ကမ္ဘာဒီးယားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ထိုင်းနိုင်ငံ ရပ်ဆိုင်းလိုက်ပြီ

နယ်စပ်အနီးမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိပြီးနောက် ထိုင်းနိုင်ငံဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၊ အာဆီယံအဖွဲ့ စေ့စပ်မှုနဲ့ ရရှိခဲ့တဲ့ ဒီသဘောတူညီချက်ဟာ ဇူလိုင်လအတွင်း လူ ၄၃ ယောက် သေဆုံးပြီး နှစ်ဖက်စလုံးမှ အရပ်သား သုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ နယ်စပ်ပဋိပက္ခတွေ အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့တာပါ။
သီစကက်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် စစ်သားတယောက် ခြေထောက်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြားတယောက်လည်း အပေါ်ယံဒဏ်ရာတချို့ရခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"ငြိမ်းချမ်းရေး သဘောတူညီချက် ပူးတွဲကြေညာချက်အပေါ် နောက်ဆက်တွဲလုပ်ဆောင်မှု" ကို ရပ်တန့်မယ်လို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Siripong Angkasakulkiat က ပြောပါတယ်။
သဘောတူညီချက်အကောင်အထည်ဖော်မှုရဲ့ တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို လွှတ်ပေးရေးလည်း ပါဝင်ပါတယ်။
"လုံခြုံရေးခြိမ်းခြောက်မှု လျော့ပါးသွားပြီလို့ ကျွန်တော်တို့ ထင်ခဲ့ပေမယ့် တကယ်တမ်း လျော့ပါးသွားတာတော့ မဟုတ်ပါဘူး" လို့ ထိုင်းဝန်ကြီးချုပ် အနုတင်က သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။
ကမ္ဘောဒီးယားအာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းမှတ်ချက်မပေးခဲ့ပေမယ့် နယ်စပ်တလျှောက်မှာ မြေမြှုပ်မိုင်းအသစ်တွေ ထောင်ထားတယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ စွပ်စွဲချက်တွေကို ယခင်က ပယ်ချထားပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် မယိမ်းယိုင်တဲ့ ကတိကဝတ် ကို ကတိပြုတယ်လို့ ထပ်လောင်းပြောကြားပါတယ်။
အောက်တိုဘာလမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ပူးတွဲတွဲကြေညာချက်အသစ်မှာ နှစ်ဖက်စလုံးဟာ ည သူတို့ရဲ့ နယ်စပ်တလျှောက်မှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုပြုလုပ်ရမှာဖြစ်ပြီး လက်နက်ကြီးများကိုလည်း ရုပ်သိမ်းကာ အာဆီယံ ဖွဲ့စည်းထားတဲ့ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း ဝင်ရောက်ခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။

image

လျှပ်စစ်ဓာတ်အားပေး LNG သင်္ဘောကြီး သီလဝါဆိပ်ကမ်း ရောက်ရှိနေ

သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ သင်္ဘောကြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီဖြစ်ပြီး သီလဝါ (သန်လျင်) က ဓာတ်အားပေး စက်ရုံမှာ စမ်းသပ် လည်ပတ်နေပြီ ဖြစ်တယ်လို့ စက်မှုဇုန်လုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။
“ထူးခြားတဲ့ သတင်းကတော့ LNG သင်္ဘော ရောက်ပါပြီ။ တရားဝင် ကြေညာတာတော့ ဒီရက်ပိုင်းထဲမှာပဲ ရောက်တာပါ။ ရက်စွဲတော့ အတိအကျမသိဘူး။ သီလဝါမှာ စမ်းပြီးတော့ လည်နေပါပြီ။ သီလဝါမှာ စက် ငါးလုံးရှိတယ်၊ လေးလုံး ရပ်ထားတယ်၊ တလုံး စပြီး လည်နေပါပြီ။ ရပ်ထားတဲ့ လေးလုံးထဲက သုံးလုံးကိုလည်း ဆက်လည်မယ်။ ပြီးရင် သာကေတက စက် လေးလုံး ရပ်ထားတာကိုလည်း ဆက်ပြီးလည်မှာပါ” လို့ စက်ရုံလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
သာကေတ ဓာတ်အားပေးစက်ရုံက စက်လေးလုံး ထပ်မံ လည်ပတ်နိုင်ပြီ ဆိုပါက ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုန် ၂၉ ဇုန်ကို ပေးနေတဲ့ လျှပ်စစ်မီးက လိုအပ်မှု မရှိနိုင်တော့တဲ့အတွက် ဝန်အား လျှော့ချနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ LNG ဓာတ်ငွေ့ကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ စီစဥ်နေတာနဲ့ ပတ်သက်လို့ တယူနစ်အတွက် ကုန်ကျစရိတ် မည်မျှ ရှိမယ်ဆိုတာကတော့ စမ်းသပ် လည်ပတ်နေဆဲကာလ ဖြစ်တာကြောင့် ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“LNG နဲ့ ပတ်သက်လို့ ညှိနေတာ ကြာပါပြီ။ ရန်ကုန်တိုင်းထဲမှာ စက်မှုဇုန် ၂၉ ဇုန် ရှိတယ်။ ကျွန်တော်တို့ ဇုန်တွေကျတော့ နိုင်ငံတော်ကနေ တိုက်ရိုက်၊ မဟာ ဓာတ်အားလိုင်းကနေပြီးတော့ ကိုယ့်ဘာသာကိုယ် ခွဲရုံတည်ပြီး လုပ်ထားတဲ့ဇုန်တွေ ဖြစ်တဲ့အခါကျတော့ public နဲ့ မတွဲထားတာတွေကို LNG ပေးလို့ရပြီဆိုပြီး ပြောလာတယ်။ ကျွန်တော်တို့နဲ့ ညှိတုန်းကတော့ တယူနစ်ကို ကျပ် ၅၀၀/၆၀၀ အများဆုံးပေါ့၊ အဲဒီလိုပြောတယ်။ နောက်ထပ်လူတွေနဲ့ ညှိတော့ ၇၀၀/၈၀၀ တွေ ဖြစ်ကုန်ကြတယ်။ အဲဒီတော့ ဈေးနှုန်းကတော့ ဘယ်ဟာက အတည်ဖြစ်မလဲ ဆိုတာတော့ မသိသေးပါဘူး” လို့ သူက ပြောပါတယ်။
LNG ကနေ မီးပေးမယ့် စနစ်ကတော့ ပထမအဆင့်အနေနဲ့ ရန်ကုန်တိုင်း တတိုင်းလုံးက စက်မှုဇုန်တွေအတွက် ရည်ရွယ်တာဖြစ်ပြီး ဒုတိယအဆင့် ဆက်လက် ဆောင်ရွက်မယ့် အခြေအနေကိုတော့ အသေးစိတ် ညှိနှိုင်းမှု မပြုလုပ်ရသေးတဲ့အတွက် မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။
“ဒီကိစ္စကလည်း လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပေးဖို့လုပ်နေရင်းနဲ့ အကြောင်း အမျိုးမျိုးကြောင့် ကြန့်ကြာနေတာပါ။ အခုတော့ ဒီကိစ္စ အကောင်အထည် ပေါ်တော့မယ်ဆိုတဲ့ သဘောတော့ သက်ရောက်တာပေါ့” လို့ သူက ပြောပါတယ်။
ကနဦးရရှိထားတဲ့ သတင်းတွေအရ သဘာဝဓာတ်ငွေ့တင် သင်္ဘောကြီးကနေ မဂ္ဂါဝပ် ၇၀ဝ ခန့်ကို ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေနဲ့ ချိတ်ဆက်ကာ ဖြန့်ဖြူးပေးဖို့ စီစဉ်ထားတာဖြစ်ပြီး မဂ္ဂါဝပ် ၂၀ဝ ကို စတင် ဓာတ်အား ဖြန့်ဖြူးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ရန်ကုန်နဲ့ မန္တလေးတိုင်း နှစ်ခုအတွင်းက စက်မှုဇုန်တွေကို ၂၄ နာရီ၊ ခုနစ်ရက်ပတ်လုံး မီးအပြည့် ပေးမှာပါ။ အိမ်သုံးက တချို့ပါမယ်၊ တချို့ မပါဘူး။ သီးခြား ဓာတ်အားလိုင်းနဲ့ ယူထားတဲ့ အိမ်ရာတွေ၊ ကွန်ဒိုတွေပါ နိုင်ပါတယ်” လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စက်ရုံတွေအတွက် ဓာတ်အား ဖြန့်ဖြူးပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ တယူနစ်အတွက် ကုန်ကျစရိတ်ကို ၉၀၀ ကျပ်အဖြစ် ကနဦး အကြမ်းဖျင်း လျာထားပြီး အသေးစိတ်ကိုတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက တွက်ချက်နေကြဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က “လောလောဆယ် သိရသလောက်ကတော့ စက်မှုဇုန်တွေအတွက် 1 unit cost က ကျပ် ၁၀၀၀ မကျော်ဘူးလို့တော့ အကြမ်းဖျင်း သိထားပါတယ်။ လက်ရှိ စက်မှုဇုန်တွေမှာ မီးစက်နဲ့ စက်ရုံ လည်ပတ်နေရတာက ကုန်ကျစရိတ် တယူနစ်ကို ၁၃၅၀ ကျပ် ရှိတယ်။ ပြီးတော့ ဒီလို မီးစက်မောင်းပြီး စက်ရုံ လည်ပတ်ရတယ် ဆိုတာမျိုးကလည်း ရေရှည်အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ မီးစက် ဆိုတာမျိုးကလည်း ခဏတာ backup လုပ်ဖို့အတွက်ပဲ ကောင်းတာကိုး။ အချိန်ပြည့် လည်နေရရင် စက်လည်း နာတယ်။ ပြင်ဆင်စရိတ်တွေလည်း များတယ်။ ဒါကြောင့် LNG နဲ့ စက်ရုံ လည်ပတ်နိုင်မယ် ဆိုရင်တော့လည်း ကုန်ကျစရိတ် ပိုပြီး သက်သာသွားမယ် ထင်ပါတယ်” လို့ ပြောပါတယ်။
ဟောင်ကောင် VPower Group ပိုင် ဓာတ်ငွေ့တင် သင်္ဘောကြီးဟာ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) နဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်ဖို့အတွက် လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်းက သီလဝါဆိပ်ကမ်းရှိ ယာယီ‌ဆိပ်ခံတံတားမှာ ပထမဆုံးအကြိမ်အဖြစ် စတင် ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။
အလျား ၁၇၆ ဒသမ ၈ မီတာရှိတဲ့ အဲဒီ LNG သင်္ဘောကြီးဟာ သာကေတမြို့နယ်ရှိ မဂ္ဂါဝပ် ၄၀၀ လျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ သန်လျင်မြို့နယ်ရှိ မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေး စက်ရုံတွေနဲ့ ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဓာတ်ငွေ့တင် သင်္ဘောကြီးဟာ နှစ်နှစ်နဲ့ လေးလအကြာ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ရန်ကုန်၊ သီလဝါဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

image

တိုက်ဖွန်းဖန်ဝေါင် ဖိလစ်ပိုင်ကို ဝင်မွှေပြီးနောက် တောင်တရုတ်ပင်လယ်ဘက်သို့ ရွေ့လျား

ဖိလစ်ပိုင်နိုင်ငံတွင် လေပြင်းတို-က်ခ-တ်မှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူနှစ်ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ လူတစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ရသည့် တိုက်ဖွန်းဖန်ဝေါင်သည် တနင်္လာနေ့အရောက်တွင် အားပျော့သွားခဲ့ပြီဖြစ်ကာ ဖိလစ်ပိုင်မှ ထွက်ခွာ၍ တောင်တရုတ်ပင်လယ်ဘက်ကို ရွေ့လျားသွားခဲ့သည်။
ကျွန်းစုတစ်ခုလုံးနီးပါးကို ရို-က်ခတ်ခဲ့သော ဖန်ဝေါင်သည် သစ်ပင်များကို အမြစ်မှ ကျွတ်ထွက်စေကာ တောင်ပိုင်းပိုကျ‌သော မြို့များကို ရေလွှမ်းမိုးစေခဲ့ပြီးနောက် တနင်္ဂနွေနေ့တွင် စူပါတိုက်ဖွန်းအဖြစ် နိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်တို-က်ခတ်ခဲ့သည်။
ဖိလစ်ပိုင် အလယ်ပိုင်းကျွန်းများတွင် လူ ၂၂၄ ဦးထက်မနည်း ‌ေ-သဆုံးစေခဲ့သော တိုက်ဖွန်း ကမ်လ်မေဂျီ ဝင်ရောက်အပြီး ရက်ပိုင်းသာအကြာတွင် ဖန်ဝေါင် မုန်တိုင်းဝင်ရောက်တို-က်ခ-တ်ခဲ့ခြင်းဖြစ်သည်။
မနီလာအပါအဝင် လူဇုံကျွန်းမကြီးတလျှောက်ရှိ စာသင်ကျောင်းများနှင့် အစိုးရရုံးများကို တနင်္လာနေ့တွင် ပိတ်ထားရဆဲဖြစ်ကာ မိုးသည်းထန်စွာဆက်လက်ရွာသွန်းနေဦးမည်ဟု ခန့်မှန်းထားသည်။

image

ကေ-ပေါ့ပ်အဆိုတော် ဟျူနာ မကာအို၌ စင်ပေါ်တွင် ဖျော်ဖြေစဉ်လဲကျ

တောင်ကိုရီးယားအဆိုတော် ဟျူနာသည် နိုဝင်ဘာလ ၉ ရက်နေ့က မကာအို၌ ကျင်းပသည့် ဂီတပွဲတော်တစ်ခုအတွင်း လဲကျသွားရာ ၎င်း၏ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပွားခဲ့သည်။
ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေသော ဗီဒီယိုများ၌ အသက် ၃၃ နှစ်အရွယ် ကေ-ပေါပ့် ကြယ်ပွင့်သည် သူ၏နာမည်ကြီး Bubble Pop သီချင်းကို ဖျော်ဖြေစဉ် မေ့လဲသွားခဲ့ခြင်းဖြစ်သည်။
အရံအကသမားနှစ်ဦးက သူ့ကိုကူညီရန် အပြေး‌ရောက်လာပြီး‌နောက် လုံခြုံ‌ရေးဝန်ထမ်းက စင်‌ပေါ်မှ သယ်ချပေးခဲ့သည်။
Wonder Girls၊ 4Minute နဲ့ Triple H တို့ကဲ့သို့ ကေ-ပေါ့ပ်အဖွဲ့ဝင်ဟောင်းများက ပရိသတ်များကို တောင်းပန်ပြီး သူနေကောင်းကြောင်းကို နိုဝင်ဘာ ၉ ရက်နှောင်းပိုင်း၌ အင်စတာဂရမ်မှာ တင်ခဲ့ကြပါသည်။
“တကယ်စိတ်မ‌ကောင်းပါဘူး” ဟု သူက ကိုရီးယားဘာသာဖြင့် ရေးသားခဲ့သည်။ "ကျွန်မကမကြာသေးခင်ကပဲဖျော်ဖြေထားတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မကအကောင်းဆုံးဆိုပြချင်ခဲ့တာပါ" ဟုသူက ရေးထားပါသည်။
ဟျူနာက သူ မူးလဲသွားတာကို မမှတ်မိတော့ကြောင်းနှင့် သူ၏ဖျော်ဖြေမှုကို အခကြေးငွေပေး၍ ကြည့်ရှုသော မကာအိုပရိသတ်များကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်မရဲ့ခံနိုင်ရည်ကို မြှင့်တင်ပြီး အစွမ်းကုန်ကြိုးစားသွားမှာပါ” ဟုသူက ရေးသားခဲ့သည်။ "အရာရာက ကိုယ့်ထင်သလို ဖြစ်ရင်တော့ အရမ်းကောင်းလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ်ပါ၊ အကောင်းဆုံးကြိုးစားပါ့မယ်"ဟု ဟျူနာကဆိုထားသည်။
ဟျူနာသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အသက် ၃၅ နှစ်အရွယ် တောင်ကိုရီးယားအဆိုတော် ယွန်ဂျန်ဟျောင်နှင့် လက်ထပ်ခဲ့သည်။
သူသည် ရေဓာတ်ခန်းခြောက်ခြင်း သို့မဟုတ် ကြာရှည်စွာမတ်တတ်ရပ်ခြင်းကြောင့် သွေးပေါင်ကျကာ မူးလဲခြင်းဖြစ်သည်ဟု ဆိုသည်။

image

ရွေးကောက်ပွဲကို‌လေ့လာရန် ပြည်ပမီဒီယာများကို ဖိတ်ခေါ်လျက်ရှိ

မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် နိုင်ငံတကာ မီဒီယာများကို သတင်းရယူခွင့်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က ပြောကြားလိုက်သည်။ မဲ‌ပေးမှုများကို စောင့်ကြည့်လေ့လာရန် နိုင်ငံခြားသတင်းထောက်များကို ဖိတ်ကြားထားကြောင်း ကော်မရှင်က အောက်တိုဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။
မြန်မာအစိုးရသည် ဒီဇင်ဘာလ ၂၈ ရက်‌နေ့မှ စတင်ကာ ရွေးကောက်ပွဲများကို သုံးကြိမ်ခွဲ၍ ကျင်းပသွားမည်ဟု ကြေညာထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများကို စိစစ်ကာလာရောက်‌လေ့လာခွင့်ပြုမည်ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဂလိုဘယ်နူးလိုက်အော့ဖ် မြန်မာသတင်းစာတွင် ရေးသားဖော်ပြထားသည်။ မည်သည့်မီဒီယာများကို လာရောက်လေ့လာခွင့်ပြုမည်ကိုမူ မသိရ‌သေးပါ။
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးရန်အတွက် လုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု ဝါရင့် သတင်းစာဆရာတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

image

စစ်ရေးဆွေးနွေးရန် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အီဂျစ်ရောက်

အီဂျစ်ခေါင်းဆောင်ပိုင်းနှင့် စစ်ရေးဆွေးနွေးရန်အတွက် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီ ရှိုအီဂူသည် လက်နက်နှင့် နျူကလီးယားဆိုင်ရာ အကြီးတန်းအရာရှိကြီးများ ပါဝင်သောကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တနင်္ဂနွေနေ့တွင် ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့ကြောင်း အာရ်အိုင်အေ သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ရှိုအီဂူသည် အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖက်တာ အယ်လ်စစ်စီ၊ အီဂျစ်နိုင်ငံတော်လုံခြုံရေးအကြံပေး၊ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများအပြင် အခြားလုံခြုံရေးနှင့် ထောက်လှမ်းရေးအကြီးတန်းအရာရှိများနှင့်လည်း တွေ့ဆုံသွားမည်ဟု အာရ်အိုင်အေက ဆိုသည်။
“ဦးစားပေး အကြောင်းအရာများတွင် စစ်ရေးနှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အမြင့်ဆုံးအဆင့်တွင် ရရှိထားသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး အလားအလာများ ပါဝင်သည်” ဟု ရုရှားလုံခြုံရေးကောင်စီ၏ ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အာရ်အိုင်အေက ဖော်ပြခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်၏ ကာလကြာရှည်မဟာမိတ်တစ်ဦးလည်းဖြစ်ကာ ရုရှား၏ ယူကရိန်းစစ်ပွဲအများအပြားကို ကြီးကြပ်ခဲ့သော ရှိုအီဂူသည် ကာကွယ်ရေးနှင့် လုံခြုံရေးကိရိယာများတွင် အဓိကကြားဝင်ဆောင်ရွက်သူအဖြစ်ရှိနေဆဲဖြစ်ပြီး ခရမ္မလင်၏ ဆုံးဖြတ်ချက်များတွင် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်။
ရုရှားနှင့် အီဂျစ်တို့သည် နီးကပ်သောဆက်ဆံရေးကို ထိန်းသိမ်းထားကာ အဓိကကျသော စွမ်းအင်၊ ကောက်ပဲသီးနှံ သဘောတူညီချက်များနှင့် ဆိုဗီယက်ခေတ်စစ်ရေးဆက်ဆံမှုကို ပေါင်းစပ်ထားသည်။ ယူကရိန်းနှင့် ဂါဇာစစ်ပွဲများကာလအတွင်း မော်စကို၊ အနောက်တိုင်းမိတ်ဖက်များ၊ ပင်လယ်ကွေ့မဟာမိတ်များနှင့် ဆက်ဆံရေးများကို ဟန်ချက်ညီအောင် ကိုင်ရိုက ထိန်းထားသည်။
ရုရှားကိုယ်စားလှယ်အဖွဲ့တွင် လက်နက်တင်ပို့သူ ရော့စ်ဆိုဘော်ရွန်အိပ်ချ်ပို့၊ အာကာသအေဂျင်စီ ရော့စ်ကို့စ်မော့စ်၊ နျူကလီးယားအေဂျင်စီ ရော့စ်ဆာတမ်တို့မှ အရာရှိများ ပါဝင်သွားသည်ဟု အာအိုင်အေက ဖော်ပြခဲ့သည်။

image

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ရိကူး ကမ်းရိုးတန်းတွင် ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် လေးနာရီ နှစ်ဆယ့်သုံးမိနစ် (၀၇၂၃ ဂရင်းနစ်စံတော်ချိန်) တနင်္လာနေ့တွင် ငလျင်လှုပ်ခြင်းဖြစ်‌ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် အနက် ၁၀ ကီလိုမီတာခန့်တွင် စတင်ဖြစ်ပွားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှု အနည်းငယ်ဖြစ်ပေါ်နိုင်သော်လည်း ဆူနာမီဖြစ်နိုင်သည့် အန္တရာယ်မရှိကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် တိုဟိုကူဒေသတဝှမ်းရှိ နေရာအများအပြားတွင် ဂျပန်နိုင်ငံ၏ ငလျင်စကေး ၇ အဆင့်တွင် ၃ ပြင်းအား လှုပ်ခတ်ခဲ့သည်။
ထိခိုက်ဒ-ဏ်ရာရမှု သို့မဟုတ် ထိခိုက်မှုမရှိကြောင်း ချက်ချင်းသတင်းရရှိသည်။

image

ဓါတ်ပုံအတုများကို ပြန်ပြင်နိုင်ရန် ဉာဏ်ရည်တု ကိရိယာကို တီထွင်

သြစတြေးလျနိုင်ငံ မိုနာ့ရှ် တက္ကသိုလ်မှ သုတေသီများသည် ဩစတြေးလျ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဓါတ်ပုံအတုများကို ပြန်ပြင်နိုင်ရန် ဉာဏ်ရည်တု ကိရိယာအသစ်ကို တီထွင်လျက်ရှိသည်။
၎င်းသု‌တေသီများ၏ အက်ပလီကေးရှင်းအသစ်သည် ဉာဏ်ရည်တုဖြင့် ထုတ်လုပ်ထားသော ကလေးငယ်များကို အလွဲသုံးစားပြုသည့် ဓါတ်ပုံအတုများနှင့် ဗီဒီယိုအတုများကို ထုတ်လုပ်သည့် ရာဇဝတ်ကောင်များကို လျော့ကျစေပြီး အဆုံး၌ ရပ်တန့်ပစ်နိုင်မည်ဟု မိုနာ့ရှ် တက္ကသိုလ်၏ တနင်္လာနေ့တွင်ထုတ်ပြန်သော ကြေငြာချက်တစ်ခုအရ သိရသည်။
"ဒေတာအဆိပ်ခပ်ခြင်း" ဟု ခေါ်သော ၎င်းတို့ တီထွင်လိုက်‌သော အက်ပလီကေးရှင်းကြောင့် ဉာဏ်ရည်တု ပရိုဂရမ်များကို အသုံးပြု၍ ရုပ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ထုတ်လုပ်ရန်၊ လိုသလို ပြုပြင်ရန်နှင့် အလွဲသုံးစားလုပ်ရန် ကြိုးပမ်းမှုများကို ခက်ခဲစေမည်ဟု ရဲတပ်ဖွဲ့ နှင့် မိုနာ့ရှ်တက္ကသိုလ်တို့က ပူးပေါင်းဆောင်ရွက်သော တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာလုံခြုံရေးအတွက် ဉာဏ်ရည်တုဌာန၏ ပြောကြားချက်အရ သိရသည်။
ဉာဏ်ရည်တုနှင့် စက်၏သင်ယူမှုကိရိယာများသည် ကြီးမားသောအွန်လိုင်းဒေတာအတွဲများကို အားကိုးအားထား ပြုရသည်ဖြစ်ရာ ဤဒေတာများကို အဆိပ်ခတ်ခြင်းသည် ၎င်းတို့အား မှားယွင်းသောရလဒ်များကို ထုတ်ပေးစေသည်သာမက ရာဇဝတ်သားများက ဖန်တီးထားသော ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကိုဖော်ထုတ်ရန် ပိုမိုလွယ်ကူစေကာ အတုအယောင်ပြုလုပ်မှု ပမာဏကိုလည်းလျှော့ချနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ဘဲလ် ဝီဆန်၏အဆိုအရ ရာဇဝတ်ကောင်များသည် open-source နည်းပညာကို အသုံးပြု၍ အတုများကို အလွယ်တကူဖန်တီးဖြန့်ဝေနိုင်ကြောင်း အေအက်ဖ်ပီက ဖော်ပြခဲ့သည်။

image

ရုရှားစစ်ရေယာဥ်(၃)စင်း ရန်ကုန်မြို့သို့ရောက်ရှိလာ

ရုရှားနိုင်ငံ၊ ရုရှားရေတပ် Pacific Fleet မှစစ်ရေယာဉ် (၃) စင်း တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ယနေ့ နိုဝင်ဘာ ၁၀ ရက်ညနေပိုင်းက ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ၊ ကော်ဗက်စစ် ရေယာဉ် Gremyashchiy နှင့်ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဥ်များအား တပ်မတော် (ရေ) မှ အရာ ရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒု-ရေ တပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး Aleksei Anatolievich kilashko ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြကြောင်း သိရသည်။
ယင်း စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Pacific Fleet မှ Captain 1st Rank Ulyanenko Aleksey ဦးစီး၍ အရာရှိ၊စစ်သည်များလိုက်ပါလာပြီး ၎င်းတို့သည် ခရီးစဉ်အတွင်း၌ ရန်ကုန်မြို့ရှိ အထင်ကရနေရာများကိုသွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ငမိုးရိပ်ရေလှောင်တမံ၏ သတ်မှတ်ရေပြည့်မှတ်ထက် (၁) ပေ မြင့်တက်လာ

ငမိုးရိပ်ရေလှောင်တမံမှာ သတ်မှတ်ရေပြည့်မှတ်ထက် (၁) ပေ မြင့်တက်လာကြောင်း အသိပေးထားသည်။
ငမိုးရိပ်ရေလှောင်တမံ၏ ရေပြည့်မှတ်မှာ (၁၀၇.၀၀) ပေ သတ်မှတ်ထားရာ
ယနေ့ နံနက်ပိုင်းတွင် ရေမှတ် ၁၀၈.၀၀ ပေသို့ရောက်ရှိနေကြောင်း သိရသည်။
အလားတူ မဟူရာတမံရေပြည့်မှတ်မှာ (၂၁၆.၀၀) ပေ သတ်မှတ်ထားရာ ယနေ့တွင် ရေမှတ် (၂၁၇.၆၀ ) ပေသို့ မြင့်တက်သကဲ့သို့ ပေါင်းလင်းတမံမှာလည်း ရေပြည့်မှတ်ရောက်ရန်(၇.၈၀) ပေသာ လိုတော့ကြောင်း အသိပေးထားသည်။
ငမိုးရိပ်ရေပိုလွှဲ၌ Shutter များ ထောင်ထားခြင်းကြောင့် ရေမကျော်နိုင်ကြောင်းနှင့် မဟူရာတမံရေပိုလွှဲမှာလည်း သဲအိတ်များပိတ်ပြီး ရေသိုလှောင်ခြင်းကြောင့် ရေမကျော်နိုင်ကြောင်း အသိပေးထားသည်။
ရန်ကုန်တိုင်းအပါအဝင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု မိုး/ဇလ က အသိ‌ပေးထားသည်။

image