တစ်ပုံခန့်နှင့် တစ်ပတ်ကို နှစ်လုံးခန့် စားသုံးသင့်သည်။ ဆေးအနေနှင့် လိုအပ်သော ပမာဏ အတိအကျမှာ တစ်နေ့လျှင် ကြက်ဟင်းခါးသီး အခြောက်မှုန့် ၃ ဂရမ်ခန့် လိုအပ်ပါသည်။ ခေတ်သစ်ဆေးပညာတစ်ခုဖြစ်သော အပင်များကိုလေ့လာသည့် ဓာတုဗေဒ (Phytochemistry) အရ ကြက်ဟင်းခါးသီးတွင် ဂလူးကို့စ်ကျစေနိုင်သည့် ဓာတ်ပစ္စည်း (၃) မျိုး ပါဝင်ပါသည်။
(၁) ချာရတင် (𝐂𝐡𝐚𝐫𝐚𝐧𝐭𝐢𝐧)
ချာရတင်သည် စပိုနင် (Saponin) အမျိုးအစားဖြစ်ပြီး ရေနှင့်ဆေးလျှင် အမြှုပ်ထွက်စေသည့် ပစ္စည်းဖြစ်သည်။ စပိုနင်တည်ဆောက်ပုံကို အသေးစိတ်လေ့လာရာတွင် ယင်းသည် ထရွိုင်တာပီနွိုက် ဂလိုင်ကိုဆိုက် (Triterpenoid glycoside) အမျိုးအစား ဖြစ်သည့်အတွက် ဂလူးကို့စ်မော်လီကျူးများကို ဖမ်းနိုင်သည့်လက်တံများ ပါရှိပါသည်။ ကြက်ဟင်းခါးသီးကို ထမင်း၊ မုန့်ဟင်းခါး စသည်တို့နှင့် တွဲစားလျှင် ချေဖျက်ပြီးနောက် ရရှိလာသည့် ဂလူးကို့စ်များကို ချာရတင်၏လက်တံများက ဖမ်းထားလိုက်သောကြောင့် အူနံရံမှစုပ်ယူနိုင်မှု လျော့နည်းသွားပါသည်။ ထို့ကြောင့် ဂလူးကို့စ်များသည် သွေးထဲသို့ ပမာဏအများအပြား ရောက်မလာသည့်အတွက် ဆီးချိုဝေဒနာရှင်များအတွက် များစွာအကျိုးရှိပါသည်။
(၂) အယ်ကာလွိုက် (𝐀𝐥𝐤𝐚𝐥𝐨𝐢𝐝)
အယ်ကာလွိုက်များသည် ရေတွင်ပျော်ဝင်သော အခါးဓာတ်များ ဖြစ်သည်။ ယင်းသည် အူနံရံမှစုပ်ယူပြီး သွေးထဲသို့ရောက်သွားလျှင် ပန်ကရိယဂလင်း (Pancreas gland) တွင်ရှိသော အင်ဆူလင်ဟော်မုန်းများ ထုတ်ပေးသည့် ဘီတာဆဲလ်လေးများကို ကျန်းမာကြံ့ခိုင်စေရန် ပြုလုပ်ပေးပါသည်။
(၃) ပေါ်လီပပ်တိုက်-ပီ (𝐏𝐨𝐥𝐲𝐩𝐞𝐩𝐭𝐢𝐝𝐞-𝐏)
ယင်းသည် အင်ဆူလင်နှင့် အလားတူသည့် မော်လီကျူးဖြစ်သောကြောင့် အပင်မှရသော အင်ဆူလင် (Plant insulin) ဟု တင်စားခေါ်ဝေါ်ကြသည်။ ပီ-အင်ဆူလင် (P-insulin) ဟုလည်း အတိုကောက်ခေါ်လေ့ရှိသည်။ အင်ဆူလင်ကဲ့သို့ အာနိသင်ရှိသည့်အတွက် သွေးထဲတွင်ရှိသော သကြားဓာတ်ကို ခန္ဓာကိုယ် တစ်သျှူးများအတွင်း ဝင်စေရန် လှုံ့ဆော်ပေးပါသည်။ အမေရိကန်ပြည်ထောင်စု၌ နွား၊ ဝက် အစရှိသည့် တိရစ္ဆာန်များမှ ထုတ်လုပ်သည့် အင်ဆူလင်နေရာတွင် စနစ်တကျ သီးခြားထုတ်ယူထားသော ပီ-အင်ဆူလင်ကို အစားထိုးပြီး စတင်အသုံးပြု လျက်ရှိသည်။ ထို့ကြောင့် ဆီးချိုသမားများသည် ကြက်ဟင်းခါးသီးကိုစားလျှင် များစွာအကျိုးရှိပါသည်။
ကြက်ဟင်းခါးသီးတွင် ပါဝင်သော ယင်းဆေးဖက်ဝင် ဓာတ်ပစ္စည်းများသည် 80°C ထက်ကျော်၍ အပူပေးလျှင် ပျက်စီးကုန်ပါသည်။ ရေဆူမှတ်သည် 100°C ရှိသဖြင့် ဟင်းထဲထည့်ချက်လျှင် အာနိသင် မရရှိနိုင်သောကြောင့် ရိုးရိုးဟင်းလျာအနေဖြင့်သာ စားသုံးနိုင်ပါမည်။ ကြက်ဟင်းခါးသီးကို အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာကဲ့သို့ဖြစ်စေ၊ အပူချိန်နည်းနည်းဖြင့် အစိမ်းကြော်ကဲ့သို့ ကြော်၍ဖြစ်စေ စားသုံးမှသာ ဆေးဖက်ဝင်အာနိသင် ရရှိမည်ဖြစ်သည်။
Note --- ကြက်ဟင်းခါးသီးစားလျှင် အကြောတက်ခြင်းနှင့် သွေးပေါင်ချိန်တက်ခြင်းတို့ မဖြစ်ပွားစေရန် အစေ့နှင့် အစေ့အညှာတိုင်များကို ဖယ်ပြီး အသားချည်းသာ စားသင့်ပါသည်။

image

◾️ဂျပန်ထံမှ မြေရှားအပါအဝင် ရှားပါးသတ္တုများဝယ်ရန် ဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ်သစ်တို့ သဘောတူလက်မှတ်ရေးထိုး
အမေရိကန်နှင့် ဂျပန် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် မြေရှားသတ္တုအပါအဝင် ရှားပါးသတ္တုများဝယ်ယူရေး သဘောတူညီချက်များကို အမေရိကန်သမ္မတဒေါ်နယ်ထရန်နှင့် ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဆာနာအဲတာကာအိချိတို့ တိုကျိုမြို့၌ ယနေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသည့် ဆာနာအဲတာ ကာအိချိကို ချီးကျူးစကားဆိုခဲ့သကဲ့သို့ စစ်‌ရေးတည်ဆောက်မည့် တိုးမြှင့်လုပ်ဆောင်မှု ကတိကဝတ် ကို ကြိုဆိုကြောင်းလည်း ပြောဆိုသည်။
“ရှင်ဇိုအာဘေးနဲ့ တခြားခေါင်း‌ဆောင်တွေထံက ကျွန်တော်သိခဲ့ရသမျှဆိုရင် ခင်ဗျားဟာကြီးကျယ်တဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်လာမှာပါ။ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်တာကိုလည်း ချီးကျူးဂုဏ်ပြု ပါတယ်။ တကယ်ကိုကြီးကျယ်ပါတယ်” ဟု ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့များနှင့် စတင်ဆွေးနွေးချိန် ဒေါ်နယ်ထရန့်က ဆိုသည်။
ယခုနှစ်အတွင်း သဘောတူညီခဲ့သော ကန်ဒေါ်လာ ၅၅၀ ဘီလီယံ သဘောတူညီချက်အရ ဂျပန်ဝန်ကြီးချုပ်သစ်က အမေရိကန်တွင် ရင်းနှီးမြုပ်နှံမည့် အစီအစဉ်များကို ထရန့်အား ကမ်းလှမ်း သွားမည်ဟုမျှော်လင့်ရပြီး ယင်းတွင် သင်္ဘောတည်ဆောက်ခြင်း၊ အမေရိကန်မှပဲပိစပ်များ၊ သဘာဝဓာတ်ငွေ့နှင့် ပစ်ကပ်ထရပ်များ ပိုမိုဝယ်ယူရေးတို့လည်းပါဝင်မည်ဖြစ်သည်။
စမတ်ဖုန်းများမှ တိုက်လေယာဉ်များအထိ ထုတ်ကုန်များအတွက် မရှိမဖြစ်အရေးပါ သော တွင်းထွက်ပစ္စည်းများကို တရုတ်က ချုပ်ကိုင်ထားခြင်းကို တန်ပြန်ရန်နှင့် ၎င်းအပေါ် အားကိုးနေရမှုကိုလျော့ချရန် မြေရှားသတ္တုအပါအဝင် အရေးပါသော သတ္တုများ ထောက်ပံ့နိုင်ရေးအတွက်လည်း နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
တိုကျိုမြို့လယ်ရှိ အကာဆာကာနန်းတော်၌ နှစ်ဦးသားဓာတ်ပုံအရိုက်ခံခဲ့ကြစဉ် ထရန့်က “အလွန်ခိုင်မာလှတဲ့ လက်ဆွဲနှုတ်ဆက်မှုဖြစ်ပါတယ်” ဟု ပြောကြားသည်။
အမေရိကန်လုပ်ကာကွယ်ရေးပစ္စည်းများအား ပိုမိုဝယ်ယူရန် ဂျပန်၏ ကြိုးပမ်းမှုကို ထရန့်က ချီးကျူးခဲ့သကဲ့သို့ တာကာအိချိကလည်း ထိုင်းနှင့် ကမ္ဘောဒီးယားကြားက အပစ်အခတ်ရပ်စဲမှု၊ အစ္စရေးနှင့် ဟားမားစ်အဖွဲ့ကြားက အပစ်ရပ်စဲမှုမှ ထရန့်၏အခန်းကဏ္ဍကိုချီးကျူးခဲ့ကာ ယခင်က မရှိခဲ့ဖူးသော စွမ်းဆောင်မှုများဟု ပြောဆိုသည်။
တာကာအိချိက အခြားကမ္ဘာ့‌ခေါင်းဆောင်များကဲ့သို့ပင် ဒေါ်နယ်ထရန့်တောင့်တနေသော နိုဘယ် ငြိမ်းချမ်းရေးဆု အတွက် ၎င်းအားထောက်ခံချက်ပေးခဲ့သလို ယင်းဆုနှင့် ထရန့် ထိုက်တန်ကြောင်းကြောင်း၊ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းပေးသွားမည် ဖြစ်ကြောင်းလည်း ပြောသည်။
ရှင်ဇိုအာဘေးအသုံးပြုခဲ့သော ကျင်းစိမ်သည့်ဂေါက်တံ၊ ဂျပန်နာမည်ကျော် ဂေါက်သီးကစားသမား မတ်ဆူယာမာ လက်မှတ်ရေးထိုးထားသော ဂေါက်အိတ်နှင့် ရွှေစက္ကူဂေါက်သီးလုံးတို့ကိုလည်း မစ္စက်တာကာအိချိက ထရန့်အား လက်ဆောင်ပေးခဲ့ကြောင်းသိရသည်။
အမေရိကန်ခေါင်း‌ဆောင်သည် ယမန်နေ့ကစတင်ခဲ့သော ဂျပန်ခရီးစဉ်တွင် ဂျပန်ဧကရာစ် နာရူဟီတိုကို လည်း နန်းတော်တွင် တွေ့ဆုံခဲ့သည်။
သတင်း - ရဲမင်း
ကိုးကား - Reuters
#နိုင်ငံတကာသတင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️လုဗ်ပြတိုက် ဖောက်ထွင်းခိုးယူမှုသံသယရှိသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်း
စ်နိုင်ငံ ပါရီမြို့ရှိ လုဗ်ပြတိုက်မှ ရှေးဟောင်းအဖိုးတန်ရတနာများခိုးယူခဲ့သူများအဖြစ် သံသယရှိသူနှစ်ဦး ဖမ်းဆီးထားကြောင်း ပြင်သစ်သတင်းဌာနများက အောက်တိုဘာ ၂၆ ရက်တွင် ရေးသားဖော်ပြသည်။
၎င်းတို့ထဲမှ အမျိုးသားတစ်ဦးကို ချားလ်ဒီဂေါလေဆိပ်၌ လေယာဉ်စီးရန်ပြင်ဆင်နေချိန်တွင် ဖမ်းဆီးခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁၉ ရက်က လုဗ်ပြတိုက်မှ ယူရို ၈၈ သန်း တန်ဖိုးရှိပစ္စည်းများကို ခိုးယူခဲ့သည့် သူခိုးလေးဦးသည်ပြတိုက်ဖွင့်ပြီးမကြာမီတွင် အဆောက်အအုံထဲကို ဝင်ရောက်ခဲ့ကြသည်။
ပါရီရှေ့နေရုံးကမူ လူဘယ်နှယောက်ဖမ်းဆီးထားသည်ကို အသေးစိတ်မဖော်ပြသော်လည်း အောက်တိုဘာ ၂၅ ရက်နှောင်းပိုင်းတွင် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ သံသယရှိသူ တစ်ဦးသည် အယ်လ်ဂျီးရီးယားသို့ ခရီးသွားရန် ပြင်ဆင်နေပြီး ကျန်တစ်ဦးကမူ မာလီကို သွားရောက်မည်ဖြစ်သည်ဟု သတင်းဌာနများ ဖော်ပြထားသည်။
အထူးရဲတပ်ဖွဲ့သည် ၎င်းတို့ကို ၉၆ နာရီအထိ ဖမ်းဆီးစစ်ဆေးနိုင်သည့်အခွင့်အာဏာရှိသည်။ ဖောက်ထွင်းခိုးယူခဲ့သည့်နေရာတွင် တွေ့ရှိခဲသောဒီအင်န်အေကြောင့် သံသယရှိသူတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့သည်ဟု သတင်းဌာနများကဖော်ပြထားသည်။
သူခိုးများသည် ပြတိုက်မှ ပစ္စည်းကိုးခုကို ခိုးယူခဲ့သော်လည်း နပိုလီယံ- ၃၏ ဇနီးဖြစ်သူ ပိုင်ဆိုင်သည့် သရဖူတစ်ခုမှာ ပြုတ်ကျကျန်ရစ်ခဲ့ပြီး အနီးအနားမှာပြန်တွေ့ရှိခဲ့သည်။
လုဗ်ပြတိုက်သည် ပါရီတွင် ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ်မှု အများဆုံးနေရာများထဲမှ တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်းဧည့်သည် ၈ ဒသမ ၇ သန်း လာရောက်ခဲ့သည်။
ဘီဘီစ

image
13 w - Translate

◾️Senior Accountant - Yangon
Company: 2L Industrial Company Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/25690

◾️Office Staff - Yangon
Company: GUSTO University
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/25689

◾️Warehouse Supervisor - Yangon
Company: Best Guiding Star Company Limited
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/25688

image

🥲

image

ငှက်ပျောပေါင်းအလွယ်လုပ်နည်း
ပါဝင်ပစ္စည်း
-ရခိုင်ငှက်ပျောသီးအမှည့်(၈)လုံး
-အုန်းနို့-160ml-1
-သကြား-၇ဇွန်း-tablespoon
-ဆား-1(teaspoon)
-သာကူစေ့-၂tablespoon
-ကင်ပွန်းချဉ်ရွက်
ငှက်ပျောသီးကိုအခွံနွာ
ရေဆူလာရင် ကန်ပွန်းချဉ်ရွက်ထည့် ငှက်ပျောသီးထည့်
၁၀မိနစ်လောက်ပြုတ်
-ပြီးရင်ကန်ပန်းချဉ်ရွက်မပါအောင်ရေပြန်ဆေးထား
-သာကူကိုရေနွေးနဲ့ဖျောပြီး စစ်ထားမယ်
-အုန်းနို့-၁ဘူး ရေ-၃၂၀ml -အုန့်နို့-၂ဘူးစာထည့်,ဆား,သကြားထည့်ဆူအောင်တည်
-ဆူလာရင် သာကူထည့် ငှက်ပျောသီးထည့်
10minလောက်ကြာလို့သာကူအစေ့ပျောက်ပြီး ငှက်ပျောသီးနူးအိ,ကိုယ်ကြိုက်တဲ့အနေရောက်ရင်ရပြီ
#ငှက်ပျောပေါင်း #ဟင်းချက်းနည်း

image