လဲကျတိုင်း ပြန်ထပါ
------------------------
ပြန်ထဖို့ သတ္တိရှိတယ် ဇွဲရှိတယ်ဆိုရင်
ဘယ်လဲကျမှုကမှ သင့်ကို မတားဆီးနိုင်ဘူး။
ကိုယ့်အရည်အချင်း ကို ကိုယ်နားလည်ရမယ်
ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင် သိနေရမယ်။
သင့်ရဲ့တိတ်ဆိတ်တဲ့ အားထုတ်မှုဟာ
ဆူညံတဲ့ ကတိတွေထက်
အမြဲတမ်း ပိုတန်ဖိုးရှိတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။
ဘယ်သူ့ရဲ့ ခွင့်ပြုချက်မှ မလိုအပ်ဘူး။
လဲကျခြင်းကို မကြောက်ပါနဲ့။
ပြန်ထဖို့ သတ္တိရှိတယ်ဆိုရင်
အောင်မြင်ခြင်းက သင့်ရဲ့ လက်တစ်ကမ်းမှာပါ။
စိတ်ဓာတ်မကျခြင်းသည် ရှေ့ဆက်သွားဖို့
တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ပါတယ်။
မနေ့က အမှားတွေကို
ဒီနေ့အတွက် ခရီးဆောင်အိတ် အဖြစ်
သယ်ဆောင် မသွားပါနဲ့။
အဲ့ဒီအမှားကနေ ရလာတဲ့ သင်ခန်းစာကိုပဲ
ရိက္ခာအဖြစ် ထုပ်ပိုး သယ်ဆောင်သွားပါ.........။




