KK Park နယ်မြေမှ အဆောက်အအုံများအားဖျ-က်စီးစဥ် အဆင့်မြှင့်ဖေ-ာက်ခွဲနည်းပညာအသုံးပြုခဲ့သဖြင့် တစ် ဖက်နိုင်ငံသို့အစအနလွှင့်စင်ခြင်းများမရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KK Park နယ်မြေအတွင်းမှ အဆောက်အအုံများအား ဖြိုချဖျ-က်စီးချိန်၌ အဆင့်မြှင့်ဖေ-ာက်ခွဲနည်းပညာအသုံးပြုခဲ့သဖြင့် တစ်ဖက်နိုင်ငံသို့ အစအနလွှင့်စင်ခြင်းများမရှိခဲ့ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ နိုဝင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။
ပထမဦးဆုံး နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးလုပ်ခဲ့သည့် KK Park နယ်မြေ၌ အွန်လိုင်းလောင်းကစားမှုများ ပြန်လည်အခြေမချနိုင်ရန် ယင်းနယ်မြေရှိ အဆောက်အအုံများကို (၁၀၀) ရာခိုင်နှုန်းဖျ-က်ဆီးနိုင်ရန်ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ချိန်၌ စက်ယန္တရားများနှင့် ဖြိုဖျ-က်ခဲ့ခြင်းများ၊ အဆင့်မြင့်ဖေ-ာက်ခွဲခဲ့ခြင်းများရှိပြီး ယင်းသို့ ဖေ-ာက်ခွဲဖျ-က်ဆီးမှုများပြုလုပ်ရာတွင် တစ်ဖက်နိုင်ငံမှ ယင်းဖေ-ာက်ခွဲလိုက်သောအစအနများမှာ ၎င်းတို့၏ နိုင်ငံအတွင်းကျသည်ဟုဆိုကာ ကန့်ကွက်မှုများရှိခဲ့သည်ဟု ပြောသည်။
"ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဗီဒီယိုမှတ်တမ်းတွေဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ သူတို့ကို ဒီအစအနတွေမကျဘူးဆိုတာလည်း ဗီဒီယိုမှတ်တမ်းတွေနဲ့ပြခဲ့ပြီးဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
KK Park နယ်မြေရှိ အဆောက်အအုံအားဖြိုချဖျ-က်ဆီးရာတွင် အဆင့်မြှင့်ဖေ-ာက်ခွဲနည်းပညာအသုံးပြုခဲ့သဖြင့် အဆောက်အအုံသည် တည့်တည့်အောက်သို့ပြိုကျသဖြင့် တစ်ဘက်နိုင်ငံအတွင်းသို့ကျရောက်ခြင်းမရှိခဲ့သည့်အပြင် ယင်းအဆောက်အအုံအနီးရှိ အဆောက်အအုံများပေါ်သို့ပင်ကျရောက်ခြင်းမရှိခဲ့သည့်နည်းတူ တစ်ဖက်နိုင်ငံနယ်စပ်အနီးကပ်ရှိ Hotel တစ်လုံးကိုဖြိုချဖျ-က်ဆီးရာတွင်လည်း တစ်ဖက်နိုင်ငံနှင့် နယ်ခြားမျဉ်းဖြစ်သော မြစ်ထဲသို့ပင် အစအနကျခြင်းမရှိသဖြင့် အဆောက်အအုံများဖြိုချရှင်းလင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

image

လောင်းလုံးမှာ ဝေလငါးမန်း သုံးကောင် သောင်တင် သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်တွင်းရွာအနီးရှိ ဆင်ထောင့်ကမ်းခြေမှာ ငါးဖမ်းသမားတွေကြောင့် ဝါဇီပျောက် (ပျော့) အမျိုးအစား ဝေလငါးမန်း သုံးကောင် သောင်တင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ငါးဖမ်းလှေတစီးက တခြားငါးတွေကို ပိုက်ဝိုင်းပြီးတော့ ဖမ်းတဲ့အချိန်မှာ ပိုက်ကွန်ထဲမှာ အဲဒီငါးတွေလည်း ပါလာတာပေါ့။ အဲဒီငါးတွေကို ပင်လယ်ထဲ ပြန်မချဘဲ သောင်ပြင်ပေါ်မှာပဲ တင်ခဲ့တဲ့အတွက် သေဆုံးသွားတာပါ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဝေလငါးမန်း သုံးကောင် ဆင်ထောင့်ကမ်းခြေမှာ သောင်တင် သေဆုံးနေတာကို ဒေသခံတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ဝန်းကျင်လောက်မှာ တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပြီး အဲဒီ ဝေလငါးမန်းတွေဟာ အရွယ်အစားအားဖြင့် တကောင်ကတော့ ၂၈ ပေခန့် ရှိကာ နောက်ထပ် နှစ်ကောင်ကတော့ ၁၀ ပေကျော်အရွယ် ရှိတယ်လို့ ဆိုပါတယ်။
“ဒါက သဘာဝတရားကြောင့် သေတာမဟုတ်ဘူး။ လူဖမ်းလို့ ဖြစ်တာ။ အရင်ကလည်း အဲဒီလိုပဲ။ ဖမ်းမိလို့ရှိရင် ကျွန်တော်တို့က သွားပြောတာ။ ငါးကြီးတွေကို ရေထဲပြန်တွန်းချထားခဲ့ဖို့။ အခုက ကျွန်တော်တို့ မရှိလိုက်တဲ့အချိန်၊ ပြောမယ့်သူကလည်း မရှိဘူးဆိုတော့ သောင်ပြင်ပေါ်မှာ ဒီတိုင်း ထားခဲ့တာပေါ့။ တကောင်တည်းလည်း မဟုတ်ဘူး။ သုံးကောင်တောင် တင်ခဲ့တာ။ တော်တော် နှမြောဖို့ကောင်းတယ်” လို့ သူက ပြောပါတယ်။
အခုလို ငါးဖမ်းသမားတွေကြောင့် လောင်းလုံးဒေသမှာ ဝေလငါးမန်းတွေ သေဆုံးနေတာဟာ ၎င်းရဲ့ အတွေ့အကြုံအရ အခု တကြိမ်နဲ့ဆို သုံးကြိမ်လောက် ရှိနေပြီဖြစ်ပြီး ရေထဲ တွန်းချပြီး ပြန်လွှတ်တာကတော့ နှစ်ကြိမ် ကြုံဖူးတယ်လို့ ဆိုပါတယ်။
အဲဒီ ဝေလငါးမန်းတွေဟာ လောင်းလုံးမြို့နယ်အတွင်းက ဆင်ထောက်ကမ်းခြေ၊ တယောကမ်းခြေနဲ့ ဖိုးဖိုးကျောက် ကမ်းခြေတို့မှာ နှစ်နှစ်ကို တကြိမ် ပေါ်လာတတ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ဘက်မှာ ပုစွန်ဆိတ် သေးသေးလေးတွေ ပေါ်တဲ့အချိန်ရှိတယ်။ အရှေ့ဘက်က လေတိုက်ချိန်၊ တန်ဆောင်မုန်းလလောက်မှာပေါ့။ အဲဒီ ပုစွန်လေးတွေကို သူတို့က လာစားကြတာ။ ပုစွန်တွေက ငါးပိလုပ်တဲ့ ပုစွန်လေးတွေပေါ့။ ငါးဖမ်းသမားတွေကလည်း အဲဒီ ပုစွန်တွေကိုပဲ ဖမ်းတာ။ အဲဒီအချိန်မှာ ဒီငါးတွေလည်း ဖမ်းမိတာပေါ့။ ဒီငါးတွေက ဒီမှာ နေထိုင် ကျက်စားတာတော့ မဟုတ်လောက်ဘူး ထင်တယ်။ ကျွန်တော်တို့လည်း ဒီရာသီလေးပဲ တွေ့ဖူးတာဆိုတော့လေ။ ကျန်တဲ့အချိန်တွေဆို မရှိဘူး” လို့ သူက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေကလည်း တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်၊ ကျောက္ကာရွာနဲ့ ကျွန်းစုမြို့နယ်၊ သဲတန်းကျေးရွာအနီးမှာ ဝေလငါးမန်းတချို့ သေဆုံးပြီး သောင်တင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဝေလငါးမန်းဟာ ငါးမန်းမျိုးနွယ်ဝင်ဖြစ်ကာ အလွန်ရှားပါးပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ်ဖြစ်တဲ့အပြင် သက်တမ်းအရင့်ဆုံး ငါးမန်းမျိုးစိတ်ဖြစ်ကာ ကမ္ဘာပေါ်က ငါးမျိုးစိတ်တွေ အားလုံးထဲမှာ အရွယ်အစား အကြီးမားဆုံး ဖြစ်တယ်လို့ သိရပါတယ်။
ဝေလငါးမန်းတွေဟာ အရှည် ၁၄ မီတာ (၄၆ ပေနီးပါး) အထိ ရှည်လျားပြီး အလေးချိန် ၁၂ တန်ခန့်အထိ ကြီးထွားနိုင်ကြတယ်လို့ သိရပြီး အဲဒီလို အကောင်ကြီးထွားလွန်းပေမယ့်လည်း ဝေလငါးမန်းတွေရဲ့ သွားတွေကတော့ အလျား ၆ မီလီမီတာအထိသာ ရှိတယ်လို့ သိရပါတယ်။
အဲဒီ ဝေလငါးမန်းတွေဟာ ပင်လယ်သမုဒ္ဒရာတွေရဲ့ အပူပိုင်းနဲ့ အပူလျော့ပိုင်း ရေပြင်တွေမှာ ကျက်စားလေ့ရှိပြီး မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ Adman Sea မှာ ကျက်စားကြတယ်လို့ သိရပါတယ်။
မြန်မာပြည်မှာဆိုရင်တော့ တနင်္သာရီကမ်းရိုးတန်း၊ မြိတ်ကျွန်းစု အပါအဝင် မြန်မာ့ပင်လယ်ပြင်နဲ့ တခြား ကမ်းရိုးတန်း ဒေသတွေမှာလည်း တွေ့ရရှိရတတ်တယ်လို့ သိရပါတယ်။
ဝေလငါးမန်းတွေကို ၂၀၁၆ ခုနှစ်ကစပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ် (Endangered - EN) Endangered (EN) အဆင့်အဖြစ် သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂ (IUCN - International Union for Conservation of Nature) က သတ်မှတ်ခဲ့ပါတယ်။

image

ကျားဖြန့်တွေကို အပြီးတိုင် ဖယ်ရှားရှင်းလင်းမယ်လို့ BGF ပြောဆိုမှုအပြီး ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်သားတွေ ရွှေ့ပြောင်း တိမ်းရှောင်နေကြ

ကရင်ပြည်နယ် ၊ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ် မှာရှိတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်သူအများအပြား ရွှေ့ပြောင်း ထွက်ပြေးတိမ်းရှောင်မှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ရွှေကုက္ကိုလ် အပါအဝင် ထိုင်း-မြန်မာ နယ်စပ်လျှောက်မှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်လုပ်ငန်းတွေကို အထူးစစ်ဆင်ရေး တရပ်အဖြစ် နှိမ်နှင်းသွားမယ်ဆိုပြီး ပြောဆိုမှု အပြီးမှာ ကျားဖြန့်လုပ်သားတွေ အခုလို ရွှေ့ပြောင်း တိမ်းရှောင်ကုန်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က " ကျွန်တော် တို့ ဒီ ကျားဖြန့်နှိမ်နှင်းရေး အထူးစစ်ဆင်ရေးပွဲကြီး ကို စပြီပေါ့။ စတင် အကောင်အထည်ဖော်တော့မယ် ။ ” လို့ ထိုင်းမီဒီယာတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
မနေ့က နိုဝင်ဘာ ၁၇ ရက်နေ့ မှာ ထိုင်းမီဒီယာနဲ့ တွေ့ဆုံစဥ် ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီနေ့ ညပိုင်းမှာပဲ ကျားဖြန့်လုပ်ငန်းက အောက်ခြေအဆင့် ဝန်ထမ်းတွေဟာ အထုတ်ကိုယ်စီနဲ့ ထွက်ပြေးနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်ကနေ ထွက်ပြေး တိမ်းရှောင်ကြတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေအနက် မြန်မာနိင်ငံသားတွေသာ မြဝတီမြို့ဘက်ကို ရောက်ရှိလာပြီး နိုင်ငံခြားသားတွေကတော့ မြဝတီကို ရောက်လာတာမျိုးသိပ်မတွေ့ရဘူးလို့ သိရပါတယ်။
" ရွှေကုက္ကိုလ်နဲ့ မြဝတီကဝေးတယ် ။အဲဒီဘက်ကို ကားတိုင်းလည်း သွားမရဘူး ။ ညတုန်းက ရွှေကုက္ကိုလ်ဘက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ် ။ ဘာလဲဆို ကျားဖြန့်သမားတွေကို နှင်ထုတ်တယ် ။ အခုပြေးကြတာ ဝန်ထမ်းတွေလေ ။ အောက်ခြေဝန်ထမ်းက ဂရုမစိုက်ဘူးလေ ။ ဖြစ်ချင်ရာ ဖြစ်ပေါ့ ။ သူတို့က ဒီနေရာက ထွက်ရင် တခြားနေရာပြောင်းလုပ်ကြမှာ ။ အဲဒီနေရာတွေမှာ BGF ကပဲလုံခြုံရေးယူပေးထားတာလေ ။အကြီးပိုင်း အရာရှိတွေဆို သူတို့ခေါ်ထုတ်ပြီးပြီ ။ " လို့ ဒေသခံကပြောပါတယ်။
လက်ရှိမှာ ရွှေကုက္ကိုလ်ကနေ မြဝတီကို ကားငှားခ ၈၀၀၀၀ ကျပ်လောက်ရှိကြောင်း သိရပါတယ် ။
ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်ကတော့ ရွှေကုက္ကိုလ်မြို့က ကျားဖြန့်လုပ်ငန်းတွေကို ဒီတကြိမ်တော့ အပြီးတိုင် ဖယ်ရှားရှင်းလင်း သွားမှာဖြစ်ကြောင်း ၊ သိမ်းဆည်းရမိတဲ့ အဆောက်အအုံတွေကိုတော့ ဖျက်ဆီးတာမျိုး မလုပ်ဘဲ အိုးအိမ်မဲ့ပြည်သူတွေ နေထိုင်ဖို့ နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် စနစ်တကျ စီမံခန့်ခွဲ သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒေသခံကတော့ " ကျားဖြန့်သမားတွေကို ရှင်းမယ်ပြောတာလည်း ခဏခဏပဲ ။ တကယ်မပျောက်တာ ခက်တယ် ။ Game ဆိုင်တွေလည်း အရေးယူဖို့ လိုတယ်။ အခုလည်း ကျားဖြန့် အပြတ်ရှင်းမယ်ပြောတာ တကယ် ဟုတ်မဟုတ် စောင့်ကြည့်သိရမှာပေါ့ ။ " လို့ မှတ်ချက်ပြု ပြောပါတယ်။
ပြီးခဲတဲ့ အောက်တိုဘာလ တုန်းကလည်း မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာအနီးမှာရှိတဲ့ တရုတ်နိုင်ငံသားတွေဦးစီးလုပ်ကိုင်နေတဲ့ ကျားဖြန့် ( ငွေလိမ်ဂိုဏ်း) AA အလုပ်ဆိုက်ကနေ ကျားဖြန့်လုပ်ကိုင်တဲ့ဝန်ထမ်းတွေ အများအပြား မြဝတီမြို့ကို ထွက်ပြေးတိမ်းရှောင်မှုရှိခဲ့ပါတယ်။
တိမ်းရှောင်လာတဲ့ နိုင်ငံခြားသားတွေကိုတော့ အစိုးရတာဝန် ရှိသူတွေက ထိုင်းနိုင်ငံအစိုးရနဲ့ ချိတ်ဆက်ပြီး လွှဲပြောင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းတွေမှာ လာရောက်လုပ်ကိုင်နေတဲ့ အထဲက နိုင်ငံခြားသား ၉၀၀၀ ကျော်ကို မတ်လကစပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးကို ပြန်လည် လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

image

တောင်ကိုရီးယားက နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်မှု နျူကလီးယား ဒိုမီနိုသက်ရောက်မှု ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုအကြား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ တည်ဆောက်မယ့် သဘောတူညီချက်ကို ရှုတ်ချခဲ့ပြီး ဒီကိစ္စကြောင့် နျူကလီးယားဒိုမီနို အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပြီး လက်နက်ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာ လိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကြာမြင့်စွာ စောင့်မျှော်ခဲ့ရတဲ့ လုံခြုံရေးနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ကြောင်း ပြီးခဲ့တဲ့ အပတ်က ကြေညာခဲ့ပြီး အဏုမြူစွမ်းအင်သုံး ရေယာဉ်တွေ တည်ဆောက်မယ့် အစီအစဉ်တွေလည်း ပါဝင်နေပါတယ်။
ဆိုးလ်က "ယူရေနီယမ် သန့်စင်မှုနဲ့ လောင်စာ ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို တိုးချဲ့ဖို့ အမေရိကန်ရဲ့ ထောက်ခံခွင့်ပြုမှု ရရှိထားတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအစီအစဉ်ဟာ အန္တရာယ်ရှိတဲ့ ထိပ်တိုက်ရင်ဆိုင်ရေး ကြိုးပမ်းမှု ဖြစ်တယ်လို့ နျူကလီးယားပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက သတိပေးပါတယ်။
သဘောတူညီချက်ဟာ ကိုရီးယားကျွန်းဆွယ်ပြင်ပ အာရှ-ပစိဖိတ်ဒေသရှိ စစ်ရေးလုံခြုံရေးအခြေအနေကို မတည်မငြိမ်ဖြစ်စေပြီး ကမ္ဘာလုံးဆိုင်ရာနယ်ပယ်မှာ နျူကလီးယားထိန်းချုပ်မှု မဖြစ်နိုင်တော့ အခြေအနေကို ဖြစ်ပေါ်စေနိုင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ချက်ကြောင့် မြောက်ကိုရီးယားဟာ ပိုမိုတရားမျှတပြီး လက်တွေ့ကျတဲ့ တန်ပြန်အစီအမံတွေကို လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။
နယ်စပ်ပဋိပက္ခတွေ မဖြစ်စေဖို့အတွက် မြောက်ကိုရီးယားနဲ့ စစ်ရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ တောင်ကိုရီးယားက အဆိုပြုပြီး တရက်အကြာမှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။
တောင်ကိုရီးယားကတော့ မြောက်ကိုရီးယာားအပေါ် ရန်လိုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်အကြား သဘောတူညီချက်ဟာ နိုင်ငံကို ကာကွယ်ဖို့နဲ့ တောင်ကိုရီးယား- အမေရိကန်အကြား လုံခြုံရေး မဟာမိတ်ဖွဲ့မှုကို ခိုင်မာစေဖို့သာ ရည်ရွယ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ကန်ယူဂျွန်က ဆိုပါတယ်။

image

တရုတ်နဲ့ ဂျပန် သံတမန်ရေးတင်းမာမှု ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့် မပြေလည်

တရုတ်နဲ့ ဂျပန်တို့အကြား ထိုင်ဝမ်အရေးကြောင့် သံတမန်ရေးရာ တင်းမာမှုတွေလျှော့ချဖို့ ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့်လည်း ပြေလည်ခြင်းမရှိသေးဘဲ တင်မာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
ယခုလအစောပိုင်းက ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ ထိုင်ဝမ်ကို တရုတ်ကစစ်ရေးအရ တိုက်ခိုက်မယ်ဆိုရင် ဂျပန်ရဲ့ ရပ်တည်ရှင်သန်ရေးကို ထိခိုက်စေတာကြောင့် စစ်ရေးအရ ဝင်စွက်ဖို့နည်းလမ်းကို ဦးတည်သွာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စကြောင့် သံတမန်ရေးရာ တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ သမုဒ္ဒရာရေးရာဗျူရို အကြီးအကဲ ကာနိုင်း မာဆာအာကီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလားတူတာဝန်ယူထားတဲ့ လျူဂျင်ဆောင်နဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံသားတွေ ဂျပန်သို့ ခရီးသွားခြင်းမှ ရှောင်ကြဉ်ဖို့ အကြံပြုထားတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ပယ်ချခဲ့ပြီး ဂျပန်နိုင်ငံရဲ့ လုံခြုံရေးမှာ ပိုမိုဆိုးရွားလာတာမရှိဘူးလို့ ဆွေးနွေးပွဲများအတွင်း ကာနိုင်းမာဆာအာကီက ပြောပါတယ်။
ဝန်ကြီးချုပ် တာကာအိချိ၏ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အိုဆာကာရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရွှီးကျန်းက ဝန်ကြီးချုပ်ရဲ့ ညစ်ပတ်တဲ့ခေါင်းကို ဖြတ်ပစ်မယ်ဆိုပြီး ရေးသားထားတဲ့ လူမှုမီဒီယာပို့စ်တခုကိုလည်း ကာနိုင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီးမှာတော့ မီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုလေ့မရှိတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ သမုဒ္ဒရာရေးရာဗျူရို အကြီးအကဲ လျူဂျင်ဆောင်က အစည်းအဝေးရလဒ်က လုံးဝကျေနပ်စရာမရှိဘူးလို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်ကလည်း ဂျပန်ဝန်ကြီးချုပ်ရဲ့ မှားယွင်းတဲ့ မှတ်ချက်ကို တရုတ်နိုင်ငံအနေနံ့ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒီလိုပြောဆိုမှုကို ရုပ်သိမ်းဖို့ ဂျပန်ကိုတောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတီဂီ တိုရှီမစ်ဆုကတော့ ပြီးခဲ့တဲ့အပတ်က ဝန်ကြီးချုပ် ပြောကြားခဲ့တဲ့အရာကို ပြန်လည်ရုပ်သိမ်းဖို့ မလိုဘူးလို့ ပြောပါတယ်။ ဒီပြောဆိုမှုရဲ့ အဓိပ္ပါယ်ကို တရုတ်နိုင်ငံကို ရှင်းပြခဲ့ပြီး ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေရှိဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။
"ဂျပန်နှင့် တရုတ်အကြား စိုးရိမ်ပူပန်မှုတွေနဲ့ အမြင်ကွဲပြားမှုတွေ ရှိနေတာကြောင့် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ နှစ်ခုစလုံးဟာ ကျယ်ပြန့်တဲ့ နယ်ပယ်တွေမှာ အချင်းချင်း ဆက်သွယ်ဖို့ အရေးကြီးတယ်လို့ မိုတီဂီက ပြောပါတယ်။
ဂျပန်ပညာရေးဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံရှိ ဂျပန်ကျောင်းတွေ သို့မဟုတ် အခြားကျောင်းတွေမှာ တက်ရောက်နေတဲ့ သူ့နိုင်ငံသားတွေကို ဘေးကင်းရေးအစီအမံတွေ ထားရှိဖို့ သတိပေးထားပါတယ်။ ဒေသခံဓလေ့ထုံးတမ်းတွေကို လေးစားဖို့၊ ဒေသခံတွေနဲ့ ဆက်ဆံရာမှာ အပြုအမူတွေကို သတိထားဖို့ တိုက်တွန်းထားပါတယ်။

image

ဂျပန် အိုအီတာမြို့ မီးလောင်မှု အိမ်ခြေ ၁၇၀ ကျော်လောင်ကျွမ်းပြီး ၁၂ နာရီကျော်ချိန်ထိ မငြှိမ်းသတ်နိုင်သေး

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုအီတာ စီရင်စုမှာ မီးအကြီးအကျယ်လောင်ကျွမ်းနေပြီး မီးလောင်ပြီး ၁၂ နာရီကြာချိန်အထိ ငြှိမ်းသတ်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။
အိမ်ခြေ ၁၇၀ ကျော်နဲ့ အခြားအဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ပြီး အသက် ၇၀ ကျော် အမျိုးသားတယောက် ပျောက်ဆုံးနေတယ်လို့ စီရင်စု အာဏာပိုင်တွေက ပြောပါတယ်။ အိုအီတာမြို့၊ ဆာဂါနိုဆေးကီမှာ မီးလောင်မှုဟာ အင်္ဂါနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့တာပါ။
မီးဟာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားကာ လူနေရပ်ကွက်တခုကို လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိ သစ်တောတွေကိုပါ လောင်ကျွမ်းနေပါတယ်။ အင်္ဂါနေ့ ည ၁၁ နာရီ ကျော်အထိ အိမ်ထောင်စု ၁၁၅ စုမှ လူ ၁၇၅ ယောက်ဟာ အနီးအနားရှိ ရပ်ရွာခန်းမ တခုမှာ ခိုလှုံနေကြပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ လူနေရပ်ကွက်ဟာ မြို့လယ်ခေါင်ရဲ့ အရှေ့ဘက် ၂၅ ကီလိုမီတာခန့်အကွာရှိ ဆန်ဂါနိုဆီဂီ ငါးဖမ်းဆိပ်ကမ်းနဲ့နီးပြီး တောင်တန်းတွေ ဝန်းရံထားပါတယ်။ “ မီးတောက်တွေ လျှံတက်ပြီး ကောင်းကင်က အနီရောင်ပြောင်းသွားတယ်။ လေကလည်း အရမ်းတိုက်နေပြီး ဒီလောက်ကူးစက်သွားမယ်လို့ ထင်မထားဘူး “ လို့ မြို့ခံအမျိုးသားတယောက်က ပြောပါတယ်။
မီးဟာ တောင်တွေပေါ်ကိုပါ ကူးစက်နေတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။ အိုအီတာမြို့မှာရှိတဲ့ အိမ်ခြေ ၃၀၀ လောက်ဟာလည်း လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ အိုအီတာစီရင်စု အုပ်ချုပ်ရေးမှူးကတော့ အလားအလာရှိတဲ့ ပံ့ပိုးကူညီမှုတွေအတွက် ဂျပန်စစ်တပ်နဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

image

သံဃာတော် အပါး ၁၄၀ ကျော်ကို သာသနာ့တက္ကသီလမဟာဘွဲ့ အပ်နှင်းမည်
--------------------------------------------------

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)တိုက ၁၃၈၄-၁၃၈၅ ပညာသင်နှစ်မှာ သာသနာ့တက္ကသီလ မဟာဓမ္မာစရိယဘွဲ အမ်အေ ၂၄ ပါးနဲ့ သာသနာ့တက္ကသီလ ဓမ္မာစရိယဘွဲ ဘီအေ ၁၁၉ ပါးကို ဘွဲဆက်ကပ်သွားမယ်လို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက သိရပါတယ်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊မန္တလေး) (၃၁)ကြိမ်မြောက် သာသနာ့တက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားမှာ သံဃာ တော် ၁၄၃ ပါးကို ဆက်ကပ်သွားမှာပါ။
အဲဒီဘွဲနှင်း သဘင်အခမ်းအနားကို ၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်) နေ့လယ် ၁ နာရီမှာ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပမယ်လို သိရပါတယ်။
မဟာဘွဲနှင်းသဘင်အခမ်းအနားမှာ မြတ်စွာဘုရားတစ်ဆူ အပါအဝင် ပင့်သံဃာတော် ၁၀၄ ပါး ၊ဘွဲခံသံဃာတော် ၁၄၃ ပါးတိုကို ဆွမ်းဆန်စိမ်း လောင်းလှူမှာ ဖြစ်ပါတယ်။

image

မြန်မာ-တရုတ် လူဝင်မှုဆိုင်ရာ ပူးပေါင်းရေး MoU လက်မှတ်ရေးထိုး
---------------------------------

တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့အညီ ပြန်လည် စိစစ်ပြီး နေရပ်ကို ပြန်လည်ပို့ဆောင်နိုင်ရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက်၊ ညနေပိုင်းက လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ဝမ်ကျိကျောင်းတို့ဟာ တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှု ကြီးကြပ်ရေးဌာနချုပ် (NLA) အစည်းအဝေးခန်းမမှာ တွေ့ဆုံ ဆွေးနွေး ပြီးနောက် MoU လက်မှတ်ရေးထိုးခဲ့တာပါ။
တွေ့ဆုံဆွေးရာမှာတော့ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေမှာ လူဝင်မှု စစ်ဆေးရေးစနစ်တွေ အဆင့်မြှင့်တင်နိုင်ရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်တွေမှာ တရားဝင် ဝင်ထွက် သွားလာမှု ရှိစေရေးနဲ့ တရားမဝင် ဝင်ထွက်မှု မရှိစေရေးအတွက် အပြန်အလှန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ အွန်လိုင်း လောင်းကစားမှု လုပ်ငန်းတွေ ပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ အပြန် အလှန် ဝင်ထွက်သွားလာမှုတွေ အဆင်ပြေ ချောမွေ့စေရေးအတွက် တွေ့ဆုံ ညှိနှိုင်းမှုတွေ ဆောင်ရွက်ရေးနဲ့ စပ်လျဉ်းပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနဲ့ အမျိုးသား လူဝင်မှုကြီးကြပ် ရေးဌာနချုပ်၊ ဒုတိယဌာနချုပ်မှူးတို့ဟာ နှစ်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန် လွှာ(MoU) လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနဲ့ တရားမဝင် ဝင်ထွက် သွားလာမှု လျော့နည်းပပျောက်ရေး၊ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေ ပူးပေါင်းတိုက်ဖျက်ရေး စတဲ့ ရည်ရွယ်ချက် တွေနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရရဲ့ ဖိတ်ကြားချက်အရ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဟာ နိုဝင်ဘာ ၁၄ ရက်ကနေ ၁၈ ရက်အထိ တရုတ်နိုင်ငံ၊ ရှန်ကျန်းနဲ့ ပေကျင်းမြို့ တွေကို အလုပ်သဘော လေ့လာရေးခရီး သွားရောက်ခဲ့တာဖြစ်ပါတယ်။

image

ဂါဇာလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် အစ္စရေးကို အပြစ်တင်လာတဲ့အပြင် နိုင်ငံတကာပွဲ ပိတ်ပင်ရန် ဂွါဒီယိုလာတောင်းဆိုလာ
=======================

ပက်ဂွါဒီယိုလာဟာ ပါလက်စတိုင်းတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် အစ္စရေးကို ပြင်းထန်တဲ့ ပြစ်တင်ရှုံ့ချမှု ဖြစ်လာပြီး နိုင်ငံတကာခေါင်းဆောင်များကိုလည်း အရေးမှု ပြုလုပ်ရန် တောင်းဆိုမှု ပြုလုပ်လာပါတယ်။
ယနေ့ အင်္ဂါနေ့တွင် ဘာစီလိုနာရှိ luis Companys stadium တွင် ACT x Palestine ရန်ပုံငွေခြေစမ်းပွဲစဉ်အဖြစ် ကာတာလိုနီးယားနှင့် ပါလက်စတိုင်းတို့ ခြေစမ်းပွဲ ကစားကြပါမယ်။ ယင်းပွဲအတွက် လက်မှတ် ၂၅၀၀၀ ကျော် ရောင်းချထားရပြီးလည်း ဖြစ်ပါတယ်။
ယင်းပွဲမှာ ရရှိလာတဲ့ အမြတ်အစွန်းများကို ဂါဇာတွင် ဒုက္ခရောက်နေကြတဲ့ ပြည်သူများအတွက် လူသားချင်စာနာမှု ထောက်ပံ့မှုများ ပြုလုပ်လာမယ့်အပြင် ပြန်လည်တည်ဆောက်ရေးတို့အတွက် အသုံးပြုသွားပါမယ်။
အစ္စရေးဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက ဟားမက်စ်တို့က ကျူးကျော်ကာ လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ပြီး လူ ၂၅၀ ဝန်းကျင်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီးနောက် ပါလက်စတိုင်းကို အကြီးအကျယ် တိုက်ခိုက်လာခဲ့ပြီး လူပေါင် ၇၀၀၀၀ ကျော် သေဆုံးထားပြီး ဖြစ်ပါတယ်။
အစ္စရေးရဲ့ ဂါဇာတိုက်ခိုက်မှုအား ယူအန်က လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် တရားဝင် ကြေညထားပြီး တဖက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်ဖြင့် ငြိမ်းချမ်းရေး ရရှိရေး လုပ်ဆောင်ထားပါတယ်။
ဒါပေမယ့် ဂါဇာမှာတော့ နေရာတိုင်းလိုလို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေပြီး ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ အပြစ်ပယ်ခံ ပါလက်စတိုင်းအား ကူညီနိုင်ရေးအတွက် ACT x Palestine ခြေစမ်းပွဲအား လာရောက်ကြည့်ရှုပြီး စည်းလုံးညီညွှတ်မှုအား ပြသရန် တောင်းဆိုထားပါတယ်။
ဂွါဒီယိုလာက "ဒီပွဲက ရန်ပုံငွေပွဲတစ်ပွဲ ဆိုတာထက် ပိုပါတယ်။ ဒီကနေ့မှာ လူတိုင်း အရာတိုင်းကို သိနေကြပါပြီ။ ဒီပွဲက ပါလက်စတိုင်းသားတွေကို ကမ္ဘာ့ကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လူတွေ ဂရုစိုက်တယ်ဆိုတာ ပြသမယ့်ပွဲပါ။ ကမ္ဘာကြီးက ပါလက်စတိုင်းကို ပစ်ပယ်ထားပါတယ်။ ကျွန်တော်တို့ ဘာမှ မလုပ်ပေးနိုင်ခဲ့ကြဘူး။ ပါလက်စတိုင်းမှာ မွေးဖွားတာက အပြစ်တစ်ခုအဖြစ် အပြစ်တင်လို့ မရပါဘူး။ ကျွန်တော်တို့ အဲဒီမှာ ရှိတဲ့သူတွေအားလုံး ကို ဖျက်ဆီးခွင့်ပေးခဲ့ကြတယ်။ ပျက်စီးပြီးသွားပြီ။ ပြန်မပြင်နိုင်တော့ပါဘူး။ တစ်ဦးတစ်ယောက်တည်းက ဂါဇာ လူမျိုးသုဉ်းသတ်ဖြတ်မှုကို မတားဆီးနိုင်ပါဘူး။ ကျုပ်တို့ သားသမီးတွေလည်း အဲဒီမှာ ရှိနေနိုင်တယ်။ အဲဒီမှာ မွေးပြီး ရိုးရှင်းစွာ သတ်ဖြတ်ခံရနိုင်တယ်။ ကမ္ဘာ့ခေါင်းဆောင်တွေအပေါ် ယုံကြည်မှု နည်းသွားပါပြီ။ သူတို့က ကိုယ့်အာဏာတည်မြဲရေးပဲ အစွမ်းကုန်လုပ်ကြတယ်"လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဟာ ဂါဇာတွင် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်တဲ့ အစ္စရေးအား နိုင်ငံ့တကာဘောလုံးပြိုင်ပွဲမှ ပိတ်ပင်ရန် ယူအီးအက်ဖ်အေနှင့် ဖီဖာတို့အား တိုက်တွန်းလာတာလည်း ဖြစ်ပါတယ်။
ဖီဖာနှင့် ယူအီးအက်ဖ်အေဟာ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲတဲ့ ရုရှားအား နိုင်ငံတကာပြိုင်ပွဲမှ ပိတ်ပင်ခဲ့ပေမယ့်လည်း အစ္စရေးကို ပိတ်ပင်ရေးအတွက်မူ နောက်တွန့်နေပါတယ်။
တဖက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အစ္စရေးကို နိုင်ငံတကာပြိုင်ပွဲမှ ပိတ်ပင်လာမယ့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အစွမ်းကုန်ခုခံကာကွယ်မယ်လို့ ဆိုထားပါတယ်။

image

၂ နှစ်ကျော်ကြာ ဝေးကွာလာခဲ့တဲ့ နူးကမ့်ကွင်းတွင် ပြန်လည်ကစားလာတော့မယ့် ဘာစီလိုနာ
======================

ဘာစီလိုနာဟာ ယခုအပတ်အကုန် ဘီလ်ဘာအိုနှင့် လာလီဂါပွဲစဉ်တွင် ၂ နှစ်ကျော်ကြာ ဝေးကွာလာခဲ့တဲ့ နျူးကမ့်ကွင်းတွင် ပြန်လည်ကစားလာတော့မှာ ဖြစ်ပါတယ်။
နူးကမ့်ကွင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ စနေနေ့ လာလီဂါပွဲစဉ်တွင် ပရိသတ် ၄၅၄၀၁ လျှော့ချပြီး ပြန်လည်ဖွင့်လှစ်လာမှာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာတို့ နောက်ဆုံးအကြိမ် နူးကမ့်ကွင်းတွင် ကစားခဲ့တာ ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့တုန်းက မာယော့ကာနှင့်ပွဲ ဖြစ်ပါတယ်။
ယင်းနောက်မှာတော့ ဘာစီလိုနာဟာ နူးကမ့်ကွင်းကို ဖြိုချကာ အသစ်ပြန်လည်မွမ်းမံတည်ဆောက်မှု ပြုလုပ်လာခဲ့ပါတယ်။
နူးကမ့်ကွင်းတည်ဆောက်မှုကို ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး ပေါင် ၁.၁ ဘီလီယံနီးပါးကုန်ကျခဲ့ကာ ပရိသတ် ၁၀၅၀၀၀ ဆန့်ပြီး ကမ္ဘာ့အကြီးမားဆုံးကွင်းများထဲမှ တစ်ကွင်းဖြစ်လာပါမယ်။
ဘာစီလိုနာဟာ အစောပိုင်းတုန်းက ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် ပွဲများ စတင်လက်ခံကျင်းပရန် စီစဉ်ထားပေမယ့်လည်း အကြိမ်ကြိမ် ရွှေ့ဆိုင်းမှု ပြုလုပ်ခဲ့ရပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းအား တည်ဆောက်နေစဉ်အတွင်း ပရိသတ် ၅၅၀၀၀ ဆန့် Olympic Stadium ကွင်းကို ငှားရမ်း အသုံးပြုလာခဲ့ရပါတယ်။
ဒါ့အပြင် ဘာစီလိုနာဟာ နူးကမ့်ကွင်းအား အသုံးပြုရန် လုံခြုံရေး စိတ်မချရသေးမှုကြောင့် ယခုရာသီ လာလီဂါပွဲနှစ်ပွဲအား ပရိသတ် ၆၀၀၀ သာဆန့်တဲ့ Johan Cruyff Stadium ကို အသုံးပြုခဲ့ရပါသေးတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းတွင် လာလီဂါပွဲများ စတင်လက်ခံကျင်းပလာမှာ ဖြစ်ပေမယ့် ချန်ပီယံလိဂ်ပွဲစဉ်များကိုမူ လက်ခံကျင်းပနိုင်ရေးအတွက် ယူအီးအက်ဖ်‌အေထံ တင်ပြထားတုန်း ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေစည်းမျဉ်းအရ ဘာစီလိုနာအနေဖြင့် လိဂ်အဆင့်ပွဲစဉ်များကို တစ်ကွင်းတည်းတွင်ပင် လက်ခံကျင်းပရမှာ ဖြစ်ရာ ရှုံးထွက်အဆင့်ရောက်မှသာလျှင် နူးကမ့်ကွင်းကို အသုံးပြုလာနိုင်ဖို့လည်း ရှိပါတယ်။

image