Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုံးပတီသီးကို အဓိကအားဖြင့် ဟင်းချက်ရာတွင်လည်းကောင်း၊ အတို့အမြှုပ်အဖြစ် အစိမ်းစားရန်အတွက်လည်းကောင်း အသုံးပြုကြသည်။ မြန်မာ့ဆေးကျမ်းများအရ ရုံးပတီသီးသည် ကျိချွဲသော သတ္တိရှိပြီး လေနှင့် သလိပ်ကို ပျက်စေနိုင်သော်လည်း၊ အကြောအခြင်တို့ကို လေးလံတောင့်တင်းစေတတ်သည်ဟု ဆိုကြသည်။ ရုံးပတီပင်စည်မှ လျှော်မျှင်များကိုလည်း ထုတ်လုပ်ကြသည်။ ရုံးပတီသီးသည် ပူနွေးသော ရာသီဥတုကို နှစ်သက်သော သီးနှံဖြစ်သည်။
မြေပြင်ဆင်ခြင်း
• မြေအမျိုးအစား: ရုံးပတီသီးသည် အသင့်အတင့်ကောင်းမွန်သော မြေတွင် ဖြစ်ထွန်းပြီး ဖွယ်သောမြေ ကို ပိုမိုနှစ်သက်သည်။
• မြေချဉ်ငံဓာတ်: မြေချဉ်ငံဓာတ် pH (၆.၀-၆.၈) အတွင်း စိုက်ပျိုးနိုင်သည်။
• မြေသြဇာထည့်သွင်းခြင်း: မြေပြင်ချိန်တွင် တစ်ဧကလျှင် နွားချေး (၁၀) တန် နှုန်း ထည့်သွင်းပေးပါ။
• ထွန်ယက်ခြင်း: ထွန်ရေးညက်အောင် မွှေပြီး ကြမ်းတုံးရိုက်၍ စိုက်ကြောင်းဖော်ပေးပါ။
• ဘောင်စိုက်ခြင်း: မိုးရာသီတွင် ရေဝပ်မှု မဖြစ်စေရန်အတွက် ဘောင်ဖြင့် စိုက်ပျိုးသင့်သည်။
• ဓာတ်မြေသြဇာနှုန်းထား: တစ်ဧကအတွက် ယူရီးယား ၁ အိတ်၊ တီစူပါ ၁ အိတ်၊ ပိုတက်ရှ် ၁ အိတ် တို့ကို သုံးစွဲရန် လိုအပ်ပါသည်။
စိုက်ပျိုးခြင်း
• မျိုးစေ့ပြင်ဆင်ခြင်း: ရုံးပတီစေ့ကို မစိုက်ပျိုးမီ (၁၂) နာရီခန့် ရေစိမ် ပေးပါ။ ရေပေါ်တွင် ပေါ်နေသော အစေ့များကို ဖယ်ရှားပစ်ရမည်။
• စိုက်သည့်အကွာအဝေး: ရာသီပေါ်မူတည်၍ ပင်ကြား/တန်းကြား (၃ x ၁) ပေ ထား၍ စိုက်ပျိုးသည်။
• အပင်ဦးရေ: တစ်ဧကလျှင် အပင်ဦးရေ (၁၀,၀၀၀ မှ ၄၀,၀၀၀) အထိ ရရှိအောင် စိုက်ပျိုးသင့်ပါသည်။
အပင်ပြုစုခြင်း
• ပေါင်းမြက်ကာကွယ်ခြင်း: ရုံးပတီတွင် ဗိုင်းရပ်စ်ရောဂါ ကျရောက်လေ့ရှိသောကြောင့် အပင်ငယ်စဉ်ကပင် ပေါင်းကင်းစင်အောင် ဆောင်ရွက်ရပါမည်။
• ရေပေးသွင်းခြင်း: ရုံးပတီသည် ရေငတ်ဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိသော်လည်း အစိုဓာတ်ထိန်းသိမ်းနိုင်အား ကောင်းသောမြေတွင် စိုက်ပျိုးပါက အထွက်နှုန်း ပိုကောင်းသည်။ အလွန်ပူပြင်းသော ရာသီတွင် ရေသွင်းပေးရန် လိုအပ်သည်။
• ပိုးမွှားကာကွယ်ခြင်း: အဓိက ကျရောက်သော ပိုးမွှားများမှာ သီးလုံးဖောက်ပိုး နှင့် ပျပိုး များဖြစ်၍ ထိသေအာနိသင်နှင့် ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်ပါ။
ဆွတ်ခူးခြင်း
• အကောင်းဆုံး ဆွတ်ခူးချိန်: စားသုံးရန် အကောင်းဆုံးအဆင့်မှာ ပန်းပွင့်ပြီး (၆-၇) ရက်သား ဖြစ်သည်။
• ဆွတ်ခူးပုံ: တစ်ပတ်ကြာလျှင် စတင် ဆွတ်ခူးပေးရမည်။ ထို့နောက် ၂ ရက်ခြားတစ်ကြိမ် ဆက်လက် ဆွတ်ခူးပါ။
• ရာသီပူပြင်းမှု၏ အကျိုးသက်ရောက်မှု: ရာသီဥတု အလွန်ပူပြင်းပါက ရင့်မှည့်မှု မြန်သောကြောင့် နေ့စဉ် ဆွတ်ခူးပေးရန် လိုအပ်ပါသည်။
• အထွက်နှုန်း: တစ်ဧက စိုက်ပျိုးပါက ပိဿာ (၁,၀၀၀ မှ ၃,၀၀၀) အထိ ရရှိနိုင်ပါသည်။
Bozzo-in-the-Woods (2025)
+++++++++++
ထိတ်လန့်သည်းဖို Horror နဲ့ Comedy ဟာသ တွဲဖက်ကြည့်ချင်တဲ့သူတွေအတွက်
ရွေးချယ်လို့ ရမယ့် ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါသလို မထော်မနန်းတွေကို မှင်သေသေနဲ့
သရုပ်ဆောင်နိုင်ကြတဲ့ သရုပ်ဆောင်တွေကြောင့်လည်း ခွီမိမှာ သေချာပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဘိုဇိုလို့ အမည်ရတဲ့ လူရွှင်တော် လူပြက်ကောင် ဝိဉာဉ်မိစ္ဆာဟာ
တောထဲမှာ သောင်းကျန်းနေပြီး တောစခန်းအလည်ထွက်လာသူ မှန်သမျှကို ရက်ရက်စက်စက်
သတ် သူ့ဝိဉာဉ် အာဟာရ ဖြည့်တင်းနေပါတယ်။
တစ်ဖက်ကလည်း သူသတ်ပြီးတဲ့ သားကောင်တွေကို ဇွန်ဘီလိုမျိုး အသွင်ပြောင်းပြီး ကျန်သူတွေကို
တိုက်ခိုက်ဝါးမြိုခိုင်းပါသေးတယ်။
သူ့ကို နှိမ်နင်းပြီးတော့ မိစ္ဆာလက်ထဲက ‘လာဇရက်ကျမ်း’ကို ယူဖို့အတွက် စစ်တပ်ကနေ
ထိပ်တန်းလျှို့ဝှက်မစ်ရှင်အနေနဲ့ တောထဲကို အဖွဲ့သားတွေနဲ့အတူ ရောက်ရှိလာတာကတော့
တိုက်ခိုက်သတ်ဖြတ်ရေးမှာ နာမည်ကြီးတဲ့ လက်မရွံ့ဒုဗိုလ်မှူး စကိုင်လာပါ။
ဉာဏ်နီဉာဏ်နက်များတဲ့ ဘိုဇိုမိစ္ဆာလူပြက်ကောင်နဲ့ သူတို့တွေ တောထဲမှာ ဘယ်လိုတွေ့ဆုံကြမလဲ...
မိစ္ဆာလက်ထဲက ကျမ်းကို အရယူနိုင်မလား မိစ္ဆာလက်ထဲကိုပဲ သူတို့တွေ အသက်ပေးလိုက်ရမလား ဆိုတာကိုတော့…..။
File Size… (3.15G / (1.67
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration…1h 44m
Genre … Action , Fantasy , Horror
Subtitle….Myanmar Subtitle (Hard Sub)
ကြက်သား ငါးပိချက် တစ်မျိုးတည်းနဲ့ မြိန်ချက်!😋
စပ်စပ်လေးချက်ပြီး ပင်စိမ်းလေးအုပ်ထားတော့ တို့စရာလေးနဲ့တွဲစားစား သူ့တမျိုးတည်းစားစား ထမင်းနဲ့တကယ်လိုက်ဖက်နေရောပဲ
#ကြက်သားငါးပိချက်ချက်နည်း
ကြက်သားလေးတွေကို ရေဆေးသန့်စင် အတုံးသေးလေးတွေ လှီးပြီး ဆနွင်း၊ဆား၊အရသာမှုန့်တို့နှင့် နယ်ထားပေးပါ၊ဆီပူထဲသို့ ဂျင်း၊ကြက်သွန်ဖြူ၊အနီ၊ငရုတ်သီးစိမ်း၊ငရုတ်သီးခွဲကြမ်းထောင်းထားတာလေးတွေ ထည့်ပြီး ဆီသတ်ပေးပါမယ်၊မွှေးပြီး ကျွတ်လာပြီဆိုမှ ခရမ်းချဉ်သီး ပါးပါးလှီးထားတာလေးတွေထည့်ပါတယ်၊ငါးပိစိမ်းစား အနည်းငယ်ထည့်ပါတယ်၊ခရမ်းချဉ်သီးလေးတွေ ကြေပြီဆိုမှ အရသာနယ်ထားတဲ့ ကြက်သားလေးတွေကို ထည့်ချက်ပါတယ်ရှင့်၊အားလုံးသမအောင် မွှေပြီး ကြက်သားလေးတွေ နူးတဲ့ထိ ရေနည်းနည်းချင်း ထည့်ပြီး ချက်ပေးပါတယ်၊ကျက်ပြီး ဆီပြန်လာပြီဆိုရင်တော့ ပင်စိမ်းလေးအုပ်လိုက်ပါ၊အရသာရှိပြီး ထမင်းမြိန်တဲ့ ကြက်သားငါးပိချက်လေး ရပါပြီရှင့်
တနင်္ဂနွေ🦋အင်္ဂါ 🎐သောကြာ 🫧ရာဟု🌙
-အကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့ကာလတခုဖြစ်တာမို့ ကောင်းတဲ့အရာလေးတွေကိုယ့်ဆီမှာရှိနေပေမဲ့ တချို့အရာလေးတွေအတွက်လဲအညံ့လေးတွေတွေ့ရတယ်။✨
-ကံအညံ့လေးတွေပျောက်ဖို့လတ်တလောကာလမှာ ပုတီးအဓိဌန်လေးတွေနဲ့တိရစ္ဆန်လေးတွေကိုတတ်နိုင်သလောက်အစာကျွေးပေးပါ။
ကျွေးတဲ့အခါလဲ ကံအညံ့လေးတွေလျော့ပါးအောင်ဆုတောင်းပေးပါ။🤍💫
-လတ်တလောကာလမှာ ကို့အနေနဲ့အချိန်ယူပြီးကြိူးစားနေတဲ့အရာတွေအားလုံးအတွက် ရလဒ်ကောင်းတွေ၊သတင်းကောင်းတွေရရှိတတ်တယ်။🦋🫧
-လတ်တလောအလုပ်လျှောက်မယ့်သူတွေ၊အင်တာဗျူးဖြေမယ့်သူတွေ၊စာမေးပွဲဖြေဖို့ရှိတဲ့သူလေးတွေအတွက် ကံအထောက်ပံ့လေးတွေရရှိနိုင်မယ်။✨✨
-အလုပ်မှာကာလကြာရှည်လုပ်ကိုင်နေသူတွေအတွက်ဒီလကုန်လောက်မှာရာထူးတိုး၊လစာတိုးတာအပြင် မိမိအတွက်ငွေကြေးပိုင်းပိုတိုးတတ်လာတာလေးတွေတွေ့ရတယ်။🍀🪽
-အချစ်ရေးမှာsingle လေးတွေအတွက်စန်းပွင့်ပေမဲ့လူကောင်းရော လူဆိုးရောရောထွေးပြီးလာတတ်တာမို့သေချာစီစစ်ဖို့လိုအပ်ပါတယ်။❣️
-လက်ရှိ မိမိနဲ့ပက်သက်နေတဲ့သူတချို့ထဲမှာ ဟန်ဆောင်နေတဲ့အရာလေးတွေ ပေါ်ပေါက်လာလိမ့်မယ်။💞
-relationships သမားများအနေနဲ့လဲမိမိချစ်သူက မိမိအပေါ်လိမ်လည်ထားတာဖုံးကွယ်ထားတဲ့အရာတွေဒီကာလမှာပြန်သိရလိမ့်မယ်။🤍✨
-မိမိအိမ်ရှိ သက်ကြီးရွယ်အိုတချို့ရဲ့ကျန်းမာရေးအနဲငယ်အညံ့ရှိတယ်။🔮
-ဒူးခေါင်းနဲ့ဒူးအောက်ပိုင်းကိုပိုဂရုစိုက်ပေးပါ။📌✨
ငှက်တွေကို English အမည်နာမ သတ်မှတ်တဲ့ ပုံစံက သူတို့ရဲ့ထူးခြားတဲ့သွင်ပြင်လက္ခဏာကိုကြည့်ပြီး သတ်မှတ်လေ့ရှိတယ်။
သူတို့ရဲ့အမွေးအတောင်အရောင်၊ နှုတ်သီးပုံစံ၊ ခြေထောက်အရောင်တွေကို ကြည့်ပြီး နာမည်သတ်မှတ်တာပေ့ါ။
ဥပမာအားဖြင့် - ဇွန်းလိုနှုတ်သီးပုံစံရှိတဲ့ငှက်ကို Spoonbill၊ ခေါင်းမှာအမောက်ပါတဲ့ချိုးသိမ်းကို Crested Goshawk၊ ဖင်မှာအနီပါတဲ့ဗွတ်ငှက်ကို Red-vented BulBul စသည်ဖြင့်ပေ့ါ။
အခုပုံထဲမှာပါတဲ့ငှက်နာမည်ကိုတော့ သူ့ရဲ့ အမွှေးအတောင်မှာပါတဲ့ အရောင်တွေနဲ့ သူ့နှုတ်သီးကိုကြည့်ပြီး နာမည်ပေးတယ်။ အနက်နဲ့အနီရောင်အမွှေးတွေရယ်၊ ပြန့်ကားတဲ့နှုတ်သီးရယ်ကို ကြည့်ပြီး Black and Red Broadbill လို့ အမည်သညာသတ်မှတ်တာပေါ့။
မြန်မာလိုဆိုရင်တော့ ငှက်ဆတ်နီဆိုပြီး သိကြတယ်။ ဒီငှက်ပုံလေးနဲ့ သူ့ကိုအမည်ပေးတဲ့ပုံလေးတွဲတင်ပေးတော့ ပိုမှတ်မိတာပေါ့။ 😊😊
မေတ္တာတွေပဲ ကျပျောက်ပျောက်၊
မျှော်လင့်ချက်တွေပဲ ကျပျောက်ပျောက်၊
အဆုံးမှာ ကိုယ့်ကိုယ်ကို ကျမပျောက်ရင်
အဲ့ဒါ အချိန်မှီခြင်းပဲ။
သွေ၊းမတော် သားမစပ် သူစိမ်းတယောက်ကို
သည်းကြီးမဲကြီးလိုက်ရှာရင်း
နောက်ဆုံး
ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့သွားတယ်ဆိုရင်
အဲ့ဒါ...အရင်းမဆုံးသေးဘူး။
လူထဲက လူပဲ...
ချစ်ချိန်တန် ချစ်ပြီးရင်
လွမ်းချိန်တန် လွမ်းပါ။
ပြိုချိန်တန်ပြိုပြီးရင်တော့
ပျိုးချိန်တန် ပြန်ပျိုးပါ။
အချိန်မှီသေးသည်....။