Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဝယ်သူမရှိတဲ့အိမ်ကို နည်းလမ်းသစ်သုံးပြီး ပေါင် ၁ သန်းနဲ့ ရောင်းချနိုင်ခဲ့သူ
သူ့ရဲ့အိမ်ကို ပေါင် ၆ သိန်းခွဲနဲ့ ရောင်းချပေမဲ့ ရောင်းမထွက်တဲ့နောက် အိမ်ပိုင်ရှင် ဒက်စတင်လောက အခြားနည်းလမ်းတစ်ခုနဲ့ ကြိုးပမ်းခဲ့ရာမှာ ပေါင် ၃ သိန်းခွဲ ပိုမြတ်ခဲ့ပါတယ်။
သူက အိမ်မဲရောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်မှတ်တစ်စောင် ၂ ပေါင်နှုန်းနဲ့ အွန်လိုင်းကနေ ရောင်းချခဲ့တာပါ။ သူဟာ လက်မှတ် ၅ သိန်းအထိ ရောင်းချခဲ့ရပြီး မဲလက်မှတ်တွေကနေ ပေါင် ၁ သန်း ရရှိခဲ့တာပါ။
ပေါင်သိန်းချီတန်တဲ့အိမ်ကို ကော်ဖီတစ်ခွက်စာဖိုးလောက်နဲ့ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် အိမ်မဲကံစမ်းသူ များပြားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သမားရိုးကျဈေးကွက်တွေမှာ အပြောင်းအလဲလုပ်နိုင်ကြောင်း ပြသနေတဲ့ ဖြစ်ရပ်လို့ ဆိုကြပါတယ်။
ဒက်စတင်လောရဲ့ အိပ်ခန်း ၆ ခန်းပါ နေအိမ်ဟာ ဗြိတိန်နိုင်ငံ လန်ကက်ရှိုင်းယားစီရင်စုမှာ တည်ရှိပြီး ၂၀၁၇ ခုနှစ်က အိမ်မဲဖောက်ပြီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။
R-Rated Survival Thriller ရုပ်ရှင်အသစ်တစ်ခု
ထွက်ပါတယ် မင်းသမီးတွေ ဦးဆောင်တဲ့ရုပ်ရှင်
ဖြစ်ပေမဲ့ ပုံစံက Megan Fox ရဲ့ Till Death နဲ့
ပေးတဲ့ ရသချင်းအတော်ဆင်တယ် သက်စွန့်စံဖျား
တစ်ယောက်ကိုတစ်ယောက် အသက်လုရတဲ့
ပုံစံပေါ့
အေးချမ်းတဲ့ ဆောင်းအငွေ့အသက်ကြားမှာ
လူတစ်စု ပူလောင်နေရတာကိုကြည့်ရတဲ့ ရုပ်ရှင်မျိုးပါ
မင်းသမီး Emma Thompson ကလည်း အသက်သာ
၆၆နှစ်ဖြစ်သွားတာ ခုထိသရုပ်ဆောင်စွမ်းရည်
မကျသေးဘူး Survival Thriller ငတ်နေရင်
ကြည့်ရမယ့်ရုပ်ရှင်ပါပဲ
Dead of Winter (2025)ပါ
တခြားနာမည်တူရုပ်ရှင်တွေ အရှေ့မှာထွက်ဖူးပါတယ်
ဒါပေမဲ့ မတူဘူးနော် ၂၀၁၅ က သက်သက်ထွက်တာ
အရင်ကားတွေနဲ့အဆက်မဟုတ်ပါ
တစ်ခုပြောစရာရှိပါတယ် R-Rated ပါ ၁၈နှစ်အောက်
မကြည့်သင့်ပါဘူးဗျ။
🎮 Falling Into Your Smile Season 2
– Official Trailer (2025) | Xu Kai, Cheng Xiao 🌟
The esports romance returns with more heart, heat, and high scores! In Season 2 of Falling Into Your Smile, Tong Yao (Cheng Xiao) and Lu Sicheng (Xu Kai) face new professional challenges, rising rivalries, and relationship tests that go far beyond the game arena. 🎯💻
The trailer teases intense gameplay scenes, upgraded team dynamics, and sweet yet tense romantic moments between the leads. A mysterious newcomer threatens the team’s harmony, while old wounds resurface just as victory seems within reach. The chemistry between Xu Kai and Cheng Xiao remains electric, drawing fans back into a world where love and ambition collide. ⚔️❤️
Visually polished and emotionally engaging, Season 2 ups the stakes in both esports competition and emotional growth. From arena glory to quiet moments under city lights, this trailer promises a ride that’s both thrilling and touching.
🎬 Rating: 8.5/10 – For fans of romance, gaming, and heartfelt drama, this season looks like a GG for the win! 🎉🕹️💘
လည်ချောင်းကွဲမတတ် အပြင်းအထန် ချောင်းဆိုးတာ၊ စကားမပြောနိုင်လောက်အောင် လည်ချောင်းနာတာ၊ အကျိအချွဲတွေကလည်း အတုံးလိုက် အခဲလိုက် ဖြစ်နေတာတွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်နေရပါသလား...?
မစိုးရိမ်ပါနဲ့! အမှန်တကယ် ထိရောက်ပြီး ဒီလက္ခဏာတွေကို အချိန်တိုအတွင်း သက်သာစေမယ့် ရိုးရာနည်းလမ်းကောင်းတစ်ခု ကျွန်မတို့မှာ ရှိပါတယ်။ အောက်ပါအတိုင်း စမ်းလုပ်ကြည့်ပါ၊ ပိုကောင်းလာမှာ သေချာပါတယ်။
အဓိက ပါဝင်ပစ္စည်း ၄ မျိုး
• ငရုတ်ကောင်းမှုန့် ၁ ဇွန်း (သို့မဟုတ်) အစေ့ ၁၂ စေ့ခန့် (ကြမ်းကြမ်းလေး ထောင်းပါ)
• သံပရာသီး ၁ လုံး (လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ဟာ)
• ပျားရည်စစ်စစ် ၁ လက်ဖက်ရည်ဇွန်း
• ဆား အနည်းငယ် (လက်ဖက်ရည်ဇွန်း အဖျားလောက်)
ရိုးရှင်းသော ပြုလုပ်နည်း...
• ငရုတ်ကောင်းစေ့နဲ့ ဆားကို သေချာရောပြီး ညက်အောင်
ထောင်းပါ။
• ထောင်းထားတဲ့ အရာတွေကို ခွက်ထဲထည့်ပြီး လတ်လတ်
ဆတ်ဆတ် ညှစ်ထားတဲ့ သံပရာရည်ကို ထည့်ပါ။
• ပျားရည်ကို ထည့်ပြီး ပါဝင်ပစ္စည်းအားလုံး သမအောင်
ရောမွှေပါ။
အသုံးပြုပုံ
လည်ချောင်း ခြောက်သွေ့လာတဲ့အခါ၊ အကျိအချွဲတွေ ပျစ်ခဲလာတဲ့အခါ ဒါမှမဟုတ် ချောင်းဆိုးတာ မရပ်တော့တဲ့အခါ ဒီအရောအနှောကို တစ်ငုံချင်းစီ မကြာခဏ သောက်ပေးပါ။
တစ်ငုံ၊ နှစ်ငုံ သောက်လိုက်ပြီး မကြာခင်မှာပဲ သင့်လည်ချောင်းဟာ သက်သာပြီး ပွင့်လင်းလာတာကို ခံစားရပါလိမ့်မယ်။ အရင်က ပျစ်ခဲနေတဲ့ အကျိအချွဲတွေဟာ တဖြည်းဖြည်း ပျော်ကျလာပြီး ချောင်းဆိုးတာလည်း သိသိသာသာ လျော့သွားတာကို တွေ့ရမှာပါ။
ဒီနည်းလမ်းက တကယ်ပဲ အကျိုးရှိပါတယ်။ စမ်းသုံးကြည့်ရင် သင်နှစ်သက်သွားမှာ သေချာပါတယ်။
နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
--------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်ဘက် ရေမိုင် ၅၈၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၁၉၅ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကာ နောက် ၂၄ နာရီအတွင်း အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း ၆၀ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း ၆၀ ဖြစ်ပါသည်။