13 w - Translate

ဆိတ်ဖလူးပန်းအလှ🌸🌼🌺

image
image
image
image
13 w - Translate

တစ်ဘက်ထဲ လှရုံနဲ့ မရဘူး
ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ
ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ
တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။

သူ့ဘက် ကိုယ့်ဘက်ရှိမှ
အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
ယုံကြည်မှုဆိုတာ
ပျက်စီးသွားပြီဆိုတဲ့အခါ
ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။

ဒါကြောင့်
ယုံကြည်လို ရင်ဖွင့်တဲ့စကားကို
ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။

ယုံကြည်လို
ချေးငှားလိုက်တဲ့ ပိုက်ဆံကို
မတောင်းခင်ကတည်းက
အလိုက်တသိ ပြန်ပေးရတယ်။

ယုံကြည်လို
ကူညီပေးလိုက်တာကို
ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။

ယုံကြည်လို
ပေးထားတဲ့ မေတ္တာကို
တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။

ယုံကြည်လို
တွဲထားတဲ့ လက်တွေကို
နာကျင်ဒဏ်ရာတွေ မပေးရဘူး။

ယုံကြည်လိုပေးထားတဲ့
အခွင့်အရေးကို
ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။

အဲ့ဒီယုံကြည်မှုထဲမှာ
ချစ်ခြင်းမေတ္တာတွေပါတယ်
ကိုယ်ချင်းစာတရားတွေပါတယ်
သံယောဇဉ်တွေပါတယ်။

ဒါကြောင့် ယုံကြည်မှုကို
လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး
တကယ်လို
ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ
တကယ်နစ်နာဆုံးရှုးသွားတာက
ကိုယ်ဖြစ်နေတတ်တယ်။

ဒီလိုပဲ
ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို
အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။

image

掸邦美丽农田

image

掸邦美丽农田

image

掸邦美丽农田

image

掸邦美丽农田

image

掸邦美丽农田

image

掸邦美丽农田

image

掸邦美丽农田

image

掸邦美丽农田

image