17 w - Translate

Tattoo ideas

image
17 w - Translate

Tattoo ideas

image
17 w - Translate

Tattoo ideas

image
17 w - Translate

Tattoo ideas

image
17 w - Translate

Tattoo ideas

image
17 w - Translate

Tattoo ideas

imageimage
+5

image

ဘေးစီမံဦးစီးဌာနကနေ အမှုထမ်းရာထူး ၆၂ နေရာ ခေါ်ယူ .. ဘွဲ့ရပြီးသူတိုင်း လျှောက်ထားနိုင်ပြီး မိမိနေထိုင်ရာ ‌တိုင်း/ပြည်နယ်၌သာ တာဝန်ထမ်းဆောင်ရမည့် အခွင့်အရေးကောင်း

#govjob

imageimage

ယခုရာသီ ယူနိုက်တက်အား အကြီးအကျယ် ပြောင်းလဲလာစေတဲ့ အချက်ကို အမိုရမ် ဖွင့်ဟ ပြောကြားလာ
===================

ရူဘင်အမိုရမ်က ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်က သူ့အပေါ် လူသိရှင်ကြား ထောက်ခံပြောဆိုလာမှုက ယခုရာသီ ယူနိုက်တက်အား အကြီးအကျယ် ပြောင်းလဲလာစေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်က အောက်တိုဘာလနိုင်ငံတကာပွဲစဉ်များအတွင်း အင်တာဗျူးတွင် ပေါ်တူဂီလူမျိုးနည်းပြအား အသင်းကို သုံးနှစ်ကြာ ကိုင်တွယ်စေပြီးမှ ဆုံးဖြတ်သင့်ကြောင်း ပြောဆိုခဲ့တာပါ။
အမိုရမ်ဟာ စက်တင်ဘာလနှောင်းပိုင်းတုန်းက ဘရန့်ဖို့ဒ်အား ၃-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် အနာဂတ်အတွက် ဖိအားများစွာ ကျရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ယင်းနောက်ပိုင်းမှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၅ ပွဲတွင် ၃ ပွဲနိုင်၊ ၂ ပွဲသရေရလဒ် ရယူထားနိုင်ပါတယ်။
စပို့တင်းလစ္စဘွန်းနည်းပြဟောင်းက ဆာဂျမ်ရက်ကလစ်ဖ်ရဲ့ လူသိရှင်ကြား အနာဂတ်အတွက် အာမခံချက်ပေးလာမှုက အသင်းအား များစွာ အထောက်အကူ ဖြစ်လာစေခဲ့ကြောင်း ဆိုသွားပါတယ်။
၎င်းက "ဂျမ် အင်တာဗျူးလုပ်ခဲ့တဲ့ ကာလကို သတိရသေးတယ်။ အဲဒီအင်တာဗျူးက ကလပ်အတွင်းကို စိတ်အေးလက်အေး ဖြစ်စေတယ်။ ကလပ်ဝန်းကျင်ဆူညံမှုလည်း ပြောင်းလဲသွားတယ်။ ဒါက အသင်းအတွက် အရမ်းအရေးကြီးတယ်။ အသင်းနဲ့ ကျွန်တော့်အတွက် တကယ့်ကို အရေးပါပါတယ်။ ကြီးမားတဲ့ ရိုက်ခတ်မှု ရှိတယ်။ ကျွန်တော့်ရဲ့ လုပ်ပုံကိုင်ပုံအပြင် ကျွန်တော်တို့ လုပ်ဆောင်မှုအပေါ် အခြားသူတွေရဲ့အမြင်ကိုပါ ပြောင်းလဲစေတယ်။ ဒီတော့ ဒါက ကျွန်တော်တို့အတွက် အရမ်းအရေးပါတယ်"လို့ ပြောကြားသွားပါတယ်။
အောက်တိုဘာလ အစောပိုင်းတုန်းက အင်တာဗျူးတွင် ဆာဂျမ်ရက်ကလစ်ဖ်က အမိုရမ်ကို ကြီးကျယ်တဲ့ ယူနိုက်တက်နည်းပြအဖြစ် မြင်တွေ့ရရန်အတွက် သုံးနှစ်အချိန်ပေးရမယ်လို့ ပြောဆိုခဲ့တာပါ။
ယူနိုက်တက်ဟာ လာမယ့်ပွဲအဖြစ် တနင်္လာနေ့တွင် အဲဗာတန်နှင့် ရင်ဆိုင်ကစားရပါမယ်။ ယင်းပွဲမှာ အမိုရမ်အတွက် ယူနိုက်တက်အသင်းအား ပထမဆုံးကိုင်တွယ်တဲ့ တစ်နှစ်ပြည့်တဲ့ ပွဲဖြစ်လာပါမယ်။
ဆက်လက်ပြီး အမိုရမ်က "အများကြီး သင်ယူခဲ့ရတဲ့ ခရီးပါ။ တခါတလေ ခင်ဗျားတို့က ကျွန်တော်တို့ကို အရမ်းအသက်ငယ်တယ်လို့ ထင်တယ်။ အနိုင်ရနေတယ်ပေါ့။ နောက်တော့ ကွဲပြားတဲ့ ရလဒ်ရလာတယ်။ အဲဒီအခါ လူတွေက ကိုယ့်အလုပ်အပေါ်၊ ကိုယ့်လုပ်ဆောင်မှုအပေါ် အမြင်ပြောင်းလာတယ်။ တခါတလေ အရမ်းခက်ခဲတယ်။ ဒါပေမယ့် သင်ခန်းစာလည်း အများကြီးရခဲ့တယ်။ အခုဆို ပိုကောင်းတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာပြီလို့ ထင်တယ်။ အနာဂတ်နဲ့ ပစ္စုပ္ပန်အတွက် အသင့် ဖြစ်နေပါပြီ။ အရမ်းခက်ခဲတဲ့ ခရီးတစ်ခုပါ။ ဒါပေမယ့် လိုအပ်လို့ ဖြစ်လာခဲ့တာလို့ ထင်တယ်။ ဒါကြောင်လည်း ကျွန်တော်တို့ ပိုကောင်းလာခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

image

ဆာလက်နှင့်အိုဆီမမ်တို့ကို ကျော်ဖြတ်ကာ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဟာကီမီ ဆွတ်ခူး
======================

ပီအက်စ်ဂျီနှင့် မော်ရိုကိုနောက်တန်းအစွန်လူအာခရစ်ဖ်ဟာကီမီဟာ မိုဟာမက်ဆာလက်နှင့် ဗစ်တာအိုဆီမမ်တို့အား ကျော်ဖြတ်ကာ အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားပါတယ်။
ဟာကီမီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီကို လီဂူး ၁ဖလား၊ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ခဲ့တဲ့အပြင် နွေရာသီ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ တက်ရောက်အောင် အဓိကနေရာမှ စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ရွေးချယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဟာကီမီဟာ လက်ရှိအချိန်တွင် ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မော်ရိုကိုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာရေး မျှော်လင့်နေသူလည်း ဖြစ်ပါတယ်။
တကယ်လို့များ မော်ရိုကိုသာ ဆွတ်ခူးလာပါက ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာဖရိကဖလားဆွတ်ခူးလာနိုင်ပါမယ်။
ဒါ့အပြင် မော်ရိုကိုဂိုးသမားယာဆိန်းဘူနိုမှာလည်း အာဖရိကတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးသွားနိုင်ခဲ့တဲ့အပြင် ယူ-၂၀ ကမ္ဘာ့ဖလားချန်ပီယံ မော်ရိုကိုယူ-၂၀ အသင်းကလည်း အာဖရိကအကောင်းဆုံးလက်ရွေးစင်အသင်းဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ဝက်ဖို့ဒ်ရဲ့ အသက် ၂၀ နှစ်ရှိ မော်ရိုကိုအလယ်တန်းကစားသမားအော့မာနီမမ်မာကလည်း အာဖရိကတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံငယ်လေး ကိတ်ဗာဒီကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ခဲ့တဲ့ နည်းပြဘူဘစ္စတာကလည်း အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

image