လာမည့် ၂၄ နာရီအတွင်း စစ်တောင်းမြစ်ရေ မဒေါက်မြို့၏စိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင် ၂၀ ရက်နံနက် ၈ နာရီထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
ထိုသို့ ကျော်လွန်ရောက်ရှိနေသော်လည်း လာမည့် ၂၄ နာရီအတွင်း၌ မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အောက်သို့ပြန်လည်ကျဆင်းလာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် စစ်တောင်းမြစ်ရေ မဒေါက်မြို့၏ စိုးရိမ်ရေ မှတ်အထက်ကျော်လွန်ရောက်ရှိနေချိန်၌ မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးဇလကသတိပေးခဲ့ကြောင်း သိရသည်။

image